CHAPTER 6 – မျက်နှာများတဲ့လောကကြီး! "ငါကမကောင်းဆိုးဝါး ဟုတ်လား? ဒါဆိုမင်းကရောဘာတုန်း? တိရိစ္ဆာန်လား?" Gu Yang က ကြောက်စရာကောင်းလောက် အောင် စူးစူးရှရှ ကြည့်ပြီး ကြမ်းတမ်းတဲ့စကားလုံးတွေ ပြောချလိုက်တယ်။ "မှန်တယ် ငါကရွှံစရာကောင်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်။ မင်းကရော ဘာကောင်းမှုတွေများ လုပ်နေလို့လဲ? ငါက ညီအစ်ကိုအချင်းချင်းပေါ်ပဲ ရက်စက်ခဲ့တာပါကွာ။ မင်းသာ မင်းအဖေပေါ် ရက်ရက်စက်စက် ဆက်ဆံခဲ့တာ။ မင်းဒဏ်ရာရနေ တုန်းကဆို မင်းအတွက်စိတ်အပူဆုံး လူက ဘယ်သူလဲ? မင်း ကျေးဇူးတရားလေးတော့ သိတတ်ဦးမှပေါ့"
"မင်းစကားလမ်းကြောင်းမပြာင်းနဲ့။ အခု ကား accident နောက်က ဖြစ်ရပ်တွေကိုပဲ မေးနေတာ"
"မတော်တဆဖြစ်ပြီးတော့ မင်းအတိတ်လည်းမမေ့ဘူးမလား? မင်း မေ့မြောနေတာကနေ ပြန်နိုးတော့ မင်းအားလုံးမှတ်မိနေတာပဲ။ သတိရ ပြီးနောက် ဖြစ်ခဲ့တာတွေက မင်းမျက်စိရှေ့မှာတင်ပဲလေ။ ဘာထပ်သိချင် တာလဲ ဟေ့ကောင်?"
"မင်း ဝေ့လည်ကြောင်ပတ်လုပ်နေတာလား?" Gu Hai သည်းခံနိုင်စွမ်း တွေ တဖြည်းဖြည်းကုန်ခမ်းလာပြီ။ "ငါမင်းကို ဘာအကြောင်းမေးနေတာ လဲဆိုတာ မင်းသိပါတယ်။ accident ဖြစ်တဲ့ အချိန်နဲ့ ငါသတိပြန်လည် လာတဲ့အချိန် နှစ်ခုကြားထဲမှာ မင်း Bai Luo Yin ကို ဘာသွားပြော လိုက်လဲ? ပြီးတော့ သူဘာပြန်ပြောသလဲ? အစ်ကို ငါရှစ်ကြီးခိုးပါတယ် ကွာ အစကနေ အဆုံး ပြောပြစမ်းပါ"
"ကောင်းပြီ ဒါဆိုလည်း ပြောရသေးတာပေါ့၊ သေချာ နားထောင်"Gu Yang က ဒဲ့ ပြောတယ်။
"မင်းကားမှောက်တဲ့အချိန်က မြို့ထဲမှာကားတွေကြပ်တဲ့ အချိန်ကြီး၊ ဒီတော့ Bai Luo Yin က လူနာတင်ယာဉ်ဆီ မင်းခန္ဓာကိုယ် ကို တရွေ့ရွေ့သယ်လာတယ်ပြောတာပဲ။ ငါဆေးရုံလိုက်လာတော့ Bai Luo Yin ကခွဲခန်းအပြင်မှာ၊ အဲ့ဒီအချိန် ဆရာဝန် ထွက်လာပြီး မင်း အသက် အန္တရာယ်မရှိတော့ဘူးလည်းဆိုရော Bai Luo Yin ထထွက်သွားတယ်။ သူမသွားခင် မင်းသတိရလာ ရင် သူသေပြီလို့ပြောပေးပါလို့ ငါ့ကိုပြော သွားတယ်"
"မဖြစ်နိုင်ဘူး!" Gu Hai ဟာ ဖြစ်ရပ်မှန်ကို လက်မခံနိုင် ဖြစ်နေတယ် "မင်းတစ်ခုခုပြောပြီး သူ့ကိုမောင်းထုတ်လိုက်တာ မလား?"
