Chapter 30- ညစ်ညမ်းတဲ့ခေါင်းဆောင်လေး
Bai Luo Yin ဟာ တိုက်လေယာဉ်အသစ်ရဲ့ စက်ကရိယာ လုပ်ဆောင်ချက်တွေကို အသားကျ မှတ်မိအောင်လုပ်ရင်း နေ့လည် တစ်ပိုင်းလုံး အလုပ်ရုံထဲမှာ အလုပ်ရှုပ်နေတယ်။ သူ့အာရုံကို အလုပ်ထဲ မှာ နှစ်ထားလို့ ရေသောက်ဖို့ အချိန်တောင် မနားမိဘူး။ အချိန်ကုန်တာ အရမ်းမြန်တယ်။ နေ့အချိန်ကုန်လွန် ပြီး နေဝင်သွားပြီ။ ကောင်းကင်မှာ အမှောင်ထုကြီးစိုးလာပြီး ညအချိန်ရောက်လာပြီ။ သူ့အလုပ်တွေ ပြီးသွား တော့၊ တပ်အိမ်ကို တန်းမပြန်ဘဲ စီမံကိန်း တိုးတက်မှု့က စစ်ဆေးဖို့ Bai Luo Yin က မမောနိုင် မပန်းနိုင် နဲ့ သုတေသနအခန်းကို ဦးတည်လိုက် တယ်။
သတိမမူမိလို့ ၊ သူ့ရဲ့ cell phone က တပ်အိမ်မှာ ကျန်နေခဲ့တယ်။ တပ်အိမ်ကိုပြန်ရောက်မှ သူကြည့်လိုက်တော့ miss call 7 ခု 8ခု လောက်တွေ့ရတယ်။
"*သေစမ်းကွာ၊ ၈နာရီတောင်ကျော်သွားပြီ။ ညစာလာပို့နေ လောက်ပြီ!*"
မြန်မြန်ပဲ၊ Bai Luo Yin တံခါးဆီ ပြေးသွားတော့ ရင်းနှီးတဲ့ ပုံသဏ္ဌန် တစ်ခုဟာ အဲဒီမှာရပ်နေတယ်။ Bai Luo Yin က အဲဒီလူရဲ့ ပခုံးကို ပုတ်လိုက်တော့ သူလှည့်လာတယ်။ သူ့မျက်နှာနဲ့ နားရွက်တွေဟာ အအေးဒဏ်ကြောင့် ရဲတွတ်နေပြီ။
"စောင့်နေရတာ ကြာသွားပြီလား, ငါ့ညီ? " Bai Luo Yin က ယဉ်ယဉ်ကျေးကျေးမေးတယ်။ သူ့နာမည်က Huang Shun တဲ့ ။ Gu Hai အရမ်း အလုပ်များနေလို့ Bai Luo Yin အတွက် ထမင်းဘူး မပို့နိုင်ရင် ၊ Haang Shun ကလာပို့ပေးတယ်။
"မကြာသေးဘူးခင်ဗျ။ ဒီရောက်တာ နာရီဝက်ပဲ ရှိသေးတယ်။ MDကလည်း overtine ရှိလို့ဆိုပြီး ၊ ချက်ပေးတာလည်း နောက်ကျနေ လို့"
သူက တံခါးကို ဖွင့်လိုက်ပြီး အပူလုံ ထမင်းဘူးကို ယူပေး လိုက်တယ်။
"ကျေးဇူးပဲ" Bai Luo Yin က လှိုက်လှိုက် လှဲလှဲပြောတယ်။
Huang Shun ပြန်ပြောတယ်" ကိစ္စမရှိပါဘူး။ ဒါက ကျွန်တော့် အလုပ်ပဲ ဟာ"
" အထဲဝင်ပါဦးလား။စကားလေးဘာလေးပြောရတာပေါ့"
"တော်ပါပြီခင်ဗျ" Haung Shun လက်ခါပြတယ် "ကျွန်တော်လည်း ညစာစားဖို့ အိမ်ပြန်ရဦးမှာမို့"
Bai Luo Yin က Huang Shunရဲ့အိတ်ကပ်ထဲ y. 200 ထည့်ပေး လိုက်တယ်။
"ဒီနေ့မင်းကိုအကြာကြီးစောင့်ခိုင်းလိုက်ရတယ်။ sorry နော်"
Huang Shun ကမြန်မြန်ပြန်ပေးတယ်။ "မလုပ်ပါနဲ့။ မသင့်တော်ပါ ဘူးခင်ဗျ။ MD Guကပိုက်ဆံပေးပြီးသား...."
