CHAPTER 11 - ကြင်ဖက်တွေ့ဖို့ အကြောင်းဖန်Jiang Yuan (Bai Luo Yin ၏မိခင်) က Gu Wei Ting နဲ့ တပ်ထဲ လိုက်နေတာ ခုနစ်နှစ်ရှိပြီ။ ဒီအတောအတွင်း Bai Luo Yin က သူ့အမေ ရှိတဲ့အိမ်ကိုလာလည်တယ်လို့ သိပ်မရှိဘူး။ တစ်ခါတစ်လေ Jiang Yuan က သူ့သားနဲ့တွေ့ချင်ရင်သာ Bai Luo Yin နေတဲ့ တပ်ဆီကိုသွားတွေ့ တာပဲရှိတယ်။ ဒီနှစ်ပိုင်း သူတို့သားအမိတွေ့တဲ့ အကြိမ်က သူတို့ သားအဖတွေ့တာထက် ပိုများတယ်။
နှစ်သစ်ကူးလည်းရောက်ခါနီးပြီမို့ အချို့တပ်ထဲမှာ အားလပ်ရက် တွေ ပေးနေပြီ။ Jiang Yuan လည်းဖင်မငြိမ်တော့ဘူး။
Bai Luo Yin က ဒီရက်ပိုင်း အလုပ်တွေအရမ်းရှုပ်နေတယ်။ သုတေသန ဌာန တာဝန်ခံလုပ်ရတဲ့အပြင် နေ့စဉ်စစ်လေ့ကျင့်ရေးတွေနဲ့ တပ်ထဲ လှည့်ပတ်စစ်ဆေးတဲ့ အလုပ်တွေကိုလည်း ဖြည့်ဆည်းရသေးတယ်။ ဒီ့အပြင် special mission တွေရှိရင်လည်း မပျက်မကွက်သွားရတယ်။ နေ့တိုင်းအိပ်ချိန်က ငါးနာရီအောက်မှာပဲရှိတယ်။ သူကအရမ်းကို ပင်ပန်း လွန်းလို့ ထမင်းစားရင်းနဲ့တောင်အိပ်ပျော်သွားတတ်တယ်။
"Xiao Bia မင်းအမေလာတွေ့တယ်" စစ်အင်ဂျင်နီယာတစ်ဦးက ရယ်ကျဲကျဲနဲ့ပြောရင်း Bai Luo Yin ဆီလမ်းလျှောက်လာတယ်။
Bai Luo Yin က မျက်လုံးစင်းစင်းနဲ့ပဲ ပျင်းလေးလေးပြောတယ် "ငါအရမ်းအလုပ်ရှုပ်နေလို့ အရေးမကြီးရင် နောက်မှလာတွေ့လို့"
အကူတပ်သားတစ်ဦးက ခဏအတွင်းပြန်ရောက်လာတယ် "သတင်းပို့ပါ တယ် ဗိုလ်မှူး။ ကိစ္စအရေးကြီးတယ်လို့ ဗိုလ်မှူးအမေက ပြောပါတယ်။ ဆယ်မိနစ် အချိန်ပေးရင်ရပြီပြောပါတယ် ဗိုလ်မှူး။ သူ ပြောပြီးမှကို ပြန်မယ်လို့ပြောပါတယ် ဗိုလ်မှူး"
Bai Luo Yin က သူ့လုပ်လက်စအလုပ်ကို ခဏချပြီး ထွက်လာခဲ့တယ်။
Jiang Yuan က ကားပေါ်မှာထိုင်နေပြီး သူ့သားထွက်လာတာ မြင်တော့ ကားထဲက ထွက်လိုက်တယ်။ Bai Luo Yin ကထွက်မလာဖို့ လက်ဟန် ခြေဟန်နဲ့ပြပြီး သူတို့နှစ်ဦးကားပေါ်မှာ စကားမှာတင် စကားပြောကြ တယ်။
Jiang Yaun က Bai Luo Yin ကို သနားကြည့်ကြည့်နေပြီး "အမေ မင်းအတွက် တိုင်းရင်းဆေးရည်တွေ ယူလာတယ်။ ကားပေါ်ကဆင်းရင် ယူဖို့မမေ့နဲ့ဦးနော်"
Bai Luo Yin က Jiang Yaun ကိုတစ်ချက်ကြည့်ပြီး "အမေဒီကိုလာတာ ကျွန်တော့်ကို အားဆေးရည်ပေးဖို့လေးတင် တော့ မဟုတ်ဘူးမလား?"