"မင်းမယုံလည်း မတတ်နိုင်ဘူး။ ငါဝန်ခံပါတယ်၊ သူနိုင်ငံခြား ထွက်သွား ပြီလို့ပြောတာ ငါ့အကြံဆိုတာ။ အဲ့ဒါကလည်း မင်းကြည့် ရတာ လူရုပ်ကို မပေါက်တော့လို့ မျှော်လင့်ချက်ပေးတဲ့သဘောနဲ့ လုပ်ကြံဖန်တီးလိုက် တာ။ ပြီးတော့ Bai Luo Yin ရဲ့သူငယ်ချင်း တွေနဲ့ မိသားစုတွေဆီသွား ပြီး ပူးပေါင်းဖို့သွားပြောတယ်၊ သူတို့ကလည်း သဘောတူတယ်။ အဲ့တာ ကြောင့် မင်းဘာသတင်း အစအနမှ မသိရတော့တာပဲ"
"အဲ့အကြောင်းတွေ အဖေသိလား?"
"မင်းအဖေ မသိဘဲနေမလား?" Gu Yang က ရိတယ် "Bai Luo Yin စစ်ထဲဝင်မယ်ဆိုတော့ ပထမဆုံးအသိပေးတဲ့လူက မင်းအဖေပဲ။ ဒါကြောင့်လည်း မင်းအဖေက မင်းခုလိုစီးပွါးရေးလုပ်နေတာကို မစွက်ဖက်တာ"
Gu Hai က ခုမှပဲ လွန်ခဲ့တဲ့ ရှစ်နှစ်က အကြောင်းစုံကို နားလည် သွား တယ်။ Gu Wei Ting က Bai Luo Yin ကို ဖွက်ထားပြီး Gu Hai ကမ္ဘာ တစ်ပတ်လျှောက်ရှာနေတာကို လက်ပိုက်ကြည့်နေခဲ့တာ။ Gu Hai ဒါတွေသိသွားတော့ သူအဖေကို 'လူညစ်ကြီး' လို့ထင်မိတယ်။ အမှန် ကို ဖုံးကွယ်ချင်တာနဲ့ပဲ ကိုယ့်သား ဒုက္ခခံနေတာကို ရပ်ကြည့်နေခဲ့ တယ်။
"Xiao Hai" Gu Yang ရဲ့ အသံက ပျော့သွားပြီ။ "ငါတို့မခွဲလည်း မင်းတို့ နှစ်ယောက်ရဲ့ ခက်ထန်ထန်စရိုက်ကြောင့်ပဲ မင်းတို့ နှစ်ယောက်ဝေးမှာ ပဲ။ နောက်မှစိတ်ညစ်ရတာနဲ့ အခုစိတ်ညစ်ရတာပဲကွာတာပါကွာ။ ငါတို့ကလည်း မင်းကို ဆူးခင်းတဲ့လမ်းတွေ လျှောက်ခိုင်းရမှာထက် စောစောခွဲပစ် ခဲ့တာ တော်ပါသေးတယ်"
"မင်းအပြစ်ကိုဖုံးဖို့ စေတနာအကြောင်းပြချက်တွေသုံးမနေပါနဲ့၊ ဆူးခင်း လမ်းလျှောက်လျှောက် မလျှောက်လျှောက် ငါ့ကိစ္စပါ။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ငါ့ကိစ္စ ငါပဲဆုံးဖြတ်မယ်"
"ဘယ်သူကများ မင်းဆုံးဖြတ်ချက်ကို စွတ်ဖက်နေလို့လဲ?" Gu Yang က Gu Hai ဆီတည့်တည့်လျှောက်လာပြီး ကြက်သီးထစရာကောင်း လောက်အောင် စူးစိုက်ကြည့်လိုက်တယ်။
"ငါကပြောခိုင်းတာလေးပဲ ပြောရတဲ့လူပါ။ ငါက ဘာစွတ်ဖက်ခဲ့သလဲ? မင်းအဖေကရော ဘာစွတ်ဖက်ခဲ့သလဲ? ဒီဇာတ်လမ်းရဲ့ ဇာတ်ဆရာက Bai Luo Yin ပါကွာ။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းအပြစ်တွေလည်း မကင်းဘူး။ မင်းသာ သူ့အပေါ်တကယ် နားလည်နိုင်တယ်ဆိုရင်၊ ပြီးတော့ မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိပ်တန်ဖိုး ထားကြတယ်ဆိုရင် မင်း ဘာလို့သူ့ကိုမရှာနိုင်ခဲ့လဲ? ငါတို့ဖြီးသမျှယုံ နေပြီး မင်း ဘ၀ကို ဘာကြောင့်အထိန်ချုပ်ခံနေခဲ့ရတာသလဲ?"
