CHAPTER-53;နောက်ဆုံးတော့အလိမ်ပေါ်ပြီ
Bai Luo Yinအိပ်နေတုန်း အခွင့်ကောင်းယူပြီး Gu Hai ကJiang Yuan ဆီဖုန်းဆက်တယ်။
"အော,Xiao Hai လား?"Jiang Yuan ရဲ့အသံကအရမ်းအံ့သြနေတယ်။
Gu Hai ကလည်ချောင်းရှင်းလိုက်ပြီး"Yin Zi ဒဏ်ရာရနေလို့ ကျွန်တော်နဲ့အတူရှိနေတယ်"
"ဘယ်လို?ဒဏ်ရာရတယ်ဟုတ်လား?"Jiang Yuan ချက်ချင်းစိတ်ပူသွားတယ်။ "ဘယ်နေရာမှာ ဒဏ်ရာရတာလဲ?စိုးရိမ်ရလား?"
"သူအခုနေကောင်းသွားပါပြီ"Gu Hai ကအသံနိမ့်နိမ့်နဲ့ရှင်းပြတယ်။"စစ်ဆင်ရေးတာဝန်တွေကအရမ်းကိုအားစိုက်ရတော့သူ့ခန္ဓာကိုယ်ကမခံနိုင်တော့တာ။ဒါကြောင့်သူ့ကိုရက်ပိုင်းလောက် ဒီမှာခေါ်ထားတာ။ဒါပေမဲ့သူမလာခင်ခေါင်းဆောင်ဆီက ခွင့်မယူခဲ့ရလို့ ပြဿနာနည်းနည်းတော့တက်နိုင်တယ်"
Jiang Yuan ကချက်ချင်းပဲGu Hai ရဲ့ဆိုလိုရင်းကိုသဘောပေါက်သွားတယ်။"စိတ်မပူနဲ့၊အမေခေါင်းဆောင်တွေဆီရှင်းပြထားလိုက်မယ်၊သားကိုလွမ်းလို့အိမ်မှာရက်ပိုင်းလောက်ခေါ်ထားတာလို့ ပြောလိုက်မယ်။တကယ်လို့သူတို့က ငါ့ကိုလေးစားမှုမရှိရင်တောင် မင်းအဖေကိုတော့ကြောက်မှာပါ"
Gu Hai ကစိတ်ကျေနပ်စွာနဲ့ပြန်ဖြေတယ်။"Yin Zi ကိုဒီကိစ္စမပြောပါနဲ့နော်"
"သိပါတယ်ကွယ်"
ဖုန်းချပြီးတော့Jiang Yuan ကပိုပြီးတော့တောင်စိတ်ကျေနပ်နေသေးတယ်၊Gu Hai ကလိုလိုလားလားနဲ့သူ့ကိုအကူအညီတောင်းတယ်လေ။ကြည့်ရတာGu Hai ကသူမ,ကိုရင်ထဲမှာအမေအဖြစ် အသိအမှတ် ပြုပြီးပြီထင်တယ်။သူမ,စဉ်းစားတွေဝေနေတုန်း၊တံခါးကရုတ်တရက်ပွင့်သွားပြီး Gu Wei Ting ဝင်လာတယ်။
"အို၊ရှင် ဒီနေ့ အစည်းအဝေးမရှိဘူးလား?"Jiang Yuan ကအံ့သြသင့်စွာGu Wei Ting ကိုကြည့်တယ်။
Gu Wei Ting ကဘေးနားကနေမှင်သေသေနဲ့ဖြေတယ်။"ယာယီဖျက်သိမ်းလိုက်လို့"
"အော်"Jiang Yuan ကမှန်ဘက်ကိုပြန်လှည့်လိုက်တယ်။
"လေတပ်ကငါ့ဆီကိုသတင်းပို့တယ်။Bai Luo Yinကရှင်းပြချက်တွေ..အကြောင်းပြချက်တွေ..ဘာမမပေးဘဲပျောက်နေတာ တပတ်ရှိပြီတဲ့"