" ယူထားလိုက်ပါကွာ!"
Bai Luo Yin ကHuang Shun ရဲ့ လက်ထဲပိုက်ဆံ ဇွတ်ပေးပြီး လှည့်ထွက်သွားတယ်။ Huang Shun က ပြန်လိုက်ပေးချင်ပေမယ့် လည်း အချည်းနှီးမို့ သူ့အိတ်ထဲပိုက်ဆံထည့်လိုက်ပြီး ကားမောင်း ထွက် သွား တယ်။
Bai Luo Yin က ပူပူနွေးနွေးညစာကို သုတေသနအခန်းထဲ ယူလာ လိုက်တယ်။ သူအခန်းတံခါးဖွင့်လိုက်တော့ ၊အခန်းထဲမှာ အလာပသလာ ပပြောနေကြတဲ့ အင်ဂျင်နီယာ အချို့ဟာအပြာအယာနဲ့ Bai Luo Yin ထိုင်ဖို့နေရာလုပ်ပေးကြတယ်။ Bai Luo Yin ဟာ သူ့အတွက် နေရာဆီ ကိုလျှောက်သွားပြီး ညစာထိုင်စားရင်း စာရင်းစစ်တွေရဲ့ စာရွက်စာတမ်း တွေကို ဖတ်ရှုနေတယ်။
ဒီဟာက ဒီနေ့ရဲ့အသက်သာဆုံးအချိန်လေးပဲ။ Bai Luo Yin က နေ့တိုင်း ထမင်းဘူးဖွင့်ကြည့်ရမှာကို စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်နေ တယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး သူ့အတွက် Gu Hai ချက်ပေးတဲ့ ဟင်းတွေက တစ်နေ့တစ်မျိုး မရိုးစေရဘူး။ ဒီလိုမတူညီတဲ့ဟင်းတွေကို နေ့တိုင်းစားနေရတာ သန့်စင်တဲ့ ဝမ်းမြောက်မှုပါပဲ။ အများစုကို သူအရင် ကတစ်ခါမှမစားဖူးဘူး။ အားလုံးဟာ ဟင်းအမယ်အသစ်တွေပဲ။ Gu Hai သင်ထားတာလား၊ ထွင်ထားတာလားမသိဘူး။ Bai Luo Yin အတွက် တော့ စားရင်းနဲ့အလုပ်လုပ်ရတာဟာ ဖျော်ဖြေမှုတစ်မျိုးပဲ။
သုတေသနခန်းရဲ့ ပင်တိုင်အင်ဂျင်နီယာနာမည်က Gan Weiqiang.. ဒီလူက Bai Luo Yin ကိုလေ့လာနေတာကြာပြီ။ Bai Luo Yin ထမင်းဘူး စားစားနေတာကိုလည်း သူသတိထားမိတယ်။ ထမင်းဘူး ထဲကအနံ့က အရသာရှိမယ့်ပုံနဲ့ တခန်းလုံးကို ပျံ့နေတယ်။ ဒီဟင်းနံ့ မွှေးမွှေးနဲ့တင် သူအားကျလို့သေတော့ မယ်။
"ဟေ့..... Xiao Bai သူငယ်ချင်း!" Gan Weiqiang က နောက်ဆုံးတော့ မေးဖို့မအောင့်နိုင်တော့ဘူး။
