CHAPTER 21: စေလိုရာစေနှစ်ယောက်စလုံး နွံတောထဲမှာပိတ်မိနေတာ (၃)ရက်ရှိနေပြီ။ ဒီ အတောအတွင်း၊ ရဟတ်ယာဉ်(၂)စီး ပျံဝဲလာပေမယ့် မြူတွေ ထူထပ်နေ တာကြောင့် သူတို့နေရာကိုမတွေ့ဘူး။ အဆုံးတော့၊ ကျောပိုးအိတ် ထဲက မုန့်တွေလည်း ကုန်နေပြီ။ Bai Luo Yin က ဒီနေရာကနေထွက်ဖို့ ချက်ချင်းကြီးဆုံးဖြတ်ချက်ချတယ်။ အန္တရာယ်များတယ်ဆိုတောင်၊ သေမှာထိုင်စောင့် နေရတာထက်တော့ ပိုကောင်းတယ်။
ပထမဆုံး နွံတောအကြီးကြီးကို ဖြတ်ဖို့ကြိုးစားတဲ့အခါ၊ သူတို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပေမယ့်၊ သူတို့က နှစ်ယောက်မို့ တစ် ယောက်ကိုတစ်ယောက် ဖေးမရင်းနဲ့ အတားအဆီးတွေကို တစ် လျှောက်လုံး ကျော်ဖြတ်ခဲ့ကြတယ်။ အန္တရာယ်တွေများတဲ့ နေရာတွေ အများကြီးကို ဖြတ်ပြီးတဲ့နောက်တော့၊ သူတို့ရှေ့က လမ်းတွေက ပိုကောင်းလာတယ်။ သူတို့က ရှေ့ကိုဖြေးဖြေးချင်း သွားနေတယ်ဆို ပေမယ့် အားလုံးက ချောချောမွေ့မွေ့နဲ့ ဘာအန္တရာယ်မှလည်း မဖြစ် ဘူး။
ဒီလိုနဲ့ပဲ၊ သူတို့ဟာ တစ်ဦးနဲ့တစ်ဦးတွဲရင်း တစ်လှမ်းပြီး တစ်လှမ်း လှမ်းရင်း၊ Gu Hai လာခဲ့တဲ့နေရာထိရောက်သွားကြ တယ်။
ဒီ(၃) ရက်အတွင်းမှ၊ Gu Hai ကားထိုးခဲ့ရတဲ့နေရာကို ရောက် တယ်။ ကားတာယာ ညှပ်သွားတဲ့ တွင်းရာကရှိပေမယ့်၊ ကား က မရှိတော့ဘူး။
Gu Hai က အံကြိတ်တယ်။ သူထင်တာက သူတို့ဒုက္ခတွေ အဆုံး သတ်ပြီပေါ့။ ဒါပေမယ့် ဒီလိုဆို သူတို့ နောက်(၂) ရက်လောက် ခရီးဆက်ရဦးမယ်။
စားစရာလည်းဘာမှမရှိဘူး။ သူတို့ဟာ ဒီ(၂)ရက်လုံး ရေနဲ့ အသက် ဆက်နေရတာ။ ကံကောင်းရင်တော့၊ အမဲလိုက်နိုင်ပေမယ့်၊ အဲ့ဒီမှာ ထင်းခြောက်မရှိလို့ အစိမ်းပဲစားနိုင်တော့မယ်။ ဒါကလွဲရင် မြက်နဲ့ သစ်ခေါက် တွေပဲ ရှိတယ်။
"ခဏလေး ဗိုက်နာလို့" Bai Luo Yin က မအီမသာ ပြောတယ်။ ပြီးတော့ သူက တစ်ဖက်လှည့်ပြီး ဝိတ်လျော့ဖို့ နေရာရှာတယ်။ ဒါပေမယ့် Gu Hai က တားတယ်။
