CHAPTER 5 - နှစ်ယောက်သားရဲ့ ရန်ပွဲ
249 22 0
CHAPTER 5 – နှစ်ယောက်သားရဲ့ ရန်ပွဲ
                စစ်ဝတ်စုံအပြည့်ဝတ်ထားတဲ့ Bai Luo Yin ကို Gu Hai ကြည့်နေတယ်။ သူ့ရဲ့အိမ်မက်ထဲကလူက သူ့ဘေးကို ကိုယ်ထင် လာပြသလိုပဲ။ Gu Hai ဟာ မျက်လုံးပေါက်ထွက်မတတ် ကြည့် နေ တယ်။ သူ့ရဲ့ အကြောတွေနဲ့ ကလီစာတွေကို လှိုက်စားနေခဲ့တဲ့ လွန်ခဲ့တဲ့ ရှစ်နှစ်က ဒဏ္ဍာရီက နှလုံးသားထောင့် တစ်နေရာကနေ ပြန်ပေါ်လာ တယ်။
Gu Hai ရဲ့ ဒေါသမီးတောက်နေတဲ့ အကြည့်တွေကြောင့် Bai Luo Yin ရဲ့ မျက်နှာတစ်ခြမ်းဟာ ထုံကျင်သွားတယ်။ ဒီစစ်ဝတ်စုံဟာ သူအခြား တစ်ယောက်ဆီက ငှားလာတာဆိုပြီး လန်ကျုတ် ဇာတ်လမ်းဖန်တီးပြီး လိမ်လိုက်မယ် စိတ်ကူးတုန်း လေတပ်သား တစ်ယောက် ၀င်လာပြီး " ဗိုလ်မှူး!!ဟာ--ဗိုလ်မှူးက ဒီမှာလာပုန်း နေတာကိုး!"  ဒီစကားလုံးတွေဟာ Bai Luo Yin ကို ချောက်ကြီး ထဲ တွန်းချလိုက်သလိုပဲ။
Bai Luo Yin က မျက်နှာမသာမယာနဲ့ အဲ့ဒီတပ်သားဘက် လှည့်လိုက် ပြီး "မင်းသွားနှင့် ငါခဏနေ လိုက်လာခဲ့မယ်"
"ဗိုလ်ကြီး မြန်မြန်နော် ကျွန်တော်တို့စောင့်နေမယ်" တပ်သားက မထွက်သွားခင် ပြောသွားလိုက်သေးတယ်။ Bai Luo Yin က သူ့စိတ်သူ တဖြည်းဖြည်းငြိမ်သွားအောင်လုပ်တယ်။ ပြီးတော့ မထုံတသေး မျက်နှာ ဘေးနဲ့ Gu Hai ဘက်ကို လှည့်လိုက်ပြီး "တိုက်ဆိုင်လိုက်တာ မင်းလည်း ဒီလာတာလား?"
Gu Hai က မညှာမတာ ပြောလိုက်တယ် "မင်းတပ်ထဲ ၀င်လိုက်တာ ဘာလို့ငါ့ကို မပြောတာလဲ? ပြီးတော့ အခြားသူတွေကို စည်းရုံးပြီး မင်းငါ့ကို ဘာလို့လိမ်ခဲ့တာလဲ? ပထမတော့ ငါ့ကို သေပြီလို့ပြောခိုင်း တယ်။ ငါ့မှာ နှစ်နှစ်လုံးလုံး ရှင်လျက်ငရဲကျနေသလိုပဲ နောက်တော့ နိုင်ငံခြား ထွက်သွားတယ်လို့ ပြောခိုင်းတယ် မင်းကိုရှာဖို့ ငါကမ္ဘာပတ်ခဲ့ ရသေးတယ်။ ငါ့မျှော်လင့်ချက်တွေ လည်း အချိန်နဲ့အမျှ ပျက်စီးလာခဲ့ တယ် လူကိုနှိပ်စက်ရတာ အရသာတွေ့နေတာလား ?"