"ဘာတုန်း?" Bai Luo Yin ကသူ့ကိုဂြိုလ်ကြည့်ကြည့်ရင်း ပြောတယ်။
"ဒီထမင်းဘူးကိုဘယ်နေရာကမှာတာလဲ? အရသာရှိမယ့်ပုံပဲ" Gan Weiqiang ကသူ့ခေါင်းကိုဆန့်ရင်း ထမင်းဘူးကိုချောင်းကြည့်တယ်။
Bai Luo Yin က နှုတ်ခမ်းကိုမြှင့်ရင်း ပီတိဖြစ်တဲ့ပုံနဲ့ပြော တယ်။
"တရုတ်ပြည်တစ်ပြည်လုံးမှာ ဒီလိုထမင်းဘူးမျိုးရှာလို့ မရနိုင်ဘူး။ ဘယ်နေရာကမှဝယ်လို့လည်း မဖြစ်နိုင်ဘူး"
Gan Weiqiang အတွက် Bai Luo Yin ကို အခုလို လတ်ဆတ်တဲ့ အမူအရာနဲ့တွေ့ဖူးတာပထမဆုံးပဲ။ Bai Luo Yin ကပိုပြီးပိုပြီး အစားမက် လာတယ်လို့လည်း သူထင်တယ်။ သူ့ ကြည့်ရတာ ဘယ်အရာကိုမှ အလေးမထားတဲ့ပုံနဲ့နေပေမယ့်၊ ထမင်းဘူးလာပို့ပြီဆိုတာနဲ့ သူ့စိတ်တွေ ကချက်ချင်းပြောင်းသွားတယ်။ အဲ့ဒီအချိန် ဘယ်သူ ဘာမေးမေး ဘာပြောပြော ၊သူက ငြင်းမှာမဟုတ်ဘူး။
"ငါ နည်းနည်းမြည်းကြည့်မယ်လေ" Bai Luo Yin ရဲ့ ထမင်းဘူး နားလေးကိုGan Weiqiang ရဲ့ နှာခေါင်းကြီး ကပ်လာတယ်။
Bai Luo Yin ကသူ့ခန္ဓာကိုယ်ကိုချက်ချင်းလှည့်လိုက်ပြီး Gan Weiqiang ကိုနောက်ကျောပေးလိုက်တယ်။ ဒီထမင်းဘူးကို မျှမပေးချင် တာအသိသာကြီး။
Gan Weiqiang ကဝမ်းနည်း စိတ်ပျက်စွာ မြည်တွန်တယ်။
"ဗိုလ်မှူး၊မင်းကတော်တော်ကပ်စေးနည်းတာပဲ။ ငါက အများကြီး တောင်းတာလည်းမဟုတ်ဘူး။ မြည်းရုံလေးပဲဟာ"
"မရဘူး!" Bai Luo Yin ရဲ့ အသံကလုံးဝပြတ်သားတယ်။
Gan Weiqiang က မပြုံးချင်ပြုံးချင် ပြုံးပြီး "ဒီလိုမလုပ်ပါနဲ့ကွာ။ Xiao Bai , ငါပိုက်ဆံပေးပါ့မယ်၊ နက်ဖြန်ငါ့အတွက်ရော မှာပေးပါလား?"
"ငါပြောပြီးသားပဲ။ တရုတ်ပြည်တစ်ပြည်လုံးမှာရှာလို့မရဘူးလို့။ ဒါကငါ့တစ်ယောက်ထဲကိုပဲရောင်းပေးတာ"
Gan Weiqiang ကလက်မလျှော့သေးဘူး။ "Xiao Bai, ဒီထမင်းဘူးက မင်းမိန်းမချက်ပေးတာတော့မဟုတ်ပါဘူးနော်?"
