CHAPTER 86 - အရက်မူးကြပြန်ပြီ!
အလုပ်တွေပြီးတော့ Tong Zhe ရုံခန်းတံခါးကို လော့ခတ်လိုက်တယ်။ သူနောက်လှည့်လိုက်တဲ့အခါ အရမ်းလှတဲ့ ပုံသဏ္ဍာန်တစ်ခုကို မြင်ရတယ်။
ထူးထူးခြားခြား ဒီနေ့မှာ Yan Ya Jing ဟာ လည်ပင်းဟိုက်ဟိုက်ကောက်ကြောင်းပေါ် စေတဲ့ ဂါဝန်အကျပ် ၀တ်ဆင်ထားတာက သူမရဲ့အလှအပကို အထင်းသားဖြစ်စေတယ်။ သူမရဲ့ စရိုက်တစ်ခုလုံးက အဆင့်တစ်ဆင့်တိုးတက်လာတယ်။ နေ့လည်တုန်းက သူမ ဒီဂါဝန်မ၀တ်ထားတာကို Tong Zhe ရှင်းရှင်းကြီး မှတ်မိနေတယ်။ ဒါဆိုဘာကြောင့် သူမဟာ ဒီအချိန်ကြီးကျမှ သူမကိုယ်သူမ ဒီလောက်ဆွဲဆောင်မှုရှိအောင် ၀တ်စားထားရ တာပါလိမ့်?
"ဟိုနှစ်ယောက် အတူတူပြန်သွားကြပြီလား?" Yan Ya Jing က Tong Zhe ကိုလှောင်ဖို့ ကြိုးစားတယ်။ "ရှင်....ကျွန်မကိုကျတော့ ဟန့်တားနိုင်ပြီး သူ့ကျတော့ ဘာကြောင့် မဟန့်တားနိုင်တော့ တာလဲ?"
Tong Zhe က ဂရုနဲနဲမှမစိုက်ဘဲပြုံးရင်း "ကျွန်တော်က ဘာကိစ္စသူ့အစ်ကိုကို အနှောက်အယှက်ပေးစရာလိုသလဲ? ပြောစရာတောင်မလိုဘူး....ကျွန်တော်တို့ ကုမ္ပဏီ တိုးတက်ဖို့နဲ့ အကျိုး အမြတ်ရဖို့က သူ့ကိုမှီခိုရမှာဥစ္စာ"
"ရှင့်ကိုယ်ရှင် နှစ်သိမ့်ဖို့ ဒီလိုဆင်ခြေတွေသုံးမနေစမ်းပါနဲ့ရှင်" Yan Ya Jing ရဲ့ မာန်တက်နေတဲ့အမူအရာက အသက်ဝင်နေတယ်။ "သူတို့တွေက သွေးသားတော်စပ် တာမှမဟုတ်ပဲ၊ အကယ်လို့ Gu Hai က တကယ်ပဲ ယောက်ျားချင်းကြိုက်တယ်ဆိုရင် ကျွန်မထင်တာကတော့ ရှင့်ထက် Bai Luo Yin နဲ့က ပိုပြီးတော့ ဖြစ်နိုင်သေးတယ်။ အနည်းဆုံး Bai Luo Yin က ရှင့်ထက်လည်း ပိုချောတယ်။ ပိုငယ်တယ်။ ပြီးတော့ သူ့မှာ က အောင်မြင်နေတဲ့အလုပ်နဲ့။ အရေးကြီးဆုံးကတော့သူ့ကိုယ်ကျင့်တရားက ရှင့်ထက် အများကြီးသာတယ်"
ယောက်ျားနဲ့မိန်းမကြားမှာ တကယ့်ကို ကွာခြားချက်ဆိုတာရှိတယ်။ Yan Ya Jing က ဒီလို ဗြောက်ဖောက်နေ(ဆူဆူညံညံအော်ဟစ်နေခြင်း) တဲ့တစ်လျှောက်လုံး Tong Zhe မျက်လုံးတွေက သူမရဲ့ သွေးသားကြွစေပြီး ဆွဲဆောင်မှုရှိတဲ့ ရင်သားတွေကိုပဲ အပြည့် အ၀ အာရုံစိုက်နေတယ်။
"မင်းက ဘာကိစ္စ ဒီလို sexy ကျကျဝတ်ထားရတာလဲ?"
