CHAPTER-77=> သခင်လေး Gu ရဲ့ မွှန်ထူနေတဲ့အချစ်

136 10 0
                                    

CHAPTER-77=> သခင်လေး Gu ရဲ့ မွှန်ထူနေတဲ့အချစ်

   Bai Luo Yin နဲ့ တွေ့ဖို့ကြိုးစားပြီး ပြန်ရောက်လာပြီးတဲ့နောက်၊ Gu Hai တစ်ယောက် အလုပ်စွဲရောဂါ ဖြစ်လာတယ်။
   သူ့ဝန်ထမ်းတွေကို ကန့်သန့်ချက်ဘောင်တွေအထိ တွန်းပို့တဲ့အပြင်၊ သူ့ကိုယ်သူလည်း ထိုနည်းအတူလုပ်ဖို့ တုန့်ဆိုင်းမနေဘူး။နေ့တိုင်း မျက်စိပွင့်လာတာနဲ့ သူဟာ အပူတပြင်း ပဲ စာရွက်စာတမ်းတွေကို ပြန်လည်သုံးသပ်ရေးလုပ်တယ်။ အသက်ရှူဖို့ အချိန်လေး တောင်မချန်ပဲ သူကိုယ်တိုင် လုံးဝခြေကုန်လက်ပန်း မကျမချင်း မအိပ်ပဲနေတယ်။
   "ဒီနေ့ ငါတို့အစည်းအဝေးရဲ့ အဓိကဦးတည်ချက်ကတော့ IPO  အစီအစဉ်အတွက် သဘောတူညီချက်ယူဖို့ပဲ။ ဒီမှာရှိနေတဲ့ မင်းတို့တွေအားလုံးက ငါတို့ရဲ့ ပုဂ္ဂိုလိကပိုင် ကုမ္ပဏီအတွက် ဦးဆောင်ရေး အဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ထားတဲ့သုတွေဖြစ်တယ်။ အခုအချိန်မှာ ၊ ငါတို့ ဘုတ်အတွင်းရေးမှူးကို ရွေးချယ်တင်မြောက်ရလိမ့်မယ်။ အဲဒီလူက ကဏ္ဌစုံ၊ လုပ်ငန်းစုံအသီးသီးမှာ လုပ်ကိုင်ဆောင်ရွက်ဖို့ တာဝန်ယူရမယ်။ အခုပဲ ဒီအစည်းအဝေးကို တရားဝင်စပါမယ်။ ပထမဆုံး ၊ ဒုဥက္ကဌ Tong က စကားပြော ......"
   Gu Hai  ရဲ့ စကားသံပျောက်ကွယ်သွားပြီး ၊ မိုးခြိမ်းသံလို  လက်ခုပ်သံကြီး ထွက်ပေါ် လာတယ်။ အပိုပြောတာမဟုတ်ပါဘူး။ တကယ့်ကို မိုးခြိမ်းသံလို လက်ခုပ်ကြီးပါ။ အခု ကုမ္ပဏီမှာ Tong Zhe က အရမ်း ပေါ်ပြူလာဖြစ်နေတယ်။သူ့ရဲ့ ပေါ်ပြူလာဖြစ်မှုက Gu Hai နဲ့ အတူတူလောက်ရှိတယ်။ Yan Ya Jing ကလွဲလို့၊ အမျိုးသမီးဝန်ထမ်းတွေအားလုံး နီးပါးက ဒုဥက္ကဌ Tong ကို ချစ်ခင်ကြတယ်။
   ဒီလို သနားစရာ မိန်းမချောလေးတွေအတွက်၊ သူတို့ကုမ္ပဏီထဲကို ယင်ဖိုတောင် ဝင်လာဖို့ လွယ်တာမဟုတ်ဘူး။ ဒါပေမယ့် ၊ ကံဆိုးချင်တော့  .... သူ့ရဲ့စရိုက်က Gu Hai လိုပဲ သူ့ဘေးနားက မိန်းမချောလေးတွေကို အမြဲ မျက်ကွယ်ပြုထားတယ်။ဒါပေမယ့် သူတို့ ဒီအတိုင်းတော့ ကျော်မသွားနိုင်ကြဘူး။ ဒီအမျိုးသားနှစ်ဦးရဲ့ အာရုံစိုက်မှုကို ဘယ်သူမှ မရမယ့်အတူတူ၊ အဲဒီအမျိုးသားနှစ်ဦးအချင်းချင်း ကြိုက်နေကြတယ်လို့ပဲ သူတို့စိတ်ကူးကြည့်ကြတော့တယ်။ အဲဒါကြောင့်သူတို့က နေ့တိုင်းပဲ Gu Hai နဲ့ Tong Zhe ရဲ့ပြောဆိုဆက်ဆံပုံတွေကို တိတ်တိတ်ကလေးအကဲခတ်ကြတယ်။ တကယ်လို့ သူတို့နှစ်ဦး ချစ်ခင်တဲ့ အမူအရာပြလာခဲ့ရင် ၊ ဒီကိစ္စကသောသောညံမယ့်အရာ ဖြစ်လာ လိမ့်မယ်။