"ဒါပေါ့ အမေ့သူငယ်ချင်းနဲ့ လွန်ခဲ့တဲ့နှစ်ရက်က တွေ့တယ်။ သူ့သမီးလေး ကလည်း မင်းနဲ့ရွယ်တူလောက်ပဲ၊ နိုင်ငံခြားကုန်သွယ်ရေး တက္ကသိုလ် ကနေပြီးခဲ့တဲ့ နှစ်နှစ်ကပဲ ဘွဲရထားတယ်။ လစာက ယန်းတစ်သောင်း သောင်း......"
Bai Luo Yin ရဲ့မျက်နှာမဲ့သွားပြီး "အမေဘာကိုပြောချင်နေတာ လဲဗျာ?"
"မင်းလည်း၂၆နှစ်တောင်ရှိပြီ။ ဒီအတိုင်းပဲ တစ်ကိုယ်တည်းနေ သွား တော့မှာလား? ဒီလိုနဲ့ပဲ ကောင်းတဲ့မိန်းကလေးတွေကုန်သွားဦးမယ် နော်။ မင်းရာထူးတွေလည်း အလကားဖြစ်နေပြီ။ မင်းလည်း တပ်ထဲ ရောက်တာ ရှစ်နှစ်ရှိပြီ၊ အခုဆို အားလုံးအခြေချနေပြီဆိုတော့ လက်ထပ်ဖို့အချိန် သင့်ပြီလို့ မထင်ဘူးလားဟင် ငါ့သား?"
Bai Luo Yinက သူ့အမေလက်ကိုပုတ်လိုက်ပြီး "ကျွန်တော် အလုပ်တွေ ရှိသေးတယ်!"
Jiang Yuan က Bai Luo Yin ကားပေါ်ကဆင်းချင်နေမှန်းသိလို့ သူမက သားလက်ကို တင်းတင်းဆွဲထားလိုက်တယ်။
"Yin Zi, ဒီမိန်းကလေးက မဆိုးဘူး။ သူ့ကိုအမေလည်းမြင်ဖူးတယ်။ မိသားစုနောက်ခံလည်း အရမ်းကောင်းတယ်"
Bai Luo Yin ရဲ့ မျက်နှာညှိးမှောင်သွားတယ် "၀န်ကြီးချုပ်သမီး ဆိုရင် တောင် ကျွန်တော် စိတ်မ၀င်စားဘူး!"
"ကဲ ဒါဆို မင်းဘယ်အချိန်ထိဆွဲနေမှာလဲ?" Jiang Yuan ကလည်း စိတ်တိုလာပြီ "မင်းလည်း ၂၆ နှစ်တောင်ရှိပြီ Xiao Hai (Gu Hai) တောင်ရည်းစားရနေပြီဆိုတော့ မင်းကဘာကို စောင့်နေဦးမှာလဲ? မင်းညီအစ်ကိုတွေတောင် လက်ထပ်ပြီးကုန်ကြပြီ။ မင်းပဲလူပျိုကြီးဖြစ် နေတာ မင်းမရှက်ဘူးလား?"
