Chapter-22 နေ့တွေလည်း ကြည်လာပြီ
Gu Hai က သချိုင်းကနေ ပြန်လာတော့ သူ့မိဘအိမ်ကို တိုက်ရိုက်သွားတယ်။ Gu Wei Ting က ဧည့်ခန်းထဲက ထိုင်ခုံရှည်မှာ ထိုင်နေတယ်။ Gu Hai ဝင်လာတော့ သူ့မျက်နှာ ပြောင်းသွားတယ်။ မျက်လုံးက Gu Hai ရဲ့ မည်းသွားပြီး၊ ရွှံတွေ ပေနေတဲ့ မျက်နှာကို ကြည့်ရတာ၊ လူနဲ့ကို မတူတော့ဘူး။
"မင်း လူတစ်ယောက်ကို ရှာဖို့သွားတာတောင် ငါ့ကို ပြောမသွားနိုင် ဘူးလား? အစကတော့ ၊ ငါတို့က လူတစ်ယောက်ကို ရှာရုံပဲ၊ ဒါပေမယ့် မင်းရှာတဲ့ ပြသာနာကြောင့် တပ်စုက မင်းကိုပါ ရှာနေရတယ်" Gu Wei Ting အသံတွေက သိပ်မကောင်းဘူး။
Gu Hai ကစိတ်မဆိုးသွားဘဲ သူ့အဖေဘက် လှည့်ပြောတယ်" ကျွန်တော်သာ လိုက်မရှာရင် သူ့ကိုတွေ့မှာ မဟုတ်ဘူ။ Yin Zi က နွံတောကြီးထဲမှာ ပိတ်မိနေတာ။ အကူအညီမပါဘဲ ဘယ်လိုမှထွက်လို့ မရနိုင်ဘူး။ အဲ့ဒီနေရာမှာ မြူတွေလည်း အကြာကြီးဆိုင်းနေတယ်။ သူ့လေယာဉ်အပျက်ကိုလည်း ခြေရာခံရတာမလွယ်ဘူး။ ဘယ်စစ်သားမှ မစွန့်စားရဲကြဘူး။ သူတို့ Zin Yi ကို တွေ့တော့ ကျွန်တော်လည်း သူနဲ့ရှိ နေတယ်။ ဒါကိုဘာလို့ ကျွန်တော်က ပြသာနာရှာတယ် ပြောနေသေး လဲ? ပြီးတော့ ကျွန်တော်သွားရှာတာလည်း အခြားသူမဟုတ်ဘူး၊ အဖေ့သား ပဲ"
Gu Wei Ting ကညည်းညူလိုက်ပြီးရွဲ့ပြောတယ်။ " မင်းလုပ်ရင် အမြဲတမ်း မင်းအကောင်းချည်းပဲ"
Jiang Yuan က Gu Hai ကို အရမ်းအရမ်း ကျေးဇူးတင်နေတယ်။ Gu Wei Ting လည်း Jiang Yuan ရဲ့စိတ်အေးသွားပုံ ကိုမြင်တော့ Gu Hai ကို ထပ်မရစ်တော့ဘူး။ သူက Gu Hai ကို " သွားတော့ " ဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတယ်။
မိသားစုနဲ့ ထမင်းစားပြီးတော့ Gu Wei Ting က သူ့တူကို ချလိုက် ပြီး Gu Hai ကိုမေးတယ်
" မင်းယောက္ခမလောင်းတွေကို ဘယ်လို ရှင်းပြမလဲ? "
"ဘယ်လိုရှင်းပြရမလဲ? ----- ဘယ်လိုရှင်းပြရမလဲဆိုတော့------ သူတို့ ကို အမှန်အတိုင်းပြောပြမှာပေါ့"Gu Hai တည်တည်ငြိမ်ငြိမ် ပဲတုံ့ပြန် တယ်။
ဒီလိုကြားတော့ Gu Wei Ting လည်း စိတ်အေးသွားတယ်။ Jiang Yuan ကပြောတယ်။ " Xiao Hai ဟိုဘက်ကလည်း ဆွေကြီးမျိုးကြီး ။ စေ့စပ်ပွဲပျက်သွားတော့ သူတို့ မိသားစုရော သူတို့သမီးပါ တော်တော် မကောင်းဖြစ်သွားတယ်။ သူတို့နဲ့စကား သွားပြောရင် ယဉ်ယဉ်ကျေး ကျေး နဲ့လေးလေးစားစားပြောနော်။ နှစ်ဘက်မိသားစု ဆက်ဆံရေးပျက် အောင် မလုပ်မိစေနဲ့။ "
