CHAPTER 8 - တပ်အိမ်ကို လိုက်လည်ခြင်း Bai Luo Yin ရဲ့ မျက်ဝန်းနက်နက်က Gu Hai အသည်း ကို ရေခဲသားနဲ့လှီးနေသလိုပဲ။
"မင်းငါ့ကိုဒီလို အဓိပ္ပါယ်မရှိတာတွေပြောဖို့ ခေါ်ထုတ် လာတာ လား? ပြီးတော့ အဲ့ဒီနောက်ဆုံး စကားကို ငါ့ကိုကြားစေချင်နေတာ မလား?"
Gu Hai က Bai Luo Yin ကို ဆွဲဆွဲငင်ငင် ပြုံးပြလိုက်တယ် "မင်း ငါ့ကို ကောင်းကောင်းနားလည်သားပဲ"
"မင်းကတကယ့် ကြက်သွန်ပဲ"
Gu Hai က မျက်မှောင်ကြုတ်လိုက်ပြီး "ဘာလို့အဲ့ဒီလို ပြောတာလဲ?"
"မင်းက လူတွေကို မင်းရဲ့ရင်ထဲကလျှို့ဝှက်ချက်တွေကို သိချင် လာ အောင် သပ်သပ်ရပ်ရပ် သိမ်သိမ်မွေ့မွေ့ ထုတ်ပိုးထားတယ်။ ဒါပေမဲ့ တစ်လွှာပြီးတစ်လွှာလဲခွါလိုက်ရော ကြက်သွန်မှာ ဘာနှလုံးသားမှ မရှိဘူး"
Gu Hai က မဲ့မဲ့ရွဲ့ရွဲ့ ပြုံးလိုက်ပြီး "နှလုံးသားပုပ်နေတာထက် နှလုံးသား မရှိတာ ပိုကောင်းပါတယ်ကွာ"
Bai Luo Yin က အသက်ပြင်းပြင်းရှုလိုက်ပြီး "MD Gu, ညစာ လေး ဧည့်ခံပါရစေ"
"ဗိုလ်မှူးBai, ဒီလောက်ကြီးလုပ်ဖို့မလိုပါဘူး"
Bai Luo Yin က ယဉ်ယဉ်ကျေးကျေးလေးနဲ့ "ဒါပေမဲ့လည်း ဇွတ် အတင်းပြောပါရစေ။မင်းက ငါတို့တပ်နဲ့ ပူးပေါင်းဖို့ ၀ိရိယတွေ ထားပြီး လာခဲ့ရပေမယ့် ငါက ပူးပေါင်းဖို့ငြင်းလိုက်တာဆိုတော့ ဒီဧည့်ခံတာက နစ်နာကြေးလို့ပဲ သဘောထားလိုက်ပါလို။့ MD Gu စိတ်ထဲမျက်မသွား ဘူးလို့ မျှော်လင့်ပါတယ်"
ဒီစကားတွေက ဒီသတ္တ၀ါလေးနဲ့ ပူးပေါင်းဖို့ Gu Hai ရည်ရွယ်ချက်ကို ဖျက်စီးနေသလိုပဲ။ Gu Hai က ပုံစံပြောင်း မသွားဘဲ ရင်ထဲမှာ ရှိတဲ့ အတိုင်း ပြုံးပြလိုက်ပြီး၊ Bai Luo Yin ရဲ့ ပုခုံးပေါ်ကို လက်တင်လိုက် တယ်။
"ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ ဒီလိုအရေးမပါတဲ့ ကိစ္စလေး အတွက် ကိုယ်အမျက်မထွက်ပါဘူး"
Gu Hai ရဲ့ လက်မှာအားပါလွန်းလို့ Bai Luo Yin ပုခုံးတောင် တစ်ခြမ်းစောင်းသွားတယ်။
စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးက မီနူးလာပေးတော့ Bai Luo Yin က Gu Hai ကို တိုက်ရိုက်ပေးလိုက်တယ်။
"အားနာစရာလိုဘူး မင်းကြိုက်တာမှာစား"
Gu Hai က မရိုးမသားပြန်ပြောတယ် "ဒါဆို ရိုးရိုးရှင်းရှင်းပဲ မှာ ထားကြ တာပေါ့"
"မလိုဘူး မလိုဘူး" Bai Luo Yin က သဒ္ဒါတရားတွေ ထက်သန် နေတယ် "ရိုးရိုးရှင်းရှင်းစားဖို့ ဒီကိုလာခဲ့တာမှမဟုတ်တာပဲ။ မင်း အိမ်မှာ မစားရတဲ့ ဟင်းတွေပဲ မှာလိုက်ပါလား?"
