CHAPTER 13 - အရှိန်တက်လာတဲ့ စစ်ပွဲGu Hai က ကုမ္ပဏီကနေထွက်လာပြီး ကားပါကင်ကို သွားမယ် အလုပ် Bai Luo Yin ရဲ့ ကားကို ရုတ်တရက်လှမ်းမြင်လိုက်တယ်။
သူ့စိတ်ကိုသူ မထိန်းနိုင်ဘူး။ သူ့ရင်ထဲမှာ ကျေနပ်နေပေမယ့် သူ့မျက်နှာမှာတော့ ဖော်ပြမနေဘူး။ လူတတ်ကြီးစတိုင်နဲ့ Bai Luo Yin ရှိရာကို တမင်လျှောက်လာခဲ့တယ်။
နောက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့မျက်နှာအကြောဆွဲသွား တယ်။
သူ့ကုမ္ပဏီဝင်ပေါက်မှာတင် သူ့ရဲ့ဝန်ထမ်းဟာ သံသယပွါးမှာ တောင် မစိုးရိမ်ပဲ ယောက်ျားတစ်ယောက်နဲ့ ရယ်မောနေကြတယ်။ ဒါက အဓိက မကျပါဘူး။ အဓိကကျတာက အဲ့ဒီယောက်ျားက Bai Luo Yin ဖြစ်နေ လို့ပဲ။ ပြီးတော့ ရည်းစားရနေပြီလို့ သတင်းထွက်နေတဲ့ မိန်းကလေးက လည်း သူမပဲ။
Gu Hai က တစ်လှမ်းချင်းကပ်လာတယ်။ သူတို့နှစ်ဦးစကားပြောတာကို ရပ်လိုက်တယ်။
Di Shuang က လှည့်ကြည့်လိုက်တော့ Gu Hai ကိုတွေ့တယ်။ သူမ လန့်သွားတဲ့အပြင် သတိလည်းဝင်လာပြီး စိတ်လှုပ်ရှားစွာနဲ့ပဲ Gu Hai ကိုပြောတယ် "MD Gu, ဒါကျွန်မကောင်လေး Bai Luo Yin တဲ့။ ကျွန်မ မိတ်ဆက်ပေးစရာ မလိုတော့ဘူးမလာ? သူက ကျွန်မတို့ ကုမ္ပဏီက လက်တလော စာချုပ်ချုပ်ထားတဲ့လုပ်ငန်းရဲ့ တာဝန်ခံလေ၊ သူနဲ့ ကျွန်မ ရည်းစားဖြစ်နေတာ စည်းကမ်း မလိုက်နာတာ မဟုတ်ဘူးမဟုတ်လား ဆရာ?"
Gu Hai ရဲ့မျက်လုံးက အစကနေ အဆုံးထိ Bai Luo Yin ကိုကြည့်တာ မီးတောက်နေပြီ။ ကုမ္ပဏီအဆောက်အဦးကြီး တစ်ခုလုံးတောင် ပြာကျ သွားနိုင်တယ်။
"သူမပြောတာတွေက အကုန်အမှန်တွေပဲလား?"
"မင်းက ဘယ်လိုထင်လို့လဲ?" Bai Luo Yin က Gu Hai ကို မှင်သေသေ ကြည့်ပြီး "ငါBai Luo Yin က တာဝန်မဲ့တဲ့စကား ပြောမလား?"