သူ့အမေပါးစပ်က Gu Hai ဆိုတဲ့နာမည်ထွက်တာ ဒီတစ်ခါ ပထမဆုံးပဲ။ အရင်ကဆို Bai Luo Yin ရှေ့မှာ Gu Hai နာမည်က တားမြစ်စကားလုံး တစ်ခုပဲ။ ဒီနေ့တော့ သူ့အမေလောနေပုံရ တယ်။
"ကျွန်တော်က ဘာလို့ရှက်ရမှာလဲ?" Bai Luo Yin ရဲ့အပြုံးက အေး စက်စက်နဲ့ "သူတို့မိန်းမတွေ အဘွားကြီးဖြစ်မှ ၁၇-၁၈ လောက်ရှိတဲ့ မိန်း ကလေးကိုကောက်ယူပြီးသူတို့ကိုတစ်နေကုန်သွားကြွားပလိုက်မယ်"
"မင်း...မင်း" Jiang Yuan က ဒေါသထွက်လွန်းလို့ သွေးတောင် အန်မိ တော့မယ်။
"ကဲ ဆယ်မိနစ်ပြည့်ပြီ" Bai Luo Yin က အေးစက်စက်ပြောပြီး ကားပေါ်ကဆင်းလာခဲ့တယ်။ သူ သုတေသနအခန်းထဲပြန်ရောက် တဲ့ အချိန် အကူတပ်သားတစ်ယောက်က စာထုပ်လေးကိုင်ပြီး အပြင်ကို သွား ဖို့လုပ်နေတယ်။
"မင်းဘယ်သွားမလို့လဲ?" Bai Luo Yin ကမေးလိုက်တယ်။
အကူတပ်သားက အရင်အလေးပြုပြီး လေးလေးစားစားကြည့်ရင်း "သတင်းပို့ပါတယ် ဗိုလ်မှူး။ Beijing Hai Yin ကုမ္ပဏီကို စာချုပ် လက်မှတ်ထိုးဖို့သွားမလို့ပါ ဗိုလ်မှူး"
"OK, ငါ့ကို အဲ့ဒီစာထုပ်ပေး ငါသွားလိုက်မယ်" Bai Luo Yin က လက်ကမ်းတယ်။
အကူတပ်သားက မပေးချင်ဘူး
"အဲ...ဗိုလ်မှူး ကျွန်တော်သွားတာပိုကောင်းမှာပါ။ ဒီလိုကိစ္စ သေးသေး လေးအတွက် ဗိုလ်မှူးကိုဒုက္ခမပေးချင်ပါဘူး"
Bai Luo Yin က ဒီတပ်သားရဲ့မျက်လုံးထဲက ဖုံးကွယ်ထားတဲ့ အကြောင်းကို မြင်နေရပြီး ဒီကလေးဘာတွေးနေလဲဆိုတာတောင်သိ တယ်။ ဒီလိုတပ်သားသစ်စုဆောင်းနေရတဲ့ ကာလမှာတော့ အရည် အချင်းအနည်းငယ်ရှိတဲ့သူဆိုရင်တောင် အားရ၀မ်းသာနဲ့ ခေါ်ခန့်ရတာ မျိုးတွေရှိတယ်။ ဒီလို ဒုက္ခဆိုတာက စီမံကိန်းအတွက်မဟုတ်ဘဲ ကုမ္ပဏီ က မိန်းမလှလေးတွေနဲ့ ဆက်ဆံရေးကောင်းဖို့ပဲ ဖြစ်တယ်။
"ငါသွားလိုက်မယ် ဒါဆိုအပြန်ကျရင် Liu Chong ကို ဆေးရုံဝင် မေး လိုက်ရင်အတော်ပဲ။ computer ထဲက data တွေကို မင်းက ပြန်စုပေး။ အဲ့ဒါနည်းနည်းရှုပ်လို့ ငါခေါင်းကိုက်တယ်ကွ"
အကူတပ်သားက ဘာမှပြန်မပြောဘူး။
Bai Luo Yin က ချောင်းအနည်းငယ် ဟန့်လိုက်ပြီး အသံမာမာနဲ့ "မင်းက အမိန့်ကို ဖီဆန်တာလား"
အကူတပ်သားက ချက်ချင်းကိုယ်ကိုမတ်လိုက်ပြီး "ဗိုလ်မှူးကို သတင်းပို့ပါ တယ်။ အဲ့လိုသဘော မဟုတ်ပါဘူး ဗိုလ်မှူး"
"ဒါဆို အလုပ်သွားလုပ်တော့" Bai Luo Yin ပြုံးလိုက်ပြီး တပ်သားရဲ့ ခေါင်းကိုပုတ်လိုက်တယ်။
Yan Ya Jing ကမိသားစုကိစ္စရှိလို့ခွင့်တင်ထားတာ တစ်ပတ်ရှိပြီ။ ဒီရက်ပိုင်း Gu Hai ရဲ့ ကုမ္ပဏီမှာ အလုပ်တွေပုံနေတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကဆိုရင် သူကခဏလောက်ပဲအိပ်ရပြီး အမြဲတမ်း overtime ဆင်းရတာများတယ်။ ခုတော့ Gu Hai က Yan Ya Jing ကို လွမ်း သလိုလိုတောင် ဖြစ်နေပြီ။ နေ့လည်လောက် အစည်းအဝေးပြီးတော့ နောက်ဆုံးမှာ Gu Hai ဆီကို Yan Ya Jing ဖုန်း ဆက်တယ်။
"MD Gu, ငါပြန်ရောက်နေပြီ။ ဒါပေမဲ့ ခဏပဲပြန်လာတာ၊ ပြီးတော့ ငါထပ်ပြန်သွားရဦးမယ်"
Gu Hai ရဲ့မျက်ခုံးနည်းနည်းတွန့်သွားတယ်။ Yan Ya Jing ရဲ့အသံ ပုံမှန်မဟုတ်ဘူးဆိုတာ သူသိတယ် "နင်ဘာတွေဖြစ်နေ တာလဲ?"