"မင်းဒီနေရာမှာ တင်ပါလိုက်တော့။နွံအိုင်တွေက နေရာတိုင်းမှာပဲ။ မင်း အဝေးကြီးသွားလို့ မတော်တဆဖြစ်ရင် ဘယ့်နှယ့်လုပ်မလဲ? အဲ့လိုဆို၊ ငါလည်း အချိန်မှီ ကယ်နိုင်မှာ မဟုတ်လောက် ဘူး။"
"မင်းမျက်စိရှေ့မှာ အီးပါရမှာထက်စာရင် နွံအိုင်ထဲကျသွားတာ မှ ပို ကောင်းအုံးမယ်"
Gu Hai ရယ်ရင်း "ထိန်းချုပ်မှုတွေကလည်း များချက်! "
Bai Luo Yin က ဖုန်တောထဲဝင်သွားတယ်။
Gu Hai ရပ်စောင့်နေတယ်။ 5 မိနစ်လောက်လည်းစောင့်ပြီးရော၊ Bai Luo Yin ရဲ့ကြောက်အားလန့်အားအော်ခေါ်သံကြီး ကြား တယ်။
" * သွားပြီကွာ"* Gu Hai မြည်တွန်တယ်။
Gu Hai က အသံရှိရာကို ပြေးသွားတယ်။ လမ်း တစ်လျှောက်၊ သတိမထားမိလို့ ရွှံထဲနင်းမိတာ(၂) ခါ။ Bi Lou Yin ရှိရာဘက်ကို ပြေးရင်းနဲ့ သူအော်ပြောတယ်။
" မရုန်းနဲ့၊ လှဲချလိုက်၊ ကိုယ်ကို သဲပျော့ပျော့နဲ့ ကပ်အောင်လုပ်! "
သူ Bai Luo Yin နေရာရောက်တော့ Bai Luo Yin က စိတ်ပျက်နေတဲ့ မျက်နှာနဲ့ မြေပြင်ပေါ်အကောင်းအတိုင်း ထ်ုင်နေတာကို မမျှော်လင့်ပဲ သွားတွေ့တယ်။
" ဘာဖြစ်တာလဲ? " Gu Hai ကနဖူးပေါ်က ချွေးတွေသုတ်ရင်း ပြော တယ်။
Bai Luo Yin ကစိတ်ပျက်လက်ပျက် ပြန်ပြောတယ် " ဝမ်းချုပ် နေလို့"
Gu Hai အကျယ်ကြီးရယ်တယ်။ သူဘာပြောရမလဲ မသိတော့ ဘူး။ ဝမ်းချုပ်တာကို ဒီလို အသံပြဲကြီးနဲ့ အော်ရသလား?
"လွန်ခဲ့တဲ့(၃) ရက်က ငါတို့ မြက်တွေ၊ သစ်ခေါက်တွေပဲ စားခဲ့ရတာဥစ္စာ၊ မင်းဝမ်းမချုပ်ဘူဆိုမှ ထူးဆန်းနေမှာ။ " သူက Bai Luo Yin ဘေးကို ဒူးထောက်ချလိုက်ပြီး အမိန့်ပေးတယ်။ " မင်းလက်တွေ ဘေးဖယ်! "
Bai Luo Yin က မျက်ခွံတွေကို ပျင်းတိပျင်းရွဲ့ ပင့်ရင်း မေးတယ်။ " ဘာလဲ?"
ရှင်းပြမနေတော့ဘဲ ၊ Gu Hai က Bai Luo Yin ဗိုက်ပေါ်က လက်တွေကို ဖယ်လိုက်ပြီး၊ သူ့လက်ကို တင်လိုက်တယ်။ သူကဗိုက်ကို လက်နဲ့ ခပ်ပြင်းပြင်းစပွတ်တော့တယ်။ ပွတ်နေရင်း ပါးစပ်ကလည်း အငြိမ်မနေ ဘူး။ ပြောလိုက်သေးတယ်" ငါဖြင့် မင်းတပ်သားတွေကို အခု မင်းတို့ ဗိုလ်မှူးဖြစ်ပုံလေးကို လာကြည့်ကြဦးလို့ ခေါ်ပြလိုက်ချင်တယ်!"