   ဒီအမျိုးသမီးတွေဟာ Gu Hai နဲ့ Tong Zhe တို့နဲ့ ပတ်သတ်ပြီး သူတို့လိုရာ ဆွဲတွေးကြတယ်။တချိန်တည်းမှာပဲ ၊ သူတို့က Yan Ya Jing ကို တောင်ဆွဲထည့်ပြီး (၃) ပွင့်ဆိုင်လုပ်ကြံဇာတ်လမ်းကိုဖန်တီးကြတယ်။ Tong Zhe ကGu Hai ဘေးမှာ တနေကုန်နေနေပေမယ့် Yan Ya Jing ကတော့ Gu Hai အနားတောင် မကပ်နိုင်တဲ့ အကြောင်းတွေကနေ ဒီစိတ်ကူးယဉ်ဇာတ်လမ်းက ယုတ္တိဆန်လာတယ်။
   Yan Ya Jing ရဲ့ အလုပ်ကလည်း ဒီအချောအလှတွေ ကြားထဲမှာပဲဆိုတော့ ၊ ဒီကောလဟာလကို ဘယ်...မကြားပဲနေပါ့မလဲ ?
   အစပိုင်းကတော့ ၊ ဒီကိစ္စကို ဟာသလိုပဲ သူမ, သဘောထားခဲ့တယ်။ ဒါပေမယ့်ကြာ လာတော့၊ သူမတောင် တစ်ခုခုလွဲနေပြီဆိုတာ သတိထားမိလာတယ်။ Gu Hai ရဲ့ ရည်စားကို သူမ, မမြင်ဖူးဘူး..... ပြီးတော့၊ ဒီကုမ္ပဏီမှာ Tong Zhe အလုပ်ဝင်ဝင်ချင်း ၊ Gu Hai အရေးပေးဆက်ဆံတာကို သူမ, တွေ့ရတယ်။ဒီလိုပတ်သတ်မှုမျိုးက (၁) ရက် (၂) ရက်အတွင်း ဖြစ်လာတဲ့အရာမဟုတ်ဘူးဆိုတာ အသိသာကြီး။ အခြားသော Tong Zhe ရဲ့ မသင်္ကာစရာ အပြုအမူတွေနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ၊ Yan Ya Jing ကလည်း သံသယပွါးလာတော့တယ်။
   ဒါပေမယ့် Gu Hai ဟာ ယောက်ျားတစ်ယောက်နဲ့ ချစ်မယ်ဆိုတော့သူမ, မယုံကြည်နိုင် ဘူး။
   ဒါကြောင့်သူမဟာ Ting Zhe ကို ရည်းစားလုဖက်တစ်ယောက်အဖြစ် တိတ်တိတ် ကလေး လက်ခံထားပြီး  Gu Hai က ယောက်ျားချင်းကြိုက်မယ့်လူမဟုတ်ဘူးဆိုတာ သူမ, ယုံကြည်ထားတော့ ၊ Tong Zhe ကတဖက်သတ်ကြိုက်နေတာဖြစ်မယ်လို့ တွေးမိ တယ်။
   " ကောင်းပြီ ၊ အခု ..... နောင်တစ်ချိန်အတွက် ဘုတ်အတွင်းရေးမှူးကို ရွေးချယ်ကြစို့ " Gu Hai ကြေငြာလိုက်တယ်။
   အမျိုးသမီးအားလုံးနီးပါးရဲ့မျက်လုံးတွေက မျှော်လင့်ထားတဲ့အတိုင်း Tong Zhe ဆီ ဦးတည်ထားကြတယ်။Tong Zhe သာ အရွေးခံရရင်၊ သူမတို့တတွေကလည်း ၊ သူ့နားလေးကပ်နိုင်မယ့် အခွင့်အရေးရမယ့်အပြင် ၊ Gu Hai နဲ့လည်း ပို,နီးနီးကပ်ကပ်နေ နိုင်လိမ့်မယ်။
   Yan Ya Jing က သူမကိုယ်သူမ ထောက်ခံအကြံပြုတယ်။
   " ကျွန်မက ဒီအလုပ်အတွက်သင့်တော်လိမ့်မယ်လို့ ကျွန်မထင်တယ်"
   Gu Hai ရဲ့ မျက်နှာထား ပြောင်းသွားတယ်။ သူက အမျိုးသမီးတွေဘက်ကို မျက်နှာ လှည့်ရင်း
"  အမျိုးကောင်းသမီးတို့ ....ဘယ်လိုထင်လဲ ?"
