CHAPTER 2 : ရဲသားကိုကို ညနေပိုင်းလောက် စစ်ဆေးရေးလေ့ကျင့်ခန်းမှာ ပါဝင်ကြ တဲ့ လေယာဉ်မှုးတွေအားလုံး ကန္တာရထဲမှာပဲ စတဲချနေကြတယ်။ Bai Luo Yin က ယာယီတဲမှာ တစ်ယောက်တည်းနေတယ်။ အပြင်မှာ လေအေး တွေက တရွီရွီးတိုက်နေပြီး သူ့ရဲ့လားမား အမွေးနဲ့ ရက်ထားတဲ့ ဆွယ် တာဟာ ချွေးတွေနဲ့ စိုအိနေတယ်။ ဆွယ်တာမှာ ကပ်နေတဲ့ အမှိုက်နဲ့ ပေါက်ဖက်တွေကို ဖယ်ဖို့ သူက ဆွယ်တာကို ချွတ်လိုက်တယ်။ သူက ပထမခါချဖို့ လုပ်ပေမဲ့ မရတာနဲ့ပဲ သူ့လက်နဲ့ ကိုယ်တိုင် ဖြေးဖြေးချင်း လိုက်နှုတ်နေရ တယ်။
Liu Chong က Bai Luo Yin ရဲ့ ယာယီတဲ အ၀င်ဝလိုက် ကာကို လှပ်လိုက်တယ်။ Bai Luo Yin အပေါ်ပိုင်းအင်္ကျီချွတ်နဲ့ တွေ့ လိုက်ရတော့ စိုးရိမ်စိတ်နှင့် သူလန့်သွားတယ်။
"ဗိုလ်မှူး ထိသွားလား?"
Bai Luo Yin မျက်ခုံးပင့်ကြည့်တော့ စိုးရိမ်နေတဲ့ မျက်နှာ တစ်ခုကို တွေ့ရတယ်
"ငါ့ကြည့်ရတာ ဒဏ်ရာရနေတဲ့ပုံ ပေါက်နေလို့လား?"
"မပေါက်.... မပေါက်ပါဘူးခင်ဗျ" Liu Chong က အနေရ ခက်လာပြီး "ကျွန်တော်က ဗိုလ်မှူးဆွယ်တာ ချွတ်ထားတာ တွေ့တော့ ဒဏ်ရာများ ဆေးထည့်နေသလားလို့ပါ"
"မင်းအရင်ဆုံး လိုက်ကာချထားလိုက်။ ပြီးမှဝင်မှဖြင့်ဝင် ထွက်မှာ ဖြင့် ထွက်! အပြင်မှာ လေအေးတွေ တိုက်နေတာ တော်ရုံမဟုတ် ဘူး"
Liu Chong မှာ အခြားရွေးချယ်စရာမရှိဘဲ ချိုင်းကြားစောင်လိပ် ကြီး ညှပ်ပီး Bai Luo Yin ရဲ့ ယာယီတဲထဲကို ၀င်လာလိုက်သည်။ Bai Luo Yin က Liu Chong ရဲ့ ချိုင်းကြားမှာညှပ်လာတဲ့ စောင်လိပ်ကို မြင်တော့ အံသြဟန်နဲ့ Liu Chong ကိုကြည့်လိုက် တယ်။
"ညသန်းခေါင်ကြီး လာတိုက်ခံရမှာစိုးလို့ ငါ့တဲထဲ လာအိပ်မလို့ လား?"