Bai Luo Yin က မျက်မှောင်ကျုံ့ထားပြီး၊နောက်ဆုံး Gu Hai ကို တစ်ချက်တွန်းလိုက်တယ်။ " ရပြီ၊ ပါလို့ရပြီ။ မြန်မြန်!။သွား တော့!"
ဒါကြောင့် အသုံးမလိုတော့တဲ့လူလည်း ချက်ချင်းထွက်သွားတော့ တယ်။
Gu Hai ဟာမြေပြန့်ပြန့်ပေါ် ရပ်ရင်း Bai Luo Yin ကိုစောင့်နေ တယ်။ ရုတ်တရက် ကောင်းကင်ပေါ်က အသံကြီး ကြားရတယ်။ သူမော့ကြည့်တော့ ရဟတ်ယာဉ်တစ်စီး။ နောက်ဆုံးတော့ လေသရဲက သူတို့ကို ရှာတွေ့ပြီ။ ဒီတစ်ခါတော့၊ သူတို့ခေါင်းပေါ် ကနေ ဖြတ်ရုံဖြတ် သွားတာမဟုတ်ဘဲ၊ ၁၀ မီတာ အကွာလောက်မှာ မြေပေါ် ဆင်းသက် လိုက်တယ်။
ရဟတ်ယာဉ်ပေါ်ကနေ Gu Yang ထွက်လာပြီး၊ Gu Hai ဆီ လျှောက် လာတယ်။
"ငါတို့ ဒီမှာဆိုတာ မင်းဘယ်လိုသိလဲ?"
Gu Yang ရဲ့ပုံက တည်တည်ငြိမ်ငြိမ်ပဲ။ " မင်း ဒုက္ခရောက်နေပြီဆိုတာနဲ့ လာရှာလိုက်တာ"
Bai Luo Yin ကပေါ့ပါးတဲ့ အသွင်နဲ့ပြန်လာတယ်။ သူနဲ့သိပ်မကွာတဲ့ နေရာမှာ လူသဏ္ဍန်(၂) ခု ရပ်နေကြတာတွေ့တယ်။ သူ့ရင်ထဲ ဝမ်းသာ သွားတယ်။ ဒါပေမယ့် အပျော် တောင်မဆုံးသေးခင်၊ သူက ရွံရှာစရာ ကောင်းတဲ့ လူကိုလည်း မြင်လိုက်ရော သူ့မျက်နှာက အပြုံးကို ပြန်ထိန်း လိုက် တယ်။
Gu Yang က Bai Luo Yin ကိုမြင်တော့၊ သူ လန့်သွား တယ်။
Bai Luo Yin က သူတို့ရှေ့ကလျှောက်သွားပြီး၊ ချက်ချင်း ပြော လိုက်တယ်။
" သွားစို့" သူက ရဟတ်ယာဉ်ပေါ်ကို ခြေလှမ်းကျဲကြီးနဲ့ တက်လိုက် တယ်။
Gu Yang က ဘာကြောင့် Bai Luo Yin က အရေးမစိုက် တဲ့ပုံနဲ့ သူ့ရှေ့ကို တည်တည်ငြိမ်ငြိမ် လမ်းလျှောက်လာသလဲဆို တာ မသိဘူး။ သူ့ရင်ထဲမှာ ရှုံးသွားသလို ခံစားရတယ်။ Bai Luo Yin က ရဟတ် ယာဉ်ပေါ် တက်လိုက်ပြီး လေသူရဲကို မေးလိုက် တယ်။
" မင်းမောင်းတာ ဘယ်လောက်ကြာပြီလဲ?"
