CHAPTER-28:စားစရာတွေခွေးစားသွားပြီနောက်နေ့နံနက်စောစော Gu Hai အလုပ်သွားတယ်။ သူ နေ့လည်စာစားချိန်ပြန်လာတော့ Bai Luo Yin မနိုးသေးဘူး။ Gu Hai ချက်ပေးခဲ့တဲ့ မနက်စာဟာ အသစ်အတိုင်းပဲရှိသေးတာမို့ သူကအဲဒါကို သွန်ပစ်လိုက်ပြီး နေ့လည်စာချက်ပေးခဲ့တယ်။ Gu Hai ကနှိုးချင်ပေမဲ့ Bai Luo Yin အိပ်မောကျနေတာတွေ့တော့ မနှိုးဖို့ သူဆုံးဖြတ်လိုက် တယ်။ Gu Hai ကအခန်းထဲမှာပဲ ၁၀မိနစ်လောက် ဘာအသံမှမပြုဘဲ Bai Luo Yin အိပ်နေတာကို ထိုင်ကြည့်နေခဲ့တယ်။
ရွေးချယ်စရာအခြားမရှိတာနဲ့၊ သူဟာBai Luo Yin အတွက် စာတိုတစ်စောင်ချန်ပြီးအလုပ်ကိုပြန်သွားတယ်။
Gu Hai အိမ်ကထွက်သွားတာနဲ့ချက်ချင်းပဲ Gu Yang ရောက်လာတယ်။ သူဟာ ဒီနေ့ညလေယာဉ်နဲ့ Hong Kong ကိုပြန်တော့ မှာမို့ မပြန်ခင် Gu Hai ကိုတွေ့ချင်တယ်။ သူတို့ ညီအကိုနှစ်ယောက်က တေ့လွဲလွဲနေကြတယ်။ ပထမ Gu Yang ကGu Hai ကိုကုမ္ပဏီမှာ သွားရှာတယ်။ ဒါပေမဲ့Gu Hai က အိမ်ပြန်သွားပြီ။ နောက် Gu Yang ကGu Hai အိမ်လိုက်လာပြန်တော့၊ Gu Hai က ကုမ္ပဏီကို ထွက်သွား ပြီ။
Gu Yang က တမင်ကြီး Gu Hai ဆီ ဖုန်းဆက်ပြီး ဘယ်မှာ ရှိနေမလဲလို့လည်း မမေးချင်ဘူး။ သူစဉ်းစားတာက သူတို့ တွေ့လို့ရရင် တော့ အကောင်းဆုံးပဲ၊ ဒါပေမဲ့မတွေ့ခဲ့ဘူးဆိုလည်း ရှိပါစေတော့ ဆိုတဲ့ သဘော။
Gu Haiရဲ့အိမ်တံခါးသော့ခတ်ထားတာတွေ့တော့ Gu Yang ကမတ်တပ်ရပ်လျက်ဝင်သွားသင့်၊ မသင့် သူဝေခွဲမရဖြစ်နေတယ်။ သူ့မှာ အိမ်သော့တွေရှိတယ်။ Gu Haiက ဟိုအရင်ကတည်းက သူ့ကိုပေးထား ခဲ့တာ။ အဲဒီအချိန်တုန်းကGu Hai အိမ်မှာ အခြားသူစိမ်းမရှိခဲ့တာ အသိသာကြီး။ Gu Yang ကသူဝင်သွားရင်လည်း ဘာလုပ်ရမလဲ သို့မဟုတ် ဘာလုပ်သင့်သလဲဆိုတာ မသိဘူး။
သူပြန်လှည့်မယ် လုပ်တုန်း Gu Yang ဟာ ရုတ်တရက်ချည်း ရပ်လိုက်တယ်။ သူ့မသိစိတ်မှာ ခံစားရတာက ဒီအိမ်က အလွတ်ချည်း မဟုတ်ဘူး။ အဲ့ဒီမှာ အတွင်းကနေ အပြင်ကို ပျံ့လွင့်လာတဲ့ သက်ရှိ သတ္တဝါ တစ်ကောင်ရဲ့ ဝင်သက် ထွက်သက် တစ်ခု ရှိနေတယ်။