"အဲ့ - အဲ့လို မဟုတ်ပါဘူးခင်ဗျ" Liu Chong က ရှက်ရှက်နဲ့ ဖြေလို တယ်။
"ကျွန်တော်က ဗိုလ်မှူးအအေးပတ်မှာစိုးလို့ စောင်ကို သေချာယူ လာပေး တာပါ"
Bai Luo Yin က နှုတ်ခမ်းထောင့်စွန်းလေးတင် မြင့်တက်သွား အောင်ပြုံးပြီး Liu Chong ရဲ့ လည်ပင်းကို လက်နဲ့လှမ်းချိတ်လိုက် တယ်။ "မင်းက အထက်လူကြီးကို လက်ထိုးတာလားကွ?" Liu Chong က အရူးလို နှစ်ခါလောက် အသံထွက်ရယ်လိုက်ပြီး "ဆရာကလည်း ဘယ်လိုပြောလိုက်တာလဲ? ကျွန်တော်တို့က တပ်စိတ်တစ်စုတည်းမှာ ပါတဲ့အပြင် ဆရာက ခေါင်းဆောင် ဆိုတော့ နက်ဖြန်စစ်ဆေးရေးတာဝန် တွေက ဆရာ့လမ်းညွှန်မှု လိုတယ်လေ။ ခုတပ်သားတွေ အားလုံးထဲမှာ နေမကောင်းဖြစ်လို့ မရတဲ့သူကတော့ ဆရာပဲ"
Bai Luo Yin က အသံပြင်းပြင်းနဲ့ "ထားလိုက်ပါကွာ စောင်ပြန်ယူ သွား တစ်ယောက်ကို စောင်တစ်ထည်စီပဲရှိတာ။ ဒီအချိန် ဘယ်သူမှ နေမကောင်းဖြစ်လို့ မဖြစ်ဘူး"
"ကျွန်တော်တို့ထက်စာရင် ဆရာက အချမ်းဒဏ် ပိုမခံနိုင်ဘူး မဟုတ် လား?" Liu Chong က နောက်တောက်တောက်ပြော လိုက်တယ်။
Bai Luo Yin က မျက်ခုံးနည်းနည်းပင့်လိုက်ပြီး "ငါက ဘာလို့ အချမ်းဒဏ်မခံနိုင်ရမှာလဲ?"
"ပြီးခဲ့တဲ့နှစ်က အရှေ့မြောက်ဘက်မှာ စစ်ဆင်ရေးသွားလုပ်တာ မှတ်မိ သေးလား? ကျွန်တော် နဲ့ဗိုလ်မှူးနှစ်ယောက်တစ်တဲနေတုန်း က ဗိုလ်မှူး ညကျတော့ ကျွန်တော့်ဘက် တဖြည်းဖြည်း တိုးလာတာ။ တစ်ညတော့ ဆရာ့လက်က ကျွန်တော့်ဗိုက်ပေါ်ရောက် လာပြီး နောက်နေ့တော့ ကျွန်တော် ၀မ်းလျောတာပဲ ခင်ဗျ"
Bai Luo Yin က ချောင်းဟန့်လိုက်ပြီး "အေး အဲ့ဒါ ငါ့အကျင့်ပဲကွ နွေရာသီမှာ တောင် ငါအဲ့လိုလုပ်သေးတယ်"
Liu Chong က Bai Luo Yin လက်တွေကို ကိုင်လိုက်ပြီး တောင့်တောင့် ကြီးပြောလိုက်တယ်။ "ဒါပေမဲ့ ဆရာ့လက်တွေက တကယ်ကြီး အေးစက် နေတာ"
"ဒါကတော့ကွာ ငါသွေးက အေးတယ် ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ် အပူချိန် က သာမာန်လူတွေထက်ကို နိမ့်တာ"
Liu Chong ကခေါင်းဆန့်လိုက်ပြီး "အော် အဲ့လိုလား....."