Gu Hai က မဲ့ပြုံးပြုံးလိုက်ပြီး "တစ်နှစ်နီးပါးလောက် ဒုတိယ အဆင့်မသန်မစွမ်းတစ်ယောက်အနေနဲ့ အိပ်ယာပေါ်လှဲ နေရတဲ့အချိန် မင်းတို့ကိုမယုံလို့ ငါက ဘယ်သူ့ကိုသွား ယုံရဦး မှာလဲ?"
"အဲ့တာကလည်း မင်းချို့ယွင်းချက်ပဲလေကွာ။ ငါတို့မင်းကို လိမ်ထားကြ တာ ဘာလို့လဲဆိုတော့ ငါတို့ကလည်း မင်းကိုမယုံလို့ပဲ။ မင်းကလည်း ငါတို့ကို အားကိုးတာမဟုတ်တော့ အမှန်အတိုင်း ပြောလည်း ဘာ ကောင်းတာမှဖြစ်လာမှာမဟုတ်ဘူးဆိုတော့"Gu Yang က ချက်ကောင်းကို တွယ်လိုက်တယ်။
Gu Hai က နီတွတ်နေတဲ့မျက်လုံးတွေနဲ့ Gu Yang ကိုကြည့်ပြီး "မင်းကိုယ်မင်း ကမ္ဘာကြီးကို အုပ်ချုပ်နေတဲ့သူလို လာမချိုးမနေနဲ။့ ဒါဆို မင်းဒုက္ခတွေ့တော့ ဘာလို့ငါ့ဆီအရင်ဖုန်းဆက်ပြောတာလဲ? မင်းဒီဘ၀ ရောက်လာအောင် ဘယ်သူလုပ်ပေးခဲ့တာလဲ? ပြည်သူ့ ဘဏ္ဌာအလွဲ သုံးစားလုပ်လို့ တရားစွဲခံရတော့ ဘယ်ဆွေမျိုးကများ မင်းအတွက် သက်သေ လိုက်ပေးခဲ့လို့လဲ?"
Gu Yang က Gu Hai ရဲ့ကော်လာကို ဆွဲပြီး ခပ်ကြမ်းကြမ်း သတိပေး လိုက်တယ် "ငါ ဘယ်သူ့ကိုမှ ဂရုစိုက်ပြခဲ့တယ်ဆိုတာ မရှိဘူး။ ငါမင်း အပေါ်ထားတဲ့ မေတ္တာကိုတော့ မစော်ကားနဲ့"
အဲ့ဒီအချိန်မှာပဲ Gu Hai က ညင်ညင်သာသာလေးပြောလိုက်တယ်၊ "အစ်ကို Gu Yang၊ လူတစ်ယောက်ရဲ့အခြေခံအုတ်မြစ်က ကြင်နာ သနားတဲ့စိတ်ထားလို့ငါထင်တယ်။ မင်းကသာ စိတ်ထား ကောင်းနေရင် မင်းထက် စိတ်ထားကောင်းတဲ့လူကို ကြောက်နေဖို့ မလိုဘူး။ ဒါပေမဲ့ မင်းက ယုတ်နေရင် မင်းထက်ယုတ်တဲ့သူကို ကြောက်နေရမှာပဲ၊ မင်း အမြင်မှန်ရပါတော့"
Gu Hai ထွက်သွားပြီးနောက် Gu Yang က သူ့စားပွဲကို လက်သီး နဲ့ ပြင်းပြင်းထိုးလိုက်ပြီး ရင်ထဲမှာဒေါသမီးနဲ့ လောင်မြိုက်နေတယ်။
**မင်းလိုကောင်ကများ ငါ့ကို သနားကြင်နာမှုအကြောင်း တရားလာ ဟောနေရသေးသလား? ငါ Gu Yang, ဘယ်သူ့ကိုများ ဒုက္ခပေးနေ လို့လဲ? မင်းကရော Bai Luo Yin အပေါ်ကလွဲလို့ ဘယ်သူ့အပေါ် ကောင်းဖူးလို့လဲ? မင်းကိုယ်မင်းအပေါ်တောင် ကောင်းတာမဟုတ်ဘဲနဲ့!"
