CHAPTER 38 –အချစ်သည်းတဲ့ လူငယ်စုံတွဲGu Hai လူနာအခန်းကိုပြန်လာတော့..Bai Lou Yin က အိပ်မောကျနေတုန်းပဲ။ Gu Hai က Bai Lou Yin ကိုနှိုးပြီး ခရေစေ့တွင်းကျ မေးမြန်းချင်ပေမယ့် သူ့စိတ်သူ ထိန်းထားတယ်။
သူ..ဒဏ်ရာပြင်းပြင်းထန်ထန်မရရင်တောင်.. ခြောက်လန့်ဖို့သက်သက်မဟုတ်ရင်တောင်..ပတ်တီးစည်းထားတာနဲ့တင်ကို စိတ်မကောင်းဖြစ်ရတယ်။ အထူးသရုပ်ဆောင်နေစရာ မလိုဘူးမဟုတ်လား? Gu Hai က ယခုတစ်ဖန်..Bai Lou Yin ဘေးဝင်အိပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကိုလှည့်ရင်း..လှုပ်လှုပ်ရှားရှားလုပ်ရင်း တမင်တကာ Bai Lou Yin သတိထားမိအောင် လုပ်လိုက်တယ်။
Gu Hai ကလက်တွေကို Bai Lou Yin ရင်ဘတ်ပေါ်တင်ပြီး ပတ်တီးကိုဖြည်ကြည့်ချင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ရုတ်တရက်ကြီး Gu Hai...တင်းတင်းကြပ်ကြပ်ကြီး ပွေ့ဖက်တာခံလိုက်ရ တယ်။ Bai Lou Yin ရဲ့ နာမကျန်းနေတဲ့မျက်နှာက သူ့ရှေ့မှာ..တပ်မက်စရာကောင်းစွာပေါ်လာတယ်။ အဲ့ဒါ အကောင်အထည်မရှိတဲ့ တွန့်ဆုပ်မှုတစ်ခုပဲ။ ဒါကြောင့်နှိုးပြီးမေးမြန်းဖို့လည်း မလုပ်ရက်တော့ဘူး။ အဲ့ဒီမျက်နှာလေးက ဒီလိုပြောနေတာနဲ့တူတယ်။
"ကို တွေ့ပြီလား... ငါဒီလိုဖြစ်လာပြီဆိုတော့ ငါ့ကို အပြစ်ဆိုရက်သေးသလား?" လို့ပြောနေသလိုပဲ။
လက်တွေ့မှာတော့ Gu Hai ဟာ ဘယ်သူကမှန်ပြီး..ဘယ်သူကမှားနေသလဲဆိုတာကိုတော့ ပြောပြချင်တဲ့စိတ်ကလေးဖြစ်မိတယ်။
Bai Lou Yin ရဲ့ အလိမ်အညာဇာတ်လမ်းက Gu Hai ကို နှလုံးရောဂါရစေတယ်။ သူစိတ်မဆိုးဘဲ ဘယ်နေမလဲ? ဒီအချိန်မှာ Bai Lou Yin ကို လည်ပင်းညှစ်ချင်စိတ်တောင်ပေါက်တယ်။
**သူ ဘာကြောင့်ငါ့ကို လိမ်ရတာလဲ? မလိမ်ရင်ရော..ငါကသူ့ကိုတွေ့ဖို့လာဖြစ်ပါ့မလား? အရင်ကတော့ အရာအားလုံးကို ရင်ထဲမှာသိမ်းဆည်းထားပြီး..သူ့အတွက်စိတ်ပူနေခဲ့တာ။ တစ်နေ့ ငါ့ကိုချွဲနွဲ့ပြီး အရူးအမူးဖြစ်လာဖို့ မျှော်လင့်ခဲ့တယ် မဟုတ်လား? အခု..ငါ့ရဲ့ချစ်ခင်မှုနဲ့ ကြင်နာဂရုစိုက်မှုကို သူ့ဘက်က အရင်တောင်းဆိုပြီး..သူ့ရဲ့အရင်ကပုံစံနဲ့ လုံးဝခြားနားစွာ..ငါ့ကိုလာရောနေပြီလေ။ ငါ ပျော်ရမှာ မဟုတ်လား?**