CHAPTER 34- Yinzi အကြောင်း Da Hai ပြောလာပြီအခုတစ်ခေါက် အလုပ်နဲ့ခရီးသွားတဲ့နေရာမှာ Yan Ya Jing တစ်ယောက်ကိုပဲ အတူတူလိုက်ခဲ့ဖို့ Gu Hai ခေါ်ခဲ့တယ်။ သူတို့ လေယာဉ်ဆင်းတော့ မှောင်တောင်မှောင်နေပြီ။ လေယာဉ်ဝန်ထမ်းတွေက Gu Hai နဲ့ Yan Ya Jing တို့ကို ပြည်တွင်းဟိုတယ်တစ်ခုဆီကို လိုက်ပို့ပြီး သူတို့အတွက် စုံတွဲအခန်းကြီးတစ်ခန်း စီစဉ်ပေးကြတယ်။
လူတွေအထင်အမြင်လွဲကြတာလည်း အံ့သြစရာမရှိပါဘူး။ သူတို့နှစ်ယောက် ဘယ်ကိုသွားသွားလူတွေရဲ့ မျက်လုံးတွေကိုဖမ်းစားထားတဲ့ စုံတွဲတစ်တွဲလိုပဲ။ တွဲသွားတွဲလာလုပ်တာနှစ်တွေကြာလာတော့..ဇွတ်အတင်းပေးစားလို့ လက်ထပ်ထားတာတို့.. အထက်တန်းစားအသိုင်းအ၀ိုင်းရဲ့ လူသိမခံတဲ့ စည်းမျဉ်းတို့..ဆိုတာတွေလို များစွာသောအထင်လွဲမှားမှုတွေ ဖြစ်လာကြတယ်။ စေ့စပ်ပွဲပျက်သွား ပေမယ့် အပြင်လူတွေရဲ့မျက်လုံးတွေထဲမှာ ဒီနှစ်ယောက်ရဲ့ပတ်သက်မှုက ငြင်းဆန်လို့မရတဲ့ အချက် ဖြစ်နေခဲ့တယ်။
ဒီလို ကောလဟလတွေကိုဖယ်ရှားတဲ့ အကောင်းဆုံးနည်းလမ်းကတော့ လက်တွေ့အဖြစ်ပြောင်းလဲပစ်လိုက်ခြင်းပဲ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ Yan Ya Jing ဟာ ဒီကိစ္စကိုလက်တွေ့အဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး။
Gu Hai ရင်ထဲမှာ Bai Lou Yin နဲ့ ပြည့်နေပြီ။ အိတ်ထဲမှာကျန်နေတဲ့ နေရာသေးသေးလေးကိုတော့ မြည်းရုပ်ကလေးအတွက် ပေးထားတယ်။
အမှန်ပါပဲ။ Shenzhen ပြည်နယ်အထိ သူ့သားလေးကိုပါ ခေါ်ခဲ့ပါတယ်။
Yan Ya Jing ဟာ အဲ့ဒီမြည်းရုပ်ကလေးကို မြင်တဲ့အချိန်တိုင်း ငိုချင်ပေမယ့် မျက်ရည်တော့မကျခဲ့မိဘူး။
ပစ္စည်းတွေထားပြီးတဲ့အခါ ညစာစားချိန်ရောက်တော့ နှစ်ယောက်စလုံး အဲ့ဒီဟိုတယ်မှာပဲ စားဖြစ်ကြတယ်။
Gu Hai က Yan Ya Jing ရဲ့ မျက်နှာချင်းဆိုင်မှာထိုင်တယ်။ သူမဟာ Gu Hai ရဲ့ လည်ပင်းကအနီကွက်တစ်ခုကိုတွေ့တော့ မျက်ခုံးပင့်လိုက်တယ်။ အဲ့ဒီအနီကွက်က သူခရီးမထွက်ခင်က Bai Lou Yin ပေးသွားတဲ့ ကိုက်ရာဖြစ်တယ်။
"နင့်ကောင်မလေးက တော်တော်လှမှာပဲနော်, ဟမ်?" Yan Ya Jing ကရုတ်တရက်ကြီး မေးလိုက်တယ်။