"ဒါဆို ငါအားမနာတော့ဘူးနော်!"
ပြောဆိုပြီး Gu Hai ဟာ ဟင်းဆယ်နှစ်ပွဲကျော်မှာတယ်။ တစ်ပွဲကို နှစ်ယောက်စာ၊ ပြီးတော့ သူက အားနားချင်ယောင်ဆောင်ပြီး "ဟောဗျာ.. ငါကလည်း ငါတို့နှစ်ယောက် မနက်စာစားခဲ့သလို မှာနေမိ တာကွာ၊ ငါက အရင်တုန်းကလို ဘာစားစား နှစ်ယောက်စာမှာမှာနေမိ တာ၊ ငါစားပွဲထိုးကို ဟင်းပွဲတွေ ပြန်လျော့ခိုင်းလိုက်မယ် လေ"
Bai Luo Yin က ပြုံးပြီး "မလိုပါဘူး"လို့ပဲ ပြောလိုက်တယ်။ တကယ် တော့ သူက ဆဲချင်နေပြီ
**Gu Hai, မင်းတမင်လုပ်နေတာ ငါသိတယ်!!**
ဟင်းပွဲတွေ ရောက်လာတော့ Gu Hai က စားမလိုလုပ်ပြီးမှ ရပ်လိုက် တယ်
"ဗိုလ်မှူး Bai ငါစားပြီးသွားတော့မှ မင်းကစိတ်ပြောင်းပြီး ငါတို့ ကုမ္ပဏီနဲ့ ပူးပေါင်ချင်တယ်ဆိုရင်မင်းနစ်နာနေဦးမယ်နော်"
"ငါစိတ်မပြောင်းတာ သေချာပါတယ်" Bai Luo Yin ရဲ့ မျက်လုံး ၀ိုင်းဝိုင်းဟာ Gu Hai ကိုကြည့်ပြီး "မင်းစိတ်ချလက်ချစားလို့ရ တယ်"
စားပြီးသွားတော့ Bai Luo Yin က Bill ရှင်းဖို့ ထသွားတယ်။
"ဧည့်သည်အားလုံးပေါင်း 4512 ယန်း (မြန်မာငွေရှစ်သိန်းကျော်) ကျပါ တယ်၊ ငွေသားပေးမှာလား ကဒ်နဲ့ ရှင်းမှာလား?"
သူ့ဘေးကနေ Gu Hai က တိုးတိုးမေးလိုက်တယ် "မင်းပိုက်ဆံ ပါရဲ့လား? ငါစားတာ ငါပေးလိုက်မယ်လေ"
Bai Luo Yin က ကဒ်ကို ချက်ချင်းထုတ်ပေးလိုက်တယ်။ ဒီညစာ ကတော့ ချီးထုပ်ပဲ။ စားသောက်ဆိုင်က ထွက်တော့ Bai Luo Yin က ရပ်ပြီး Gu Hai ကိုကြည့်လိုက်တယ် "ငါက တပ်ထဲပြန်တော့မှာ၊ မင်းလည်းပြန်တော့၊ ခယ်မလေးစိတ်ပူနေဦးမယ်"
Gu Hai ရင်ထဲတင်းသွားပြီး "မင်းနေတဲ့နေရာကို ငါ့ကိုလည်ဖို့ မဖိတ်ဘူး လား?"