ဒီစကားလုံးတွေလည်းကြားလိုက်ရော တခန်းလုံးလှုပ်လှုပ်ရွရွဖြစ်သွားတယ်။ စူးစမ်းတဲ့အမူအရာတွေနဲ့ Bai Luo Yin ကိုစိုက်ကြည့်နေကြတယ်။ Bai Luo Yin လို လူမျိုးကို ဆွဲဆောင်နိုင်တာ ဘယ်လိုအမျိုးကောင်းသမီးပါလိမ့် ဆိုတာ စိတ်ဝင်စား နေကြတယ်။ Bai Luo Yin ထမင်းဘူးစားနေတဲ့ပုံ ကိုကြည့်ရတာ ယောင်္ကျားတွေရဲ့နှလုံးသားဆီကို သူတို့ရဲ့ အစာအိမ်က တဆင့်ဝင်ရ တယ်ဆိုတဲ့ စကားဟာလုံးဝမှန်တယ်။
မြို့နယ်အဆင့် တပ်စုမှူးတစ်ဦးဟာ တပ်စုတစ်စုကို ပြောင်းလာ တယ်ဆိုတဲ့ သတင်းကြားရတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း တပ်ထဲမှာ စည်းကမ်းတွေအားကြီး ကြပ်လာတယ်။ မြို့နယ် အဆင့်တပ်စုမှူး Bai Luo Yin က သုတေသန ရုံးထဲကထွက်လာတော့ ည ၁၀နာရီတောင် ထိုးပြီ။ ချောင်ခိုတဲ့ တပ်သားတွေကိုအပြစ်ပေးသင့်ရင် အပြစ်ပေးရင်း lesson လည်းပေးဖို့ တပ်သားနေဆောင်တဝိုက် လှည့်လည်စစ်ဆေး တယ်။
Bai Luo Yin ရဲ့တည်တန့်တဲ့မျက်နှာကြောက Gu Hai ရှေ့ကျမှ သုံးစားလို့မရတာ။ အခြားတပ်သားတွေရှေ့မှာတော့ ဂုဏ်သြဇာ တစ်မျိုး ပဲ။ ညတွေမှာ စစ်သားတွေစကားပြောရင်းဆိုရင်း Bai Luo Yin နာမည်ကို သူတို့ပြောမိသွားရင်တောင် သူတို့လန့်ကြတုန်းပဲ။ တပ်သား သစ် အားလုံးဟာ Bai Luo Yin ဆူတာ ဒါမှမဟုတ် ဆဲတာကို ခံဖူးကြတဲ့ လူ တွေချည်းပဲ။
Bai Luo Yin က ဓာတ်မီးကြီးကိုင်ပြီး ၊ တပ်တစ်ခုလုံး နေရာလပ် မကျန်စစ်ဆေးဖို့ခြေလှမ်းမှန်မှန်နဲ့ တပ်သားနေဆောင် တလျှောက် လှည့်ပတ်နေတယ်။
"အား အား အ.... မထိုးနဲ့တော့... အရမ်းနက်ဝင်သွားပြီ"
"အု အု အု ..... ငါအဆုံးထိတောင်မထိုးရသေးဘူးဟ..,"
" အ အ ... အား ..ကြီးလွန်းတယ်...အား...ငါမင်းကို ရှိကြီးခိုးပါ တယ်။
"ငါ့ကိုတောင်းပန်နေတာလား?" မင်းတောင်းပန်တာက ဆက်သွင်းဖို့ လား ရပ်လိုက်ဖို့လား? "
Bai Luo Yin ရဲ့ခြေလှမ်းမှန်မှန်က တုန့်ကနဲရပ်သွားတယ်။ သူ ဓာတ်မီးပိတ်လိုက်တယ်။ အမှောင်ထဲမှာ ဒီနှစ်ယောက်ရဲ့ အသံဟာ ပိုပြီး ပိုပြီး ထင်ရှားလာတယ်။ ဒီအသံတွေဟာ ယောင်္ကျားလေးနှစ်ယောက် အသံမှန်း Bai Luo Yin ရှင်းရှင်းကြီး ကြားနေရတယ်။ အသက်ရှူသံ မြန်မြန်နဲ့ပြင်းပြင်းဟာ ရင်ဖိုစရာ ကောင်းပြီး Bai Luo Yin နားကိုပူစေ တယ်။