Bai Luo Yin က ဆွယ်တာမှာ ကပ်နေတဲ့ အမှိုက်တွေကို ဆက် နှုတ်နေတယ်။
"ကျွန်တော်လုပ်ပေးမယ် ဆရာ" Liu Chong က ပြောသည်။
Bai Luo Yin က အဲ့ဒီလို လက်ဝင်တဲ့ ကိစ္စတွေလုပ်ရတာ စိတ်မရှည်တ အတွက် ဆွယ်တာကို Liu Chong ဆီကို လှမ်းပေး လိုက်တယ်။ သူဟာ စောင်ကိုခင်းပြီး လှဲရင်း နက်ဖြန် စစ်ဆင်ရေး အတွက် အစီအစဉ်တွေကို အလေးအနက် စဉ်းစားနေလိုက် တယ်။
တီ...တီ...တီ။ Alarm သံဆူညံစွာ ထွက်ပေါ်လာတယ်။
Bai Luo Yin က ကျားသစ်တစ်ကောင်လို လျင်မြန်ဖြတ်လက်စွာ စ လှုပ်ရှားတယ်။ သူက ချက်ချင်း ကုန်းထပြီး Liu Chong လက်ထဲက ဆွယ်တာကို ဆွဲယူဝတ်လိုက်ပြီး တဲအပြင်ကို မြန်မြန်ပဲ ထွက်လိုက်သည်။ နောက်ဆုံးမှာတော့ ကျူးကျော်လာ တဲ့ ရန်သူ့လေယာဉ်တွေ ကောင်းကင်မှာ ကွေ့ပတ်ပျံနေတာ ဖြစ်နေတယ်။
"သေစမ်း!" Liu Chong က ဆဲရေးလိုက်ပြီး "နားချိန်လေးများ ပေးပါ တော့လားကွာ"
Bai Luo Yin က ပိုင်နက်ဆီကို အမြန်လျှောက်သွားတယ်။ Liu Chong ကလည်း အသေအချာ လေ့ကျင့်ထားသူဖြစ်တယ်။ သူက တဲဆီပြန်ပြီး လိုအပ်တဲ့ လက်နက်ကိရိယာတွေကို အလျင်အမြန် တပ်ဆင်ယူဆောင် လာတယ်။ နှစ်မိနစ်တောင် မကြာဘူး Pilot တွေ အားလုံး လက်နက်ကိရိယာ အစုံအလင်နဲ့ အသင့်ဖြစ်နေ ကြပြီ။ ဒီအချိန်မှာ ရန်သူ့ယာဉ်များက စစ်တပ်ပိုင်နက်ဆီကို ချက်ချင်းပဲ ကျုးကျော် ချဉ်းကပ် လာကြပြီး နောက် ပြင်းထန်တဲ့စစ်ပွဲ ကို အစချီတော့မလိုပင်။
"နှစ်အုပ်စုခွဲပြီး လူဖြန့်လိုက်" Bai Luo Yin က ပြတ်သားတဲ့ အမိန့်ပေး လိုက်တယ်။ သူကအခြားတိုက်လေယာဉ် အုပ်စုနှစ်စု ကို ခေါင်းဆောင် ပြီး ရန်သူ့ယာဉ်များဆီ တည့်တည့်ပျံလာတယ်။ မှောင်မဲပြီး မိုးသားများ ဖုံးနေသော ကောင်ကင်မှာ သူတို့တွေက အလတ်စား ဒုံးကျည်နှစ်လုံးကို တဆက်တည်း ပစ်ခွင်းလိုက် တယ်။
"ဒိုင်း ..ဒိုင်း" ကျယ်လောင်သော အသံနှစ်သံနဲ့အတူ မီးတောက် များက ကောင်းကင်မှာ လောင်နေသလို ပစ်မှတ် နှစ်ခုထိသွား တယ်။
