CHAPTER-70:ဒု-ဥက္ကဌသစ် Tong Zhe ရုံးတက်ခြင်း
"နင်တို့ကြားပြီးပြီလား? ကုမ္ပဏီက ဌာနမှူးအသစ်တယောက် ခန့်လိုက်တယ် တဲ့။ အမျိုးသားတဲ့တော့"
"ဖြစ်နိုင်လို့လား? MD Gu က ကုမ္ပဏီမှာ အမျိုးသားတွေခန့်အပ်တာကို တားမြစ်ထား တယ်ထင်ခဲ့တာ"
"ဒီအမျိုးသားရဲ့ အများနဲ့မတူတဲ့အရည်အချင်းက MD Gu ရဲ့ ကျား/မ ခွဲခြားတဲ့ စိတ်ဓာတ်ကိုဖျောက်ပစ်နိုင်လိုက်တာနေမှာ"
"အို၊ဘာပဲဖြစ်ဖြစ်၊ငါတော့ မျှော်လင့်နေပြီ"
Yan Ya Jing, ဒီလူတွေ ဘေးကဖြတ်လျှောက်တုန်း၊ ဒီအကြောင်းကြီးပြောနေတာ ကြား သွားတယ်။ သူမက ဝန်ထမ်းတွေကို ခပ်ဖွဖွချောင်းဟန့်ပြပြီးပြောတယ်။ "အဲ့ဒါက မဖြစ်နိုင်ဘူး၊ MD Gu က အမြဲတမ်းသူချမှတ်ထားတဲ့ ကိုယ်ပိုင်စည်းကမ်းအတိုင်းပဲ လိုက်နာကျင့်သုံးတယ်။ သူက ကုမ္ပဏီမှာ အမျိုးသားတွေ အလုပ်မခန့်ဘူးလို့ သတ်မှတ် ထားရင် ဒီစည်းကမ်းကို သူချိုးဖောက်မှာမဟုတ်တာ သေချာတယ်။ သူစိတ်ပြောင်းသွား ရင်တောင်၊ သူ ငါ့ကို အရင်ပြောပြမှာပဲ"
ဒီမိန်းမချောလေးတွေဟာ ခေါင်းဝှက်သွားကြပြီး၊ လက်ထဲမှာစာရွက်စာတမ်းများကိုင်ရင်း မျက်လုံးကစားနေကြတယ်။
Yan Ya Jing က စိတ်ခံစားချက်ကင်းကင်းနဲ့ Gu Hai ရုံးခန်းဆီ တည့်တည့် လျှောက်လာတယ် သူမ တံခါးခေါက်မလို့ရှိသေးတယ်.....တံခါးကရုတ်တရက်ပွင့်လာပြီး Gu Hai ထွက်လာတယ်။
"အတော်ပဲ၊ ဌာနဆိုင်ရာ စီမံဝန်ထမ်းတွေကိုပြောပေး..... အစည်းအဝေးခန်းမှာ နေ့လည်၂နာရီအစည်းအဝေးရှိတယ်လို့။ ငါအရေးတကြီးကြေငြာစရာရှိလို့"
Yan Ya Jing ခေါင်းညိတ်တယ်"OK"
———###
"ငါ မင်းတို့ကိုမိတ်ဆက်ပေးချင်တယ်...." Gu Hai ရဲ့စိုးမိုးနိုင်တဲ့အသံက အစည်းအဝေး ခန်းမထဲမှာဟိန်းသွားတယ်။ "ငါတို့ကုမ္ပဏီရဲ့ဒု-ဥက္ကဌအသစ် Tong Zhe တဲ့။ ဒီနေ့ကစပြီး သူကငါတို့ကုမ္ပဏီရဲ့ တစ်စိတ်တစ်ဒေသဖြစ်လာလိမ့်မယ်။ ကျေးဇူးပြုပြီး သူ့ကို ကြိုဆို လိုက်ပါ"