Bai Luo Yin တပ်ထဲပြန်ရောက်တော့ အကြီးအကျယ် ဝေဖန် ထိုးနှက်မှုတွေခံရတယ်။ ပထမတော့ နည်းပြကြီးက သတိပေး စကားလောက်ပဲ ပြောတယ်။ နောက်တော့ တပ်ရင်းမှူးကို ဘယ်သူတိုင် လိုက်မှန်းမသိဘူး။ ညကိုးနာရီလောက်တပ်ရင်းမှူးဟာ Bai Luo Yin ကိုဆင့်ခေါ် ခိုင်းပြီး သုံးနာရီတိတိ မတ်တပ်ရပ်ခိုင်းထားတယ်။ Bai Luo Yinက သူ့အမှားကို အရင်ဝန်ချတယ်။ ပြီးတော့ တပ်ရင်းမှူးက နက်ဖြန် မနက် စာလုံးငါးထောင်ပါ သုံးသပ်တဲ့အက်ဆေးတစ်ပုဒ်ရေးပြီး တင်ခိုင်းခဲ့ တယ်။
Bai Luo Yin ဟာ မနက်လင်းအားကြီး သုံးနာရီထိမအိပ်ရသေး ဘူး။ ဒါပေမဲ့ စာလုံးရေကသုံးထောင်တောင်မပြည့်သေးဘူး။ သူ့ မျက်လုံးတွေ က စင်းလာပြီး ခေါင်းက ငိုက်စိုက်ကျလာတယ်။ ခဏကြာတော့ ခေါင်း ကစားပွဲခုံနဲ့ သွားတိုက်တယ်။ Bai Luo Yin က ခေါင်းကြည်သွားအောင် အပြင်ထွက်လမ်းလျှောက်ဖို့ထလိုက်တယ်။
တပ်ထဲမှာ တိတ်ဆိတ်နေတယ်။ Bai Luo Yin ကစောစောပဲ အိပ်တတ် တယ်။ ဒီလို အက်ဆေးရေးနေရလို့သာ ဒီအချိန်ထိရှိေ တာ။
**ငါသူ့ကိုဘာလို့ထိုးချင်စိတ်တွေပေါက်နေခဲ့ရတာလဲ?**
Gu Hai နဲ့ ရန်ဖြစ်ပြီးနောက် သူ့ရဲ့အပြုအမူတွေကို သူကိုယ်တိုင်ပဲ နားလည်ရခက်နေတယ်။
"ပထမတော့ ငါ့ကိုပြောတယ် မင်းသေပြီတဲ့ ငါ့မှာ နှစ်နှစ်လောက် အရှင် လတ်လတ် ငရဲကျနေခဲ့ရတယ်ယ်။ ပြီးတော့ ငါ့ကို မင်း နိုင်ငံခြားသွား ပြီလို့ ပြောကြပြန်တယ်။ မင်းကိုရှာဖို့ ငါကမ္ဘာပတ်ခဲ့ရသေးတယ်။ တဖြည်းဖြည်းနဲ့ ငါ့ရဲ့မျှော်လင့်ချက်တွေ ပျက် သုန်း........"