* ဒီကောင်တွေ တပ်ထဲမှာ မဟုတ်တာတွေလာလုပ်နေတာ မလား?*
စစ်တပ်စည်းကမ်းအရဆိုရင် ၊ ဒီလိုလုပ်ရပ်မျိုး အဆောင် အပြင်မှာ မိဖို့မပြောနဲ့၊ အဆောင်အတွင်းမှာမိရင်တောင် ၊ အပြစ်ဒဏ်ကကြီးလေး တယ်။
Bai Luo Yin က ဓာတ်မီးရောင်ကို ဝင့်လိုက်တော့ လှုပ်ရှား နေတဲ့ အသံတွေချက်ချင်းရပ်သွားတယ်။ Bai Luo Yin ရှေ့တိုး သွား လိုက်တယ်။ သူကလှုပ်ရှားမှုတွေညာဘက်ကလာတယ်လို့ ခံစားရလို့ မီးရောင် ထိုးကြည့်လိုက်တော့ ကြောက်လန့်နေတဲ့ အမူအရာနဲ့ စစ်ဝတ်စုံ ဝတ်ထား တဲ့ တပ်သားနှစ်ယောက်ကို ချက်ချင်းတွေ့တယ်။
" ဗိုလ်မှူး ကျွန်တော် -- ကျွန်တော်တို့"
Bai Luo Yin က ဒီနှစ်ယောက်ဝတ်စုံ အပြည့်အစုံ ဝတ်ထားတာကို ကြည့်ပြီး အံ့သြနေတယ်။ သူတို့တွေက မြေပြင်မှာစောင့်ကြောင့် ထိုင်နေ ကြပြီး ဗရုတ်သုတ်ခလုပ်နေတဲ့ လှုပ်ရှားမှုတစ်ခုမှမတွေ့ရဘူး။
"* ငါများ မှားတွေးမိတာလား? *" Bai Lu Yin က ဓါတ်မီးကို ဘေးပတ်ဝန်းကျင်ကိုထိုးကြည့်သေးတယ်။ အခြားလူမရှိဘူး။ သူတို့ နှစ်ယောက်ပဲ။
"ဘာတွေဖြစ်နေကြတာလဲ ?" Bai Luo Yin က အဲဒီ နှစ်ယောက်ဆီ အကြည့်လွှဲလိုက်ပြီး အေးစက်စက် မေးတယ်။
အဲဒီ နှစ်ယောက်က မျက်ရိပ်ပြပြီး အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ် လိုက်တယ်။ Bai Luo Yin ကို လိမ်ပြောတာက သတ်သေတာနဲ့ ဘာမှ မကွာဘူး။
" အစောပိုင်းက ပိုးဟပ်နှစ်ကောင် မိတ်လိုက်နေကြတာနဲ့ ကျွန်တော် တို့ နှစ်ယောက်က ပိုးဟပ်နှစ်ကောင်အစား နောက်ခံစကားပြော --ပြောနေကြတာပါ။
Bai Luo Yin က ခေါင်းဖျားခြေဆုံး မိုးကြိုးပစ်ခံလိုက် ရသလိုပဲ။
ဟိုနှစ်ယောက်ကတော့ Bai Luo Yin ရှေ့မှာရပ်ရင်း လှုပ်တောင် မလှုပ်ရဲကြဘူး။ တောင့်နေတာလား ကြောက်နေတာလား မသိဘူး။ သူတို့ရဲ့ ခြေထောက်တွေက တုန်ရီနေတယ်။ Bai Luo Yin က သူတို့ နှစ်ယောက် ကို (၁၀)မိနစ်လောက် စိုက်ကြည့်နေတယ်။ ရတ်တရက် အတွေး တစ်ခု ဝင်လာတယ်။
*တကယ်လို့များ လွန်ခဲ့တဲ့(၈)နှစ်တုန်းက ငါ့တပ်အိမ်ထဲ ဒီလို ပိုးဟပ်နှစ်ကောင်တွေ့ရင် ၊ ငါ နဲ့ Gu Hai အခုလို ရူးကြောင်ကြောင် အလုပ်ကို လုပ်နေကြမလား*
သူအများကြီးတွေးပြီးတော့မှ ၊ ဒီကောင်လေးနှစ်ယောက်က အရမ်း ချစ်စရာကောင်းတယ်လို့ ရတ်တရက် ထင်လာမိတယ်။
"ကောင်းပြီ ၊ ပြန်အိပ်ချေတော့!"