Gu Hai က ရုတ်တရက် ရှေ့တစ်လှမ်းတိုးလိုက်ပြီး Bai Luo Yin ခန္ဓာကိုယ်နဲ့ ထိသွားလောက်အောင် ကပ်သွားတယ်။ လူသတ်ချင် တဲ့ အကြည့်တွေက Bai Luo Yin မျက်နှာကို ဓါးနဲ့ဖြတ်နေသလိုပဲ
"မင်းသေချင်နေပြီနဲ့တူတယ်"
Bai Luo Yin က Gu Hai ရဲ့ ပုခုံးကို ကိုင်လိုက်ပြီး နှစ်ယောက်ကြားထဲ နေရာခြားသွားအောင် လုပ်လိုက်ရင်း ညစ် ကျယ်ကျယ် ပြုံးတယ်။
"မင်းအတွက် ဒီလိုလုပ်ရတာပါကွာ။ ငါ့အတွက်နဲ့ နေ့တိုင်းစိတ်ပူ ပေးနေ ရတဲ့ ငါ့ညီလေးအတွက်လေ။ အခု ငါလည်း တစ်ကိုယ်တည်းမဟုတ် တော့ဘူးဆိုတော့ မင်းလည်း ငါ့အတွက် အတွဲ ရှာမပေးရတော့တာပေါ့။ မင်းကုမ္ပဏီက တကယ့်ရတနာသိုက်ပဲ လို့ ငါထင်တယ်။ မင်းကလွဲရင် ကျန်တာတွေက ငါ့ အကြိုက်ချည်း ပဲ"
အဲ့လိုပြောရင်း Bai Luo Yin က Di Shuang ရဲ့ လက်ကိုဆွဲပြီး Gu Hai ရှေ့ကို ခေါ်လာတယ် "ဒီနေ့ကစ သူမက မင်းရဲ့မရီးပဲ။ ကျေးဇူးပြုပြီး ကုမ္ပဏီမှာလဲစောင့်ရှောက်ပေးပါကွာ"
Di Shuang က Gu Hai ကိုကြည့်ပြီး "MD ရှင့် ကျွန်မ နည်းနည်း ရှက်လာပြီ!"
Gu Hai က သူတို့နှစ်ယောက်တွဲထားတဲ့လက်ကို ဆွဲဖြုတ်လိုက် တယ်။ ထပ်ပြီး သူက ချစ်သူနှစ်ယောက်ကြားထဲဝင်ရပ်ပြီး ခွဲလိုက် သေးတယ်။ Di Shuang က မျက်နှာပျက်သွားပြီး Bai Luo Yin က မျက်နှာ အရောင်ပြောင်းသွားပြီ။
"Gu Hai, မင်းဒီနေ့ပြောခဲ့တာတွေ လုပ်ခဲ့တာတွေအတွက် တာဝန်ယူရ မယ်"
Gu Hai မျက်နှာညှိုးသွားပီး တစ်လုံးချင်းပြောတယ်။
"တာဝန်တွေဘာတွေတော့ ငါမသိဘူး။ နှလုံးသားမဲ့တယ်ဆိုတာ တော့ သိတယ်"
Bai Luo Yin က ခါးခါးသီးသီးပြုံးရင်း "နှလုံးသားမဲ့တယ် ဟုတ် လား? ငါတို့နှစ်ယောက်ကြားမှာ ဒီစကားကြီးက မသင့်တော်ပါဘူး ကွာ။ MD Gu, ခုထိစိတ်မကုန်သေးဘူးလား? မင်းဘယ်ရောက်နေ လဲဆိုတာလည်း ပြန်ကြည့်ဦး။ မင်းကခုဆိုရင် ဂုဏ်သရေရှိ လူကြီး တစ်ယောက်အဖြစ် လူရာဝင်နေပြီ။ နောက်ဆို ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက် လည်း ဖြစ်လာတော့မှာဆိုတော့ ဒီလိုစကားကို ငါ့ လာပြောဖို့ မကောင်း တော့ ဘူး"
Gu Hai က စိတ်ဆိုးလွန်းလို့ Bai Luo Yin ခေါင်းကို ကားခေါင်မိုး နဲ့ ကပ်အောင်တွန်းလိုက်တယ်။
"Bai Luo Yin, မင်းက$ကျင့်ယုတ်တဲ့ လူယုတ်မာ၊ နှလုံးသားမဲ့ တဲ့ လူယုတ်မာ!!"