Yan Ya Jing မျက်နှာမှာ ဒေါသဖြစ်တဲ့အမူအရာပေါ်လာပြီး "sexy ကျကျဝတ်ထားတယ်လို့ ရှင့်ဘယ်သူ့ကို ပြောတာလဲ?"
"မင်းနောက်က နံရံကိုပြောနေတာဟေ့!"
Yan Ya Jing စိတ်ဆိုးချင်ပေမယ့်လည်း Tong Zhe ရဲ့ ပြုံးပျော်နေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ ဆွဲဆောင်မှုရှိတဲ့ ချစ်စရာပုံစံနဲ့ပဲ သူမပြန်နေလိုက်တယ်။
"ဒီနေ့ ဒီကအစ်မ,ပျော်နေတယ်ကွယ်"
[Note- Yan Ya Jing ကသူမကိုယ်သူမ အစ်မကြီး တစ်ယောက်လို့ Tong Zhe ကို မခံချင်အောင်ပြော ခြင်းဖြစ်ပါတယ်]
Tong Zhe က မကောင်းဆိုးဝါးဆန်ဆန်ပြုံးပြီး "ကျွန်တော့်ကို လာလှောင်ဖို့အတွက် ဒီလို တမင်တကာ လှလှပပ ၀တ်စားလာတာလား?"
"ဒါပေါ့"
Tong Zhe ဘာပြန်ပြောရမလဲ မသိတော့ဘူး။ Bai Luo Yin နဲ့ Gu Hai တို့အရမ်းရင်းနှီးနေတာ ကို Yan Ya Jing မြင်ရင်၊ သူမအရမ်းကို နာကျင်ခံစားရလွန်းလို့ သေချင် မှာပဲလို့ Tong Zhe အရင်ကထင်ထားခဲ့တယ်။ ဒါပေမယ့် Tong Zhe တစ်ယောက်အရေးပေးမခံရတော့တာကို မြင်ပြီးနောက် သူမ ရဲ့ဝေဒနာဟာ ဘုရားကျေးဇူးတော်နဲ့ ပျောက်ကင်းသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ မိန်းမတစ်ယောက်ရဲ့ သ၀န်တိုမှုက တကယ့်ကို အားကြီးပါတယ်။
"ရှင် အရမ်းစိတ်ထိခိုက်နေတဲ့ပုံပေါက်နေလို့ ဒီကအမက ငါ့မောင်ကို ထမင်းတစ်နပ်ဒီနေ့ အပြင်မှာလိုက်ကျွေးမယ်!" Yan Ya Jing ဟာ အခြားသူတွေကို လိုလိုလားလားဖိတ်ကြားတယ်ဆိုတာ ရှားပါ တယ်။
သူ့ရှေ့တည့်တည့်က တစ်ဝက်လောက်ပေါ်နေတဲ့ ရင်ညွှန့်ကိုကြည့်ရင်း Tong Zhe ရယ်လိုက်တယ်။
"ဒါဆိုလည်း ကျွန်တော်လိုက်စားပါ့မယ်ဗျာ"
Gu Hai က ကုမ္ပဏီမှာ ပစ္စည်းတစ်ခုကျန်ခဲ့တယ်ဆိုတာ သိတဲ့အချိန် သူ့ကားကလမ်းတစ်ဝက်တောင်ရောက်နေပြီ။ ဒီတော့ သူပြန်ကွေ့လာခဲ့တယ်။ ရလဒ်အနေနဲ့ Tong Zhe နဲ့ Yan Ya Jing တို့ ကုမ္ပဏီက ထွက်လာတာကို သူမြင်လိုက်တာပေါ့။
Bai Luo Yin ရဲ့ မျက်လုံးဟာ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိဘဲ Yan Ya Jing ရဲ့ sexy ကျတဲ့ ပုံပန်းအပေါ် အာရုံစိုက်မိသွားတယ်။ ကျားဆိုတာ တကယ်တော့ အားလုံးဒီလိုချည်းပဲ။
Gu Hai က "ဟွန်း" ဆိုပြီး အေးစက်စက်နှာမှုတ်ပြီး သူ့မျက်နှာမှာ စိတ်မပျော်ရွှင်တဲ့အရိပ်အယောင် ပေါ်နေတယ်။
Bai Luo Yin ရဲ့ အတွေးတွေတောင် Gu Hai ရဲ့ တုံ့ပြန်မှုကြောင့် ပျောက်သွားပြီ။ Gu Hai ရဲ့ မျက်လုံးတွေထဲမှာ ရမ္မက်ဆန်တဲ့အကြည့်တွေ ရှိမနေတာကြောင့် Yan Ya Jing ကိုမြင်ပြီး Gu Hai ဒေါသထွက်တယ်လို့တော့ Bai Luo Yin မထင်ခဲ့ဘူး။ Gu Hai ရဲ့ မျက်နှာမှာ မပျော်ရွှင်တဲ့ပုံပေါ်ရတဲ့ အကြောင်းရင်းက ကုမ္ပဏီကနေထွက်လာကြတဲ့ အဲ့ဒီလူနှစ်ယောက်ထဲက တစ်ယောက်ကြောင့်သာ ဖြစ်ဖို့များတယ်။
"အခု မိန်းမလှလေး ရည်းစားရသွားတော့..ကို နေလို့ထိုင်လို့ မကောင်းတော့ဘူးပေါ့?"