ဒီအဖြစ်အပျက်တွေဟာ အလွန်မြန်ဆန်လွန်းတာကြောင့် သူတို့မှာ လုံလောက်တဲ့ ပြင်ဆင်ချိန်မရဘူး။ Bai Luo Yin တို့အဖွဲ့က အသာစီးရ နေပေမယ့်လည်း ပျက်စီးမှုကမသေး၊ အချိန်လည်းကုန်ပြီ မနက် လေး နာရီ လင်းအားကြီးချိန်မှ နှစ်ဖက်စစ်ပွဲက ဆဲသွားရုံရှိသေးတယ်။ နောက် ထပ် တစ်နာရီလောက်ကြာတော့ Alarm သံ နောက်တစ်ဖန် ပြန်ပေါ်လာ ပြန်ပြီ။
Bai Luo Yin ရဲ့ စင်းနေတဲ့ မျက်လုံးဟာ မှိတ်သွားလိုက် ပွင့်သွား လိုက် ဖြစ်နေတယ်။ သူ့မျက်လုံးသူငယ်အိမ်က မှိတ်တုတ်တုတ် အလင်းရောင် အားလုံးကို မပြတ်စောင့်ကြည့်နေတယ်။
**သူတောင်းစားတွေ! မင်းတို့သေချာတမင်လုပ်တာမလား? ငါ အအိပ်မက်မှန်းသိလို့ ညကိုပဲ ရွေးတိုက်တာမလား။ အေး မင်းတို့ကို နိုင် အောင် မတိုက်နိုင်ရင် ငါ့နာမည် Bai ကို ပြောင်းပစ်လိုက်မယ်**
သုံးရက်သုံးညကြာပြီးနောက် စစ်ဆင်ရေးလေ့ကျင့်ခန်းဟာ အောင်မြင် စွာ အဆုံးသတ်သွားတယ်။ တိုက်ခိုက်ရေးဗျူဟာ ပြောင်မြောက်တာ ကြောင့် Bai Luo Yin ကို နားခွင့် နှစ်ရက် ပေးလိုက်တယ်။ Liu Chong က Bai Luo Yin အိမ်ကို Helicopter နဲ့လိုက်ပို့တယ်။ Bai Luo Yin ဟာ ယာဉ်မောင်း ထိုင်ခုံရဲ့ဘေးက ခရီးသည်ထိုင်ခုံမှာလိုက်ပါလာပြီး သူ့ မျက်လုံး တွေကရှေ့တူတူကို ကြည့်နေတယ်။ သူ့ရဲ့ မောပန်းနွမ်းနယ်မှု ကိုတော့ မဖုံးထားနိုင်ဘူး။
"ဗိုလ်မှူး ဘာလို့တပ်ထဲဝင်လာတာလဲ?" အတော်ကြာ ဘာမှ ပြန်မဖြေ တာ နဲ့ Liu Chong က Bai Luo Yin ရှိရာခေါင်း ငဲ့ကြည့်လိုက်တော့ Bai Luo Yin ဟာ အိပ်ပျော်နေပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ကို လေယာဉ်ခေါင်းပိုင်း ရဲ့ ဘေးဘက်မှန်နံရံကို မှီထားပြီး မျက်နှာဘေးတစောင်း အနေအထား နဲ့ မေးက အနည်းငယ်မြင့် နေတယ်။ Liu Chong လွန်ခဲ့တဲ့ နှစ်နှစ်က စစ်တပ်ထဲ ပထမဆုံး စရောက်ချိန် Bai Luo Yin ဟာ သူတို့တပ်စိပ်ကို ဗိုလ်မှူးအဖြစ် ရောက်လာတာကိုမှတ်မိနေတယ်။ Bai Luo Yin ကို ပထမဆုံး တွေ့ခဲ့တဲ့ ပုံစံကိုလည်း သတိရနေသေးတယ်။ တပ်သား အားလုံး က သူတို့ဗိုလ်မှူးရဲ့ရဲစွမ်းသတ္တိကို အထင်ကြီးလေးစားကြတယ်။ Liu Chong က သူပထမဆုံးအကြိမ် Bai Luo Yin နဲ့တွေ့တုန်းက အရမ်း စိတ်လှုပ်ရှားနေခဲ့တာ အမှတ်ရနေတယ်။