" တစ်ညလုံးနီးပါးပဲ ခင်ဗျ " ပြောရင်း လေသူရဲ က သမ်းတယ်။ Bai Luo Yin ကသူ့ကို ပုတ်လိုက်ပြီး " ok , ငါမောင်းလိုက်မယ် "
သူက လေယာဉ်ပေါ် ခုံပြောင်းထိုင်လိုက်တယ်။ ဟိုညီအစ်ကို နှစ်ယောက်က နောက်ထိုင်ခုံမှာထိုင်တယ်။ လေယာဉ်မောင်းနေစဉ် အားလုံး တိတ်ဆိတ်နေကြတယ်။ Bai Luo Yin က ရုတ်တစ်ရက် Gu Yang ဘက်လှည့်ပြီး မေးလိုက်တယ်။ " စီးကရက်ပါလား? "
Gu Yang က စီးကရက် တစ်လိပ်ထုပ်ပြီး Bai Luo Yin ဆီမြန်မြန် ကမ်းပေးတယ်။ ပြီးတော့ သူက နောက်တစ်လိပ်ထုတ်ပြီး၊ သူ့ ပါးစပ်မှာ တပ်လိုက်တယ်။
" pa ". ( မီးခြစ်ခြစ်သံ)
Bai Luo Yin က Gu Yang ဘက်ကို ခေါင်းလှည့်လိုက်ပြီး သူ့ခါးကို ကိုင်လိုက်တယ်။ နောက် မီးခြစ်ကိုင်ထားတဲ့ Gu Yang ရဲ့ လက်ကို သူ့ ပါးစပ်နားဆီ ဆွဲပြီး " မီးခြစ်လေးခဏလောက် " Bai Luo Yin ရဲ့ စီးကရက်တန်းလန်းနဲ့ နှုတ်ခမ်းမှာ၊ အပြုံးမမယ် တဲ့ အပြုံးတစ်ခု ပေါ်နေ တယ်။
ဒီလို မျှော်လင့်မထားတဲ့ အပြုံးက Gu Yang ရဲ့ရင်ကို အနည်းငယ် တုန်ခါသွားစေတယ်။ သူ ရင်တုန်တာ မပြီးခင် Bai Luo Yin ကပြန်လှည့် သွားပြီ။ မီးခိုးတွေနဲ့ ယာဉ်ခေါင်းက ပြည့် သွားတယ်။
Bai Luo Yin က တပ်ထဲကို မပျံဘဲ၊ shopping mall တစ်ခုမှာ ရပ်လိုက်တယ်။ ဘေးက လေသူရဲက စိတ်ပူတဲ့အကြည့်နဲ့ "ဘာလို့လဲ ဆရာ ? ယာဉ်မှာ ဘာပြသာနာရှိလို့လဲ? "
"မရှိဘူး" Bai Luo Yin ကပေါ့ပေါ့လေးပြောလိုက်တယ်။ " ငါ ဒီမှာပဲ ဆင်းတော့မှာ။ ငါခွင့်ယူထားတယ်။ ဘာကြောင့် တပ်ကိုပြန် ပြီး သတင်း ပို့ နေရဦးမလဲ?"