Bai Luo Yin ရဲ့ မျက်နှာသေသေက ရင်ထဲကနာကျင်မှုတွေကို ဖုံးပေး ထားတယ်။
"မင်းကိုလိမ်ဖို့ဆိုပြီး ဘယ်သူ့ကိုမှ ငါမခိုင်းဖူးဘူး သူတို့ပြောချင်သလို ပြောကြတာ။သူတို့ လွတ်လပ်ခွင့်ပဲ။ ငါဘယ်သူ့မှလည်း ကြိုးမကိုင်ဘူး ငါ့ကိုယ်ပိုင်ဘ၀ကို ထူထောင်ခဲ့ရုံလေးပဲ ငါလုပ်ခဲ့တာ"
"မင်းကိုယ်ပိုင်ဘ၀ ဟုတ်လား?" Gu Hai က ရိလိုက်တယ် "ဒါဆို မင်းပြောတဲ့ ကိုယ်ပိုင်ဘ၀ဆိုတာကြီးမှာ မင်းကောင်းကောင်းကြီး နေခဲ့ တာပဲ။မင်းရဲ့ ဥာဏ်နီဥာဏ်နက်တွေနဲ့ ပြီးတော့ မာခဲနေတဲ့ နှလုံးသား ကိုလည်း ငါလေးစားပါတယ်"
"ဟုတ်တယ်။ ငါ့အသဲက ထင်ထားတာထက်ကို ပိုမာတယ်" Bai Luo Yin ဟာ ပိုပြီး အေးစက်စက်နိုင်လာတယ်။ "ဒါကြောင့်မို့ မင်း ငါ့အကြောင်း သွားပုပ်လေလွှင့်ပြောနေတာတွေလဲ ဒီနေရာမှာ ပဲ ရပ် လိုက်တော့ ငါကဟာသလို ပေါ့ပေါ့လေးသဘောထားနိုင် ပေမဲ့ တကယ် ကြီး ခံစားနေရမှာက မင်းပဲမို့လို့"
"သေချာလို့လား?" Gu Hai က သတိပေးလိုက်သလို ပြန်ပြော တယ်။ "ဒါဆို ငါ့ပြောစမ်းပါ ဘယ်လိုစိတ်ကူးနဲ့ တပ်ထဲဝင်ခဲ့တာ လဲ? နိုင်ငံခြား အေးအေးဆေးဆေးသွားလို့ရရဲ့သားနဲ့ ဘာလို့ ဒုက္ခခံရမယ့်လမ်းကို ရွေးခဲ့ တာလဲ?"
"ဒါ ငါ့ရဲ့လွတ်လပ်ခွင့်ပါ နိုင်ငံခြား သွားသွား မသွားသွား မင်း အလုပ် လား?"
"ဗိုလ်မှူး Bai, မင်းစစ်ထဲဝင်ခဲ့တာ ငါ့အတွက်လို့တော့ မပြော လောက်ပါ ဘူးနော်?"
Gu Hai ရဲ့အသံက အမိန့်ပေးသံဆန်ဆန်ဖြစ်နေပြီး စကားလုံး တိုင်းဟာ Bai Luo Yin ရဲ့ ရင်ကို ထိုးနှက်နေတယ်။
"ငါက ဘာအတွက် မင်းကြောင့် စစ်ထဲဝင်ရမှာလဲ? မင်း ဒီလို ကောက် ချက်ချရလောက်အောင် ဘာအကြောင်းပြချက်တွေများ ရှိနေလို့ လဲ?"
"ငါပြောပြမှ မင်းကသိမှာလား? ကောင်းပြီ တစ်အချက် ငါ့အဖေက ငါ့ကို စစ်ထဲဝင်စေချင်တယ်။ ငါကလည်း အသေငြင်းခဲ့တယ်။ မင်းကိုယ်တိုင် စစ်ထဲဝင်လိုက်တာက အဖေ့ရဲ့အတွေးတွေကို ပြောင်းလဲစေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ မင်းစစ်ထဲဝင် လိုက်တာနဲ့ အဖေလည်း ငါ့ကို ဇွတ်အတင်း မလုပ်ခိုင်းရဘဲ ငါတို့နှစ်ယောက်ကို ခွဲပစ်လို့ ရသွားပြီ။ ငါပြောတာတွေ မှန်ရဲ့ လား?"
Bai Luo Yin က စီကရက်တစ်လိပ်ဖွာရင်း ညင်ညင်သာသာလေးပဲ ပြောတယ်။
"မင်းအတွေးတွေ သိပ်လွန်နေပြီ!"
Gu Hai က Bai Luo Yin ရဲ့ နှုတ်ခမ်းက စီကရက်ကို ယူပြီး သူ့ပါစပ်မှာ တပ်လိုက်တယ် "ငါကပဲ အတွေးလွန်တာလား? မင်းကပဲ ဟန်ဆောင် ကောင်းတာလား?"