ဟိုနှစ်ယောက် ထင်တာက Bai Luo Yin စိတ်ဆိုးပြီး၊ သူတို့ကို ဒုက္ခရောက်အောင် လုပ်တော့မယ်ပေါ့။ ဒါပေမယ့်၊ တုန်တုန်ရီရီနဲ့ အကြာကြီး စောင့်နေပြီးမှ၊ ဆူတာလဲမဟုတ်၊ ဆဲတာလဲမဟုတ်တဲ့ စကားလုံးတွေ ကြားလိုက်ရတော့ ၊ နှစ်ဦးသား မယုံနိုင်ကြဘူး။ ဒီဗိုလ်မှူး က စည်းကမ်းတင်းကြပ်တယ်ဆိုပြီး နာမည်ကြီးနေတာမလား။
*ဒါ ငါတို့ ဗိုလ်မှူးမှ ဟုတ်ရဲ့လား? သူဒီနေ့မှ ဘာလို့ သဘောတွေ ကောင်းနေတာလဲ?*
"မင်းတို့တွေ ရပ်နေကြတုန်းပဲလား? မသွားကြသေးဘူးလား? မင်းတို့ ဗိုလ်မှူးဆဲတာကို စောင့်နေကြတာလား?"
ဒီစကားတွေကြားတော့မှ နှစ်ယောက်စလုံး မြန်မြန်လစ်သွားကြ တယ်။
Bai Luo Yin က သွက်သွက်လက်လက်နဲ့ တပ်အိမ်ကို ပြန်လာတယ်။ ပြီးတော့ ရေပူနဲ့ရေချိုးတယ်။ ခန္ဓာကိုယ်က ပင်ပန်းနေပြီ မို့လို့၊ ခေါင်းစိုလျက်ကြီးနဲ့အိပ်ယာဝင်လိုက်တယ်။ ခေါင်းလေမှုတ်စက်က အံ့ဆွဲထဲမှာ။ ပထမတော့ သူခေါင်းမှုတ်ဦးမလို့ပဲ၊ ဒါပေမယ့် လေမှုတ်စက် နဲ့ကဝေးနေပြီး ယူရမှာလဲပျင်းလို့ ဒီအတိုင်း ထားလိုက် တယ်။
သူ့ဖုန်းကို ကောက်ကိုင်ပြီး Gu Hai ဆီ ဖုန်းခေါ်တယ်။ Gu Hai ကလည်းအခုမှအိပ်ယာပေါ်လှဲလိုက်ပြီး Bai Luo Yin ဆီ ဖုန်းခေါ်မလို့ လုပ်တုန်း Bai Luo Yin က အရင် ဖုန်းဆက်လာ တယ်။
"ဟေ့" Bai Luo Yin က လေးလေးတွဲတွဲ ပြောတယ်။
Bai Luo Yin အသံကြားတာနဲ့၊ Gu Hai ရင်ထဲနွေးသွားတယ်။
"ဒီနေ့ ဘာလို့မလာတာလဲ?" Bai Luo Yin ကမေးတယ်။
Gu Hai က နုနုညံ့ညံ့လေးဖြေတယ်။ "overtine ဆင်းရင်း နောက်ကျသွားလို့။ ကိုယ် အိမ်မှာထုပ်ပိုးနေရသေးတယ်။ တပတ် လောက်အလုပ်နဲ့ ခရီးသွားစရာရှိလို့"
"အဲလောက်အကြာကြီးလား?ဘယ်သွားမှာလဲ?"