Bai Luo Yin က ရုတ်ချည်း ကြမ်းတမ်းသွားတယ်။ သူ့အားရှိ သလောက် သုံးပြီး Gu Hai ရဲ့ ခန္ဓာကိုယ်ကို တွန်းလှန်ပြီး အော်လိုက်တယ်။
"ငါကလူယုတ်မာ။ မင်း ငါ့ကို လူယုတ်မာလို့ ရှစ်နှစ်လောက် ခေါ်ခဲ့ပြီး ပြီပဲ။ နောက်ထပ် ထပ်ခေါ်ခံရလည်း မထူးတော့ဘူး၊ ငါဂရုမစိုက်ဘူး"
နောက်ဆုံးတော့ မမျှော်လင့်ဘဲ လူနှစ်ယောက်ရန်ပွဲ ပြန်စလာပြန် တယ်။ ဒီတစ်ခါ ကုမ္ပဏီ အ၀င်ပေါက်မှာဖြစ်ပြီး မိန်းကလေးတစ်ဦးလည်း ပါနေတယ်။ တစ်ဖက်က သူ့ရည်းစား၊ တစ်ဖက်က သူ ကျိတ်ကြွေနေတဲ့ သူဌေး။ Di Shuang ကတော့ ရည်းစားကို ကူညီဖို့ပဲ စိတ်ကူးလိုက် တယ်။ သူမက အားနည်းလွန်းလို့ မတ်မတ်တောင် မထိန်းနိုင်ပဲ သုံးမီတာ လောက် လွင့်သွားတယ်။
Di Shuang အော်ငိုသံကြားတော့မှ Bai Luo Yin က ရန်ပွဲကို ရပ်လိုက် တယ်။ Di Shuang ကိုသွားခေါ်လိုက်ပြီး ကားပေါ်တင်လိုက်တယ်။ Gu Hai ရဲ့ စူးရှတဲ့အကြည့်တွေ အောက်မှာပဲ သူ ကားမောင်း ထွက်သွား တယ်။
ကားအရှိန်နဲ့အတူ နှလုံးသားတွေလည်း နာကျင်နေပြီ။
နောက်ရက် Di Shuang က Gu Hai ရုံးခန်းထဲကို တိုက်ရိုက် သွားတယ်။
တစ်ရုံးလုံးက အမျိုးသမီးတွေကလည်း ပွဲကြီးပွဲကောင်းကို ကြည့်ဖို့ စောင့်ဆိုင်းနေကြတယ်။
"MD ရှင့်"
Gu Hai ကခေါင်းမော့ပြီး Di Shuang ကိုကြည့်လိုက်တော့ သူ့အမူအရာ က အရင်ပုံမှန်ရက်တွေနဲ့ သိပ်မကွာဘူး။
"ဘာကိစ္စလဲ?"
Di Shuang က နှုတ်ထွက်စာကို စိတ်ပျက်လက်ပျက်နဲ့ ကမ်းပေးတယ်။
"ကျွန်မဒီမှာမနေသင့်တော့ဘူးဆိုတာ သိပါတယ်။ MD အလုပ် ဖြုတ်မှာ စောင့်ရမှာထက် ကျွန်မ လိုလိုလားလားနဲ့နှုတ်ထွက်စာတင်ပါတယ်။ MDရှင့် ဒီနှစ်နှစ်အတွင်း ကျွန်မကို လေ့ကျင့် ပျိုးထောင်ပေးခဲ့တာတွေ အတွက်အရမ်းကျေးဇူးတင်ပါတယ်... ဒါပေမဲ့ကျွန်မကုမ္ပဏီတစ်ခုအတွက် ကျွန်မချစ်သူကိုတော့ မစွန့် လွတ်နိုင် ပါဘူး။ MD နားလည်မယ်ထင်ပါ တယ်ရှင့်"
"မင်းကို ဘယ်သူက အလုပ်ထုတ်မယ်ပြောလို့လဲ?" Gu Hai က မျက်ခွံကိုပင့်ပြီး ပြောတယ်။
Di Shuang က ခဏတွေဝေသွားပြီး "...မနေ့က ရန်ပွဲက အရမ်း အရုပ်ဆိုးပါတယ်ဆရာ။ ဒါတောင် ကျွန်မ နေရဦးမှာလား?"