Gu Yang က တံခါးကိုသော့ဖွင့်လိုက်ပြီး ၊အတွင်းထဲ ဝင်သွားတယ်။ အခန်းထဲမှာ စားချင့်စဖွယ် အစားအသောက် အနံတွေ နဲ့ပြည့်နေတယ် Gu Yang က ကော်ဖီစားပွဲပေါ်က စာတိုကို ယူပြီး ဖတ်လိုက်တယ်။
"စားစရာတွေက မီးဖိုပေါ်မှာ ၊ထုတ်စားလိုက် ကိုယ် အလုပ်ပြီး ရင် ပြန်လာမယ်။ ချစ် မစောင့်နိုင်ရင်၊ကိုယ့်ကို ကုမ္ပဏီမှာ လာတွေ့ လှည့်"
ဒီအိမ်ထဲမှာ အခြားသူတစ်ယောက်ရှိတာ အရူးတောင် သိတယ် ။
ကြည့်ရတာ သူ့ညီလေးက ဒုတိယမြောက် အချစ်ကို သူ့ဘဝထဲ အဝင်ခံလိုက်တဲ့ ပုံပဲ။ အိပ်ခန်းတံခါးက ပိတ်ထားတယ် ။ Gu Yang က အသာလေးတွန်းဖွင့်ပြီး အိပ်ခန်းထဲကို ဖွဖွလျှောက်လာတယ်။ တကယ် ပဲ၊ ပိုးတုံးလုံးတစ်ကောင်လို ကျပ်ထုပ်နေအောင် စောင်နဲ့ ပတ်ထားတဲ့ လူတစ်ယောက် အိပ်ယာပေါ်မှာ အိပ်နေတယ်။ သူ့ခေါင်းရဲ့ တဝက်စာပဲ ပေါ်နေတယ်။ အခန်းထဲမှာတူတူနေပြီးတဲ့အခါ ထွက်လာတဲ့ ဖန်တန်တန် အနံ့ကလှိုင်နေတယ်။ မင်းက ယောက်ျားလေး တစ်ယောက်ဆိုရင် မနေ့ ညက ဒီအခန်းထဲက ဘာတွေဖြစ်ခဲ့သလဲဆိုတာ အတိအကျသိမှာပဲ။
အိပ်ယာပေါ်က လူက Bai Luo Yin လို့ Gu Yang သိသွားတဲ့ အခါ ရုတ်တရက် သူ့ရင်ထဲ တစ်မျိုးကြီး မနှစ်မြို့ဘူး။
ဒီလို မနှစ်မြို့တဲ့ခံစားချက်က လွန်ခဲ့တဲ့ (၈) နှစ်က သူ့ညီနှင့် Bai Luo Yin တို့ကိုအတူတွေ့တုန်းက ခံစားချက်နဲ့တော့ မတူဘူး။ အဲ့ဒီ အချိန် က သူ့ရဲ့နှလုံးသား အောက်ခြေကနေ ငြင်းပယ်ချင်တဲ့ ခံစားချက် ဆိုပေမယ့် အခုဟာက ရှက်သွားရုံသက်သက်ပဲ။ အရင်ကလိုပဲ Gu Yang မဝင်ခင် တံခါးမှာရပ်နေတုန်းက ၊ အိမ်ထဲမှာ သူမမြင်ချင်တဲ့ မြင်ကွင်းကို ကိုယ်တွေ့မျက်မြင် ဖြစ်လိမ့်မယ်လို့ မသိစိတ်က သိနေပေ မယ့် အထဲမဝင် ဖြစ်အောင် သူ့ကိုယ်သူ ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘူး။
အိပ်ယာပေါ် လှဲနေရင်း Bai Luo Yin ရဲ့စိတ်က အိပ်ချင် မူးတူး ဖြစ်နေတယ် ။ သူထင်တာက Gu Hai ကအခုချိန်ထိ အိမ်ထဲမှာပဲပေါ့ ။ အစောပိုင်း Gu Hai အိပ်ယာပေါ် ထိုင်ပြီး သူ့ကို စိုက်ကြည့်နေတုန်းက သူသတိကောင်းကောင်း ရှိနေခဲ့ပေမယ့် မျက်လုံးဖွင့်ဖို့ ပျင်းနေခဲ့တယ်။