Gu Hai ငြိမ်ငြိမ်လေး ပြန်ဖြေတယ်။ "ကိုယ်က အားမလို အားမရဘဲ ဖြစ်မိတာပါ။ သူမ ကိုယ့်ကို အပြတ်ကြွေနေတုန်းကတော့ ဒီလို sexy ကျကျလေး ၀တ်ပါလားလို့?"
မကြာပါဘူး... Gu Hai မျက်လုံးတွေပေါ် လက်သီးတစ်လုံးကျလာတယ်။
####
Gu Hai အိမ်ကို မပြန်ခင် Bai Luo Yin ဟာ များသောအားဖြင့် သူ့မိဘအိမ်ကို အရင်ပြန်တယ်။ Bai Han Qi နှလုံးရောဂါရှိကြောင်း သူသိသွားကတည်းက သူ သုံးရက်တစ်ခါ ဒါမှမဟုတ် ငါးရက်တစ် ခါလောက် အိမ်ပြန်တယ်။ သူ Gu Hai နဲ့ တွေ့ဖို့ထွက်လာတိုင်းလည်း သူ့မိဘအိမ် အရင်သွားတာပဲ။ ဒါက အခုဆို အကျင့်တစ်ခုတောင်ဖြစ်လာပြီ။
"ကိုယ်တို့ ဒီနေ့ည ဘာစားမလဲ?" Gu Hai မေးတယ်။
Bai Luo Yin ခဏလောက် စဉ်းစားနေပြီးမှ စိတ်လှုပ်ရှားစွာနဲ့ပြန်ဖြေတယ်။ "ကောင်းတာ တစ်ခုခုစားရအောင်"
Gu Hai အသံထွက်ရယ်ရင်း "ကိုယ်,ချစ်ကို ကောင်းတာမကျွေးတဲ့နေ့များရှိသေးလို့လား?"
"ငါပြောတာက... ပိုကောင်းပြီး ဈေးကြီးတဲ့ဟာ စားရအောင်လို့။ ဒီလိုရာထူးတိုးဖို့ဆိုတာ ငါ့အတွက်လွယ်တာမှမဟုတ်တာ။ ငါတို့ ဂုဏ်ပြုပွဲလေးတော့ လုပ်သင့်တာပေါ့၊ ဟုတ်တယ်မလား?" Bai Luo Yin ပြန်စွာတယ်။
လူဆိုတာ ခေါင်းဆောင်ပြောသမျှ အဟုတ်မှတ်လို့မဖြစ်ဘူး။ သနားစရာ Liu Chong ကတော့ Bai Luo Yin ရဲ့ ပြောစကားနားထောင်ပြီး အပြင်ထွက်ပြီးဂုဏ်ပြုပွဲမလုပ်တော့ဘူး။ အဲ့ဒီအစား ခေါက်ဆွဲခြောက် နှစ်ထုတ်သာဝယ်ပြီး သူ့တပ်အိမ်ထဲမှာ ရိုးရိုးလေးစားနေလိုက်တယ်။
နှစ်ယောက်သား အစားအစာအိတ်ကြီးတွေကို သူတို့ရဲ့ နွေးထွေးတဲ့အိမ်လေးထဲကို သယ်လာကြတယ်။ အချိန်နောက်ပြန်ဆုတ်တဲ့ကိစ္စပြီးကတည်းက Bai Luo Yin ကထွက်ခွါဖို့ ချီတုံချတုံဖြစ်နေတယ်။ Gu Hai ကလည်း သူနောက်မှ ၀ယ်ထားတဲ့အိမ်အပေါ်ထူးထူးခြားခြား ခံစားချက်မရှိတာမို့ Bai Luo Yin ရဲ့ဆန္ဒကို လိုက်လျောပြီး ဒီအိမ်လေးမှာပဲ ပြောင်းနေကြတယ်။
[Note- Book1 မှာပါတဲ့ နိုင်ငံတကာ ကုန်သွယ်ရေးအဆောက်အဦးရဲ့ ၁၈ထပ်မြောက်က အရင်အိမ် ကို ပြန်ပြောင်းလာတာပါ။ Web-series ထဲက Gu Hai နေတဲ့ တိုက်ခန်းကို ပြောတာပါ]