   Xiao Tao က ပထမစပြောတယ်။ " ဒီအလုပ်က အမျိုးသားနဲ့ပိုပြီး သင့်တော်မယ်လို့ ကျွန်မကထင်တယ်။ ပထမဆုံး ဒီအလုပ်က တာဝန်ကြီးပြီး လူပင်ပန်းတဲ့အတွက် ..... ဒု ဥက္ကဌ  Yan ရဲ့ ခန္ဓာကိုယ်အတွက်ဆိုရင် ကိုင်တွယ်ဖို့ တော်တော်ခက်လိမ့်မယ်။ ဒုတိယ အချက်အနေနဲ့ ဒုဥက္ကဌ Tong ရဲ့ နောက်ခံသမိုင်းကို ထည့်သွင်းစဉ်းစားကြည့်ရင် သူက ဟောင်ကောင်မှာ နှစ်အတော်များများ တာဝန်ခံလုပ်ခဲ့ဖူးတယ်။သူက ပူးပေါင်းဆောင်ရွက် မှုဈေးကွက်မှာ အတွေ့အကြုံကြွယ်ဝတဲ့သူဆိုတော့ အကြံပေးမှူးရှာရတဲ့ ဒုက္ခလည်း ကျွန်မတို့ သက်သာသွားတာပေါ့။"
   သူမပြောပြီးတာနဲ့ အခြားတစ်ယောက်ကချက်ချင်းပဲ ဝင်ပြောတယ်။
    "ကျွန်မလည်း Xia Tao ရဲ့တင်ပြချက်ကို ထောက်ခံပါတယ်။ ဒီလို လူပင်ပန်းတဲ့ အလုပ်တွေက အမျိုးသားအတွက်ပဲ ဖြစ်သင့်ပါတယ်။ "
   Yan Ya Jing ရဲ့ မျက်နှာမှာ မနှစ်မြို့တဲ့အရောင် ပေါ်နေတယ်။
  "နင်တို့တွေ စိတ်ပူပေးလို့ ကျေးဇူးပဲ။ ငါ့ ခန္ဓာကိုယ်က အခြေအနေအရမ်းကောင်းတယ်။ ဒီကုမ္ပဏီစထောင်တုန်းကဆိုရင် အလုပ်တွေက အခုထက်တောင် လူပင်ပန်းသေးတယ်။ အဲဒီတုန်းကတောင်ငါလုပ်နိုင်ခဲ့သေးတာပဲ။ဒီအလုပ်ကတော့ ငါ့အတွက် ဘာမှအပန်း မကြီးဘူး။ ငါသိသလောက်ပြောရရင်၊ ဒီအတွင်းရေးရာထူးက လုပ်ငန်းတွေ၊ အစိုးရ ရုံးဌာနတွေနဲ့ ကြားခံပွဲစားတွေကြားက ပတ်သတ်ဆက်နွယ်မှုတွေကို ပျိုးထောင်ဖို့လိုလိမ့် မယ်။ ဒီလိုသာဆိုရင်၊ ငါနဲ့ကပိုသင့်တော်တယ်။ အချုပ်ပြောရမယ်ဆိုရင်၊ ဒီလို လူအမျိုးမျိုးနဲ့ ဖြန့်ကျက်ဆက်ဆံဖို့အတွက် ငါ့ရဲ့အဆက်အသွယ်တွေက ဒုဥက္ကဌ Tong ထက်ပိုပြီးကျယ်ပြန့်တယ်။ "
    ဒီစကားတွေပြောပြီးတော့ ၊ ဒီအမျိုးသမီးတွေက ခေါင်းဝှက်သွားကြပြီး  ဘာမှ မပြောတော့ဘူး။
   Gu Hai နောက်ဆုံးတော့ ပြောလာတယ်။
   " Xiao Yan , နင့်ရဲ့ အရည်အချင်းကို ငါယုံတယ်"