Gu Hai ခေါင်းညိတ်တယ် " ကျွန်တော် နားလည်ပါတယ်"
နောက်နေ့ မနက် Gu Hai ကဆေးရုံကို သွားတယ်။
Yan Ya Jing အမေရဲ့ အခြေအနေကမကောင်းဘူး။ ဆေးရုံ ဝန်ထမ်းတွေဟာ သူမကို 24 နာရီ စောင့်ရှောက်နေရတယ်။ ဆရာဝန်က ထွက်သွားမခိုင်းခင် Gu Hai က သူမနဲ့ စကား အနည်းငယ် ပြောလိုက်ရ တယ်။
" အဲ့ဒီနေက ဖြစ်ခဲ့တာတွေအတွက်၊ ငါအရမ်း တောင်းပန်ပါတယ်" Gu Hai ကပြောတယ်။
Yan Ya Jing က သီးခံတဲ့ အပြုံးနဲ့ ပြုံးတယ်။ " နင်ပြန်ရောက် လာတာပဲ ဝမ်းသာပါတယ်။ နင့်အစ်ကိုရော? သူ့ကိုရှာတွေ့ပြီ လား? " Gu Hai ခေါင်းညိတ်လိုက်တယ်။
" နင်နဲ့ နင့်အစ်ကိုက သိပ်ချစ်ကြတာပဲနော်။ နင့်အစ်ကိုနဲ့ အခုလို ခိုင်မာတဲ့ သံယောဇဉ်ရှိတာ ငါဖြင့် သိပ်အားကျတာပဲ"
Gu Hai က အဓိပ္ပါယ်ဖော်မရတဲ့အပြုံးကို ပြုံးလိုက်ပြီး၊ အဓိပ္ပါယ် တစ်မျိုးနဲ့ပြောတယ်။ " ငါတို့တွေက ညီအစ်ကိုအရင်း တွေ မဟုတ်ဘူး။"
" ငါ့တို့က အမေ တစ်ယောက်စီကနေ့ နို့သောက်ပြီး ကြီးခဲ့ကြတာ " Gu Hai က သူ့ရင်ထဲမှာ တိုးတိုးလေး ပြောနေတယ်။
Yan Ya Jing ရဲ့မျက်လုံးတွေက နာကျင်နေပုံ ပေါ်တယ်။ သူမက Gu Hai ကို သေရေးရှင်ရေး ကိစ္စဖြစ်နေသလိုမျိုး ခံစားချက်နဲ့ တချက်ကြည့် လိုက်တယ် ။
" Gu Hai ရယ်၊ ငါ့အမေ မှာလည်း နေဖို့ရက်သိပ်မရှိတော့ဘူး။ သူ့အချိန် က ကုန်ပြီးရင်း ကုန်နေတာ။ နောက်ထပ် စေ့စပ်ပွဲ ကြီးကြီးကျယ်ကျယ် မှာထိုင်ဖို့ မဖြစ်နိုင်ဘူး ။ ငါတို့ မိသားစု (၂) စု ဆုံပြီး ထမင်းစားရင်းနဲ့ စေ့စပ်ပွဲကို အကျဉ်းချုံ့လိုက်ရင်ရော? ဒီလိုဆို ငါ့အမေရဲ့ ဆန္ဒလည်း ပြည့်ဝသွားပြီး၊ သူလည်းစိတ်ချ သွားမယ်။ ဒီတော့ သူလည်း ငြိမ်းငြိမ်း ချမ်းချမ်း သွားလို့ ရပြီလေ"
" Xiao Yan " Gu Hai က လေသံကို အတည်ပုံစံနဲ့ ပြောတယ်။ " ငါ နင့်ကို မစေ့စပ်နိုင်တော့ဘူး"
Yan Ya Jing ရဲ့ မျက်နှာပြောင်းသွားပြီး စိတ်မသာမယာ မျက်လုံးတွေနဲ့ Gu Hai ရဲ့ မျက်နှာကို ကြည့်နေတယ်။ " ငါတို့ ဟန်ဆောင်ရုံလေး တောင် လုပ်လို့မရဘူးလား? "
Gu Hai က ရိုးရိုးလေး ဖြေတယ်" မရဘူး "
"ဒါဆို ----- နင်ဘာကြောင့် အစကတည်းက မငြင်းလဲ? အခုမှ ဘာလို့ လာငြင်းရတာလဲ?"