ခုဆို သူတပ်ထဲရောက်တာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။ Liu Chong နဲ့ Bai Luo Yin ဟာ တွဲဖက်ကောင်းတွေ ဖြစ်လာကြတယ်။ Bai Luo Yin ရဲ့ ယာဉ်မောင်းစွမ်းရည်ဟာ လက်ဖျားခါလောက် အောင်တော်တဲ့အပြင် တပ်ထဲမှာလည်း တိုက်ခိုက်ရေး ဗျူဟာလည်း တော်တဲ့အကြောင်း သူနားလည်လာတယ်။ တပ်ထဲမှာ တိုက်ခိုက်ရေးကောင်းသလောက် သူရဲ့ အရပ်ဝတ်နေထိုင်မှုဟာ ငတုံးတစ်ယောက်လိုပဲ။ သူ့တပ်ထဲက အိမ်မှာ သန့်ရှင်းသပ်ရပ်မှု အဆင့်က အနိမ့်ဆုံးမှာ ရှိတယ်။ သူဟာ နေ့စဉ် လိုအပ်ချက်တွေတောင်မေ့နေတတ်တယ်။ တံခါးသော့ပျောက် လို့ သော့ဖျက် ရတာလည်း အကြိမ်ပေါင်း မနည်းတော့ဘူး။
ဒါပေမဲ့ တပ်လေ့ကျင့်ရေးကွင်းနဲ့စစ်မြေပြင်မှာဆိုရင် သူရဲ့ တွေးခေါ်ပုံနဲ့ အာရုံစိုက်မှုကို ဘယ်သူမှယှဉ်လို့မရဘူး။
အနှောက်အယှက် ကင်းကင်းနဲ့ ငြိမ်ငြိမ်လေးအိပ်နေတဲ့ Bai Luo Yin ကို ကြည့်ပြီး Liu Chong စိုးရိမ်စိတ်ဝင်လာတယ်။ တော်သေး လို့ ဒီနေ့ အိမ်အပြန်သူလိုက်ပို့ပေးလို့သာပဲ။ အကယ်၍ Helicopter မောင်းနေ ရင်း အိပ်ပျော်သွားမှဖြင့်? လေတပ်တစ်ခု လုံး အတွက် ဆုံးရှုံးမှု တစ်ရပ် ဖြစ်တော့မယ်။
Liu Chong က တွေးနေတုန်း Bai Luo Yin က ရုတ်တရက်ကြီး လှမ်းပြောလိုက်တယ် "ဟေ့ကောင် ငါအိပ်ပျော်နေရင်တောင် အိမ် ကို တန်းတန်းမတ်မတ် ပြန်နိုင်တယ်" Liu Chong အံ့သြမှင် သက် သွားပြီး ** ငါဘာတွေ တွေးနေလဲဆိုတာတောင် သိနေ တာလား?**
Bai Luo Yin ဟာ နှုတ်ခမ်းထောင့်စွန်းလေး မြင့်တက်သွားရုံလေး ပြုံးနေ လိုက်သည်။
Bai Luo Yin ဟာ အိမ်ကိုမပြန်ဖြစ်တာ နှစ်နှစ်ရှိပြီဖြစ်တဲ့နောက် Bai Han Qi (Bai Luo Yin ၏ အဖေ) ရဲ့ ဆံပင်တွေဟာ ပိုဖြူလာပြီ။
"ဆံပင်လေး ဆေးဆိုးပါဦးလား?" Bai Luo Yin က ငြီးပြောလိုက် တယ်။ "အဖေက အသက် (၅၀) တောင် မပြည့် သေးဘူး အဘိုးကြီး ပေါက်စနဲ့ တူလာပြီ"
Aunt Zhou က မချိပြုံး ပြုံးလိုက်ပြီး "အန်တီ မင်းအဖေကို ပြောပါတယ် ကွယ်။ ဒါပေမဲ့ သူကမဆိုးချင်ဘူးဖြစ်နေတာ ပြီးတော့ ပြောသေးတယ် သူ့ခေါင်းပိုဖြူလေလေ သူ့သားခဏခဏ ပြန်လာ လေ လေပဲတဲ့"