"မင်းက ငါ့မရီးပါကွာ။ ငါဘယ်သူ့အပေါ်ပဲ သည်းမခံနိုင်ဖြစ်ဦး၊ မင်းကို တော့ သည်းခံရမှာပေါ့" Gu Hai က သူ့စရိုက်အမှန်နဲ့ မလိုက်အောင် ချိုသာတဲ့အသံနဲ့ "ဒါတွေက သပ်သပ်စီပါ ခံစားချက်နဲ့ အလုပ်ကို မရောမိ စေနဲ့လေ။ လွန်ခဲ့တဲ့ နှစ်နှစ်စလုံး မင်းလုပ်ရည်ကိုင်ရည် ကောင်းခဲ့တာ ငါသိသားပဲ။ ဒုဥက္ကဌ တာဝန်ကိုယူလိုက်။ မင်းအထုပ်အပိုး တွေသိမ်းပြီး ပြောင်းလာလိုက်တော့"
Di Shuang က Gu Hai ကိုစိုက်ကြည့်ပြီး "ပြောင်း... ပြောင်း.... ဘယ်ကိုပြောင်းရမှာလဲဆရာ?"
"မင်း ဒုဥက္ကဌ Yan Ya Jing ရဲ့ ရုံးခန်းကို ပြောင်းစရာမလိုပါဘူး။ သူပြန်လာရင် မင်းပြန်ပြောင်းနေရဦးမယ်။ ဒီတော့ ငါ့ရုံးခန်းထဲ သာ ပြောင်းလာခဲ့တော့၊ ငါ့ရုံးခန်းက ကျယ်တော့ မင်းအတွက် ရုံးစားပွဲ တစ်လုံးသွင်းခိုင်းထားလိုက်မယ်။ ငါ့မျက်စိရှေ့မှာပဲ ထိုင်ပေါ့"
Di Shuang ကအံ့သြမှင်သက်သွားပြီး "မဖြစ်.... ကျွန်မအဲ့လို မဖြစ်..." ဒီလိုဆိုရင်တော့ ကုမ္ပဏီမှာ သူ့ကိုမုန်းတဲ့ ၀န်ထမ်း ဦးရေတိုးတော့မှာပဲ။
"ဘာလဲ မကျေနပ်ဘူးလား?" Gu Hia ကထေ့လိုက်တယ် "မင်းမကျေနပ် ရင်လည်း ငါဟိုဘက်ရုံးခန်းကိုချဲ့ပြီး မင်းအတွက် နေရာ လုပ်ပေးမယ် လေ"
"မဟုတ်...မဟုတ်ပါဘူးဆရာ၊ ကျွန်မအရမ်းကို ကျေနပ်ပါတယ်"
ဒီရက်ပိုင်းတွေမှာ Gu Hai က Di Shuang ကို လေးလေးစားစား ဆက်ဆံတယ်။ ပထမတော့ သူက သူနဲ့တန်းတူ Di Shuang ကို သူ့ ရုံးခန်းမှာပဲ အလုပ်လုပ်စေတယ်။ ပြီးတော့ သူမကို အစည်းအဝေးတိုင်း ကို သူနဲ့အတူခေါ်သွားတယ်။ သူမက ကိုယ်ရေးအတွင်းမှူးနဲ့တောင် တူနေပြီ။ ကုန်ကုန်ပြောရရင် စားတဲ့ အချိန် နားနေတဲ့အချိန်တွေမှာ တောင် သူတို့နှစ်ယောက်အတူတူ ပဲ။ Gu Hai ရဲ့ ကား driver က Di Shuang ကို ရုံးသွားရုံးပြန်လုပ် ပေးရတယ်။