Bai Luo Yin ရဲ့စိတ်ထဲမှာ ဒီအသံတွေကို အသစ်တစ်ဖန် ပြန်ပြီးကြား နေရတယ်။
**အရှင်လတ်လတ် ငရဲကျနေခဲ့ရတယ် ဟုတ်လား? သူတပ်ထဲဝင်တဲ့ ပထမဆုံးရက်ကနေစပြီး အရှင်လတ်လတ် ငရဲကျနေခဲ့တယ်လို့ပြောလို့ ရနိုင်မလား? တိုက်ချင်ခိုက်ချင်တဲ့စိတ်လည်း မရှိဘဲ နေ့တိုင်း ပြင်းထန်တဲ့ training တွေကို အဆက်မပြတ်လေ့ကျင့်ခဲ့ရတယ်။ စက်ယန္တရား တွေနဲ့ နပန်းလုံးခဲ့ရတယ်။ ဒါတွေကို အရှင်လတ်လတ် ငရဲကျနေတာလို့ ပြော လို့ရနိုင်မလား? အိပ်မပျော်ခဲ့တဲ့ ညတွေနဲ့ နေ့စဉ် အသက်ရှင်နေခဲ့ရ တာတွေကိုလည်း အရှင်လတ်လတ်ငရဲကျနေ တာလို့ ပြောလို့ရနိုင် မလား?**
ဒီနှစ်ပိုင်းတွေမှာ Gu Hai တွေ့ကြုံခဲ့ရတဲ့ အရာတွေနဲ့ယှဉ်လိုက်ရင် သူ သည်းခံခဲ့ပါတယ်ဆိုတဲ့ အရာအားလုံးဟာ မြောလွင့်သွားတဲ့ မိုးတိမ်တွေ လို အကောင်အထည်မရှိဘူးမဟုတ်လား?
**ဟိုတစ်ယောက် သတိပြန်လည်လာတဲ့အခါ ပထမဆုံးတွေ့ရ တာ သူမဟုတ်တော့ ဘယ်လိုခံစားရပါမလဲ? သူသေပြီဆိုတဲ့ ကြမ္မာဆိုးကို ကြားတော့ ဘယ်လိုခံစားရပါ့မလဲ? ခြောက်လ ကျော်လောက် စက်တွေ တပ်ထားပြီး ဆေးရုံပေါ်မှာနေရတုန်းက ၀မ်းနည်းကြေကွဲနေတဲ့ အ ကြောင်း မျိုသိပ်ထားခဲ့ရတာ ဘယ်လို ခံစားရပါ့မလဲ? ကမ္ဘာပတ်ပြီး သူ့ သတင်းစုံစမ်းပြီး စိတ်ပျက် လက်ပျက်နဲ့ပြန်ခဲ့ရတဲ့ အချိန်တိုင်း ဘယ်လို ခံစားရပါ့မလဲ?**
Bai Luo Yin မှန်းမကြည့်နိုင်တော့ဘူး။ ဒီရှစ်နှစ်တာကာလကို သူပြန် တွေးတိုင်း တစ်ကိုယ်လုံးက အာရုံကြောတွေထုံသွားပြီး နာကျင်မှုစူးရှရှ ဟာ သူ့ရင်ကို စုတ်ဖြဲနေသလိုပဲ ခံစားရတယ်။ အချို့အရာတွေကို အမြစ် ကနေစပြီးမေ့ပစ်လိုက်ချင်တယ်။ ဒါပေမဲ့ လုပ်ရတာဟာပြောသလောက် မလွယ်ဘူး။
Bai Luo Yin က သက်ပြင်းချလိုက်ပြီး အက်ဆေးဆက်ရေးဖို့ လုပ်တယ်။ အရင်က အရေးအသားအမြဲကောင်းခဲ့တဲ့သူ- အရေးအသားတွေညံ့သွား ပြီလား? သူ့လိုစာတော်ခဲ့တဲ့လူက စားဝတ်နေရေးအတွက် ကာယအား ကို အသုံးချနေရတယ်။ ဒါပေမဲ့ တစ်ချိန်က အရူးလို့ ငတုံးလို့ သူထင်ထားခဲ့တဲ့ ဟိုတစ်ယောက်ကတော့ နည်းပညာမြှင့်ကုမ္ပဏီကြီး ကို တကယ်ပဲ အုပ်ချုပ်နေလေပြီ။
လောကကြီးသည် အမှန်ပဲ မျက်နှာများပါ၏။
"Bai Luo Yin _ အသက်က (၂၆) နှစ်၊ ပထမတန်း တရုတ် အမျိုးသားလေယာဉ်မှူး၊ ပျံသန်းခဲ့ကြိမ်ပေါင်း 1407 ကြိမ်၊ F – 7, J– 8, J–10 အမျိုးအစားများ ပျံသန်း၊ ဒုတိယဆု တစ်ကြိမ်၊ တတိယဆို တစ်ကြိမ်ရထား။" ~~ "Wu Chong Seng _ အသက် (၃၇) နှစ်၊ ပထမတန်း တရုတ်အမျိုးသားလေယာဉ်မှူး၊ .............."