အခန်းထဲမှာသောသောညံသွားတယ်။
ခံစားချက်အပြင်းဆုံးတုံ့ပြန်မှုက Yan Ya Jing ဆီကဆိုတာ သဘာဝကျပါတယ်။ သူမဟာ အစောပိုင်းကမှ ကုမ္ပဏီမှာ အမျိုးသားဝန်ထမ်းတွေ အလုပ်မခန့်ဘူးလို့ ပြောထားခဲ့တာ။ ဒါပေမဲ့ နေ့တဝက်တောင်မကျိုးသေးခင် Gu Hai က သူမ, စကားကို ဖျက်ဆီးသွားပြီး၊ အဲ့ဒါဟာသူမပါးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။
"နင် ငါ့ကိုဘာကိစ္စ ကြိုမပြောခဲ့ရတာလဲ?"Yan Ya Jing ကရုတ်တရက်ကြီး Gu Hai ကိုအစည်းအဝေးမှာပဲမေးတယ်။
Yan Ya Jing ကို စိတ်တိုင်းမကျတာ အသိသာကြီးပါ။ ဒါပေမဲ့လည်း သူကစိတ်ရှည်ရှည် ပြန်ဖြေတယ်။" ငါက နင့်ကို အံ့သြသွားစေချင်လို့ပါ"
Yan Ya Jing က ဒီဆင်ခြေကိုလက်မခံဘူး။ "ကုမ္ပဏီက အမျိုးသားတွေ အလုပ်မခန့် ဘူးလို့ နင်မပြောခဲ့ဘူးလား။ နင်က ဘာကြောင့် အခုမှ နင့်ရဲ့ကိုယ်ပိုင် စည်းမျဉ်းကို ချိုးဖောက်ရတာလဲ?"
Gu Hai ရဲ့အေးစက်ချွန်မြတဲ့အကြည့်တွေက Yan Ya Jing ကိုထိုးဖောက်ကြည့်ပြီး သူ့လေသံက ဘွင်းဘွင်းပဲ။ "ကုမ္ပဏီမှာအမျိုးသားမခန့်ဘူးလို့ ငါပြောခဲ့တယ်။ ဒါပေမဲ့ စည်းကမ်းတွေကို မပြောင်းဘူးလို့တော့ငါမပြောခဲ့ဘူး။ ငါအရင်က ဒီစည်းကမ်းအတိုင်း တင်းတင်းကြပ်ကြပ် ကျင့်သုံးခဲ့တာကလည်း ဒီစည်းကမ်းကို ချိုးဖောက်နိုင်စေတဲ့ အမျိုးသားမရှိခဲ့လို့။ ဒါပေမဲ့အခု အဲဒီအမျိုးသားပေါ်လာပြီ။ နင်က ငါ့ကို စည်းကမ်း တင်းကြပ်စေချင်တုန်းပဲလား?"
Gu Hai ဟာပုံမှန်ဆိုရင် ကုမ္ပဏီဝန်ထမ်းတွေကို အေးတိအေးစက် ဆက်ဆံပေမယ့် Yan Ya Jing ဆိုရင်တော့ သူကအမြဲတမ်းရင်းရင်းနှီးနှီးနဲ့ ယဉ်ယဉ်ကျေးကျေးဆက်ဆံ တယ်။ ဒါဟာပထမဦးဆုံးအကြိမ်အဖြစ်လူကြားထဲ Gu Haiရဲ့လှောင်ပြောင်တာခံရတာပဲ။ အခုမှ စလာတဲ့ အမျိုးသားတစ်ယောက်ကြောင့်ဖြစ်ရတာတွေပဲ။ Yan Ya Jing ရဲ့ သနားဖွယ်ရာ စိတ်အခြေအနေကို သင်စိတ်ကူးကြည့်နိုင်ပါတယ်။
"ဒု-ဥက္ကဌ Yan....."