တကယ်တော့ ဒီလိုတွေလုပ်နေတာ နှစ်ပတ်လောက်ရှိပြီ။ သူမရဲ့ ကျေနပ်ဝမ်းသာမှုက ပထမဆုံး နှစ်ရက်လောက်ပဲခံတယ်။ ကျန်တာတွေ က ဒုက္ခခံရတာတွေပဲ။ ၀န်ထမ်းတွေရဲ့ဝေဖန်မှုကို ခံရတာက ကိစ္စ သေးသေးလေးပဲရှိသေးတယ်။ အဆိုးဆုံးက အလုပ်ဝန်ပိနေတာနဲ့ နေရ ထိုင်ရတာ မပျော်တော့ဘူး။ Gu Hai ကသူ့ကို အရေးပေးနေတာမို့ Gu Hai ရဲ့ အကြည့်အောက်မှာ အားကုန်ထုတ်သုံးနေရပြီး လှုပ်တောင် မလှုပ်ရဲဘူး။ Bai Luo Yin နဲ့ ဆက်သွယ်ချိန်တောင် မရှိဘူး။
အလုပ်ဒဏ်တွေကြောင့် သူမရဲ့နားချိန် နည်းသထက်နည်းလာတယ်။ ညတိုင်း သူမအိမ်ပြန်ရောက်ချိန် သူမပင်ပန်းပြီး အိပ်ငိုက် နေပြီ။ Bai Luo Yin ကိုဆက်သွယ်ချင်ပေမယ့် ခေါင်းချလိုက်တာ နဲ့ အိပ်ပျော်သွား တယ်။
နောက်ဆုံးတော့ Di Shuang ဟာဖိအားတွေနဲ့ ချောင်ပိတ်မိနေလို့ အိမ်သာထဲရှိတုန်းလေး Bai Luo Yin ဆီကို ငိုယိုပြီး ဖုန်းဆက် အကူအညီ တောင်းလိုက်တယ်။
အဲ့ဒီနေ့ညပဲ Bai Luo Yin က Gu Hai ဆီဖုန်းခေါ်လိုက်တယ်။
"မင်းရဲ့မရီးကို ခွင့်တစ်ရက်ပေးလိုက်!" Bai Luo Yin က တောင်းဆို တယ်။
Gu Hai က မှင်သေသေနဲ့ ပြန်ပြောတယ်
"သူက ငါ့မရီးဖြစ်နေလို့ကို မီးစိမ်းပြလို့မရဘူးဖြစ်နေတာ။ အဲ့ဒီနေ့ က မင်းကစောင့်ရှောက်လိုက်ပါလို့ ငါ့ဆီအပ်လိုက်တော့ ငါ လက်လွတ် စပယ် မလုပ်နိုင်ဘူးဖြစ်နေတာ။ ငါက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲနေရလို့ ငါ့ကိုတစ်မျိုးမထင်ပါနဲ့ကွာ နော်"
ဖုန်းချလိုက်ပြီးနောက် Bai Luo Yin က သူ့နှုတ်ခမ်းသူ သွေးထွက် မတက် ကိုက်ထားလိုက်တယ်။
Gu Hai ကတော့ ရေချိုးခန်းထဲဝင်သွားပြီး ပျော်ပျော်ကြီးရေချိုးနေ တော့ တယ်။
နောက်နေ့မနက်ကျတော့ Di Shuang က သူ့ဒုက္ခတွေခံရတဲ့ပုံနဲ့ မတူ ပြောင်းနေတယ်။ သူမက ပျော်ရွှင်မှုတွေပြည့်နေတဲ့ မျက်နှာနဲ့ ပြုံးဖြီး နေပြီး တောက်ပစွာ အလုပ်လာတယ်။
Gu Hai ကြည့်လိုက်တော့ Di Shuang က တဖျက်ဖျက်လက် နေတဲ့ လည်ဆွဲကို ၀တ်ထားတယ်။
လည်ဆွဲဒီဇိုင်းကြည့်လိုက်တာနဲ့ Gu Hai က သူမကို ဘယ်သူ ၀ယ်ပေး လည်းသိနေပြီ။ ဒီလောက်နှစ်တွေကြာတာတောင် Bai Luo Yin အချိုးမပြောင်းသေးဘူး။
Di Shuang က Gu Hai ဟာသူမရဲ့လည်ဆွဲကို ကြည့်နေတာတွေ့တော့ ရှက်သွေးဖြာပြီးတိုးတိုးလေး ပြောတယ် "ဆရာ့အစ်ကိုပေးတာလေ!"