"ငါဟန်ဆောင်ဖို့ လိုလားကွာ? လေတပ်ကခေါ်ရင် မလိုက်ဘဲနေ မလားလို့ မင်းလမ်းပေါ်ထွက်ပြီး တွေ့တဲ့ ဘယ်ဘဲကိုမဆို မေး လိုက် ဟေ့ကောင်။ မင်းအဖေက ဗိုလ်ချုပ်ဖြစ်နေလို့ မင်းအတွက်ပဲ ငါက တပ်ထဲဝင်ရရောလား? ပြီးတော့ ငါတို့ နှစ်ယောက်စလုံး တပ်ထဲ အတူတူ ၀င်မယ်ဆိုရင်တောင် ငါတို့ကိုခွဲဖို့ မင်းအဖေက ဘာမဆိုလုပ်မှာပဲ။ အဲဒီတော့ မင်းအထင်တွေက ယုံဖို့နည်းနည်း တော့ ခက်တယ်"
"ယုံဖို့ခက်နေတာက မင်း" Gu Hai က ရှုံမဲ့နေတယ် "မင်းလည်း Gu Wei Ting (Gu Hai ၏ဖခင်) ရဲ့ သား တစ်ယောက်ဆိုတာ မမေ့နဲ့ဦး။ မင်းစစ်ထဲဝင်လိုက်တော့ သူလည်းအခြေခိုင်သွားတယ်။ သူ့ဝန်တွေ လည်း လျော့လာတယ်ဆိုတော့ ငါလည်းပိုပြီး အနေအစားချောင်လာတာ ပေါ့ကွာ။ Bai Luo Yin ရေ မင်းဒီလိုတွေးပြီး စစ်ထဲဝင်ခဲ့တာ မဟုတ်ဘူး ဆိုရင် ငါ့နာမည်ကို ပြောင်းပြန်ရေးပစ်လိုက်မယ်"
            "မင်းဘာသာမင်း ကြိုက်သလိုသာရေး ဇောက်ထိုးရေး လည်း $ဂရုမစိုက်ဘူး ကိုယ့်ကိုယ်ကို လည်း သိပ်အထင်ကြီး မနေနဲ့"
"ငါ့ကိုယ်ငါ အထင်ကြီးနေရင်တောင် မင်းကိုတော့ မယှဉ်နိုင်ပါ ဘူးကွာ ဟုတ်စ!" Gu Hai က Bai Luo Yin ဘက်ကို နှစ်လှမ်းလောက် ရှေ့တိုး လိုက်တယ် "မင်းစစ်ထဲကို သဘောရိုးနဲ့ ၀င်တယ်ဆိုရင် ဘာလို့ ငါ့ကို ဖုံး ထားသေးလဲ? ၀ံ့ဝံ့ကြွားကြွား ပြောလိုက်သေးတယ် ဒါတောင် CEO ဖြစ် နေတယ် ဟုတ်လား? မင်း ဗိုလ်မှူးဖြစ်နေတယ်လို့ ဘာကြောင့် မပြောနိုင် ခဲ့တာလဲ?"
            Bai Luo Yin က လက်သီးကို ပြင်းပြင်းဆုပ်ပြီး Gu Hai ကို ဒေါသနဲ့ကြည့်လိုက်တယ် "မင်းအတွက် ငါစစ်ထဲဝင်လိုက်တာ မှန်ရင် လည်း ဘာလုပ်ချင်လဲ? မင်းအတွက် ၀င်လိုက်တော့ရော မင်းက ဘာ အကျိုးအမြတ်များရသွားလို့လဲ? ငါဝင်ချင်လို့ကို ၀င်လိုက်တာကွ!! ငါဒီလို အဆင့် ရောက်လာပြီဆိုတော့ ဘယ်ခွေးသူတောင်းစားအတွက် ၀င်ဝင် တန်တယ်ကွာ ဘာဖြစ်လဲ?"
"ဒီအဆင့်လေးကို ကျေနပ်နေတာလား"Gu Hai ရဲ့ မျက်နှာဟာ ညှိုး မှောင်လာတယ်။ သူ့သူငယ်အိမ်ကတော့ ကြေကွဲမှုနဲ့ လဲ့နေတယ် "Bai Luo Yin, မင်းကအရူးပဲ! မင်းထက်တုံးတဲ့သူကို မရှာနိုင်တော့ဘူး လား?"