Bai HanQiက မဟုတ်ပါဘူး ငြင်းနေလဲ Bai Luo Yin ရင်ထဲမှာ အဖေ့အပေါ်ကို အလွန် အားနာမိတယ်။Aunt Zhou က အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်စားထားတယ်။ ဒီတိုက်ခန်း ကို ပြောင်းနေကတည်း က သူမက သုံးရက် (သို့) ငါးရက်ခြား အသက်ကြီးပိုင်းအကသင်တန်းကို သွားတယ်။ သို့သော်လည်း Bai Han Qi ကတော့ လူတောထဲတိုးဖို့ ပိုဝန်လေးလာမိတယ်။ ပင်စင်ယူဖို့ သုံးနှစ်လိုသေးပေမယ့် သူ့ခန္ဓာကိုယ် က အရင်လို အင်အားတွေ မရှိတော့ဘူး။ နေ့တိုင်းပဲ သူအလုပ်က ပြန် ရောက်ရင် Sofa ပေါ်လှဲနေပြီး TV ကြည့်ရင်း အိပ်ပျော်သွားတတ်တယ်။
Bai Luo Yin ဒီတစ်ခေါက် ပြန်လာတော့ Bai Han Qi ဟာ ပိုပြီး ပွစိပွစိ ပြောလာတယ်။ ကိစ္စသေးသေးလေးတွေကိုက အစ Bai Luo Yin ကို အတွန့်တက်ပြနေတယ်။ သူအရင်က အဲ့လို မလုပ်ဖူးဘူး။ ဖြစ်နိုင်ချေရှိ တာက အဖေတကယ်ကို အိုလာပြီ ထင်တယ်။
နေ့လည် Bai Han Qi အလုပ်သွားနေတုန်း Bai Luo Yin ဟာ Haidian မြို့နယ်မှာရှိတဲ့ Garden လမ်း ရဲစခန်းကိုသွားပြီး ညီမလေးလို ဖြစ်နေတဲ့ သူ့ သူငယ်ချင်း Yang Meng ကိုသွားတွေ့တယ်။ Yang Meng ဟာ အခုရဲဖြစ်နေပြီ။
Bai Luo Yin မှန်းထားသလိုပဲ Yang Meng ဟာ DSA ၀င်ခွင့်မအောင်လို့ တပ်ထဲ ၀င်ခွင့် မရဘူး။ ဒါပေမဲ့ Yang Meng အဖေက လက်မလျော့ဘဲ စစ်သားမဖြစ်နိုင်မှန်းလဲသိရော ရဲဖြစ်နိုင်သေးတယ် ဆိုပြီး လက်ဆောင်တွေနဲ့လာဘ်ထိုးပြီး Yang Meng ကို ရဲသား တစ်ယောက်အဖြစ် ဇွတ်လုပ်ခိုင်းခဲ့တယ်။ Yang Meng ကတော့ ပြည်သူကရော လုပ်ဖော်ကိုင်ဖက်တွေကပါ ၀ိုင်းအနိုင်ကျင့်ကြတာ ကြောင့် အလုပ်ချိန်ပိုတွေ အများကြီးလုပ်ရပြီး ရဲဘ၀က သူ့အတွက် ခါးသီးခက်ခဲတဲ့အရာ ဖြစ်လာတယ်။
Bai Luo Yin လမ်းမှာပဲရှိနေတုန်း ဒီဘက်မှာ Yang Mengက မိသားစု ပြဿနာတစ်ခုကိုဖြေရှင်းနေတုန်း ရှိသေးတယ်။
အမျိုးသမီးကြီးက စတိုင်တန်းတယ် "ဦးရဲကြီးရယ်ကျွန်မကိုကူပါဦး ဒီလူကြီး မယားငယ် ထားပြီး မုန်လာဥလုပ်နေတာ"
ယောက်ျားကြီးက ဒေါသတကြီးနဲ့ ပြန်ဆိုတယ် "ဘယ်သူက မယားငယ် ရှိနေလို့လဲ? ငါမယားငယ်ရှိနေတာ မင်းမျက်လုံးနဲ့ မြင်ခဲ့လို့လား?"