Gu Yang ကBai Luo Yin က်ုကျောပေးပြီး အိပ်ယာပေါ် ထိုင်ရင်း စီးကရက်တလိပ်ကို တိတ်တိတ်ဖွာနေတယ်။ သူ့ရင်ထဲမှာတော့ ရှင်းမပြ နိုင်တဲ့ မအီမသာမှုတွေနဲ့ ။
Bai Luo Yin ကသူ့ခြေထောက်ကို စောင်ထဲက ထုပ်လိုက်ပြီး အိပ်ယာပေါ် ထောက်ထားတဲ့ Gu Yang ရဲ့လက်ပေါ်တင်လိုက်တယ် ။ ပြီးတော့ သူ့ခြေချောင်းကို သုံးပြီး Gu Yang ရဲ့လက်ခုံကို နာနာလေး ဆိတ်လိုက်တဲ့အချိန် Gu Yang ကသူကိုယ်တိုင်တောင် သတိမထားမိ လောက်အောင် အာရုံလွင့်နေခဲ့တာ။ ပါးစပ်ထောင့်နား ဆေးလိပ်ကို လျော့လျော့ကိုက်ရင်း Gu Yang ကသူ့နှုတ်ခမ်းကို တင်းတင်းစေ့မိသွား တယ်။ သူက Bai Luo Yin ရဲ့ ခြေကျင်းဝတ်ကို ကိုင်ပြီး ဖမ်းထားလိုက် ချင်တယ်။ ဒါမှ ခြေထောက် ပြန်မရုန်နိုင်အောင် လ်ု့။
Gu Yang ရဲ့ ပုံမှန် စရ်ုက်အရဆိုရင် သူ့ကို စပြီး ရန်စဖို့ မဆိုထားနဲ့ သူ့ရဲ့လက်ကို ခြေထောက်နဲ့လာထိရင် ၊ အဲ့ဒီလူရဲ့ ခြေထောက်ကို ဖြတ်ပစ်လိုက်မှာ။ ဒါပေမယ့် ဒီနေ့ကတော့ တနေ့ကနဲ့ မတူဘူး။ Bai Luo Yin ကသူ့ခြေထောက်ကိုသုံးပြီး Gu Yang ရဲ့လက်ကိုဆွဲဆိတ်လိုက်တဲ့ အခါ သူကစိတ်မဆိုးတဲ့ အပြင် သူ့လက်ခုံပေါ်က အညိုအမဲကွက်ကို ကြည့်ရင်း ပြုံးတောင် ပြုံးမိသေးတယ်။
ရဟတ်ယာဉ်ပေါ်မှာ သူ့ဆီက မီးခြစ်ငှားစဉ်တုန်းက Bai Luo Yin ရဲ့ခြိမ်းခြောက်မှုဆန်တဲ့ မျက်ဝန်းတွေဟာ Gu Yang ရဲ့ စိတ်မှာ ပြန်ပေါ် လာတယ်။
(၈) နှစ်တာ ကာလပြီးဆုံးခဲ့ပြီ ။ Gu Yang ကြိုတွေးထား သလိုပဲ ဒီလူ အသက်ရှင်နေဦးမယ်ဆိုရင် ဒီလူရဲ့အရောင်ထွက်နေတဲ့ မျက်နှာ ပုံပန်း က အကြည့်မလွဲနိုင်အောင်ကို စိတ်အာရုံကို ဖမ်းစားထား တယ်။
Gu Yang မီးဖိုထဲ ဝင်သွားပြီ Bai Luo Yin အတွက် စေတနာများစွာနဲ့ Gu Hai ပြင်ဆင်ပေးထားတဲ့ နေ့လည်စာကို စားပစ် လိုက်တယ်။ သူ့ရဲ့ပါးစပ်ကို သုတ်ပြီးတော့ အိမ်ကနေ မသိကျေးကျွန်ပြု ပြီး ထွက်သွားတော့တယ်။