"ငါဘာရှာစရာလိုလဲ?" Bai Luo Yin က ရဲရဲတင်းတင်း ပြန်ကြည့်လိုက် တယ် "ငါ့အရှေ့မှာ ရပ်နေတဲ့အကောင်က အကောင်းဆုံးသက်ရှိ ဥပမာ ပဲ မလား?"
Gu Hai ရင်ထဲမှာ စုတ်ပြတ်သပ်နေအောင် နာကျင်လွန်းလို့ သူ့ခံစားချက် ကို ဘယ်လိုပုံစံနဲ့ဖော်ပြရမလဲတောင် မသိတော့ဘူး။ ရှစ်နှစ်တောင် ရှိခဲ့ ပြီ။ ပထမနှစ်အပိုင်းအခြားတုန်းက Bai Luo Yin မရှိဘဲ သူဘယ်လို အသက် ရှင်ရမလဲ မသိခဲ့ဘူး။ နာကျင်မှုဟာ ပြင်းထန်လွန်းလို့ တွေး တောင်မတွေးရဲတော့ဘူး။ ခုတော့ သူ့နာကျင်မှုတွေရဲ့ တရားခံ Bai Luo Yin ကတော့လက်နက်အပြည့်အစုံနဲ့သူ့ရှေ့ရောက်နေပြီ။
            Bai Luo Yin ကတော့ တစ်ယောက်ယောက်ကို လည်ပင်းညှစ် သတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေတယ်။ သူဟာ Gu Hai ထိုးဖို့ရွယ်လိုက်တဲ့လက်သီးကို မျက်နှာတစ်ချက်မပျက်ဘဲ ချက်ချင်းဖမ်း ထိန်းလိုက်တယ်။
"ဥက္ကဌ Gu, ငါကလက်ရှိမှာဗိုလ်မှူးပါကွ။ မင်းကစွမ်းတယ်ဆိုဦးတော့ ငါ့ပြိုင်ဘက်တော့ မဖြစ်နိုင်သေးပါဘူး။ ကိုယ့်ကိုယ်ကိုအရှက်ကွဲမခံပါနဲ့ လား"
"ဟုတ်ရဲ့လား?" Gu Hai မျက်လုံးက မီးတောက်နေပြီ "အရင်က ဆို နောက်ကနေ ငါ့ဟိုဝှာများ သွင်းလိုက်ရင် Feel တက်နေတဲ့ အကောင်က ခုဘယ်လောက်သန်နေပြီဆိုတာလည်း ငါက သိချင် ပါသေးတယ်"
Gu Hai ရဲ့စကားလုံးတွေဟာ ဓါးသွားတွေလိုပဲ။ ပြောပြီးပြီးချင်း သူက Bai Luo Yin ကို လက်သီးနဲ့ထိုးလိုက်တယ်။ လက်သီးက ပြင်းလွန်းလို့ လက်သီးဆုပ်မှာ သွေးကွက်တောင်ပေါ်လာပြီ။ ခဏကြာတော့ သန့်စင် ခန်းထဲက ရေပိုက်ပွင့်သွားတဲ့အသံတွေ ခန္ဓာကိုယ်ကို တံခါးနဲ့ ဆောင့် ရိုက်တာတွေ ထိုးနှက်သံတွေ အရိုးကြိတ်သံတွေနဲ့ ဆူညံသံပေါင်းစုံ ထွက်လာတယ်။ ခန်းမနှစ်ခုထဲကလူအုပ်ကြီးလည်းပြေးထွက်လာတယ်။
မိန်းကလေးအုပ်စုကတော့ကြည့်ရင်း ထိပ်ပြာလာတယ်။ သူတို့ရဲ့ MD ရှုံးမှာကို စိတ်ပူနေကြပြီး Gu Hai ရဲ့ တိုက်ရည်ခိုက်ရည်ကို လည်း ကျိတ်သဘောကျနေကြတယ်။ ဒီအကြောင်းတွေက နောက်ဆို ကုမ္ပဏီ မှာ ပြောစရာခေါင်းစဉ်တစ်ခု ဖြစ်တော့မယ်။