အမျိုးသမီးကြီးက စားပွဲကို လက်နဲ့ရိုက်လိုက်ပြီး မတ်တပ်ထရပ် လိုက်တယ်
"ရှင်ကအထုတ်ဖြေပြစေချင်တာလား? ရှင့် ဖုန်းထဲက message တွေ အားလုံး ကျွန်မသိမ်းထား ပြီးပြီ!"
ယောက်ျားကြီးက မတ်တပ်ထရပ်လိုက်ပြီး "မင်း ငါ့ကိုယ်ရေး ကိုယ်တာ ကို ထိပါးတယ်"
"အရှက်ကို မရှိဘူး"
"အရှက်မရှိတာကမှ မင်းကွ"
ထိုသူနှစ်ဦးစလုံးဟာ ရန်ဆက်ဖြစ်နေကြရင်း မိန်းမကြီးက ငိုတော့မယ့် မျက်နှာနဲ့ Yang Meng ကို ကြည့်လိုက်တယ်။ "ဦးရဲကြီး ဒီကိစ္စဘယ်လို ရှင်းပေးမှာလဲ?"
Yang Meng ဟာ ၄င်းတို့ နှစ်ဦးလုံးကိုကြည့်ရင်း တွေဝေသွားတယ်။ သူဟာ ရဲဦးထုတ်ကို ပြင်ဆောင်းလိုက်ပြီး လည်ချောင်းရှင်းလိုက်တယ်
"ဒီကိစ္စက ..... ခင်ဗျားတို့ နှစ်ယောက်စလုံး နေရာမှားလာကြပြီ ခင်ဗျား တို့က တရားရုံးကို ကွာရှင်းရအောင် သွားရမှာ"
" ............"
Bai Luo Yin ရောက်လာတဲ့ အချိန်မှာတော့ Yang Meng ဟာ အဲ့ဒီယောက်ျားကြီး နှင့် မိန်းမကြီးရဲ့ ရိုက်နှိပ်တာ ခံနေရတယ်။
"မိန်းမရေ ဒီအကောင် ငါတို့လင်မယားကို သွေးခွဲနေတာ ဒင်းကို နာနာချ"
"ယောက်ျား ဒီအကောင်ကို စတွေ့ကတည်းက ကျွန်မချဉ်နေတာ။ ကြည့်နေရင်းနဲ့ ရှင့်မယားငယ်နဲ့တောင် တူတူလာပြီ"
Bai Luo Yin ဟာ ဒီလိုအသုံးမကျတဲ့ရဲကို တစ်ခါမှ မတွေ့ဖူးဘူး။
သူကအထဲကို လမ်းလျှောက်သွားပြီး ယောက်ျားကြီးရဲ့ အင်္ကျီ ကော်လာကြီးကို ကိုင်ပြီးတံခါးကနေ လွှင့်ပစ်လိုက်တယ်။ သူ့ ယောက်ျား အခြေအနေ မဟန်မှန်းသိလို့ မိန်းမကြီးက Bai Luo Yin ကို ရိုက်မလို့ လာသော်လည်း Bai Luo Yin ရဲ့ စူးရှတဲ့ အကြည့်ကိုမြင်ပြီး တံတွေးသီး သွားတယ်။ ပြီးတော့ ဆဲရေးရင်းနှင့် အပြင်ကို ပြန်ထွက်သွားတယ်။
ပြဿနာအိုးတွေထွက်သွားတော့ Yang Meng က Bai Luo Yin ကို မျက်ရည်အ၀ိုင်းသားနှင့် ကြည့်နေတယ်။ Bai Luo Yin ဟာ Yang Meng အတွက်စိတ်မကောင်းပေမယ့်လည်း သူ့သူငယ်ချင်း အပေါ် အားမလို အားမရလည်းဖြစ်မိတယ်။ သူဟာ Yang Meng ရဲ့ ဦးထုပ်ကို ချွတ်လိုက် ပြီး Yang Meng ရဲ့ခေါင်းကိုဖွလိုက် တယ်။