Tong Zhe ရုတ်တရက် စကားစပြောတဲ့အခါအခန်းထဲရှိ လူအားလုံးက သူ့ဆီပဲ အာရုံစိုက်ထားကြတယ်။ သူ့ပုံပန်းသွင်ပြင်ဟာ တကယ့်ယောင်္ကျားတစ်ယောက်ရှိသင့်တဲ့ ပုံပန်းမျိုးပဲဆိုတာ သိသာပါတယ်။
"ကျေးဇူးပြုပြီး၊ကျွန်တော့်ကိုယ်ကျွန်တော်မိတ်ဆက်ဖို့၁၀စက္ကန့်လောက်အချိန်ပေးပါ"
Yan Ya Jing ကဘာမှမပြောဘူး။ မိန်းမချောအချို့ကတော့ ငှက်အုပ်လို စကားပြော လာကြတယ်။ Yan Ya Jing တစ်ယောက်သူမရဲ့ ကိုယ်ပိုင်သရုပ်ကို ထိန်းသိမ်းထားဖို့၊ ပြီးတော့ အစည်းအဝေးတစ်ချိန်လုံး ချောချောမွေ့မွေ့ အဆင်ပြေစေဖို့၊ သူမဒေါသတွေ ကိုပဲ မျိုသိပ်ထားခဲ့တယ်။
အစည်းအဝေးပြီးပြီးချင်း Yan Ya Jing က ချက်ချင်းပဲ Gu Hai နောက်ကလိုက်လာ တယ်။
Tong Zhe ကသူမဘေးက ကပ်လိုက်လာတယ်။
တကယ်တမ်းYan Ya Jing မှာTong Zhe အပေါ်ပြူငှာမှုမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူက ဒီလောက်ကြီး အချိန်မဟုတ်၊ နေရာမဟုတ် ရောက်လာလို့သာဖြစ်တယ်။ ပြီးတော့ သူပေါ်လာတာက သူမအတွက် စိတ်ညစ်စရာကောင်းတာတွေ ရောက်လာစေတယ်။ ပြောစရာတောင်မလိုဘူး.....Tong Zhe အပေါ်သူမရဲ့ ပထမဆုံးထင်မြင်ချက်ကတော့ အသေမုန်းတာပဲ။
သူတို့ Gu Hai ရုံးခန်းတံခါးပေါက်ရောက်ရောက်ချင်း Yan Ya Jing က ပထမဆုံးစပြော တယ်။
"Gu Hai ဒီမနက်ငါ,နင့်ကို Bokay ကော်ပိုရေးရှင်းရဲ့ ဥက္ကဌ အကြောင်းပြောခဲ့တယ် လေ။......."
"ငါ..ဒု-ဥက္ကဌ Tong နဲ့ စကားပြောစရာရှိလို့ ......"Gu Hai ဖြတ်ပြောပြန်ပြီ။" အပြင် မှာ ခဏစောင့်ပေး"
နောက်တကြိမ် Yan Ya Jing ပါးစပ်ကထွက်ကျလာတော့မယ့် စကားလုံးတွေကို မပြောဖြစ်တော့ဘူး။
Gu Hai ကYan Ya Jing ကိုရော တံခါးနားကအမျိုးသမီးဝန်ထမ်းကိုပါ ကြေငြာတယ်။
"ရှိသေးတယ်......ဘယ်သူလာလာ၊သူတို့ကို အပြင်မှာပဲ စောင့်ခိုင်းထား။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ ငါတို့ကို အနှောက်အယှက်မဖြစ်စေနဲ့"
Yan Ya Jing ရဲ့မျက်နှာတောင့်တင်းသွားပြီး သူမရှေ့က ရုံးခန်းတံခါးပိတ်သွားတဲ့အထိ ဘာမှမပြောခဲ့ဘူး။
——— ###
နေ့လည် Bai Luo Yin ဟာ သုသေသနအခန်းကနေထွက်လာခဲ့တယ်။ စီမံကိန်း ပူးပေါင်းမှုကို အကြောင်းပြပြီး Gu Hai ကိုသူ့ကုမ္ပဏီမှာသွားတွေ့ဖို့ တပ်ထဲက လစ်ထွက် ခဲ့တယ်။
ခါတိုင်းလိုပဲ ဧည့်ခန်းထဲ လျှောက်လာလိုက်ပြီး ဧည့်ကြိုအမျိုးသမီးကို နှုတ်ဆက်တယ်။ သူမက Gu Hai ဆီဖုန်းခေါ်ပေမဲ့ အဝင် call က Yan Ya Jing ရုံးခန်းဆီ တိုက်ရိုက် ရောက်သွားတယ်။
"ဒု-ဥက္ကဌ Yan ရှင့်၊ Mr.Bai ကုမ္ပဏီမှာရောက်နေပါတယ်။ MD Guများ အခုသူနဲ့ တွေ့နိုင်မလားရှင့်?"