Bai Luo Yin က လှည့်ကြည့်လိုက်ပေမယ့် Gu Hai ရဲ့ မျက်နှာ အမူအရာကို အမှောင်ထဲမှာမို့ သေချာမပြောနိုင်ဘူး "ငါ့အိမ်က ရိုးရိုးတပ် အိမ်ပါပဲ၊ ကြည့်စရာဘာမှမရှိဘူး"
Gu Hai ရဲ့ အပြုံးက တုယောင်ထားတာသေချာတယ် "မင်းကို နှစ်တွေ အကြာကြီးရှာခဲ့ရတော့၊ အနည်းဆုံး မင်းပုန်းနေခဲ့တဲ့ နေရာကို ကြည့်ခွင့် ပေးပါကွာ"
Bai Luo Yin က ဘာမှမပြောဘဲ ကားပေါ်တက်သွားတော့ Gu Hai က နောက်ကလိုက်သွားတယ်။ အဲ့ဒါဟာ ရိုးရှင်းတဲ့ အိပ်ခန်း သုံးခန်းပါ တပ်အိမ်တစ်ခုပဲ။ ပုံမှန် လူတစ်ယောက်အတွက်တော့ ဒီအခန်းဟာ သန့်ရှင်းမှုရှိတယ်ဆိုပေမယ့် အိမ်ကြီးရခိုင်နဲ့နေခဲ့ရ တဲ့ Gu Hai အတွက် တော့ ဒီအခန်းက မျက်စိစပါးမွှေးဆူးစရာပါ။
"မင်းက တပ်စိတ်ရဲ့ ဗိုလ်မှူးတောင်ဖြစ်နေပြီကွာ၊ အိမ်ကလည်း ညစ်ပတ်နေတာပဲ၊ စစ်သားတွေကို မင်းအခန်းဘာလို့ မရှင်းခိုင်းတာ လဲ?" Gu Hai ဟာရွံရှာနေတဲ့ အမူအရာနဲ့ လှည့်ပတ်ကြည့်နေတယ်။
"ငါ့ရဲ့အိမ်ကို အခြားသူတွေဝင်တာ ငါမကြိုက်လို့"
Gu Hai က ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ အထဲမှာ အချိုရည် ပုလင်းနဲနဲနဲ့ ပဲပြားဘူး တွေ့ရတယ်။ Gu Hai က ဘူးကိုယူပြီးဖွင့် လိုက် တော့ ချဉ်နံ့ကြီးက နှာခေါင်းထဲစူးဝင်သွားတယ်။
"မင်းဘယ်တုန်းကစပြီး ပါးစပ်ကောင်းသွားတာလဲ? မင်းသိုးနေတဲ့ ပဲပြာ တောင် စားလို့ရတယ်လို့!!"
"အဲ့တာသိုးနေတာမဟုတ်ဘူး၊ Jam ကွ"
Bai Luo Yin က ပြောပြောဆိုဆိုနဲ့ Jamဘူးကို ဆွဲယူလိုက်တယ်။ ပြီးတော့ သူလည်းချဉ်နံ့ရလို့ အတွင်းထဲကြည့်လိုက်တော့ မှိုတွေ တောင် တက်နေပြီ။
"ရေခဲသေတ္တာထဲထည့်ထားပြီး စားဖို့မေ့နေတာ"
Bai Luo Yin ဟာ အမှိုက်တောင်းထဲကို လွှင့်ပစ်လိုက်ပြီး "မင်းကို ခေါ်ခဲ့ တာကိုက ငါ့အမှားပဲ" လို့ ဒေါသတကြီး ပြောလိုက်တယ်။
"ဟေ့ ဗိုလ်မှူး အတွင်းခံဘောင်းဘီတွေကို တွေ့ကရာချွတ်သလား?"
Bai Luo Yin လှည့်ကြည့်လိုက်တော့ သူ့အောက်ခံဘောင်းဘီကို လက်ညှိုးမှာ ချိတ်ပြီး လွှဲရမ်းပြနေတဲ့ Gu Hai ကိုတွေ့လိုက်ရတယ်။ Bai Luo Yin မျက်နှာကို ငုံ့ပြီး အောက်ခံဘောင်းဘီကို ဆွဲယူလိုက်တယ်။ ပြီးတော့ ရွံတဲ့အမူအရာနဲ့ "ငါ့ပစ္စည်းတွေ လျှောက်မကိုင်နဲ့"
"ဘာလို့အဲ့လိုပြောလဲ? အရင်တုန်းကဆိုမင်းရဲ့အောက်ခံဘောင်းဘီတွေကို ငါပဲလျှော်ပေးခဲ့ရ တာမလား?"