နည်းပြကြီးက မိတ်ဆက်တင်ပြမှုတွေလုပ်ပြီးတဲ့အခါ သုတေသန ဌာနက ဒါရိုက်တာဘာပြောမလဲ ဆိုတာကို လှမ်းကြည့်လိုက် တယ်။
"ခု တင်ပြသလိုပဲ ကျွန်တော်တို့ကတော့ ဒီနှစ်ယောက်ကို ရွေးချယ် တင်ပြပါတယ်။ ခု ဆရာတို့ လုပ်နေတဲ့ ရေဒီယိုသုံးလမ်းပြစနစ်စီမံကိန်း အတွက် တာဝန်ခံနေရာကို သင့်တော်တဲ့သူကိုပေးဖို့ကတော့ ဆရာ ကိုယ်တိုင်ရွေးပါ"
အဲ့ဒီ ဒါရိုက်တာကြီးက မျက်မှောင်ကျူံ့ပြီး နည်းပြကြီးကို တစ်ချက်ကြည့် လိုက်တယ်။
"မင်းကရော ဘယ်တစ်ယောက်ကို ပိုသဘောကျလဲ?"
"နှစ်ယောက်စလုံးကတော့ သူ့အရည်အချင်းနဲ့သူရှိကြပါတယ်။ အတွေ့အကြုံဘက်က ကြည့်ရင် Wu Chang Seng ကပိုများ တယ်၊ စွန့်စားတီထွင်မှုနဲ့ တိုးတက်ပြောင်းလဲမှုအမြင်ဘက်က ကြည့်ရင်တော့ Bai Luo Yin က ပိုတော်တယ်၊ ကျွန်တော့် ကိုယ်ပိုင်ထင်မြင်ချက်က တော့ Xiao Bai ဘက်မှာ အလေးသာတယ်။ သူက အသက်ငယ်ပေမယ့် တည်ငြိမ်တယ်၊ သွက်သွက်လက်လက် ဆုံးဖြတ်နိုင်တယ်၊ ဒီသုတေသန ကို ဦးစီးလုပ်ကိုင်ရင်း သူ့အရည်အချင်းတွေလည်းတိုးတက်လာနိုင် တယ်"
ဒါရိုက်တာကြီးခေါင်းညိတ်ရင်း "ငါဒီတစ်ယောက်ကို ဦးစားပေး နေရာ ထားမယ်"။ နည်းပြကြီးက ဒါရိုက်တာလက်ထောက်တဲ့ နေရာလှမ်း ကြည့်ပြီး မျက်လုံးကတောက်ပသွားတယ်။
"ဒါဟာ ကျွန်တော်တို့တပ်စုရဲ့ ဦးစားပေးတိုးတက်မှုအတွက်ပါပဲ"
ဒါရိုက်တာကြီးက ပြုံးလိုက်ပြီး "သူ့ကိုပဲ ခန့်လိုက်တော့"End of Chapter 6