စားပွဲပေါ်မှာ ဟင်းတွေအများကြီးနဲ့ ၀ိုင်ဖြူနှစ်ပုလင်း။
ဒီနှစ်ယောက်ဟာ တစ်ညလုံး ဖုန်းပြောနိုင်တဲ့ လူသားများဖြစ်တယ်။ ဒီလိုအချိန်မှာတောင် သူတို့စားသောက်နေတုန်း သူတို့မှာ ပြောစရာအကြောင်းအရာတွေ အများကြီးရှိနေသေးတယ်။ သူတို့ သုံးနာရီကျော်ကြာအောင် စကားပြောခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ချစ်တစ်ခွက်သောက်.. ကိုတစ်ခွက်သောက်နဲ့ မမျှော်လင့်ဘဲ လွန်လွန်ကျွံကျွံ သောက်မိသွားကြတယ်။
Bai Luo Yin တစ်ယောက် ဒီလို လွတ်လွတ်လပ်လပ် သောက်ခွင့်မရတာ ကြာပြီ။
Gu Hai ရဲ့ ပုခုံးတွေပေါ်သူ့လက်ကို တင်ထားရင်း သူ့ရဲ့ နှင်းဆီဖူးလို နီထွေးနေတဲ့ပါးလေးတွေက အပူဒဏ်ကြောင့် ရဲတက်လာပြီး အရမ်းကို ပွင့်ပွင့်လင်းလင်းပြောတယ်။ "ပြီးခဲ့တဲ့ ခြောက်လကို နောက်ဆုံးတော့ ငါဖြတ်ကျော်လာနိုင်ခဲ့ပြီ။ အဲ့ဒီတုန်းက လေယာဉ်ပျက်ကျတဲ့ကိစ္စသာမဖြစ်ခဲ့ရင် ငါလည်း ပထမအဆင့် ဆုတံဆိပ်ရခဲ့မှာမဟုတ်ဘူး။ ဒီတော့ ရာထူးကြီးကြီးအဆင့်ထိတိုးဖို့ စည်းကမ်းတွေကို ချိုးဖောက်ရမှာပဲမဟုတ်လား? ကိုပြောကြည့်လို့... မဟုတ်ဘူးလားလို့? အဲ့လိုမဟုတ်လားလို့?" Gu Hai ရဲ့နားရွက်တွေကိုဆွဲနေတယ်။
အရက်တွေပြန်ဆန်တက်လာတော့ Gu Hai နှာခေါင်းထဲ ချဉ်စူးသွားတယ်။ "ချစ်ကို အဲ့လို အန္တရာယ်များတဲ့တာဝန်တွေယူခိုင်းရမှာထက်စာရင်၊ ကိုယ်ကတော့ ချစ်ကို ဖြေးဖြေးချင်းပဲ ရာထူးတက်သွားစေချင်တယ်"
"ကို က ငါ့ကိုနားမလည်ပါဘူး!" Bai Luo Yin က လက်ကိုမြန်မြန်ခါပြတယ်။ "ငါက စစ်သား။ ကိုက တပ်နဲ့ဆိုင်တဲ့စီးပွားရေးလုပ်တဲ့သူ။ ငါ့ဘက်က ရာထူးမြင့်လာလေလေ... ကို့ဘက်ကလည်းတိုးတက်ဖွံဖြိုးမှုတွေ ခိုင်မာလာလေလေပေါ့။ ငါတို့နှစ်ယောက်ပေါင်းမှ အကျိုးအမြတ်ဖြစ်မယ့် ပတ်သက်မှုမျိုး ထူထောင်ထားဖို့ပဲလိုတယ်။ ဒါဆို ငါတို့အတူတူ ခိုင်ခိုင်မာမာလက်တွဲသွားလို့ရပြီ။ ဒီလိုလုပ်ထားမှ ကိုက ငါ့ဆီကနေ ပြေးထွက်မသွားတော့မှာ။ မမှန်ဘူးလားလို့?"