အဲ့လိုပြောပြီး တစ်အိမ်လုံးငြိမ်ကျသွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်းမဆုံမိအောင် တမင်ရှောင်လိုက်ပြီး ပြောလက် စစကားကို ဆက်မပြောကြတော့ဘူး။
Bai Luo Yin ဟာ အောက်ခံဘောင်းဘီတွေရယ်၊ ခြေအိတ်တွေရယ်၊ ရှပ်အင်္ကျီအပေတွေနဲ့ အခြားအ၀တ်တွေကို အ၀တ်လျှော်စက်ထဲ ပစ်ထည့်လိုက်တယ်။ မကြာပါဘူး စက်သံတွေ ဆူညံလာတယ်။
Gu Hai ရဲ့ မျက်လုံးက Bai Luo Yin ရဲ့ စားပွဲအောက်ကြည့်လိုက်တော့ အသင့်စား ခေါက်ဆွဲခြောက် တစ်ဖာတွေ့ရပြီး ဖာတစ်ဝက် လောက်က ကုန်နေပြီ။ ဘီစကစ်အသစ် နှစ်ထုပ်နဲ့ဆန်ပြုတ်သံဘူး တစ်ဘူးက စားပွဲ ပေါ်မှာ။
Gu Hai ရင်ထဲမှာ တစ်ယောက်ယောက်ကို ဆဲချင်လာတယ် **Bai Luo Yin, မင်းဘာတွေလျှောက်စားနေတာလဲ? ဒီလို ညစ်စုတ်ပတ်နေတဲ့ စောင်ကိုခြုံနေရသေးသလား? ရှေ့တစ်လှမ်း နှစ်လမ်းလျှောက်ပြီး စားသောက်ဆိုင်မှာဖြစ်ဖြစ် သွားစားပါတော့လား? စောင်လေးတောင် နေပူထုတ် မလှန်းနိုင်ဘူး! ဒီရှစ်နှစ်လုံး နေခဲ့တာတောင် ကိုယ့်ကိုယ်ကို ဘယ်လို စောင့်ရှောက်ရမလဲ မသိဘူးလား? မင်းလိုကောင်မျိုး ငါမတွေ့ဖူး သေးဘူး!!**
Bai Luo Yin ရေချိုးခန်းကထွက်လာတော့ Gu Hai က သူ့ခေါင်းအုံးကို ကိုင်နေတာတွေ့တော့ "ချထားလိုက်!" သတိပေးတာမဟုတ်ဘဲ အကျယ်ကြီးအော်လိုက်တယ်။ Bai Luo Yin က အမြန်လာပြီး သူ့ကို အိပ်ယာပေါ် တွန်းလိုက်လို့ Gu Hai ဟာ ခေါင်းအုံးစွပ်ကိုဖယ်ဖို့ အချိန် မရလိုက်ဘူး။
"ဘာလဲဟ!" Gu Hai ကရေရွတ်လိုက်တယ် "မင်းရဲ့ခေါင်းအုံးဖုံးကြီး ညစ်ပတ်နေလို့ ချွတ်ပြီး အ၀တ်လျှော်စက်ထဲထည့်မလို့ပါ၊ အဲ့တာကြီးနဲ့ နေတိုင်းအိပ်နေတာ မင်းမရွံဘူးလား?"