အိမ်ရှေ့ တံခါးပိတ်သံကြားတော့မှ Bai Luo Yin ရဲ့ မျက်လုံး ပွင့်လာတယ်
* "ကို ပြန်သွားပြီလား? ငါ့ကို ဘာမှတောင် ပြောမသွားဘဲ ပြန် ထွက်သွားတာလား? *"
Bai Luo Yin ထထိုင်ပြီး နာရီ ကြည့်တော့ နေ့လည် (၂) နာရီ ကျော်နေပြီ။သူအိပ်ယာ ထဖို့လိုပြီ။ သူ့ရဲ့ရက် (၃၀) အားလပ်ရက် က (၂) ရက် အတွင်း ကုန်တော့မှာမို့ အိမ်ကိုပြန်ပြီး သူ့အဖေနဲ့ တွေ့ဖို့ အဆင်သင့် လုပ်ရဦးမယ်။ သူမသွားရင်တော့ နောက်တခေါက် အိမ်ပြန် တဲ့အခါ သူ့အဖေက ကြုံကြိုက်တိုင်း ပွစိပွစိ လုပ်နေတော့မှာ။
Bai Luo Yin ရေချိုးပြီးတော့ ခြေသုတ်တင်ရင်း မီးဖိုချောင် ကို ပြေးဝင်သွားတယ်။အစောပိုင်း Gu Yang စားနေတုန်းက စားချင်စဖွယ် အနံတွေက မွှေးကြိုင်နေတယ်။ ဒါပေမယ့် သူထင်တာက Gu Hai တစ်ယောက်ထဲ စားနေတယ်ပေါ့။ သူမထင်ထားတာကတော့ microwave တံခါးကိုဖွင့်လိုက်တဲ့အခါ ဘာမှအထဲမှာ ရှိမနေတာပဲ။ ဒီ့အပြင် စားပြီးသား ပန်းကန် (၂) ချက်နဲ့ ပန်းကန်လုံး လွတ်(၁) လုံးက သူ့ဘေးက စားပွဲပေါ်မှာ ရှိတယ် စွတ်ပြုတ်လေးတောင်မကျန်တော့ဘူး ။
Bai Luo Yin ဘာလုပ်ရမှန်း မသိပေမယ့် ခါးခါးသီးသီး တံတွေးကို မြိုချလိုက်တယ်။
*" Gu Hai , မင်း သိပ်ရက်စက်တယ်! ငါက မင်းလက်ခုံကို နဲနဲ လေး ဆိတ်လိုက်တာနဲ့ပဲ ငါ့အတွက်စားစရာလေးနဲနဲတောင် ချန်မထား ဘူးပေါ့ " *
ဖြေရှင်းစရာတွေ ရှင်းပြီးတဲ့ခရီးစဉ်တွေပြီးတဲ့နောက် Bai Luo Yin တစ်ယောက် Gu Hai ကိုတွေ့ဖို့အိမ်ကို တစ်ခေါက်ပြန်လာပြန်တယ်။ ကောင်းကင်မှာတော့ အမှောင်ဖုံးနေ ပြီ။
Gu Hai ကညစာကို မီးဖိုပေါ်တင်ပြီးတော့၊ အပြင်ထွက်ပြီး Bai Luo Yin ကိုစောင့်နေခဲ့တယ်။ ခဏကြာတော့ Bai Luo Yin ကားပေါ်က ဆင်းပြီး Gu Hai ဆီတည့်တည့် လျှောက်ရင်း မေးလိုက်တယ်။" ညစာ ကျက်ပြီလား? "
" ညစာ ကျက်တာဖြင့် ကြာလှပြီ။ ကိုယ်မီးဖိုပေါ် တင်ထားခဲ့တယ်"
Bai Luo Yin နှာခေါင်းရှုံ့လိုက်ပြီး "နောက်ဆုံးတော့ ငါ့အတွက် စားစရာချန်ဖို့ မင်းသိပြီပေါ့ ဟုတ်လား? "