"ပြေးရမယ်?" Gu Hai က သူ့မျက်ခုံးတွေကို ပင့်ရင်း "ဘယ်လိုလုပ်ပြီး ကိုယ်က ပြေးသွားရဲမှာလဲ? အကယ်လို့ ကိုယ်လေ ချစ်အပေါ်သစ္စာမရှိခဲ့ရင် ချစ်လေး...မင်း.." Gu Hai က လက်ညှိုးနဲ့ သူ့ပါးသူ ထိုးပြပြီး "ကိုယ့်ပါးကို ပြင်းပြင်းလေးသာရိုက်လိုက်! ပြင်းလေ ကောင်းလေပဲ!!"
"ဖြန်း" (ပါးရိုက်သံ)
Gu Hai ကြောင်အသွားပြီး သူ့မျက်လုံးတွေက Bai Luo Yin လက်တွေကို ဖြေးဖြေးချင်းကြည့်တယ်။
"ချစ်က ဘာလို့ အခုရိုက်နေတာလဲ?"
Bai Luo Yin ပြုံးပြပြီး "လိုရမယ်ရ....ပထမတစ်ချက်က ကြိုတင်ကာကွယ်တဲ့သဘောပါ"
Gu Hai "............."
ခုံရှည်ပေါ်မှာ ထိုင်နေရတာ ပင်ပန်းတော့ Bai Luo Yin က ရုတ်တရက် Gu Hai ကို တွန်းလိုက်ပြီး ပြောတယ်။ "ငါရှုးပေါက်ချင်တယ်"
"သွားပေါက်လေ"
Bai Luo Yin ဟာ အကြာဆိုအကြာကြီး အိမ်တစ်ပတ် ယိုင်တိုင်တိုင်လျှောက်သွားနေပြီး သန့်စင်ခန်းကို ရှာမတွေ့နိုင်သေးဘူး။ နောက်ဆုံးတော့ ဖိနပ်စင်ပေါ်က Gu Hai ရှုးဖိနပ်ကိုတွေ့သွားပြီး ဖိနပ်ပေါ်အပေါက်ရှိနေတာကို သူသိသွားတယ်။ အားရ၀မ်းသာ စကားဆိုတယ်။
"တွေ့ပြီကွ"
"Hua La La......" (ရှုးပေါက်သံ)
Bai Luo Yin တစ်ယောက် ဖိနပ်ထဲကို သေးပန်းနေတာ Gu Hai သိတဲ့အခါ သူအမြန်ပြေးလာတယ်။
"ပြည့်နေပြီ။ ပြည့်နေပြီ" Gu Hai က ဘယ်ဘက်ဖိနပ်ကို လက်ညှိုးထိုးပြီး "မဆံတော့ဘူး ချစ်၊ နောက်တစ်ပေါက်ထဲပေါက်"
Bai Luo Yin ကရုတ်တရက် ရှုးပေါက်နေတာကို ရပ်လိုက်ပြီး Gu Hai ကိုလှည့်ပြီးချီးကျူးတယ်။"ကိုက ငါ့ကို ဂရုအစိုက်ဆုံးပဲ"
ဒါနဲ့ သူဟာ Gu Hai ရဲ့ ညာဘက် ဖိနပ်ထဲကို ပြောင်းပေါက်တယ်။
"Hua La La........." (ရှုးပေါက်သံ)
သူရှုးပေါက်ပြီးသွားတော့ သူ့ညီလေးကိုခါဖို့လုပ်ပေမယ့် လက်ချော်သွားပြီး သူ့ညီလေး လွတ်ကျသွားတယ်။
"အို..ငါ့ဟိုဝှာမရှိတော့ဘူး" Bai Luo Yin မျက်နှာမှာ စိတ်ပူတဲ့ပုံပေါ်လာတယ်။
Gu Hai က အပျော်သဘောနဲ့ ရယ်ရင်း "စိတ်မပူနဲ့ ပြန်ရှာကြည့်ဦး၊ အဲ့ဒါက မပျောက်တတ်ပါဘူး"
အဲ့လိုပြောပြီး သူက တိတ်တိတ်ကလေး Yin Zi အငယ်လေးကို လက်နဲ့ကိုင်ကာ Bai Luo Yin ရဲ့ အောက်ခံဘောင်းဘီထဲ ပြန်ထည့်လိုက်ပြီး သူ့ချစ်သူ စိတ်ပူနေတာကို ဆက်ကြည့်နေတယ်။
"အော် ရှာတွေ့ပြီ!" Bai Luo Yin အော်လိုက်တယ်။
Gu Hai မျက်နှာအမူအရာ တောင့်ခဲသွားတယ်။
Bai Luo Yin က Gu Hai ရဲ့ ဘောင်းဘီဇစ်ကိုဖြုတ်ပြီး လက်တစ်ဖက်နဲ့ Hai Zi မိစ္ဆာလေးကို ထုတ်လိုက်တယ်။ "လက်စသတ်တော့ ကိုက ငါ့ဟိုဝှာကို ကို့ဘောင်းဘီထဲမှာ ဖွက်ထားတာကိုး။ ထုတ်ပေး..ထုတ်ပေး! ငါ့ကိုပြန်ပေး! ငါ့ကိုပြန်ပေးလို့........"
