CHAPTER 60 - သတ္တ၀ါကြီး နှစ်ကောင်ရဲ့ ရန်ပွဲ
နှစ်ယောက်သား စနောက်နေပြီးတဲ့နောက်မှာ Gu Hai က ရုတ်တရက်ကြီး Bai Lou Yin ကို ပြောတယ်။ "Yin Zi, မင်းပိန်သွားတယ်"
"ကို ကောင်းကောင်းမကြည့်လို့မှားတာမဟုတ်လား?" Bai Lou Yin က သူ့မျက်နှာသူထိပြီး "ငါ အဆီများတဲ့အစာတွေချည်း စားနေခဲ့တာပဲဟာ။ ဘယ်လိုလုပ် ၀ိတ်ကျသွားမှာလဲ?"
"ချစ် ကီလိုဝက်လောက် လျော့သွားတယ်" Gu Hai က တထစ်ချပြောတယ်။
Bai Lou Yin မယုံဘူး။ "ကီလိုဝက်လို့တောင် ကိုကပြောနိုင်တယ် ဟုတ်လား? ကိုကတော့ မိုက်တယ်ကွာ"
"ကီလိုဝက်ကို စာဖွဲ့မနေနဲ့၊ ချစ် ၅၀ ဂရမ်လေးလျော့သွားရင်တောင် ကိုယ်ကမှန်အောင်ပြောနိုင်တယ်။ ကိုယ်ကို့မယုံရင် ဖာသာ ၀ိတ်ချိန်ကြည့်"
သေချာတာပေါ့။ Bai Lou Yin က အနီးမှာရှိတဲ့ ပေါင်ချိန်စက်ပေါ်တက်ဖို့သွားလိုက်တယ်။ သူက မာနကြီးတစ်ခွဲသားနဲ့ စက်ကိုငုံ့ကြည့်တယ်။
"သူ တကယ်မှားကြည့်မိပြီ...ငါ့ကို ညာချင်သေးတယ်။ ငါ ၁ ကီလိုတောင်တက်လာတာ အသိသာကြီး"
"အဲ့ဒါ ချစ်အ၀တ်တွေက လေးနေလို့ဖြစ်ရတာ။ နောက်ဆုံးတခါချိန်တုန်းက ချစ်ဘာမှဝတ်မထားဘူးလေ။ ချစ်အင်္ကျီတွေချွတ်ပြီး ပြန်ချိန်ကြည့်။ မင်း..1.5 ကီလို လျော့နေရမယ်လို့ ကိုယ်အာမခံတယ်။ ကိုယ့်ကို မယုံရင် စမ်းကြည့်"
Bai Lou Yin အင်္ကျီချွတ်ဖို့လုပ်ပြီးမှ သံသယဖြစ်စရာတစ်ခုခုကို ရုတ်တရက်သဘောပေါက်သွားတယ်။ သူလှည့်ကြည့်လိုက်တော့ လိမ်ညာတတ်တဲ့ မြေခွေးလို မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေတယ်။
**ကိုစုတ်! ငါ့ကိုအ၀တ်ချွတ်ရအောင်......** Bai Lou Yin သွားပဲဖြဲပြလိုက်တယ်။
**ကံကောင်းလို့ ငါသိတာမြန်လို့၊ မဟုတ်ရင် သူ့ရှေ့မှာ အရူးလို အ၀တ်တွေချွတ်မိတော့မှာ**
Bai Lou Yin က စောင်အောက်ပြန်ဝင်သွားတုန်း ဟိုတစ်ဖက်ကနေ Gu Hai က ပွစိပွစိလုပ် နေတယ်။ "ကိုယ်တို့က လင်မယားတွေပဲဥစ္စာ (သူ့အမြင်ပေါ့လေ) ချစ်က ဘာကိစ္စဒီလောက် ရှက်နေသေးတာလဲ?"