Yan Ya Jing ရဲ့အသံက ကွဲအက်သွားပြီး "Gu Hai, နင်ခဏ လောက် အောက်ဆင်းလာနိုင်မလား? ငါဒီပုံကြီးနဲ့ ကုမ္ပဏီထဲ မလာချင်လို၊့ ငါအခု အ၀င်ပေါက်ဂိတ်မှာ နင်နဲ့ငါ စကားခဏ ပြောပြီးရင် Qing Dao ကို ပြန် တော့မှာ"
"OK, ငါကိုစောင့်နေ ငါအခုပဲဆင်းခဲ့မယ်"
Gu Hai ဆင်းလာပြီး အ၀င်ပေါက်ရောက်တော့ Yan Ya Jing ဟာ မျက်ခွံရဲရဲမို့မို့ကြီးနဲ့ ရပ်စောင့်နေတာတွေ့တယ်။ သူမရဲ့ ပုံပန်းကြည့်ရတာ နေမကောင်းသလိုပဲ။
"ဘာဖြစ်တာလဲ?"
Yan Ya Jing က Gu Hai ကိုဖက်လိုက်ပြီး သူမရဲ့ခေါင်းကို Gu Hai ရင်ခွင်မှာအပ်ထားရင်း ငိုနေတယ် "ငါ့အမေက နောက်ဆုံး အဆင့် အဆုပ်ကင်ဆာတဲ့။ ဆရာဝန်တွေကတော့ ခြောက်လလောက်ပဲနေရ တော့မယ်ပြောတယ်..အဟင့်အဟင့်....."
Gu Hai ရဲ့ပုံစံက အလေးထားတဲ့ပုံနဲ့ "မစိုးရိမ်ပါနဲ့ဟာ နောက်ဆုံး ပေါ်ကုသနည်းတွေနဲ့ ကုကြတာပေါ့။ နင့်အမေကို နိုင်ငံခြားမှာ သွားကု လို့ရတာပဲ၊ နိုင်ငံခြားသား ကျန်းမာရေးဝန်ထမ်းတွေနဲ့ ငါနည်းနည်းသိ တယ်။ ငါဆက်သွယ်ပေးမယ်နော်"
Yan Ya Jing က ငိုနေတုန်းပဲ။ ဘာစကားမှတော့ မပြောဘူး။
Bai Luo Yin ရဲ့ကားရောက်ပြီး ကားထဲက ထွက်မလို့လုပ်တုန်း အ၀င်ပေါက်ကနှစ်ယောက်ကို လှမ်းမြင်လိုက်တယ်။ သူရင်တွေ လေး သွားတယ်။ သူနေရတာလည်း မကောင်းတော့ဘူး။ သူဒီလို အဖြစ်မှန်ကို လက်ခံပြီးသားဖြစ်ပေမယ့် မြင်လိုက်ရတော့ ရင်ထဲကလက်မခံနိုင်ဘူး ဖြစ်နေတယ်။ Gu Hai ရဲ့လက်က Yan Ya Jing ရဲ့ ပုခုံးကိုပုတ်နေတုန်း သူအနောက် ကနေ လူတစ်ဦးက ယဉ်ကျေးစွာ စကားပြောတယ်။
"ကုမ္ပဏီအ၀င်ပေါက်မှာ ရင်းရင်းနှီးနှီးကြီးနေတာကို ဘယ်လိုခေါ်ပါ လိမ့်? ဘာကိစ္စလုပ်လုပ် မင်းက သူဌေးဆိုတော့ ဘယ်သူ့ မျက်နှာမှ ကြည့်မနေရတော့ဘူးပေါ့"
Gu Hai လက်မောင်းတောင့်သွားတယ်။ သူလှည့်ကြည့်လိုက် တော့ Bai Luo Yin က သူ့ကားမှာ မှီနေတာတွေ့ရတယ်။ Bai Luo Yin ကသူတို့ နှစ်ယောက်ကို စိတ်ဝင်တစားကြည့်နေတယ်။
"ဒီကိုဘာလာလုပ်တာလဲ?" Gu Hai က အဲ့ဒါမေးဖို့သွားတယ်။