အရမ်းနာလွန်းလို့ Gu Hai က သူ့လက်တွေကို မြန်မြန်ဆွဲချလိုက်ပြီး သူ့ညီတော်မောင်ကို အသက်နဲ့ ရင်းပြီး ကာကွယ်ဖို့ ကြိုးစားတယ်။
"ချစ် မင်းမှားနေပြီကွ။ ဒါက မင်းဟာမဟုတ်ဘူး။ မင်းဟာက မင်းကိုယ်ပေါ်မှာ!"
Bai Luo Yin ငုံကြည့်တော့ ဘာမှမတွေ့တာနဲ့ Gu Hai ဟာကို ဆက်ပြီးဆွဲထားတယ်။
"ငါ အများကြီးမူးနေတယ်ဆိုပြီး လွယ်လွယ်နဲ့ လိမ်လို့ရမယ်များထင်နေလား? မြန်မြန် ငါ့ကို ပြန်ပေး။ မဟုတ်ရင် ငါဓါးသုံးရလိမ့်မယ်နော်!!!!"
"မလုပ်ပါနဲ့ ခင်ဗျာ"
ခဏကြာတော့ Gu Hai ဟာ နောက်ဆုံး....Bai Luo Yin ကို Yin Zi အငယ်လေး ကူရှာပေးလိုက်ပြီး သူတို့ညီလေးနှစ်ယောက်ရဲ့ ကွာခြားပုံကို စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ နောက်ဆုံးတော့ Bai Luo Yin တစ်ယောက် Hai Zi မိစ္ဆာလေးကို လွှတ်ပေးလိုက်တယ်။
"Yin Zi,ကိုယ်တို့ role-play (ပြဇာတ်ကခြင်း)မကစားရတာ ကြာနေပြီနော်"
နောက်ဆုံးအခေါက်တုန်းက သူနစ်နာခဲ့ရတာကိုစဉ်းစားပြီး Bai Luo Yin ဟာ အဲ့ဒီအမှတ်တရ ဖြစ်ရပ်ကို အဲ့ကတည်းက သူ့ရင်ထဲမှတ်ထားခဲ့တယ်။ ဒီတစ်ခေါက်တော့ Gu Hai ဘာပဲပြောပြော သူအ လိမ္မာသုံးဖို့ လိုမယ်။ အရက်မူးနေရင်တောင် ကောင်းတဲ့ဇာတ်ရုပ်ကိုပဲ သူရွေးရမယ်။
Gu Hai က ဇာတ်လမ်းစတယ်။ "ဒီလိုဆိုရင်ရော.. ချစ်က ပြည့်တန်ဆာနေရာမှာ သရုပ်ဆောင်၊ ကိုယ်က ဒီမှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ ကုန်ထမ်းသမားနေရာမှာ သရုပ်ဆောင်မယ်။"
ဒီတစ်ကြိမ်မှာတော့ Bai Luo Yin မြန်မြန်တုံပြန်တယ်။ "ဇာတ်ရုပ်တွေကို လဲမယ်။ ငါကကုန်ထမ်းသမားလုပ်မယ်။ ကိုက ပြည့်တန်ဆာလုပ်"
"မင်းရူးနေလား? ကုန်ထမ်းသမားဇာတ်ရုပ်က ညစ်ပတ်နံစော်နေတာပဲ။ ပြီးတော့ နွေဦးပွဲတော်ကာလမှာ မဲလည်းမ၀ယ်နိုင်ဘူး။ ပြည့်တန်ဆာဇာတ်ရုပ်က ပိုကောင်းတာ။ ချစ်က အိပ်ယာပေါ်မှာ အသာလေး လှဲနေလိုက်ရုံပဲ၊ ပိုက်ဆံက ချစ်ဆီ လာမှာလေ"
"ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့!" Bai Luo Yin အကျယ်ကြီး အော်တယ်။ "မင်းဘယ်ဇာတ်ကောင်တွေကိုထည့်ထည့် ငါကဇာတ်ရုပ်လဲမှာပဲ!! မင်းမလဲပေးရင် ငါမပါတော့ဘူး!!"