   Yan Ya Jing ရဲ့မျက်နှာမှာ အပြုံးရိပ်ပေါ်လာပြီး ၊ ဒီအပြုံးကို Tong Zhe က လေးစား စွာ သတိပြုမိတယ်။
   Gu Hai ဆက်ပြောတယ်။ "ဒီလို ဆိုရင်ရော? Tong Zhe က ဘုတ်အတွင်းရေးမှူး အဖြစ် ထမ်းဆောင်လိမ့်မယ်။ ဒါပေမယ့် နင်ကအပြင်ပိုင်း ညှိုနှိုင်းဆောင်ရွက်မှုတွေကို တာဝန်ယူလိုက်။ နင် ဘယ်လိုထင်လဲ ?"
     Yan Ya Jin မျက်နှာကဒေါသကြောင့် ခရမ်းရောင်ပေါက်နေတယ်။ Gu Hai ဒီလောက်ထိ ရက်စက်လိမ့်မယ်လို့ သူမ မထင်မိဘူး။
   သူမ ဒီရာထူးကို လိုချင်တာက အတွင်းရေးဆုံးဖြတ်ချက်ချတာတွေနဲ့ လက်တွေ့ ဆောင်ရွက်တဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သတ်နေလို့။ အပြင်ပိုင်းအခြေအနေတွေကို ပြောဆိုခဲ့တဲ့ အကြောင်းအရင်းက လူအုပ်ကြီးကို သူမ, အယုံသွင်းချင်လို့ပဲ။ တကယ် ဆိုရင်၊ အပြင်ဘက်အဖွဲ့တွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ သူမ,ဝန်လေးမိတယ်။ဒါပေမယ့် အခုဖြစ်နေပုံက လုပ်ငန်းဆုံးဖြတ်ချက်တာဝန်က သူများဆီရောက်သွားရုံမျှမက သူမ, မလုပ်ချင်တဲ့တာဝန်ကိုလည်း လုပ်ဆောင်ရဦးမယ်။ Yan Ya Jing  ဟာ သေသာ သေလိုက်ချင်တော့တယ်။
   " ဘာပြဿနာမှ မရှိဘူး  ၊ မဟုတ်လား ?" Gu Hai ကမေးတယ်။
   Tong Zhe ကလည်း Yan Ya Jing ကို ကြည့်ပြီး ၊ အဲဒီအကြည့်က ဒီလိုပြော နေသလိုပဲ
** ကောင်မလေး မင်းက ငါနဲ့ ပြိုင်ချင်သေးလား? မင်းရဲ့ သတိုးသားလောင်းက ငါ့လက်ခုပ်ထဲမှာပဲရှိတယ်။ကိုယ်လက်သန့်စင်ပြီးသာ သွားအိပ်လိုက်တော့ *လို့....
   အစည်းအဝေးပြီးသွားတော့ Yan Ya Jing ဟာ အမျိုးသမီး အုပ်စုနောက်က လိုက်လာ ခဲ့တယ်။
   " ဟေ့!  အစောပိုင်းက အစည်းအဝေးမှာလေ ငါ့ဘောပင်ကျသွားလို့ ၊ ကုန်းပြီးကောက် တော့ ဘာတွေ့ခဲ့တယ် မှတ်လဲ?"
   " ဘာတွေ့ခဲ့လဲ ?"
  "MD Gu က သူ့ခြေဖဝါးတွေနဲ့ ဒုဥက္ကဌTong ရဲ့ ခြေထောက်တွေကိုပွတ်နေတာတော့ "
   "အိုအို..... မဟုတ်သေးပါဘူး ။တကယ်ကြီးလား ? နင်တကယ်မြင်လား ?"