စားစရာမချန်ဘူးဆိုတာ ဘာပြောတာလဲ? ကိုယ်လည်း ဘာမှ မစားရသေးဘူး။ ကိုယ်ဖြင့် ချစ်ကို စောင့်နေတာကို! "
Bai Luo Yin က သံသယဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ။ သနားစရာ Gu Hai ခဗျာ Bai Luo Yin ဘာကိုသံသဃ ဖြစ်နေမှန်း အစအန ကိုတောင် မသိရှာဘူး။
Gu Hai မီးဖိုပေါ်က စားစရာတွေ သယ်လာတော့ Bai Luo Yin ကဆာလောင်နေတဲ့ မြေခွေးတစ်ကောင်လို အငမ်းမရစား တော့တယ် ။ အစက Aunt Zhou က သူ့ကိုအိမ်မှာ ညစာစားဖို့ နေစေချင်ပေမယ့် ညစာစားပွဲရှိတယ် အကြောင်းပြပြီး Bai Luo Yin ငြင်းခဲ့တယ်။ တကယ် တော့ သူ့အဖေ အိမ်မှာ ညစာမစားချင်ဘူး။ အကြောင်းက Gu Hai ချက်တဲ့ဟင်းပဲ လျှာပေါ်မှာ တိုးပြီး အခြားသူချက်တဲ့ ဟင်းဆို စားချင် စိတ်တောင် မရှိတော့ဘူ။ အခုတော့ နေ့လည်စာမစားရသေးတဲ့ အတွက် သူသေလောက်အောင် ဆာနေပြီ။
Gu Hai က Bai Luo Yin အငမ်းမရ စားနေတာတွေ့ပြီး အံ့သြလို့ မေးမိတယ်။
" ဒီနေ့လည်း ချစ် ဘာတွေလုပ်ခဲ့သလဲ? စားထားတဲ့ အစားတွေ အားလုံး အစာကြေသွားပြီလား? "
" ငါက ဘာကို အစာချေရမှာလဲ? ဒီနေ့ တစ်နေ့လုံး ဘာမှကို မစားရ သေးဘူး "
Gu Hai ကသရော်လိုက်တယ်။"ဒါဆို ၊ ကိုယ် မီးဖိုထဲ ထည့် ထားတဲ့စားစရာတွေက ခွေးစားသွားတာလား, ပြော? "
Bai Luo Yin ကြားကြားချင်း ၊ ဒေါသထွက်ထွက်နဲ့ ပြန်ပြောလိုက် တယ်။
" ဟုတ်တယ် ခွေးစားသွားတာ"
နောက်တော့ နှစ်ယောက်စလုံးကိုင်ထားတဲ့ တူတွေကို ချလိုက်ကြ တယ်။
Bai Luo Yin က မူမမှန်တာ တစ်ခုခု ရှိနေပြီလို့ နားလည် လိုက် တယ်။ သူက Gu Hai ရဲ့ လက်တစ်ဖက်ကို ကိုင်လိုက်ပြီး အညိုမဲကွက် ရှာတော့မတွေ့ဘူး။ ပြီး နာက်လက်တစ်ဖက်ကို ကိုင်ကြည့်ပြန်တော့ လည်း မတွေ့ဘူး။ ပုံမှန်ဆို သူ့ခြေချောင်းတွေ ကလည်း သေးတာ မဟုတ်ဘူး။
Gu Hai ကBai Luo Yin ကို စိတ်ရှုပ်တဲ့ပုံနဲ့ကြည့်ပြီး
" ကိုယ် coffee စားပွဲပေါ်တင်ထားခဲ့တဲ့ စာတိုကို ချစ် မတွေ့ဘူး လား?"