Gu Hai မှင်သေသေပြန် ပြောတယ်။ "Shenzhenကို"
Bai Luo Yin က အိပ်ယာကြီးပေါ်မှာ သက်တောင့်သက်သာ လှဲလှောင်းနေပေမယ့် သူ့ရင်ထဲမှာတော့ လုံးဝသက်တောင့်သက်သာ မရှိဘူး။
"ဒါဆို ၊ ကို မနက်ဖြန်လာဦးမှာလား?"
"ဒါပေါ့! " Gu Hai က နုညံ့စွာပြောတယ်။ "ကိုယ်မသွားခင် ဒီတပတ်ရဲ့ နောက်ဆုံးထမင်းဘူးကို ချစ်အတွက် လာပို့မယ်လေ"
Bai Luo Yin က ဝမ်းနည်းတဲ့အသံနဲ့" ကို ,ငါ့အတွက် နေ့လည်စာ ချက်မနေနဲ့တော့။ ကို စောစောလာတော့၊ အချိန်များများတူတူရှိ နေရ တာပေါ့!"
"ha ha----ကိုယ်နဲ့မခွဲချင်ဘူးမလား?"
Bai Luo Yin တောက်တီးလိုက်တယ်။"ဒါဆိုလည်း နက်ဖြန်လာ မနေနဲ့ တော့!"
Gu Hai ကနောက်နောက်ပြောင်ပြောင် ပြန်ပြောတယ်။
"ကိုယ် မလာရင် ချစ်က ကိုယ့်အင်္ကျီလေးဖက်ပြီးငိုနေရင်၊ ဘယ်လို လုပ်မလဲ?"
Bai Luo Yin က ဆက်တိုက်ဆိုသလို "သေလိုက်" ဆိုတာ (၆)ခါလောက် ဆက်ပြောလိုက်တယ်။ Gu Haiက Bai Luo Yin ရဲ့ မျက်နှာလေးကိုစဉ်းစားလိုက်တော့ ၊သူ့ရင်ထဲ လွမ်းလာတယ်။
"Yin Zi , video mode ဖွင့်လိုက်။ ကိုယ် ချစ်ကိုတွေ့ချင်လို့။"
Bai Luo Yin က သူ့ရဲ့ရေစိုနေတဲ့ဆံပင်ကို တဖက်ကိုသပ်လိုက် တယ်။
"အဲ့ဒါ.... ငါ မီးပိတ်ပြီးသွားပြီ"
"ပြန်ဖွင့်လိုက်ပေါ့"
Bai Luo Yin ကချောင်းဟန့်လိုက်ပြီး" ငါအင်္ကျီလည်းချွတ်ပြီး နေပြီ။ အိပ်ယာကနေမထချင်တော့ဘူး"
"ချစ်မေ့နေပြီလား။ ကိုယ် ချစ်ရဲ့မီးအိမ်ကို အိပ်ယာဘေးတင် မီးအိမ်နဲ့ လဲပေးထားတယ်လေ။ လက်လေးလှမ်းလိုက်ရုံပဲကို။ ဖွင့်လိုက် စမ်းပါ။"
Gu Hai အသံကညင်သာပါတယ်၊ ဒါပေမယ့်ပတ်ဝန်းကျင်က အေးစက်ပြီး ဖိနှိပ်နေတယ်လို့ပဲ Bai Luo Yin ခံစားရတယ်။
*ငါ ဘယ်တုန်းကဒီပုံဖြစ်သွားတာလဲ? ငါကဂုဏ်သိက္ခာရှိတဲ့ အရာရှိ ပါ။ ငါသူ့စကားဘာနားထောင်စရာလိုလဲ? * Bai Luo Yin အော်ပစ် လိုက်ချင်တယ်။