"တော်ပြီလေ မင်းလည်း ရဲသားတောင်ဖြစ်နေပြီ စိတ်နုမနေနဲ့ တော့"
"လူသန်ကြီးတွေတောင် စိတ်နုတဲ့အပိုင်းလေးတော့ ရှိကြတာပဲ" Yang Meng က အံကို ကျိတ်ရင်းပြောတယ်။ သူ့စကားဆုံးတာနဲ့ Yang Meng က Bai Luo Yin ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ကျောကိုအကြိမ်ကြိမ်ထုရိုက် နေတယ်။
"သူငယ်ချင်း မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့? နောက် ထပ် နှစ်နှစ်လောက်မှ မင်းပြန်လာမယ်ဆိုရင် ငါ့ရဲ့ပြာကိုပဲ မင်း တွေ့ရတော့ မှာ"
Bai Luo Yin ကျောချမ်းသလိုဖြစ်ပြီး "အဲ့လောက်ကြီးလား?"
"မဖြစ်နိုင်ဘူးထင်လို့လား?" Yang Meng ရဲ့ ပုံစံက မနှစ်မြိုစရာကြီး "အများကြီး ဖြစ်နိုင်တယ်"
သူဟာ Bai Luo Yin ကိုဆွဲပြီး ထိုင်ခိုင်းပြီးနောက် သူ့ဘ၀ ရဲ့စိတ်မချမ်းမြေ့ဖွယ်ရာတွေကိုစတင်ပြောပြနေတယ်။
----------------
Yan Ya Jing ဟာ လျှောက်လွှာတွေကို အသေအချာစီပြီး Gu Hai ကို လှမ်းပေးရင်း Gu Hai ခေါင်းညိတ်လိုက်တာနဲ့ သူမထွက်သွားဖို့ လှည့်ပြီး မှ ရုတ်တရက် Gu Hai လှမ်းခေါ်လို့ ပြန်လှည့်ကြည့် တယ်။
"ပြည်သူ့လုံခြုံရေးကောင်စီကို နင်သွားမှာလား?" Yan Ya Jing က ခေါင်းညိမ့်ပြလိုက်တယ်။
"ဟုတ်တယ် ဒီလျှောက်လွှာတွေကို ပြည်သူ့လုံခြုံရေးကောင်စီကို ယူ သွားပြီး တံဆိပ်တုံးထုဖို့ လိုတယ် ဟုတ်?"
"ငါပါလိုက်မယ်"Gu Hai ပြောတယ်။
Yan Ya Jing ဟာ အံ့သြသွားပြီး **ငါတို့ MD ဒီနေ့ ဘာဖြစ်နေတာလဲ? မိန်းကလေးတွေကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သိသွားလို့ သူ ကိုယ်တိုင် ကားမောင်းလိုက်ပို့ပေးတော့မှာလား??**
"ငါလွန်ခဲ့တဲ့ရက်က ကိစ္စလေးတစ်ခု ပြည်သူ့ရဲကောင်စီကို ကူညီပေး ပါဦး ဆိုပြီးပြောထားတာ ဘာထူးခြားလဲ သွားကြည့်ချင် လို့"
**အေးလေ နင့်မှာအဲ့လိုစိတ်ကောင်းမရှိဘူးဆိုတာ ငါသိသားပဲ**
Yan Ya Jing ရဲ့အမူအရာဟာ မကျေနပ်တဲ့ပုံပေါက်နေတယ်။End of Chapter 2