Gu Yang က Gu Hai ကို ကြည့်လိုက်တော့ ၊ Gu Hai က ချက်ချင်း ပြန်ပြောတယ်။
" ငါ့လာကြည့်မနေနဲ။့ ငါကစစ်သားမဟုတ်ဘူး "
Gu Yang က သူ့မျက်စိအောက်မှာတင် မြန်မြန်ထွက်သွားကြတဲ့ ကောင်လေးနှစ်ယောက်ကို မကျေမနပ်ကြည့်ရင်း သူလည်း မပြောမဆိုနဲ့ ရဟတ်ယာဉ်ပေါ်က ဆင်းသွားတယ်။
လေသူရဲက တုန်လှုပ်သွားတယ်။
* " ငါက ဘာလို့ သွားတာလဲ? ငါ့ကို လူရှာဖို့တာဝန်ပေးထားတာ မဟုတ်လား? သူတို့ကရော ဘယ်မှာလဲ? " **ရဟတ်ယာဉ် အလွတ်ကို ပြန်ကြည့်ရင်း သူ့လက်တွေကို ရုတ်တရက်ကြီး သူ့ရင်ဘတ်ပေါ် ဖိလိုက်တယ်။ အစပိုင်းကတော့ သူက ပျောက်နေတဲ့ လူတွေကို ရှာခေါ်လာခဲ့လို့ ကျိတ်ပျော်နေတယ်။ သူ ဆုလေးဘာလေး ရနိုင် လောက်တယ်ပေါ့။ ခုတော့ ရှာတဲ့နှစ်ယောက် မပါလာတဲ့အပြင် သူနဲ့ လိုက်သွားတဲ့ တစ်ယောက်တောင် လျော့ သွားသေးတယ်။
လူနှစ်ယောက်က လမ်းတစ်ဝက်လောက်ထိ ဘေးတိုက်ယှဉ်လျှောက် နေကြတယ်။ Bai Luo Yin ကတစ်ခုခု မှားနေတယ် ထင်လို့ Gu Hai ကိုမေးလိုက်တယ်။
" မင်းက ဘာကိစ္စ ငါ့နောက်လိုက်နေရတာတုန်း? "
Gu Hai ကအေးစက်စက် ပြန်ပြောတယ်။ " မင်းနောက် ဘယ်သူက လိုက်နေလို့လဲ ? ငါ့လမ်း ငါသွားနေတာ! "
" အော်....." Bai Luo Yin မေးဖြစ်အောင် မေးလိုက် သေးတယ်။ " မင်းက ဘယ်သွားနေတာလဲ? "
"မင်းတို့ အိမ်ကိုလေ "
Bai Luo Yin, "-----"
Gu Hai ရှင်းပြတယ်။ " မင်းတို့ရဲ့ အိမ်အသစ်ကို သွားနေတာ မဟုတ်ဘူး။ အိမ်အဟောင်းကို "
Bai Luo Yin ရဲ့ပုံစံ ပြောင်းသွားတယ်။ " အိမ်ဟောင်းမှာ ဘယ်သူမှ, မှ မရှိတာ၊ ဘာကြောင့်သွားမှာလဲ? "
" ငါလည်း မသိဘူး။ ဒီအတိုင်း သွားကြည့်ချင်လို့ "
ရှေ့နားလေးရောက်ရင် ဘယ်သွားရမလဲလို့ ဆုံးဖြတ်ရတော့ မယ်။ Bai Luo Yin တွေဝေနေခဲ့လည်း Gu Hai ကိုပြောလိုက် တယ်။ " ထား လိုက်တော့ ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်"
"မင်း အိမ်ကိုပြန်ပြီး မင်းအန္တရယ်ကင်းကြောင်း အရင်အသိပေးစရာ မလိုဘူးလား? "
Bai Luo Yin ကပြောတယ်။ " ငါဒီလိုတွေ ဖြစ်တာ အဖေ မသိဘူး။ ငါ mission ကြီးကြီးတွေလုပ်တိုင်း၊ တပ်က ငါ့မိသားစုကို အသိမပေးဘူး။ ငါပျောက်သွားခဲ့တောင်၊ လဝက်လောက် စောင့်ပြီးမှ မိသားစုကို အသိ ပေး မှာ"
