CHAPTER – 103 - သတို့သား Gu အတွက် အခက်အခဲများ
လမ်းတစ်လျှောက်လုံး Yan Ya Jing ဟာ သူမစက်ဘီးကို ဘယ်၊ညာ အဆက်မပြတ် ယိုင်ထိုးနေတယ်။ သူမ,Tong Zhe နဲ့ ၀င်တိုက်မိမလို ဖြစ်တာလည်း ခဏခဏ။ ကံကောင်းတာက အရှေ့နဲ့ အနောက် အကွာအဝေးလေးခြားနေကြလို့။ မဟုတ်ရင်တော့ ဒိုမီနိုသီအိုရီအရ ခေါင်က,စလဲရင် နောက်,တစ်သီတစ်တန်းကြီး ထပ်လဲကြတော့မှာပဲ။ ဒီကောင်မလေးက သူမဘ၀မှာ စက်ဘီးမကိုင်ခဲ့ဖူးဘူး။ ငယ်ငယ်တုန်းက ကားဆရာကြီးကပဲ သူမကို ကျောင်းနဲ့ အိမ် သီးသန့်ပို့ပေးတယ်။ အသက်ကြီးလာတော့ သူမ ကားမောင်းနိုင်ပြီ။ ဒီတော့သူမဟာ ဒီပွဲအတွက် စက်ဘီးစီးနည်းကို အပြတ်သင်ခဲ့ရတယ်။ သူမရဲ့ ဆရာကတော့ သူမနဲ့ ကပ်ရက် သူမနဲ့ အကြိမ်ကြိမ်ဝင်တိုက်နေတဲ့လူပဲပေါ့။
အကြိမ်ပေါင်းမနည်း ၀င်တိုက်ခံရတော့ သူမဘေးက ပုဂ္ဂိုလ်ကလည်း ဆက်သည်းမခံနိုင်တော့ဘူး။
"ကျွန်တော်ပြောမယ် သူများတွေလက်ထပ်မှာကို၊ မင်းကဘာတွေစိတ်လှုပ်ရှားနေတာလဲ?"
Yan Ya Jing က မျက်လုံးတွေမှေးပြီး Tong Zhe ကိုကြည့်တော့ သူမအာရုံပျောက်ပြီး သူနဲ့ဝင်တိုက်ပြန်တယ်။ စစီးဖို့ ကောင်းကောင်းမစီးတတ်သေးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက်၊ ဒီတစ်ခါ ၀င်တိုက်မှု က ကြမ်းပြီးပြင်းထန်တယ်။ အရမ်းပြင်းလို့လည်း သူမစက်ဘီးလက်ကိုင်တောင်ကောက်သွားတယ်။ ဒီတော့နှစ်ယောက်သား ဘေးရပ်ပြီး ပြန်ပြင်ရတယ်။ သူတို့နောက်က မရေတွက်နိုင်တဲ့ စက်ဘီးတွေ လည်း အားလုံးလိုက်ရပ်ကြရတယ်။ ဒါပေမယ့် သူတို့ရှေ့မှာတော့ ဘယ်စက်ဘီးမှ ရှိမနေဘူး။
"ဟဲ့ ဟဲ့" Yan Ya Jing က Tong Zhe ဘက်ခေါင်းလှည့်ပြီး "Bai Lou Yin ရဲ့ တပ်အိမ်ကိုသွားတဲ့လမ်း ရှင်သိလား?"
Tong Zhe က သူ,မရောက်ဖူးဘူးလို့ ပြန်ဖြေတယ်။
Yan Ya Jing စိတ်ပူမိတယ်။ ရုတ်တရက်သူမမှာ အကြံပေါ်လာတယ်။ သူမက စက်ဘီးရှေ့မှာပါတဲ့လမ်းညွှန်တဲ့စနစ်ကို ဖွင့်လိုက်တယ်။
အဲ့ဒီနောက် သူမက Tong Zhe ဘက်လှည့်ပြီး ၀ံ့ဝံ့ကြွားကြွား ဖိနှိပ်တယ်။ "ရှင်ဘယ်လိုထင်လဲ ဒီအဖွဲ့နဲ့အတူကျွန်မထွင်ထားတဲ့ ပစ္စည်းလေးက အရမ်းအသုံးဝင်တယ်၊ဟုတ်တယ်မလား?"