* " ငါ့ဆံပင် ငါ လေမမှုတ်လဲဘာဖြစ်လဲ၊သူ့အပူလား?"** သူ့ သိက္ခာတွေမြောင်းထဲရောက်ကုန်တာတွေးလိုက်ရင် ၊ သူက " f**k " ဆိုတဲ့ စကားကိုအော်ပစ်လိုက်ချင်ပေမယ့် ၊မလုပ်မိဖို့ တော်တော်ထိန်း လိုက်ရတယ်။ ကံကောင်းတာက သူ့စိတ်ထဲက မကျေနပ်ချက်တွေကို ထုတ်ဖော်နေတာကို Gu Hai မကြားလို့။
"ချစ် ဘာတွေကြောက်နေတာလဲ? ကိုယ်က ချစ်မျက်နှာလေး ကြည့်ရုံတင်ပါ။ ချစ်အောက်ကိုလည်းမပြခိုင်းပါဘူး"
Bai Luo Yin သွားကျိတ်ပြီးနောက် သူတစ်ခုခုကို ချက်ချင်း သတိရ သွားတာနဲ့ အလိမ္မာသုံးပြီးစကားလမ်းကြောင်းကို ပြောင်းလိုက်တ ယ်။
"စကားမစပ်၊ ဒီနေ့စစ်ဆေးရေးလုပ်နေတုန်း၊ငါ အရမ်း ရယ်စရာ ကောင်းတာတွေ့ခဲ့တယ်"
သူက Gu Hai ကိုပိုးဟပ်နှစ်ကောင် မိတ်လိုက်နေတဲ့ အကြောင်း ကို အသေးစိတ်ပြောပြနေတယ်။ Gu Hai ကအရမ်း စိတ်ဝင်စားနေလို့ ဂရုတစိုက်နားထောင်နေပြီးမှ မြူးထူးရင်းမေး လိုက်တယ်။
"ဒါဆိုသူတို့ကဘယ်လိုနောက်ခံစကားပြောကြတာလဲ? ပိုးဟပ်နှစ်ကောင် လုပ်နေကြတာကို ကိုယ့်ကိုပြောပြ"
"ဟာ သူတို့ကအထင်နဲ့ပြောနေကြတာကို!"
"သူတို့ဘယ်လိုလုပ်ကြလဲဆိုတာပြောပြလို့၊ ဒါဆို video ဖွင့်ဖို့ ဇွတ်မပြောတော့ဘူး" Gu Hai က Bai Luo Yin ကိုသွေးဆောင်တယ်။
အဆုံးမှာတော့ Bai Luo Yin လည်း ဒီတစ်ယောက်သော သူရဲ့ဖြားယောင်းမှုကို မလွန်ဆန်နိုင်တာကြောင့် လိင်ဆက်ဆံပုံ ကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ခေါင်းဆောင် တစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုပြဖို့ စောင်ကို ခေါင်းမြှီးခြုံ လိုက်တော့တယ်။
Gu Hai ကဖုန်းကို စိတ်လှုပ်ရှားစွာနဲ့ကိုင်ထားရင်း ၊နှစ်ဦးသား phone sex လုပ်နေကြတယ်။ ရုတ်တရက်ကြီး Bai Luo Yin အရေးပေါ် ခေါင်းလောင်းသံကြားရတယ်။
"သေစမ်း! ငါလေ့ကျင့်ရေးအတွက်လူစုကွင်းသွားရမယ်"
Bai Luo Yin အိပ်ယာကမြန်မြန်ထသွားပြီး ၊ဘောင်းဘီဝတ် ၊ zip တပ်ပြီး အလျင်အမြန်ပဲပြေးထွက်သွားတယ်။End of Chapter 30