CHAPTER-47;အညံ့စားထုတ်ကုန်
"ကောင်းပြီ..ထိုင်တော့"Zhou Ling Yun ကမေးငေါ့ပြီးပြောတယ်။
"အဲဒီမှာချည်းရပ်မနေနဲ့။ငါကမင်းနဲ့စကားပြောဖို့လာခဲ့တာ"
စိတ်အနှောက်အယှက်ဖြစ်စရာတခုခုကြားရင် သဝန်တိုတက်တဲ့ ဟိုအမွှေးထူသတ္တဝါပြေးထွက်လာမှာကိုကာကွယ်ဖို့.. Bai Lou Yin ကခုံဆွဲပြီး ရေချိုးခန်းတံခါးပေါက်မှာထိုင်လိုက်တယ်။
"မင်းကဘာကိစ္စ အဲ့လောက်အဝေးကြီးသွားထိုင်နေတာတုန်း?"Zhou Ling Yun သိချင်တယ်။
Bai Lou Yin ဘယ်လိုဖြေရမှန်းမသိတာနဲ့ အချိုးမကျတဲ့ အကြောင်းပြချက်ကိုဖန်တီးမိတယ်။
"ကျွန်တော်အိမ်သာအနံ့ကြိုက်လို့"
Zhou Ling Yun က"ဒါဆိုလဲ ငါတို့အိမ်သာထဲမှာပဲစကားပြောကြပါစို့လာ?"
"မလုပ်ပါနဲ့ !"Bai Lou Yin ကမြန်မြန်ပြောလိုက်ရတယ်။"ကျွန်တော်တယောက်တည်း ရှူရရင်ရပါပြီ"
Zhou Ling Yun ကBai Lou Yin ရဲ့မျက်နှာချင်းဆိုင်မှာ မိန့်မိန့်ကြီးထိုင်နေတယ်။Bai Lou Yin ကသူ့မျက်လုံးတွေရဲ့အဓိပ္ပာယ်ကို မဖော်နိုင်ဘူး။အချိန်တခုကြာအောင်တိတ်ဆိတ်နေပြီးနောက်၊Zhou Ling Yun ကရုတ်တရက်သူ့နှုတ်ခမ်းထောင့်စွန်းကိုမြှင့်ပြီး မှင်သေသေ စကားဆိုတယ်။
"ငါ, Gu Hai ကိုမိထားပြီးပြီ"
"ဗျာ?"
Bai Lou Yin ကလုံးဝကြောင်အ,သွားပြီး၊ လန့်ဖြန့်သွားတယ်။
**Gu Hai လုံအောင်ပုန်းနေတာပါ၊Zhou Ling Yun ကဘယ်လိုရှာတွေ့သွားတာလဲ**
Gu Hai ဒီစကားကိုကြားတော့ သူဟာချက်ချင်းပဲထွက်လာချင်တယ်။သူ့လက်က တံခါးလက်ကိုင်ဘုကိုလှည့်တော့မလို့ လုပ်နေတုန်း.. နောက်ထပ်စကားတခွန်းကြားရပြန်တယ်။
"အခု သူက ငါ့ရုံးခန်းထဲမှာ!"
ရလဒ်အနေနဲ့ ပွင့်ရုံလေးပွင့်သွားတဲ့တံခါးကိုBai Lou Yin ကတွန်းဖိ ပိတ်လိုက်ရတယ်။
Bai Lou Yin ကသက်ပြင်းအရှည်ကြီးချတယ်။ခဏလောက်စိတ်ဒုက္ခရောက်ပြီးမှ Zhou Ling Yun ပြောတဲ့သူက Gu Yang ဖြစ်နေတယ်။
"မင်းကဘာဖြစ်နေတာလဲ?"Zhou Ling Yun ရဲ့မျက်လုံးတွေက Bai Lou Yin နောက်ကတံခါးဆီကိုရောက်သွားတယ်။