Gu Hai ကဒီအကြောင်းတွေကို ကောင်းကောင်းကြီး သိပြီးသား ဖြစ်ပေမယ်လို့ ၊ သူထင်တာက Bai Han Qi ကတစ်ခုခု ဖြစ်နေ ပြီလို့ ကြိုတွေး နေမိမယ်ဆိုတာ။
နှစ်ဦးလုံးက Bai Luo Yin တို့အိမ်အဟောင်းကို အတူတူ ပြန်ကြတယ်။ ခြံထဲက တည်သီးပင်ကို ခုတ်လိုက်ပြီ။ ကြမ်းပြင်မှာ လည်း မြက်ခြောက်တွေ။ ခလန့်ထိုးထားတဲ့ ပြတင်းတံခါးတွေ၊ သံချေးတက်နေ တဲ့ ဂျက်တံခါးတွေ၊ကွာနေတဲ့ ကြွေပြားတွေကို ကြည့်ရင်း Gu Hai ရင်ထဲ ရှင်းပြလို့ မရတဲ့ဝမ်းနည်းတဲ့ ခံစားချက် ဖြစ်မိတယ်။ ဒီနေ့ကျမှ၊ သူပြန်မှတ်မိနေတာက သူပထမဆုံး ဒီနေရာကိုလာတုန်းက၊ Bai Luo Yin နဲ့ သူ့အဖေ, အောက်ခံ ဘောင်းဘီတစ်ထည် အတွက် စကားများ နေကြတဲ့ မြင်ကွင်း။
Gu Hai ကBai Luo Yin ရဲ့ အခန်းကို ဖွင့်လိုက်တယ် ။ အထဲက အရာအားလုံး ရင်းနှီးပြီးသားတွေ။ မြေကြီးပေါ်မှာရှိတဲ့ အပေါက်ကို တောင် မှတ်မိနေသေးတယ်။ ပြီးတော့ သူတီထွင် ထားတဲ့ နှစ်ယောက် အိပ်ကုတင် ၊ သူ့ခြေထောက်ပေါ် ပြုတ်ကျတဲ့ နာရီကြီး......
Bai Luo Yin ကအဘိုးနဲ့ အဘွားရဲ့ အခန်းကို ဖွင့်တယ်။ ပဲကြီး လှော် ပန်းကန်ကစားပွဲပေါ်မှာ၊ ကြံချောင်းက ထောင့်မှာ အိပ်ယာပေါ်မှာ က ထန်းရွက် ယပ်တောင်တစ်ခု......
ငါတို့ အဖိုးနဲ့ အဘွားတို့ရဲ့ အုတ်ဂူ ဆီသွားရအောင် " Gu Hai က ပြောတယ်။
Bai Luo Yin ကလှည့်ကြည့်ရင်း ၊ သူ့မျက်နှာပေါ်က ဝမ်းနည်းမှုက နည်းနည်းလျော့သွားပြီ။" ငါတို့လို့ မပြောနဲ့ ၊ ဘယ်သူက မင်းနဲ့ အမျိုး တော်လို့လဲ? သူတို့က ငါ့အဘိုးနဲ့ ငါ့အဘွား။ သူတို့ အုတ်ဂူ ကို သွားစရာ လိုလဲ ငါပဲသွားမယ်"
Gu Hai က နှုတ်ခမ်းတွေကို ကော့ပျံသွားအောင် ပြုံးလိုက်တယ်။
"ငါက(၁) နှစ်လောက် အဘွားရဲ့ စကားပြန် လုပ်ပေးခဲ့ရသေး တယ်! Bai Luo Yin က Gu Hai ကို တစ်ချက်ကြည့်တယ်။ နောက် သူက Gu Hai ရှေ့က ဖြတ်သွားတော့ သူ့နှုတ်ခမ်းက ပြုံးတုံ့တုံ့နဲ့။ အတိတ်က ဖြစ်ရပ်တွေကို သတိရသွားတဲ့ပုံပဲ။
