CHAPTER 90- သူ့သဘောထားကို ယဉ်ကျေးစွာ ဖော်ပြခြင်း
Gu Hai ရဲ့ကုမ္ပဏီမှာ အချောအလှတွေ အပြည့်ပဲဆိုတာ Yan Meng ကြားထားတာကြာပြီ.. ကျော်ကြားတဲ့အတိုင်း ဟုတ်ပါပေတယ်! အ၀င်ပေါက်မှာရပ်နေတဲ့ လုံခြုံရေးမှူးလေးယောက်ကတောင် မော်ဒယ်လ်လေးတွေကျနေတာပဲ။ သူတို့တွေရဲ့ စာရိတ္တကောင်းတဲ့အသွင်အပြင်နဲ့ မျက်ခုံးတွေကြားက ရဲရင့်တဲ့ အရိပ်အယောင် မှိန်မှိန်ဟာ သူတို့ကို ဆွဲဆောင်မှုပိုရှိစေတယ်။
Yan Meng က သူရဲ့ ရဲသားယူနီဖောင်းကို သပ်သပ်ရပ်ရပ်လုပ်ပြီး တက်တက်ကြွကြွနဲ့ လျှောက်လာခဲ့တယ်။
"အစ်ကို ကျေးဇူးပြုပြီး မှတ်ပုံတင်လေးပြပါ" တစ်ယောက်က လက်တစ်ဖက်ထုတ်လိုက်တယ်။
Yan Meng ခေါင်းလှည့်ပြီး အဲ့ဒီမိန်းမချောလေးကို ကြည့်လိုက်တယ်။ မိန်းမချောလေးရဲ့ စိတ်ဓါတ်က ခိုင်မာပြီး အနည်းငယ်မြင့်နေတဲ့ သူမရဲ့ နှုတ်ခမ်းရဲရဲလေးတွေက သတိပေးတားမြစ်မှု နဲနဲဆန်နေတယ်။ သူမရဲ့ စည်းကမ်းတင်းကြပ်တဲ့စိတ်ထားလေးကို အရမ်းချစ်စရာကောင်းတယ်လို့ Yan Meng မြင်တယ်။ Yan Meng က သူ့အိတ်ထဲက မှတ်ပုံတင်ထုတ်ပေးမလို့ လုပ်ထားခဲ့ပေမယ့် သူအခုတော့ အဲ့ဒါကို ကမ်းမပေးချင်တော့ဘူး။ သူ့မှာ မကောင်းတဲ့အတွေးလေးဝင်လာတယ်။ သူက အဲ့ဒီမိန်းမချောလေးကို စချင်နောက်ချင်ပြီး သူမရဲ့ စိတ်ဆိုးတဲ့အမူအရာလေးကို ကြည့်ချင်တယ်။
ဒါကြောင့် သူက ခြေထောက်တစ်ဖက်တည်းပေါ်အားပြုရပ်ပြီး နောက်တစ်ဖက်ကို ရှေ့ထုတ်ကာ ခေါင်းကို ၄၅ံ လောက်မော့ထားရင်း သူ့အပြုံးတွေက စိတ်အနှောက်အယှက်ဖြစ်စရာကောင်းနေတယ်။
"ကိုယ့်မှာ မှတ်ပုံတင်ပါမလာဘူးဆိုရင်ရော?"
မိန်းမချောလေးက ဘွင်းဘွင်းပဲပြန်ပြောတယ်။ "sorry ပါ။ ဒါဆိုဝင်လို့မရပါဘူး"
"ကိုယ်က ဇွတ်ဝင်ရင်ရောကွာ?" Yan Meng က မိန်းမချောလေးကို မခန့်လေးစားပုံစံနဲ့ ကြည့်တယ်။
နောက်စက္ကန့်အတွင်းမှာပဲ Yan Meng တစ်ယောက် သူ့ပုခုံးတွေကို အကြမ်းပတမ်းဆွဲခံရပြီး နှစ်မီတာအဝေးရှိတဲ့ မြေပြင်ပေါ်ကိုင်ပေါက်တာ ခံလိုက်ရတယ်။ တစ်မိနစ်လောက်ကြာမှ သူ့ဖာသာ ပြန်ကုန်းထနိုင်တယ်။
နောက်မှ သူဟာ စိတ်ပျက်လက်ပျက်နဲ့ ပြန်လျှောက်လာပြီး ရှက်ရှက်နဲ့ပဲ မှတ်ပုံတင်ကို လိမ်လိမ်မာမာလေးပြလိုက်တယ်။