အခြားတစ်ဖက်မှာတော့ စစ်သားတွေနဲ့ အရာရှိအချို့က ဖြစ်ပျက် နေတဲ့ မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေတယ်။ သူတို့ ဗိုလ်ကြီး စစ်ခုံရုံးတင်ခံ ရမှာလား? သူတို့ဗိုလ်ကြီး ဘာလို့ အများပြည်သူရှေ့မှာ ဒီလိုရန်ဖြစ်ရတာ လဲ? ဒီလူကရော ဘယ်သူလဲ? ဘယ်လို  လူမို့ လေတပ်က Fighter Bai Luo Yin ကိုရန်စရတာလဲ? ဆိုပြီး ကြောင်နေကြတယ်။
            နောက်ဆုံးမှ Liu Chong နဲ့ တပ်သားတစ်ချို့ဟာ Hotel ၀န်ထမ်းတွေနဲ့ပေါင်းပြီး Bai Luo Yin တို့ကို ဖျန်ဖြေလိုက်ရတယ်။ နှစ်ယောက်သားကိုဆွဲခွဲလိုက်ကြတော့ သူတို့ဟာတစ်ဦးနဲ့တစ်ဦး သွေး ဆာတဲ့အကြည့်တွေနဲ့ ကြည့်နေကြတယ်။
"တော်တယ် ဗိုလ်မှူး Bai, မင်းအရည်အချင်း ဘယ်ဆိုးလို့လဲ"Gu Hai က နှုတ်ခမ်းက သွေးတွေကို သုတ်ရင်း ပြောတယ် "လွန်ခဲ့တဲ့နှစ်တွေ တုန်းက လေယာဉ်ခဏခဏ မောင်း နေခဲ့တာ မဟုတ်ပါဘူးနော်?"
[မှတ်ချက်။ ။ လေယာဉ်မောင်းတယ်ဆိုတာ ယောက်ျားလေး အာသာ ဖြေတာကို ဗန်းစကားနဲ့ပြောတာပါ]
                ​Gu Hai က အထာတွေနဲ့ပြောပြီး Bai Luo Yin ကို သက်သက် အရှက်ခွဲလိုက်တယ်။ ဖြစ်ချင်တော့ မိန်းမချောလေးတွေရှေ့မှာပဲ ပြော လိုက်တယ်။ နာမည်ကြီးလေတပ်ဗိုလ်မှူးက အများရယ်စရာဖြစ်နေပြီ။ ဒါဟာ တော်တော်ခံရခက်တဲ့ အနေအထားပါပဲ။
"နောက်ဆို အမိတို့ရဲ့ MD ဂရုစိုက်တာခံချင်ရင် မိတ်ကပ်လည်း မလိမ်းနဲ့ sexy ကျကျလဲမ၀တ်နဲ့ ပဲလည်းမများနဲ့ မင်းတို့ MD ရဲ့အကြိုက်ကပြင်း တယ်။ တော်ရုံဆိုကြိုက်တာမဟုတ်ဘူး။ မှတ်ထား - နောက်ကို အနီရောင်အင်္ကျီနဲ့ အစိမ်းရောင်ဘောင်းဘီ ပဲဝတ်ပြီး 'သူကြီးရေလို့သာ ခေါ်လိုက် မင်းတို့ MD ပျော်သွားလိမ့် မယ်"
[မှတ်ချက်။ ။ တရုတ်ပြဇာတ်တစ်ခုကိုရည်ညွှန်းပါတယ်။ အနီရောင်မင်္ကျိ နဲ့ အစိမ်းရောင်ဘောင်းဘီဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ ယောက်ျားက အောက်ပိုင်းသေနေလို့ အိမ်ထောင်ရေး သုခမပြည့်ဝတာ ကြောင့် ရွာသူကြီးနဲ့ ဖောက်ပြန်တဲ့ ဇာတ်လမ်းကို Bool 1- Chapter 200 မှာ Gu Hai နဲ့ Bai Luo Yin တို့ Role-play sex လုပ်တုန်းက သုံးထားတဲ့ ဇာတ်ကောင်တွေဖြစ်ပါတယ်။ Bai Luo Yin က အမျိုးသမီး ဇာတ်ရုပ်သရုပ်ဆောင်ပြီး Gu Hai က သူကြီးဇာတ်ရုပ်လုပ်ပါတယ်]
[မှတ်ချက်။ ။ တရုတ်စကားလုံးမှာ ကြက်ဆိုတဲ့အသံထွက်နဲ့ dick ဆိုတဲ့ အသံထွက် တူတယ်ဆိုပါသည်။]