   " မြင်ပါတယ် ဆို! "  သေချာပေါက်ဆိုတဲ့လေသံနဲ့ပြန်ပြောတယ်။
   "ငါ ပြန်ထလိုက်တော့၊ ဒုဥက္ကဌTong က MD Gu ကိုကြည့်ပြီး မျက်လုံး မှိတ်ပြလိုက်တာ။ ငါ ကြည့်ရင်းနဲ့ ရှက်တောက်ရှက်တယ်"
   " Wow! သူတို့တွေ အရူးအမူးချစ်နေကြတာပေါ့ ?"
   Yan Ya Jing က တကယ်ကို နားပင်းသွားချင်တယ်။ ဒါမှ ဒီလိုမိန်းမတွေရဲ့ ရွံစရာ ကောင်းတဲ့ ဆွေးနွေးသံတွေကို မကြားရတော့မှာ။
   သူ့  ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး ၊ ထွင်လုံးတွေနဲ့ အဝကစားပြီးတဲ့အခါ၊ Gu Hai တစ်ယောက် သူ့ရဲ့ အေးစက်စက်အသွင်အပြင်ကို ပြန်ရောက်သွားတယ်။
   Tong Zhe က နောက်ဆုံးဆုံးဖြတ်ချက်ကို Gu Hai ကြေငြာတဲ့အချိန်ကို ပြန်စဉ်းစားပြီး Yan Ya Jing ရဲ့ ချွန်မြတဲ့ အကြည့်တွေကို မြင်ယောင်ရင်းဆေးလိပ်သောက်တယ်။
   "သူမရဲ့ ရုပ်ရည်နဲ့ စရိုက်ကိုကြည့်ပြီး ၊ သူမကို EQ မြင့်မယ်လို့ ကျွန်တော်ထင်ထား တာ၊ ဆရာရှေ့ရောက်သွားရင် သူမ, ဘာကြောင့် အရေအသွေးတွေ ကျသွားရသလဲ?"
    Gu Hai  အဲဒါကို မတွေးပဲ သူ့အချိန်ဇယားကိုဖွင့်လိုက်တယ်။ အစပိုင်းကတော့၊ မနက်ဖြန်အတွက် သူ့ရဲ့အစီအစဉ်တွေကို စစ်ဆေးခဲ့ချင်ပေမယ့်၊ Bai Luo Yin ထွက်သွား ခဲ့တဲ့အချိန်တွေကို ကူရာမဲ့စွာ ရေတွက်တာနဲ့ပဲ အဆုံးသတ်သွားတယ်။ သူ ရူးတော့ မယ်လို့တောင်ခံစားမိတယ်။ သူကိုယ်သူ အလုပ်ထဲမှာပဲ နှစ်ထားချင်လို့ ၊ Bai Luo Yin ကို သတိရအောင်လုပ်မယ့်သူ့ဘေးနားက အရာအားလုံးကို Gu Hai ဖယ်ထားခဲ့ပေမယ့် ၊ သူ့ရဲ့အတွေးကတော့ အနားမှာ ရစ်ဝဲနေတုန်းပဲ။
   "ကျွန်တော် ကြားထားတယ်.... ဆရာက တကယ့်စားဖိုမူးပဲတဲ့ " Tong Zhe က မီးခြစ် တစ်လုံးနဲ့ ကစားရင်း ပြောတယ်။
   "ဆရာဆီက ထမင်းတနပ် အလကားလိုက်စားဖို့  ကျွန်တော်အားတယ်။ "
   Gu Hai က မကောင်းဆိုးဝါးဆန်ဆန် မျက်လုံးတွေနဲ့ Tong Zhe ကို စိုက်ကြည့်ပြီး" ငါ့အိမ်မှာလိုက် စားဖို့ မင်းမှာ သတ္တိရှိသေးလား?  အကောက်စုတ် ငါ့ကိုသေမတတ်လုပ် ထားပြီးတော့  !"