" ငါတောင်းပန်ပါတယ် " Gu Hai က မပြောစဖူး တောင်းပန်တဲ့ အမူအရာနဲ့ပြောတယ်။ "ငါတစ်ယောက်ထဲဆိုရင် အဆင်ပြေ တယ်။ ဒါပေမယ့် အခုက နှစ်ယောက် ဖြစ်သွားပြီ။ ငါသူ့ကို မကျေနပ်အောင် ဘာမှ မလုပ်ချင်ဘူး။
(Note- Chinese မှာ he/ she ခွဲမထားလို့ "သူ" ဆိုတာကို ကျား / မ ခွဲပြီးYan Ya Jing က မသိဘူး။)
Yan Ya Jing ကတွေတွေဝေဝေ နဲ့ခေါင်းညိတ်တယ် ။ အရင်က ဆိုရင် သူ့စရိုက်ကြောင့် ဒီလို ငြင်းချက်သာကြားရရင် သူမအသာလေး ခေါင်းညိတ်ပြီး ထွက်သွားလိုက်မှာ။ ဒါပေမယ့် အခုဟာက သေရေး ရှင်ရေး အချိန်မို့ သူမက ကိုယ်ကျင့်တရားတွေ ဘာတွေဘေးချိတ်ပြီး သူ့ အမေ ဆန္ဒကို ဖြည့်ပေးချင်နေ တယ်။
ငါဘယ်သူ့မှ မပြောဘူးလို့ အာမခံပါတယ်ဟာ ။ ဒီလို လုပ်ပေးတာ နင်နဲ့နင့်ကောင်မလေးတို့ကို ဘယ်လိုမှ မထိခိုက်စေ ရဘူး။
Gu Hai က ပြုံးဖို့ တွန့်တိုနေပြီး သူ့စကားလုံးတွေက အားပါတဲ့ အပြင် နက်ရှိုင်းတယ်
"ငါ အခြားလူတွေ ရှေ့မှာပဲ ဟန်လုပ်လို့ ရချင်ရမယ် ။ သူ့ရှေ့မှာ တော့ လုံးဝ မလုပ်နိုင်ဘူး"
Yan Ya Jing က အသက်ရှူရတာတောင် ခက်လာတယ်။ ဒါပေမယ့် သူမ အတွန့်မတက်တော့ဘူး။ "အမှန်တော့၊ ဒါက ငါတို့ မိသားစု ပြသာနာပါ နင့်ကို ဆွဲမထည့်ခဲ့သင့်ဘူး "
Gu Hai ကငြိမ်နေတယ်။ ပြီးမှပြောတယ် " တကယ်တော့ နင့်အမေက အမှန်တွေကို သိပြီးဖြစ်မှာ ။ သူက နင်တို့နဲ့ အလိုက်သင့်နေနေတာ။ နောက်ဆုံး အချိန်ကို အသုံးချပြီး နင်နဲ့ နင့်အမေ ရိုးရိုးသားသား ပြောဆို ကြည့်ပါ့လား? "
Yan Ya Jing က Gu Hai ကိုစိုက်ကြည့်နေတယ် ။ Gu Hai ကဘာမှ မပြောတော့ဘူး ။ သူက Yan Ya Jing ရဲ့ ပုခုံးကို ပုတ်ပြီးနောက် ဆေးရုံ က ထွက်လာခဲ့တယ်။
* * Bai Luo Yin ; မင်းအတွက်နဲ့ ငါ့မှာ မျက်နှာပျက်ခဲ့ရပြီ။ မင်းရဲ့ ဟိုမြေခွေးမ (Di Shuang) ကို မဖြတ်ရင်တော့ မင်းဖင်ကို ငါလာရိုက် တော့မှာ **
လက်တွေ့မှာတော့ Bai Luo Yin က Gu Hai စကားတွေ ထက် တောင် စောနေသေးတယ် ။ အဲ့ဒီည Di Shuang ဖုန်းခေါ် တုန်း Bai Luo Yin က သူမကို အမှန်အတိုင်း တည့်တည့်ပြောပြီး လမ်းခွဲခဲ့ပြီးပြီ။