သူပြောပြီးတာနဲ့ လှည့်ထွက်သွားတယ်။
Gu Hai က သူ့ကို အမြန်ဆွဲထားပြီး သဘောတူတဲ့လေသံနဲ့ "ဟုတ်ပါပြီ..ဟုတ်ပါပြီ...ကိုယ်တို့ ချစ်ပြောတဲ့အတိုင်းပဲ ဆော့ကြမယ်နော် OK လား?"
Bai Luo Yin,ဒါကျတော့ ခေါင်းညိတ်ပြတယ်။
Bai Luo Yin မှာ အခုလို သူခိုးကျင့်သူခိုးကြံရှိမှန်း Gu Hai သိခဲ့ရင် အစကတည်းက သူ့ဇာတ်ရုပ်တွေကို ပြောင်းပြန်ပြောလိုက်မှာ။ ဒီလိုမလုပ်လိုက်ရလို့ Gu Hai နောင်တရနေတုန်းမှာ ရုတ်တရက်ကြီး Bai Luo Yin က မီးဖိုချောင်ဘက် လှည့်ထွက်သွားပြီး ပုလင်းတစ်လုံးနဲ့ ပြန်ထွက်လာတယ်။
"ဒီလာ.. ကို့ အင်္ကျီတွေချွတ်လိုက်"
Gu Hai သိချင်နေတယ်။ "ဘာလုပ်မလို့လဲ?"
"ကို့ကို ဆီနဲနဲ သုတ်ပေးမလို့။ ငါထင်တယ်... ကို့ ရဲ့အလုပ်အကိုင်နဲ့ဆိုရင် ကို့ခန္ဓာကိုယ်က ၀င်းလက်နေဖို့လိုတယ်လေ။ ဒါမှ ကို့ရဲ့ ကြွက်သားတွေက ပိုသန်တဲ့ပုံပေါ်လာပြီး...ကို့ကောက်ကြောင်းရဲ့ အလှတွေကို ပေါ်လွင်အောင်၊ ပိုပြီးsexy ကျတဲ့ကြေးရောင်ထနေမှာပေါ့"
Gu Hai တစ်ယောက် အသိဥာဏ်နဲနဲ လက်ကျန်ရှိနေသေးတယ်။ "ဒါဖြင့်လည်း သံလွင်ဆီနဲ့ လုပ်လေကွာ"
"ဒါက သံလွင်ဆီမဟုတ်လို့ ဘာလဲ?" Bai Luo Yin က သူ့လက်ထဲက ပုလင်းကို လှုပ်ပြတယ်။
Gu Hai ရဲ့ နှုတ်ခမ်းထောင့်လေးဟာ အနည်းငယ်မြင့်တက်သွားတယ်။ "အဲ့ဒါ ငံပြာရည်ကြီး"
"အော်...ဒါဆို ငါနောက်တစ်ပုလင်းသွားယူလိုက်ဦးမယ်" Bai Luo Yin လှည့်သွားတယ်။
Gu Hai က သူ့ကို ဖမ်းဆွဲလိုက်ပြီး သူ့လက်ထဲက ငံပြာရည်ပုလင်းကို လှမ်းယူလိုက်တယ်။
"ကိုယ်သွားတာ ပိုကောင်းမယ်။ ချစ်,ဓါတ်ဆီပုံးကြီးယူလာမှာစိုးလို့"
Bai Luo Yin ".............."End of Chapter -86