   ဒီစကားတွေကို ဘယ်နှစ်ကြိမ်လောက် ကြားပြီးပြီလဲဆိုတာ Tong Zhe မသိတော့ဘူး။ သူဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ ..... သူဘာလုပ်ခဲ့လို့  Gu Hai  ကို ဒီလိုပုံစံ ဖြစ်အောင် ထ်ခိုက်စေသလဲဆိုတာ သူစဉ်းစားလို့မရဘူး။
   "ရက်ရွေးနေမယ့်အစား ၊ ဒီနေ့ပဲ သွားကြပါစို့ ဗျာ !"  Tong Zhe က Gu Hai အိမ်မှာ ထမင်းလိုက်စားဖို့ ရည်ညွှန်းနေတုန်ပဲ။
   Gu Hai က ဒေါသတကြီးပြောတယ်။ " Yan Ya Jing  ဒီအခန်းထဲ မရှိတဲ့ အချိန်ဆို ၊ မင်းလည်း ငါ့မြင်ကွင်းမှာ မရှိတာပိုကောင်းမယ်။ "
   Tong Zhe က မတ်တပ်ထရပ်ပြီး ခြေတလှမ်းချင်းစီတိုင်းမှာ ယုံကြည်မှုအပြည့်နဲ့  Gu Hai  ရှိရာ လျှောက်သွားတယ်။ သူ့ရဲ့ချောမောလှတဲ့ မျက်နှာဟာ  Gu Hai နား တဖြည်းဖြည်းတိုးသွားပြီး ၊ နောက်ဆုံး သူတို့မျက်နှာတွေကြား (၁)စင်တီမီတာတောင် မဝေးတော့မှ ရပ်လိုက်တယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေက Gu Hai မျက်လုံးတွေထဲ နက်ရှိုင်းစွာ ထိုးဖောက်ကြည့်နေတယ်။
   " ဆရာ ဒီ (၁၂) ရက်အတွင်း အစားကောင်းကောင်းမစားထားဘူးလေ။ ဆရာ, ကိုယ့်ကိုယ်ကိုတော့ သဒ္ဓါသင့်ပါတယ်။
   Gu Hai ရဲ့ အိမ်ထဲကို သူတို့ရောက်ရောက်ချင်း ၊ Tong Zhe က ဖိနပ်လဲမလို့ လုပ်နေ တုန်း ရှိသေးတယf.... Gu Hai က သူ့ကို ရုတ်တရက်ကြီးလှမ်းတားတယ်။
    "အဲဒီဖိနပ်ကို မစီးနဲ့ ။ မင်းအတွက် အသစ်တရံယူပေးမယ်။ "
   ပြီးတဲ့နောက် Gu Hai  ဟာ တန်ဖိုးထားရတဲ့ ဖိနပ်တရံကို Tong Zhe  ခြေထောက် အောက်က ဆွဲယူပြီး သူ့အိပ်ခန်းထဲကို သွားထည့်ထားလိုက်တယ်။
   Tong Zhe အိမ်ထဲရောက်တော့၊ အိပ်ယာနဲ့ ရေချိုးခန်းကလွဲလို့ အားလုံး အစုံလိုက် ချည်းပဲ။ အကယ်လို့ Gu Hai က တစ်ခုနဲ့တစ်ခု ပြောင်းလဲသုံးချင်လို့ နှစ်စုံထားတာဆိုရင်၊ ဝရန်တာမှာ အမျိုးအစားမတူတဲ့ အောက်ခံဘောင်းဘီ (၂) ထည်ကို လှန်းထားတာကျ ဘယ်လိုရှင်းပြလို့ရမလဲ?
   "ဆရာ တစ်ယာက်ယောက်နဲ့ အတူနေတာလား? Tong Zhe  အရမ်း အံ့သြနေတယ်။
   Gu Hai က  မျက်လုံးမှေးပြီး Tong Zhe  ကို လှမ်းကြည့်ပြီး ၊ သူ့လက်ထဲက ဓါးက စင်နှီတုံး ပေါ်မှာ 45' စောင်းနေတယ်။
   Tong Zhe က နောက်ဆုံးတော့ သူ ... Gu Hai ကို အကြီးအကျယ် စိတ်ရှုပ်အောင် လုပ်လိုက်လို့ Gu Hai အရမ်းကို စိတ်ပင်ပန်းနေရတဲ့အကြောင်းရင်းကို နားလည်သွား တယ်။ ဒီလောက်အကြာကြီး ဒုက္ခခံနေတာတွေက သူ့သခင်ရဲ့ရင်ထဲမှာ အမျိုးသားတစ် ယောက် ရှိနေလို့ပဲဖြစ်တယ်။ အဲဒီအမျိုးသားက ဘယ်သူဖြစ်မလဲ?  Tong Zhe က ခဏ လောက်စဉ်းစားကြည့်ပြီးတဲ့နောက် သူဟာ မြန်မြန်ပဲ ဖြစ်နိုင်ချေရှိတဲ့လူကို ဆုံးဖြတ်နိုင် လိုက်တယ်။
    " သောက်ရအောင် !"