Bai Luo Yin က စာချုပ်ကို Gu Hai ဆီကမ်းလိုက်ပြီး "မင်းကို လက်မှတ် ထိုးဖို့ လာရှာတာ"
"OK၊ဒါဆိုလည်းရုံးခန်းမှာအေးအေးဆေးဆေးစကားပြောရအောင်လေ"
"မလိုဘူး။ ဒီမှာသာလက်မှတ်ထိုး၊ ငါမင်နဲ့စကားပြောဖို့ အချိန် မရဘူး" သူကပြောရင်းဆိုရင်း ဖောင်တိန်ကို လှမ်းပေးလိုက် တယ်။
ဒီမှာသာ Yan Ya Jing မရှိခဲ့ရင် Gu Hai က Bai Luo Yin ကို ရုံးခန်းဆီ လိုက်ဖို့ ဂျီကျလိုက်မှာ။ ဒါပေမဲ့ စိတ်ဒုက္ခရောက်နေတဲ့ ၀န်ထမ်းက ဘေးမှာရပ်နေလို့ Gu Hai က ဇွတ်မပြောတော့ဘူး။
လက်မှတ်ထိုးပြီးနောက် သူက Bai Luo Yin ကိုမူရင်းတစ်စောင် ပေး တယ်။ သူ့လက်ချောင်းတွေက ကားပြူတင်းကိုထိပြီး မှင်သေသေ မေးလိုက်တယ်။
"ငါတို့ကို ဒီလိုမြင်တော့ မင်းသ၀န်မတိုဘူးလား?"
Bai Luo Yin ကရှုံမဲ့မဲ့နဲ့ "ငါက ဘာကိစ္စ သ၀န်တိုရမှာလဲ?"
Gu Hai က ညစ်ကျယ်ကျယ်အပြုံးကိုပြုံးပြီး "ငါမင်းကို တစ်ယောက် လောက်မိတ်ဆက်ပေးရမလား? ငါ့ကုမ္ပဏီမှာ မိန်းမလှလေးတွေ အများကြီးရှိတာ၊ ငါ့အစ်ကို တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေတာကို ငါ, ညီတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်ဘူး ဖြစ်နေတယ်"
Bai Luo Yin က Gu Hai ကို လူသတ်ချင်တဲ့ အကြည့်နဲ့ကြည့်ပြီး **ငါ့ကိုလာစွချင်သေးတယ်။ ငါ အရူးလုပ်မခံတော့ဘူး**
အပြန်မှာ Bai Luo Yin ကစာချုပ်ကို ငဲ့စောင်းကြည့်တယ်။ သူက သူ့ရဲ့ လက်မှတ်နဲ့ Gu Hai လက်မှတ်နဲ့ ယှဉ်ကြည့်လိုက်တော့ လက်ရေး က တစ်ပုံစံတည်းပဲ။
**သူရဲ့လက်မှတ်ပုံစံသာ ငါသိရင် ကိုယ့်ဘာသာကိုယ်ထိုးလိုက်ပါတယ်။ အချိန်ကုန်တောင် သက်သာသေးတယ်**
Bai Luo Yin က စာချုပ်ကို ကားဘေးထိုင်ခုံပေါ်ကို ပစ်တင် လိုက်ပြီး ဖုန်းတစ်call ခေါ်လိုက်တယ်။
"Lou Yin လား?" Jiang Yuan ပြန်ဖြေတော့....
Bai Luo Yin က အသက်ပြင်းပြင်းရှုလိုက်ပြီး "အဲ့ဒီမိန်းကလေးနဲ့ ဆက်သွယ်ရမယ့် လိပ်စာ ကျွန်တော့်ပေး"End of Chapter 11