CHAPTER 41 - အယုတ်တမာ Zhou ချောင်ရိုက်ခံရခြင်း
Zhou Ling Yun အစည်းအဝေးတက်နေတုန်းအချိန်ပိုင်းအတွင်း သူ့ရဲ့ စစ်လေ့ကျင့်ရေး တာဝန်တွေကို အခြားသူတွေကို ကိုယ်စားလှယ်လွှဲထားခဲ့တယ်။ ဒီအစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်က လက်နက်စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက်ဖြစ်တယ်။ ဒါကြောင့် သူတပ်ထဲပြန်ရောက်ချိန်မှာ သူက ယာယီအားဖြင့် သုတေသနစီမံကိန်းမှာ အာရုံစိုက်ထားရတယ်။ Bai Lou Yin က ဖျား/နာဆောင်ရောက်နေကတည်းက စီမံကိန်းတိုးတက်မှုစစ်ဆေးဖို့.. ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ရေးအလုပ်မှာ Zhou Ling Yun အစားထိုးလုပ်ဆောင်ဖို့ဖြစ်လာတယ်။
ဒီနေ့တော့ Zhou Ling Yun တစ်ယောက် Hai Yin ကုမ္ပဏီကိုလာခဲ့တယ်။
ဧည့်သည်ကို နွေးနွေးထွေးထွေးကြိုဆိုဖို့ Gu Hai ထွက်လာတယ်။ သူက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တယ်။
"ဗိုလ်မှူးချုပ် Zhou လာမယ်ဆိုရင် ကြိုပြီးဖုန်းဆက်လိုက်တာတော့မဟုတ်ဘူးဗျာ။ အဲ့လိုဆို ဆရာ့ကို ကြိုဖို့ကားလွှတ်ပေးလိုက်မှာပေါ့"
Zhou Ling Yun က စိတ်ပါလက်ပါ အသံထွက်ရယ်မောရင်း
"ဗိုလ်ချုပ် Gu ရဲ့ သားကြီးကို ကားမလွှတ်ခိုင်းရဲပါဘူးကွာ!"
နှစ်ပေါင်းများစွာခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေလို နှစ်ယောက်သားစကားပြောရင်း၊ ရယ်မောရင်း ကုမ္ပဏီအ၀င်ပေါက် ၀င်လာကြတယ်။ Gu Hai ဟာ ဒီအတောအတွင်း နက်ရှိုင်းစွာ တောက်လောင်နေတဲ့ ဒေါသကိုဖုံးကွယ်ထားပြီး... နှစ်လိုဖွယ်ကောင်းပြီး သဘောကောင်းတဲ့ စီးပွားရေး သမားတစ်ယောက်လို ဟန်ဆောင်ထားတယ်။ သူ့စကားတွေနဲ့ အပြုအမူတွေဟာ Zhou Ling Yun ကို လေးစားကြောင်းဖော်ပြနေတယ်။
လူနှစ်ဦးဟာ လက်ဖက်ရည်သောက်ပြီး VIP အခန်းထဲမှာ စကားပြောနေကြတယ်။ Zhou Ling Yun က Gu Hai ကို အချိန်နဲ့အမျှအကဲခတ်နေတယ်။ သူ့မျက်လုံးတွေက ကျောက်ရိုင်းတုံးမြင်ရသလို အရောင်လက်နေတယ်။ Gu Hai.. စီမံကိန်းအကြောင်းပြောနေတုန်း Zhou Ling Yun က ရုတ်တရက် ကြီး Gu Hai လက်ကိုကိုင်ပြီး တင်းတင်းဆုပ်ကာ Gu Hai လက်ဖ၀ါးက ပြင်းအားကိုခံစားပြီးနောက်..အ သံ အကျယ်ကြီးထွက်ပြီး ရယ်ပစ်လိုက်တယ်။