Yan Ya Jing က ဒေါသထွက်နေတာမို့ သူမလေသံက အေးစက်စက်နဲ့ ကျောချမ်းစရာ ကောင်းတယ်။ "သူအခုအလုပ်ရှုပ်နေတယ်၊ဘယ်သူနဲ့မှ တွေ့နိုင်မှာမဟုတ်ဘူး"
ဧည့်ကြိုအမျိုးသမီးက Bai Luo Yin ကိုအားနာနာနဲ့ကြည့်ရင်း "MD Gu က အခု အလုပ်များနေပါတယ်"
Bai Luo Yin မျက်နှာပျက်သွားပေမယ့် သူတည်တည်ငြိမ်ငြိမ်ပြောတုန်းပဲ။ "ရပါတယ်၊ ကျွန်တော် အပြင်မှာပဲစောင့်နေလိုက်မယ်"
နောက်၂နာရီလောက်နေမှ Gu Hai နဲ့ Tong Zhe တို့ရုံးခန်းထဲက ထွက်လာတယ်။Yan Ya Jing ကသူမ,ပစ္စည်းတွေကို ထုတ်ပိုးပြီးလို့ အိမ်ပြန်ဖို့တောင်အဆင်သင့်ဖြစ်နေပြီ။
"အော် ဟုတ်သားပဲ....နင်..ငါ့ကိုပြောစရာရှိတယ်ဆို။ဘာဖြစ်ပြန်ပြီလဲ?" Gu Hai က သူမ,ကိုမေးတယ်။
Yan Ya Jing မျက်နှာတင်းသွားပြီး ချေပတယ်။"ဘာမှမဟုတ်တော့ဘူး"
Gu Hai ခေါင်းညိတ်ရင်း "ဒါဆို အိမ်ပြန်တော့။သတိထားဦးနော်"
Yan Ya Jing ကGu Hai ကို ခဏလောက်စိုက်ကြည့်နေတယ်။ သူ, ဒီထက်ပိုပြီး ထပ်မမေးတော့တာကို မြင်တော့ အေးစက်စက်နှလုံးသားနဲ့ အိမ်ပြန်ဖို့ သူမလှည့်လိုက် တယ်။
"Yan Ya Jing ရေ!" Gu Hai ကရုတ်တရက်ကြီးသူမကိုအော်ပြောတယ်။
Yan Ya Jing နှလုံးက လန့်ပြီးခုန်သွားတယ်။ ဒါပေမဲ့ သူမစိတ်ကို တမင်တကာ တည်ငြိမ်အောင် ထိန်းပြီးနောက်လှည့်ကြည့်တယ်။
"ဘာလဲ?"
Gu Hai အေးစက်စက်မေးတယ်။"ငါ့ကိုတစ်ယောက်ယောက် လာရှာသေးလား?"
Yan Ya Jing တစ်ယောက် အရမ်းကိုစိတ်ပျက်သွားတယ်။
"အေး နင့်အစ်ကိုလာတယ်"
Gu Haiမျက်မှောင်ကျုတ်ပြီး "ဘယ်အကိုလဲ?"
"နင့်မှာ အစ်ကိုဘယ်နှယောက်ရှိလို့လဲ? Bai Luo Yin ပေါ့ဟဲ့!" Yan Ya Jing က အရမ်းဒေါသထွက်လွန်းလို့ ပြန်ဖြေချင်စိတ်တောင်မရှိဘူး။ Gu Hai မျက်နှာက စိတ် ဒုက္ခရောက်တဲ့ပုံပေါ်လာပြီး ဘာမပြောညာမပြောနဲ့ သူမကို ဟောက်ပစ်လိုက်တယ်။"ငါ့ကို ဘာလို့ လာမပြောရတာတုန်း?!!"
Yan Ya Jing ရဲ့မျက်နှာက အအော်ခံရလို့ဖြူရော်နေပြီ။ သူမဒေါသထွက်ပြီး ဆိုးဆိုး ဝါးဝါး ဆက်ဆံခံနေရတာတောင် သူမရှင်းပြဖို့ကြိုးစားသေးတယ်။" နင်တို့ကို ဘယ်သူမှ မနှောက်ယှက်စေနဲ့လို့ နင်မပြောခဲ့ဘူးလား?"