   မျက်လှည့်ဆရာတစ်ယောက်လို Tong Zhe ဟာ သူ့အိတ်ထဲက အရက်ပုလင်းတစ်လုံး ကို ဆွဲထုတ်လိုက်တယ်။ဒီအရက်က အတော်ပြင်းတယ်။
   အခုအချိန် Gu Hai အတွက် , အရက်သာ အသင့်တော်ဆုံးပါပဲ။
   လူ့ခန္ဓာကိုယ်ထဲ အရက်ကလေးဝင်သွားတာနဲ့၊ စကားတွေအားလုံးထွက်ကျလာတယ်။
   "ဆရာနဲ့ ဆရာအစ်ကိုမှာ ဒီလိုပတ်သတ်မှုမျိုးရှိလိမ့်မယ်လို့ တခါမှ စဉ်းစားမကြည့်ဖူး ဘူး။" Tong Zhe က ခံစားမပြဘဲ မနေနိုင်ဘူး။ " ဒါပေမယ့် ဆရာ့အစ်ကိုက အရမ်းဆိုအရမ်းကိုချောတယ်နော်။ ကျွန်တော်, ယောက်ျားတွေအပေါ် စိတ်မဝင်စားပေ မယ့်လည်း သူ့အပေါ်အတော်ကြီး စိတ်ဝင်တစားရှိမိတယ်။ ဆရာ့အစ်ကိုကလေ, သူ့ကို တချက်ကြည့်မိလိုက်ပြီဆိုတာနဲ့ သူနဲ့ရင်းနှီးချင်လာပြီး သူ့အကြောင်းတွေကို သိချင်လာ အောင် လုပ်နိုင်တဲ့လူမျိုးဗျ "
    (Note: သူပြောနေတာတွေကလည်း Zhou Zhou နဲ့ ကွက်တိပဲနော်။ စာထဲမှာတော့ မပါပါဘူး။ ဘာသာပြန်တဲ့သူက မနေနိုင်မထိုင်နိုင် ဝင်ပြောတာပါ)
    "သူအဲဒီလို ဖြစ်နေလို့လဲ၊ ငါ့မှာအရမ်း စိတ်ဖိစီးနေရတာပေါ့ကွာ" Gu Hai သောက်တာ လွန်သွားတော့ သူ့မျက်လုံးတွေက ရီဝေဝေဖြစ်နေတယ်။ "အခုကွာ၊ ငါဖြင့် သူ့ကို အရုပ် ဆိုးပြီး အမြင်ကပ်စရာကောင်းတဲ့သူသာဖြစ်လိုက်စေချင်တယ်။ ဒါမှ လူတွေက သူ့ကိုမြင် ရင် ရှောင်ကွင်းသွားကြမှာ။ သူ့ကို ဘာအရည်အချင်းမှမရှိတဲ့ ငပျင်းတစ်ယောက်သာ ဖြစ်စေချင်တယ်ကွာ။ ကူးစက်ရောဂါဆန်ဆန် လူတွေကို ဆွဲဆောင်နေတာမျိုး မဖြစ်စေ ချင်ဘူး။ သူသာဆွဲဆောင်မှုမရှိဘူးဆိုရင် ၊ ငါ, သူ့ကို ပစ်သွားမှာစိုးပြီး ငါ့ကို တနေကုန် ကပ်နေမှာလို့ မင်းမထင်ဘူလား?"
    Tong Zhe က အေးစက်စက်မြည်တွန်တောက်တီးတယ်။ " ရုပ်ဆိုးတာကို ထည့်ပြော မနေပါနဲ့။ Yan Ya Jing လောက်လှတဲ့သူက ဆရာ့ကို တနေကုန်ကပ်နေတာတောင် ၊ ဆရာပြန်ကြိုက်လို့လား?"
   " အဲဒါတော့ ဟုတ်တယ်ကွ " Gu Hai သက်ပျင်းချတယ်။
End of CH- 77

Addicted? Book2 (Zawgyi)Where stories live. Discover now