Chapter- 48 --ဘယ်သူက ဇွတ်ကြီးသခင်လဲ
Gu Yang ကို မေးမြန်းစစ်ဆေးရေးအခန်းထဲမှာ တနေ့လုံး ပိတ်ထားတယ်။ ဒီအတောအတွင်းဆရာဝန်နှစ်ယောက်လာပြီး သူ့ဒဏ်ရာကိုစစ်ဆေးပေးတယ်။ သူတို့က ဘာမှမပြောဘဲ ပြန်ထွက်သွားကြတယ်။ ထမင်း(၃)နပ်ကို သီးသန့်လာပို့ပေးပေမယ့် သူ ထိတောင်မထိဘူး။ သူက ခွေးခြေခုံပေါ်မှာ ကြောက်စရာကောင်းလောက်တဲ့ မျက်နှာထားနဲ့ ထိုင်နေပြီး ၊ သူ့ ဦးနှောက်က အပူတပြင်းလှုပ်ရှားနေတယ်။ ကံဆိုးချင်တော့ သူဘယ်လောက်ပဲ ကြိုးကြိုးစားစားစဉ်းစားလည်း..ဒီဗိုလ်မှူးချုပ်က သူ့ကို ဘာလို့ဒီကိုခေါ်ထားရသလဲဆိုတာကို နားမလည်နိုင်သေးဘူး။
** ငါသု့ကို ကားနဲ့တိုက်လိုက်လို့များလား?**
ဒါပေမယ့် ဒါကတော့လက်မခံနိုင်စရာဘဲ။ ဒီလိုမျိုး ဦးနှောက်မရှိတဲ့ ဗိုလ်မှူးချုပ်ကရှိသေးတယ်။တစ်ယောက်ယောက်နဲ့ အချင်းများတဲ့အခါ၊ လက်လွတ်စပယ် သူ့ကိုပြန်ပေးမဆွဲခင် သူ့ရဲ့ဂုဏ်ထူးဝိသေသတွေကိုတောင် မစုံစမ်းခဲ့ဘူး။ အကယ်လို့ ဒင်းပြောခဲ့သလို၊ သူတို့နှစ်ယောက် အရင်ကတွေ့ခဲ့ဖူးတယ်ဆိုရင်၊Gu Yang ရဲ့အဆင့်အတန်း..ရာထူးနဲ့.. "Gu"မိသားစုရဲ့ နောက်ခံကို သိနေတာတောင်၊ ဒီ ဗိုလ်မှူးချုပ်ဆိုတဲ့အကောင်က သူ့ကိုလာဆွရဲသလား?
** ဒင်းသေချင်နေပြီ ထင်တယ်!**
Gu Yang ကဒီအကြောင်းတွေကို အပြန်ပြန် အလှန်လှန်စဉ်းစားနေတုန်း ၊စစ်ဆေးရေး အခန်းတံခါးကပွင့်လာတယ်။လူကောင်ထွားထွား သဏ္ဌန်တစ်ခုက သူ့မြင်ကွင်းထဲ ခုန်ဝင်လာတယ်။
Zhou Ling Yun က တမူထူးတဲ့ တက်ကြွမှု့နဲ့ ကိုယ်တိုင်ဝင်လာတယ်။သူ့ရဲ့ ထူထဲတဲ့မျက်ခုံးတွေရှိတဲ့ မျက်လုံးဟာ လွှမ်းမိုးကြီးစိုးတဲ့ အရိပ်တို့နဲ့ အရောင်ထွက်နေတယ်။
"မင်းကိုစောင့်ခိုင်းထားရလို့ sorry ကွာ" Zhou Ling Yun ပြောတယ်။ Gu Yang မျက်နှာ မှောင်မဲသွားတယ်။ "ခင်ဗျား ဘာလိုချင်လို့လဲ?" Zhou Ling Yun က တဲ့တိုးကြီး ပြောချလိုက်တယ်။
"ငါ, မင်းကို စွဲလမ်းနေတာ!"
Gu Yang.. မြေကြီးပေါ် ခွေကျသွားတော့မလို ဖြစ်သွားတယ်။