သူတို့နှစ်ယောက် တံခါးဆီလျှောက်လာတော့ Bai Luo Yin ကတုံ့ကနဲ ရပ်လိုက်တယ်။ Gu Hai လည်း ရပ်လိုက်တယ်။ တည်သီးပင် က ရှိနေသေးတယ်ဆိုတာ သူနားလည်လိုက်တယ်။ " ဒီအပင် အခုတ်မခံ ရဘူးပေါ့? " Gu Hai ကမေးလိုက်တယ်။ Bai Luo Yin ကတွေတွေလေး ဖြေတယ်။ " A- Long (ခွေး) နဲ့အဖော် ရအောင်လို့! " Gu Hai ကမေး တယ် " သူဘယ်တုန်းက သေသွား တာလဲ? ဘယ်လိုသေသွားတာလဲ? "
" လွန်ခဲ့တဲ့(၃) နှစ်က အသက်ကြီးလို့ သေသွားတာ။ ငါအိမ် ပြန်လာ တော့ သူ့ကို မြှုပ်တောင် ပြီးပြီ။ " Bai Luo Yin ရဲ့အသံက ရင်နာနေတဲ့ လေသံပေါက်နေတယ်။
Gu Hai က သက်တောင့်သက်သာ ပြန်ပြောတယ်။ " ဒီနှစ် တွေမှာ အဲ့ဒီခွေး မင်းကိုနမ်းတဲ့အကြိမ်က ငါ မင်းကို နမ်းတာ ထက်ပိုများတယ်။ သက်တမ်းစေ့ နေရပါတယ်ကွာ"
Bai Luo Yin က အေးစက်စက်နဲ့ အပြင်ထွက်သွားတယ်။
သချိုင်းရောက်တော့ Bai Luo Yin ကတည်တည်ကြီး ကြည့် နေ တယ်။ Gu Hai ကို ကြားစေချင်လို့ လား သူဖာသာသူ ပြောနေမိတာ လား တော့ သူကိုယ်တိုင်တောင် မသိရှာဘူး။
" အဘိုးနဲ့အဘွား ဆုံးတော့၊ ငါမြင်တောင် မမြင်လိုက်ရဘူး"
Gu Hai က ခပ်ထွေထွေ ဝင်ပြောတယ် " တကယ်တော့ အဲ့ဒါက ပိုကောင်းတာ။ မင်းမျက်စိရှေ့မှာတင် မင်းမိသားစုဝင် တစ်ယောက် လောက် သေသွားရင် မင်းတစ်သက်မေ့နိုင်မှာ မဟုတ်တော့ဘူး"
Bai Luo Yin ဟာ သူ့အဘိုး နဲ့ အဘွားရဲ့ အုတ်ဂူရှေ့ ရပ်လိုက် တိုင်း သူငိုချင်တယ် ။ ဒီနေ့တော့ Gu Hai ရှိနေလို့လားတော့ မသိဘူး သူ့ရင်ထဲက အထုံးက သိပ်မနာဘူး
သူ့ဘေးကနေ Gu Hai ကပြောတယ် " အဘိုး အဘွား ခင်ဗျာ၊ ကျွန်တော် တောင်းပန်ပါတယ် ။ ကျွန်တော် အဘိုးတို့ရဲ့ မြေးကို အဘိုးတို့ဆီက ဆွဲထုတ်သွားမိပါတယ်။ ကျွန်တော့်ကြောင့်ပဲ အဘိုးတို့ မြေးကို အဘိုးတို့ သိပ်မတွေ့........"
"အဓိပ္ပါယ် မရှိတာတွေကို အဘိုးတို့ရှေ့မှာ လျှောက်ပြောမနေနဲ့ တော့" Bai Luo Yin စိတ်ဆိုးလာပြီ။
" ငါ့ကိုမတားနဲ့ ပြီးအောင် ပြောပါရစေဦး ! " Gu Hai ပြန်လှည့် လိုက်တယ်။
" အဘိုးတို့ စိတ်မအေးနိုင်ရင် ကျွန်တော်ကတိပေးပါတယ် ။ အဘိုးတို့ မြေးလေ ကျွန်တော့်ကို စေလိုရာ စေပါစေတော့။ ကျွန်တော်ဘာမဆို ကျေနပ်ပါတယ်လို့ "End of Chapter 21