Gu Hai က "Hmm...မင်က ဘယ်အချိန်သူနဲ့တွေ့လိုက်တာလဲ?"
"တွေ့တာမဟုတ်ဘူးဆရာ။ မနေ့က ကျွန်မစိတ်မရွှင်ဘူးဖြစ်နေ တယ် ပြောလိုက်လို့ ဒီဟာလေးကို ကျွန်မဆီပို့လိုက်တာပါ။ ကျွန်မ အောက်ဆင်းတော့ စာတိုက်ပုံးထဲမှာ ဒါလေးတွေ့တာ၊ ဖွင့်ကြည့် လိုက် တော့ လန့်သွားတာပဲ။ စစ်သားတစ်ယောက်က ဒီလို ကဗျာဆန်လိမ့်မယ် လို့ မထင်မိ ဘူး"
Di Shuang ရဲ့ပါးကရဲနီနေပြီ။ သူမရဲ့ပျော်ရွှင်မှုက ဖော်ပြလို့ တောင် မရတော့ဘူး။
Gu Hai က Di Shuang နဲ့ မျက်လုံးချင်းဆုံလိုက်ပြီး
"ခုချိန်က နှစ်ကုန်ပိုင်းဖြစ်လို့ ကုမ္ပဏီမှာ အလုပ်တွေပိုများလာ တယ် လေ။ ငါဒီမှာအိပ်ပြီး overtime ဆင်းနေတာ နှစ်ရက်ရှိပြီ။ နည်းနည်း တော့လွန်သွားတယ်။ အဲ့ဒါကြောင့် ဒီနေ့ကစပြီး မင်းက ကုမ္ပဏီမှာပဲ ညအိပ်ပြီး ငါ့ဝန်တွေကိုကူထမ်းပေးမလား? ဘယ်လို လဲ?"
Di Shuang ရဲ့ပုံစံ ရုတ်ချည်းပြောင်းပြီး Gu Hai ရဲ့ မျက်လုံးတွေကို ကြောင်တောင်တောင်ကြီး ကြည့်နေတယ်။ သူ့ရင်ထဲမှာ ဖွက်ထားခဲ့တဲ့ စကားလုံးတွေကို ဖွင့်ပြောပြီး ရှင်းဖို့ အချိန်တန်ပြီလို့ သူမ ထင်တယ်။
"ဒီမှာ MD၊ ကျွန်မ ရှင့်ကို ကျိတ်ကြွေနေခဲ့တာ ၀န်ခံပါတယ်။ အခုက ကျွန်မရဲ့ကောင်လေးကိုပဲ ပုံအောပြီး ချစ်နေပြီ။ စကားပုံတောင် ရှိတယ်မလား? အစ်ကုဖြစ်သူရဲ့ ဇနီးကို မရိုးသားတဲ့စိတ်နဲ့ တောင် မကြည့်ရဘူးဆိုတာ၊ MD Gu, ရှင်က ကျွန်မမျက်စိထဲမှာ ကြည့်ကောင်း တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ငြင်းပါရစေ။ ကျွန်မနှလုံးသားကို တစ်ယောက်ယောက်ကို ပေးပြီးသွားပြီ။"Gu Hai "----------"
End of Chapter 13