Di Shuang ကအရမ်း ဝမ်းနည်းနေတယ်။ " ကျွန်မ MD Gu နဲ့ နီးနီးကပ်ကပ်နေတာ သဝန်တိုလို့လားဟင်? "
"ဟုတ်တယ် သဝန်တိုလို့။ ဒါပေမယ့် ညီမကိုသဝန်တိုတာ မဟုတ် ဘူး"
Di Shuang က နားမလည်ဘူး။ ဒါကြောင့်ဆက်ရှင်းပြတယ်" ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘာမှ မရှိပါဘူး။ အဲ့ဒီနေ့က အစ်ကိုလည်း မြင်တာပဲ။ သူက ကျွန်မတို့ ဒု- ဥက္ကဌ ကို လက်စွပ်ပေးလိုက်တယ်လေ။ ပြီးတော့ သူက အစ်ကို့ညီ မဟုတ်လား ၊၊ အစ်ကို ကျွန်မကို မယုံတောင်၊ အစ်ကို့ညီကိုတော့ ယုံလိုက်ပါ နော်! "
" အစ်ကို သူ့ကို ယုံပြီးသားပါ" Bai Luo Yin ပြန်ဖြေတယ်။
Di Shuang ကအားမလို အားမရနဲ့ တုန့်ပြန်တယ်။ " ဒါဆို ဘာကြောင့် လမ်းခွဲရအုံးမှာလဲ? "
ဒီနှစ်တွေမှာ တပ်ထဲမှာနေခဲ့ရလို့ ၊ Bai Luo Yin က ရှက်ဖို့တွေ ဘာတွေ မသင်ခဲ့ရဘူး။ သူပြောဖို့ လိုတာကို ပြောဖို့အတွက် ဝေ့လည် ကြောင်ပတ်လုပ်မနေဘဲ သူ့ရဲ့တပ်စတိုင်နဲ့ပဲ ပြောလိုက်တယ်။
" ဘာလို့လဲဆိုတော့ အစ်ကို ကြိုက်နေတဲ့လူကိုက MD Guမို့လို့"
------------#########-------------
ရုံးနားရက် ပြန်ဖွင့်တော့ Di Shuang က Gu Hai ဆီ သူမရဲ့ နှုတ်ထွက် စာ တင်ဖို့ သွားတွေ့တယ်။
"ဘာကြောင့် အလုပ်ထွက်မှာလဲ?" Gu Hai မေးတော့ Di Shuang က ဘွင်းဘွင်းကြီးဖြေတယ်
" ကျွန်မရည်းစားကို လုသွားတဲ့ ဥက္ကဌ ကို သည်းမခံနိုင်လို့ "
ဒီစကားလုံးတွေက Gu Hai ကိုရှက်သွားစေမယ် ထင်ထားပေမယ့်၊ အဲ့ဒါနဲ့ ပြောင်းပြန် ဒီစကားတွေကြောင့် Gu Hai အောက်ခြေတွေ လွတ်ပြီး ဒီထက်ပို မပျော်နိုင်တော့ဘူး။
အဲ့ဒီညနေကပဲ Yan Ya Jing က Gu Hai ဆီဖုန်းခေါ်ပြီး သူ့အမေ ဆုံးသွားတဲ့အကြောင်းပြောတယ်။
" အရမ်းကြီးလည်း ဝမ်းမနည်းပါနဲ့ Gu Hai က နှစ်သိမ့်တယ်။
Yan Ya Jing ကငိုသံကြီးနဲ့" ကျေးဇူးပါဟာ။ မနေ့က ငါ အမေ့ကို ရိုးရိုးသားသားနဲ့ အားလုံးပြောပြလိုက်တော။့ အမေက ငါ့ကို အပြစ် မတက်တဲ့အပြင် ရင့်ကျက်လာပြီလို့ ချီးကျူးနေခဲ့တာ။ သူအေးအေး ချမ်းချမ်း သွားလို့ရပါပြီ။"