Bai Luo Yin ပါးစပ်က သုံးခွန်းပဲထွက်လာတယ်။
"ငါကြိုက်လို့"
Bai Luo Yin ရှေ့မှာပဲ Gu Hai က အခန်းထဲလှည့်ပတ်ကြည့်တယ်။ ပြီးတော့ မှင်သေသေနဲ့ ပြောလိုက်တယ်။
"တကယ်တော့ မင်းဒီလိုနေတာထိုင်တာ မြင်လိုက်ရတော့ မင်းကို မုန်းတဲ့ စိတ်ကလေးတောင် ပျောက်သွားသလိုပဲ"
Bai Luo Yin က အေးဆေးပဲ "မင်းကျေနပ် ပြီးတာပဲကွာ၊ ပြန်တော့ မြန်မြန်"
"မပြန်သေးဘူး ငါထပ်ကြည့်ဦးမှာ" အဲ့လိုပြောပြီး အိမ်ထဲ နောက် တစ်ခေါက် ပြန်ကြည့်ပြန် တယ်။
Bai Luo Yin က သူ့ကို စိတ်ပျက်နေလို့ ရေချိုးခန်းထဲဝင်ပြီး ဖိနပ် အရောင်တင်နေတယ်။
Gu Han တံခါးနားလေးရောက်တော့ တံခါးခေါက်သံကြားရတယ်။ နာရီကြည့်လိုက်တော့ ကိုးနာရီထိုးနေပြီ။
**ဒီအချိန်ကြီး လာလည်နေသေးလား .. Bai Luo Yin တော့ သိပ်မရိုး ဘူး**
"ဗိုလ်မှူး မှူးမှူး......"
Gu Hai ကိုလည်းမြင်လိုက်ရော 'ဗိုလ်မှူး' ဆိုတဲ့ Liu Chong ရဲ့အသံက တိတ်ဝင်သွားတယ်။
"ဗိုလ်ကြီးနဲ့ ရန်ဖြစ်တဲ့လူမလား?" Liu Chong ရဲ့ မျက်လုံးမှာ ရုတ်ချည်းပဲ ဒေါသရိပ်တွေ တက်လာတယ်။
Gu Hai က ပါးစပ်ရွဲ့လိုက်ပြီး "ဟုတ်တယ် ငါပဲ!"
"ခင်ဗျား -" Liu Chong က ဒေါသတကြီးအော်ရင်း "ကျွန်တော် တို့ ဗိုလ်မှူးကို ဘာလုပ်လိုက်လဲ?"
"မင်းစကားကိုကြည့်ပြော၊ မင်းဗိုလ်မှူးကို အရှက်ခွဲသလိုဖြစ်နေပြီ၊ ငါ ဘာလုပ်လိုက်လဲလို့ ဘာလို့မေးလဲ? မင်းမေးရမှာ မင်းတို့ဗိုလ်မှူးက ငါ့ကိုဘာလုပ်လိုက်လဲပဲ မေးရမှာ!!"
Bai Luo Yin က အသံတွေကြားလို့ ထွက်ကြည့်တော့ Liu Chong ရပ်နေတာလဲတွေ့ရော ခဏလောက်ကြောင်သွားပြီးမှ မေးလိုက် တယ် "ဟေ့ကောင် မင်းညကြီးမင်းကြီး ဘာလာလုပ်တာလဲ?"
Liu Chong က Bai Luo Yin ဘေးကင်းကင်းဖြစ်နေတာ တွေ့တော့မှ စိတ်ချသွားပြီး ၀င်လာလိုက်တယ်။ သူ့လက်မှာ အထုတ်တစ်ထုတ်။ သူက စားပွဲပေါ်တင်လိုက်ပြီး သတိထားပြော လိုက်တယ်။
"ဗိုလ်ကြီး အခုတလော ဘာမှကောင်းကောင်းမစားလို့ ကျွန်တော် အပြင်က ဖက်ထုပ်တွေဝယ်လာတယ် ။ ပူတုန်းစားလိုက်ပါလား"
"မင်း ဒီနေ့ mission မရှိဘူးလား?" Bai Luo Yin က မေးလိုက်တယ်။
Liu Chong က အနေရခက်သွားပြီး ရှင်းပြတယ် "ဟုတ်ကဲ့။ ကျွန်တော် က mission ပြီးခဲ့ပြီ၊ ဒါပေမဲ့ ဗိုလ်ကြီးမစားရသေးမှာ စိုးလို့ အဲ့ဒါ ......."