Gu Hai မျက်နှာညိုမှောင်သွားတယ်။ ကုမ္ပဏီမှာမပြန်သေးတဲ့ဝန်ထမ်းအချို့လဲ သူတို့ ပြောနေတာတွေကြားတယ်။လူတွေရှေ့Yan Ya Jing ရှေ့မှာGu Haiတစ်ယောက် ဒီလောက်ဒေါသထွက်တာကိုမြင်ဖူးတာ ဒါပထမဆုံးပဲ။
"သူက သူစိမ်းလား?သူက နင်..အလွယ်တကူမောင်းထုတ်လို့ရတဲ့သူလား? သူဒီကုမ္ပဏီ ကိုလာဖို့ဆိုတာ သူ့အတွက်မလွယ်ဘူးဆိုတာရောနင်သိလား? နင်မှတ်ထား နောင်သူလာ ရင် ငါဘယ်ကိုပဲရောက်နေ ရောက်နေ၊ ဘာတွေပဲလုပ်နေလုပ်နေ ချက်ချင်း ငါ့ကိုအသိပေး။ အခြားသူတွေအားလုံးလဲ ဒါကိုမှတ်ထားလိုက်။ သူ့ကိုတွေ့တာ.. ငါ့ကိုတွေ့တာနဲ့အတူတူပဲ။ဘယ်သူမှသူ့ကိုအမိန့်ပေးစရာမလိုဘူး!!"
ဒီလိုပြောပြီးတော့Gu Haiကခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားတယ်။
Yan Ya Jing တစ်ယောက်တည်း ကြောင်နေတဲ့ပုံစံနဲ့ဓာတ်လှေကားရှေ့မှာ သစ်သားတုံးတစ်တုံးလိုရပ်လျက်သာ ကျန်ရစ်ခဲ့တော့တယ်။
Gu Hai ဓာတ်လှေကားထဲဝင်တော့ Bai Luo Yin ဆီဖုန်းခေါ်ပေမယ့် ဖုန်းခေါ် မဝင်ဘူးဖြစ်နေတယ်။ သူ့ရင်ထဲပူပန်လာပြီး အထွက်ပေါက်ရှိရာ အမြန်လျှောက်လာခဲ့ တယ်။
အဆုံးမှာတော့ ကုမ္ပဏီနဲ့မျက်နှာချင်းဆိုင်က စားသောက်ဆိုင်ရှေ့မှာ Bai Luo Yin ရဲ့ ကားရပ်ထားတာကိုသူတွေ့သွားတယ်။
Gu Hai လာတဲ့အခါ၊ Bai Luo Yin က steering ပေါ်မှာ မှောက်အိပ်နေတယ်။ ကားထဲမှာသီချင်းဖွင့်ထားလို့ သူ့ဖုန်းသံက မကြားခဲ့တာ။Gu Hai တံခါးဖွင့်ကြည့်ပေမဲ့ လော့ချထားတဲ့အတွက် ကားပြတင်းမှန်ကိုပဲ ခေါက်လိုက်တယ်။
နောက်ဆုံး Bai Luo Yin နိုးလာပြီး Gu Hai ကိုအိပ်ချင်မူးတူးကြည့်တယ်။
"ကို,အလုပ်ဆင်းပြီးလား?"
Gu Hai ကBai Luo Yin မျက်နှာပေါ်မှာထင်နေတဲ့ အနီရောင်အစင်းရာ ၂ခု ကိုတွေ့တယ်။ သူ့ရင်ထဲမူးရစ်သွားတယ်။စိတ်ပူတာရော ဂျီကျတဲ့လေသံနဲ့"ချစ်က ဘာကိစ္စ ကိုယ့်ဆီ ဖုန်းမဆက်ရတာတုန်း?"
"ကို အလုပ်ရှုပ်နေမှာစိုးလို့ ငါဖုန်းမခေါ်လိုက်တော့တာ"
"ဒါနဲ့ပဲ ဒီမှာ တောက်လျှောက်စောင့်နေခဲ့တာလား?"
Bai Luo Yin အကြောဆန့်ပြီး ပေါ့ပေါ့ပါးပါးပဲပြန်ဖြေတယ်။"ငါ အကြာကြီးမစောင့်ရ ပါဘူး။ ကားပေါ်တက်,ဒီနေ့ ငါတို့ ........."
End Of CH-70