ဖုန်းချသွားတော့ Gu Hai နှလုံးသားက တဖြည်းဖြည်းနဲ့ တည်ငြိမ် လာပြီးမှ ငြိမ်းအေးတဲ့ အာရုံနဲ့ စိတ်အေးမှုကို ခံစားလိုက် ရတယ် ။
နေ့ရက်တွေဟာ တဖြည်းဖြည်းနဲ့ ကြည်လင်ပြီးတောက်ပ လာပြီ။ ဒါကြောင့် စကားပုံက ပြောတာဖြစ်မယ် --- မုန်တိုင်းပြီးရင် လေပြည်လာ တယ်လို့ ။
Mission ကိုအောင်မြင်ခဲ့ခြင်းအတွက် ဆုပေးတဲ့အနေနဲ့ Bai Luo Yin ဟာ သူ့အားလပ်ရက် 20 ရက် အပြင် 10 ရက် အားလပ်ရပ် ချီးမြင့်ခံရတယ်။ သူ့ရဲ့ အားလပ်ရက်နားချိန်တွေမှာ ဘာလုပ်ရ မှန်း မသိဘဲပျင်းလာတယ်။
တစ်ချိန်ထဲမှာပဲ Gu Hai ကနှစ်သစ်အလုပ်ဇယားတွေနဲ့ ရုံးမှာပဲ အလုပ်များနေတယ် ။ Bai Luo Yin က ရည်ရွယ်ချက်မရှိ လမ်းပေါ် ကားလျှောက်မောင်းနေတယ် ။ ခဏကြာတော့ အရှေ့| အနောက်| တောင်| မြောက် မသိအောင် အရပ်လေးမျက်နှာရဲ့ အာရုံလည်း မရှိတော့ဘူး။ သူဟာ လမ်းဘေးကားထိုးရပ်လိုက်ပြီး GPS ကရှုပ်ယှက် နေတဲ့ ဆူညံသံကို နားထောင်နေတယ်။
ရုတ်တရက် လူတစ်ယောက် ကားတံခါးလာခေါက်တယ်။ Bai Luo Yin လှည့်ကြည့်တော့ အမျိုးသမီးကြီးတဦး ဖြစ်နေတယ်။
"ဈေးဝယ် --- လျှပ်စစ်မြည်းရုပ်လေးတွေ ဝယ်ချင်လား? သူက သီချင်းလည်းဆိုတယ်၊ ကလည်း ကတယ်။ အများကြီးလုပ်လို့ ရတယ်။"
အမျိုးသမီးကြီးရဲ့ ပြာနေတဲ့ နှုတ်ခမ်းကိုကြည့်ရင်း Bai Luo Yin မငြင်းရက်လို့ သူမကိုပိုက်ဆံလှမ်းပေးလိုက်တယ်။
" OK ကျွန်တော့် တစ်ရုပ်ပေးပါ "
ဝယ်ပြီးနောက် Bai Luo Yin က မြည်းရုပ်ကလေးနဲ့ စကစားတော့ တယ်။ ခဏဖွင့်တော့ မြည်းလေးက ခေါင်းကိုလှုပ်တယ်။ နောက်တော့ အရူးလို တစ်ကိုယ်လုံးလှုပ်နေတယ်။ Bai Luo Yin က လမ်းဘေး ဖြတ်သွားတဲ့ လူတွေရဲ့အထင် - အရာရှိတစ်ယောက်က ကားပေါ်မှာ ထိုင်ပြီး လျှပ်စစ်မြင်းရုပ်နဲ့ဆော့နေတာ- ကို ဂရုမစိုက်တော့ဘဲ အရုပ်ကို ကြည့်ရင်း ရယ်နေတော့တယ်။ တကယ်တော့ ဒါက တက်ကြွစရာ မြင်ကွင်းလေးပါ။
Bai Luo Yin က ဒီမြည်းရုပ်က Gu Hai နဲ့ပိုပြီး တူတူလာတယ် လို့ ရယ်ရင်း ခံစားမိတယ်။ သူကအကြံဆိုး တစ်ခု ကို ချက်ချင်းတွေးမိတယ်။ ဒီမြည်းလေးနဲ့ အတူဆုံးဖြစ်တဲ့ လူတစ်ယောက်ဆီကို သွားပေးမယ်ပေါ့။
End of Chapter 22