"သူစားပြီးပြီ"Gu Hai က ရုတ်တရက် ၀င်ပြောတယ် "ပေးပေး ငါ့ပေး"
Liu Chong ကလည်း ရန်သူလက်ထဲကို စေတနာနဲ့ ၀ယ်လာတဲ့ ဖက်ထုပ်ကို ထည့်ပေး လိုက်ရလောက်အောင် မတုံးသေးပါဘူး။ သူက အဲ့ဖက်ထုပ်ကို မြဲနေအောင် ကိုင်ထားပြီး Gu Hai ကို အရေးမလုပ်ဘူး။ သူက Bai Luo Yin ကိုကြည့်ပြီးပြော တယ်၊"ဗိုလ်ကြီး ဖိနပ်တွေချထား လိုက်ပါ၊ ကျွန်တော်တိုက်ပေးပါ့မယ်။ ပူတုန်းစားလိုက် အေးသွားရင် မကောင်းတော့ဘူး။ ဗိုလ်မှူး မြန်မြန်လာပါ ကြက်သွန်မြိတ် ဖက်ထုပ်လေး တွေ ...."
"မင်းတို့ဗိုလ်မှူးက ကြက်သွန်မြိတ်ဖက်ထုပ် မကြိုက်ဘူးကွ၊ ခရမ်းသီး ဖက်ထုပ်မှကြိုက်တာ"
Gu Hai က ပိုင်စိုးပိုင်နက်နဲ့ ၀င်ပြောတယ်။
"ငါမကြိုက်ဘူးလို့ ဘယ်သူပြောလဲ၊ ငါ့အကြိုက်ပြောင်းသွားတာ ကြာလှ ပြီ"
Bai Luo Yin က လက်ကိုသုတ်ပြီး Liu Chong လက်ထဲက အိတ်ကို ဆွဲယူလိုက်တယ်။ သူ့ပါးစပ်ထဲကို တစ်ခုထည့်လိုက်တယ်။ စားနေတုန်း Liu Chong ကိုရယ်ပြပြီး "ကောင်းတယ်ကွ"
Gu Hai က ရှစ်နှစ်ကြာပြီး ဒီလိုဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့် ထားဘူး။ သူကအဲ့ဒီအိတ်ကို လွှင့်ပစ်ချင်စိတ်တောင် ပေါက်လာတယ်။
"ဒါဆိုလည်း ဖြေးဖြေးစား ငါသွားမယ်"
သူမပြန်ခင် Liu Chong ကို ခြေဆုံးခေါင်းဆုံးကြည့်သွားသေးတယ်။
Gu Hai ပြန်ပြီး မကြာပါဘူး Liu Chong လည်းပြန်သွားတယ်။
Bai Luo Yin ဟာ ပါးစပ်ထဲက ဖက်ထုပ်ကို မျိုမချနိုင်တော့ဘူး။ တကယ်တော့ သူ့အကြိုက်က လုံးဝမပြောင်းခဲ့ဘူး။ သူ ကြက်သွန်မြိတ် ဖက်ထုပ်ကို မစားနိုင်ဘူး။ သူကြိုက်တာက ခရမ်းသီးဖက်ထုပ်။ ဒါပေမဲ့ လုပ်ကျွေးမယ့်သူ မရှိဘူး။
ခုနက Gu Hai မရည်ရွယ်ဘဲ ကိုင်လိုက်တဲ့ ခေါင်းအုံးထဲမှာ Gu Hai ရဲ့ ကျောင်းဝတ်စုံရှိတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်က Bai Luo Yin အိမ်က ထွက်လာတော့ နွမ်းနေတဲ့ Gu Hai ရဲ့ ကျောင်းဝတ်စုံက လွဲလို့ ဘာပစ္စည်းမှ မယူခဲ့ဘူး။ နေ့တိုင်း အဲ့ဒီခေါင်းအုံးပေါ် အိပ်လိုက်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ အဲ့ဒီကျောင်း အင်္ကျီပါတဲ့ ခေါင်းအုံးဟာ သူ့အတွက်တော့ နှလုံးခုန်သံမကြားရတဲ့ Gu Hai ရဲ့ရင်ခွင်တစ်စုံ ဖြစ်နေ လို့ပဲ။End of Chapter 8