CHAPTER-51; အကုသိုလ်စိတ်အားဆေးကြောခြင်း

131 15 0
                                    

CHAPTER-51; အကုသိုလ်စိတ်အားဆေးကြောခြင်း

၃ရက်ရှိပြီ။Bai Luo Yin ဟာGu Hai အိမ်မှာ သက်တောင့်သက်သာအနားယူနေတယ်။သူက တပ်ကိုပြန်ဖို့ခဏခဏပူဆာနေလဲGu Hai ရဲ့အတင်းအကြပ်တားဆီးခြင်းကိုခံရတယ်။Gu Hai အကြောင်းပြနေတာဒီလို။သူကYin Zi အငယ်လေးနေကောင်းလာတာကိုကြည့်ဖို့လိုတဲ့အတွက် Bai Luo Yinကိုပြန်ခွင့်မပြုနိုင်တာတဲ့။သေချာတာပေါ့..Yin Zi အငယ်လေးကိုတင်ကုသပေးဖို့ဘယ်ကမလဲ၊လွန်ခဲ့တဲ့ရက်အနဲငယ်က သူအကြွေးတင်နေခဲ့တဲ့ Hai Zi မိစ္ဆာလေးကိုလည်း ချော့ရသေးတယ်။

တနေကုန်Gu Hai က Bai Luo Yinကိုသူနဲ့ အတူအလုပ်ကိုခေါ်သွားတယ်၊နေ့လည်ကျတော့သူတို့အတူတူ အပြင်ထွက်စားကြတယ်၊ညကျBai Luo Yinကို..အိမ်ကို အန္တရာယ်ကင်းကင်း နဲ့ကောင်းကောင်းမွန်မွန်ပြန်ခေါ်လာတယ်။Gu Hai ကသူအမှတ်တမဲ့ဖြစ်လိုက်တာနဲ့Bai Luo Yinထွက်ပြေးမှာကိုစိုးရိမ်လို့ Bai Luo Yinအိမ်သာသွားရင်တောင်..နောက်ကလိုက်တယ်။

Gu Hai ...အရင်ဆို တစ်ယောက်တည်းလှုပ်ရှားနေကျ ၊ကုမ္ပဏီကအမျိုးသမီးဝန်ထမ်းတွေအားလုံးလည်း သူရဲ့သဘောသဘာဝနဲ့.. နှောင်ဖွဲ့မှုကင်းတဲ့ စရိုက်နဲ့..အသားကျနေပြီးဖြစ်တယ်။ဒါပေမဲ့ အခုတော့ သူဟာ တစ်စုံတယောက်ကိုနေ့တိုင်း ၂၄နာရီပတ်လုံးမခွဲမခွာ တစ်ယောက်ပုခုံးတယောက်ဖက်လျက် ကုမ္ပဏီကိုအဝင်အထွက်လုပ်ရင်း သူနဲ့အတူ ထိုလူကိုခေါ်လာတာမြင်ရတော့ မျက်စိစွေနေတဲ့လူတောင်မြင်တာနဲ့သံသယဝင်လာတယ်။

Bai Luo Yinကဒီအချိန်ကာလကိုအခွင့်ကောင်းယူပြီး ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းရဲ့ တိုးတက်မှုတွေကို သုံးသပ်လေ့လာတယ်။ သူကနေ့တိုင်းGu Hai နောက်ကနေ အလုပ်ရုံကိုလိုက်ပြီး၊ ရံဖန်ရံခါ အကြံဉာဏ်ပေးတက်တယ်။သူတို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြတုန်းက Hai Yin ကုမ္ပဏီက ဒီစီမံကိန်းရဲ့အဓိက စီးပွားရေး မိတ်ဖက်မဟုတ်ခဲ့ဘူး။ဒါပေမဲ့ ခင်ပွန်းသည်နှစ်ယောက် ပေါင်းကြံလိုက်ကြတဲ့အတွက် အဓိကပစ္စည်းအကုန်နီးပါးကိုGu Hai တို့ကုမ္ပဏီကထုတ်လုပ်ဖို့ဖြစ်လာတယ်။

Gu Hai စကားကိုသုံးရရင်"ကိုယ်ရှာသမျှ နောင်ဆုံးချစ်အတွက်ပဲ"ဆိုတော့၊ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တာ ပိုကောင်းတယ်။

Addicted? Book2 (Zawgyi)Where stories live. Discover now