Yan Ya Jing တောင်ကျောက်ရုပ်လိုတောင့်သွားတယ်ဆိုမှတော့ Gu Hai ရဲ့ ပုံစံကို ဖော်ပြစရာလိုမယ် မထင်ဘူး။
                ​Bai Luo Yin ဟာ သူ့တပ်စိတ်က လူတွေကို လက်လေး ဝှေ့ယမ်းပြလိုက်ပြီး "သွားစို့ဟေ့" လို့ပြောပြီး စစ်တပ်အုပ်စုဟာ ဓါတ်လှေကား ထဲမှာပဲ ပျောက်ကွယ်သွားတယ်။
                Gu Hai ကုမ္ပဏီပြန်ရောက်တော့ သူ့အလုပ်တွေအားလုံးကို ကိုယ်စားလှယ်လွှဲထားခဲ့ပြီးချက်ချင်းပဲဟောင်ကောင်ကိုထွက်သွားတယ်။
ဟောင်ကောင်မှာ စီးပွါးရေးအောင်မြင်နေတဲ့ Gu Yang ရဲ့ ဘ၀ကို အနှောက်အယှက်ပေးဖို့ သူ့ညီဟာ မမျှော်လင့်ဘဲ ရောက်လာခဲ့တယ်။ Gu Yang ကို နိုင်ငံခြားသား ရာထူးမြင့် ၀န်ထမ်းတွေ ရှေ့မှာတင် အစည်းအဝေးခန်းထဲကနေ Gu Hai က ဆွဲခေါ်သွား တယ်။
"မင်းဘ၀ကို ဘယ်လိုပုံစံနဲ့ နေနေတာလဲ? ပြီးခဲ့တဲ့ နှစ်တွေကမှ စီးပွါးရေး ကို ဇောက်ချလုပ်တော့မယ်ရှိသေးတယ်။ ခုတော့မင်း ဘယ်လို လုပ်လိုက်တာလဲ?"
"လွန်ခဲ့တဲ့ ရှစ်နှစ်က ကားမတော်တဆမှုပြီးတော့ ဘာတွေ ဆက်ဖြစ်ခဲ့ လဲ? ဒီနေ့တော့ အစ်ကို ကျွန်တော်ကျေနပ်လောက် အောင် အသေးစိတ် ရှင်းပြပေး။ ရှစ်နှစ်တောင်ကြာသွားပြီ ညီအစ်ကိုသံယောဇဉ်ကြောင့် ဘရိတ်ဆီနည်းတဲ့ကိစ္စ ကျွန်တော် ပြဿနာမရှာတော့ဘူး။ နောက်ဆုံး တော့ ဒဏ်ရာရခဲ့တာ အစ်ကို ညီ ကျွန်တော်ပဲ Bai Luo Yin မဟုတ်ဘူး ဒါပေမဲ့ အစ်ကိုက လူမဟုတ်ဘူး။ Bai Luo Yin စစ်ထဲဝင်သွားတာကို ကျွန်တော် မသိအောင် ဖုံးထားတာ ရှစ်နှစ်ရှိပြီ"
                အဲ့လိုကြားတော့ Gu Yang ရဲ့မျက်နှာ ချက်ချင်းမဲမှောင်သွား တယ် "အော် ငါက ဘာကိစ္စများလဲလို့ ။ နေ့တစ်ဝက်ပြဿနာရှာနေတာ ဒါကြောင့်လား? Gu Hai, ငါ့ညီ မမှတ်မိတော့ဘူးလား? ဒါတွေမြှပ်ထား ခဲ့တာကြာလှပြီ ဘာကြောင့် အစဆွဲထုတ်ချင်နေသေးတာလဲ? မင်းကို အရင်ဆုံး အစ်ကိုကြည့်ပါရစေဦး"
Gu Hai က ခနဲ့တဲ့တဲ့နဲ့ ပြန်ပြောတယ် "ကြည့်ချင်ကြည့် မကြည့် ချင်နေ သိပ်ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အစ်ကို့ကို မကြည့်မိလို့ပဲ။ ဒါကြောင့်မို့ အစ်ကိုကို လူလို့လဲ မထင်တော့ဘူး။ အစ်ကိုက မကောင်းဆိုးဝါးနဲ့ သိပ်မကွာဘူး"
End of Chapter 5
Addicted? Book2 (Zawgyi)Место, где живут истории. Откройте их для себя