" ဘာ စာတိုလဲ? "
Bai Luo Yin ထရပ်ပြီး ဧည့်ခန်းထဲလျှောက်သွားတော့ coffee စားပွဲပေါ်မှာပဲ စာတိုတစ်စောင် ရှိနေတယ် ။ သူ့ပုံစံက လုံးဝ ရုတ်ချည်း ပြောင်းလဲသွားတယ်။
အဲဒီအချိန်မှာပဲ Gu Hai အိမ်အပြင်ဘက်ထွက်လာပြီး Gu Yang ဆီဖုန်းခေါ်နေပြီ။
"ဒီနေ့လည် ငါ့ကိုအိမ်မှာလာရှာသေးလား"
"အေး! "Gu Yang ကပေါ့ပေါ့လေးပြောတယ်။ "ပြီးတော့ မီးဖိုပေါ်က မင်းထားခဲ့တဲ့စားစရာတွေ စားပစ်လိုက်တယ်"
Gu Hai ရဲ့မျက်နှာညိုမှောင်သွားတယ်။
"မင်းအိပ်ခန်းထဲဝင်ခဲ့သေးလား?"
"ငါလေယာဉ်ပေါ်တက်ရတော့မှာမို့ တာ့တာ"
Gu Hai ကသူ့phone ကိုတင်းတင်းဆုပ်ပြီး အိမ်ထဲပြန်ဝင်လာ ခဲ့တယ်။
၅မိနစ်ကြာတဲ့နောက်တော့ အမှန်တရားကပေါ်သွားပြီ။ အစောပိုင်းက နွေးထွေးတဲ့လေထုနဲ့လွှမ်းထားတဲ့ ထမင်းစားခန်းလေးမှာ ရုတ်တရက် တိမ်မဲတို့ကဖုံးသွားတယ်။
"ပြောစမ်း ချစ်၊ ဘယ်နှစ်ကြိမ်လောက် ကိုယ်တို့ညီအကိုနှစ်ယောက်ကို လူမှားခဲ့သလဲ?"
Gu Hai ကသုန်သုန်မှုန်မှုန်မေးတယ်။ "ကိုယ်တို့နှစ်ယောက်က အမွှာဆို လည်းထားတော့၊ ဒါပေမဲ့ အခုဟာက ကိုယ်တို့က တစ်အူတုံ ဆင်း တောင်မဟုတ်ဘူး။ ချစ်ရင်ထဲမမှတ်မိလောက်အောင် ကိုယ်က အဆင့် နိမ့်နေသလား?"
Bai Luo Yin ကသူ့ပန်းကန်လုံးထဲကဟင်းကို ငြိမ်ငြိမ်လေး စားရင်းနဲ့ သူအေးစက်စက် တုံ့ပြန်တယ်။ "ငါအရမ်းပင်ပန်းပြီး အိပ်ပျော်နေတော့ အခြားသူတစ်ယောက်အိမ်ထဲဝင်လာတာသတိမထားမိဘူး။ ပြီးတော့ သူကအသံမပေးဘဲ အိပ်ယာပေါ် ထိုင်ရုံထိုင်နေခဲ့တာ။ ကိုလည်း အစောပိုင်းလေးကမှ ထသွားတာ ဆိုတော့ငါလည်း မျက်စိဖွင့်ပြီး ဘယ်သူ ဆိုတာ ဂရုမစိုက် တော့ တာပေါ့"
"ဒါမင်းရဲ့ဆင်ခြေလား? မင်းကိုမိန်းကလေးလိုဝတ်ပေးပြီး လူအုပ်ကြီးထဲ ရောထားရင်တောင် ကိုယ်တစ်ချက်ကြည့်ရုံနဲ့ မှတ်မိတယ်!"
Bai Luo Yin ရုတ်တရက်ကြီးပါးစပ်ထဲကအစာတွေနင်သွားတယ်။ သူကGu Hai ကို ၂ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပြီး၊ တူတွေကို စိတ်ဆိုးမာန်ဆိုးနဲ့ချလိုက်တယ်။
"ငါငြိမ်းငြိမ်းချမ်းချမ်းအိပ်လို့ရတဲ့နေရာမှာတောင်၊ မင်းကငါ့ကိုပိုပြီး သတိ ရှိစေချင်တာလား?"
Gu Hai မျက်နှာတောင့်သွားပြီးဘာမှမပြောနိုင်တော့ဘူး။Bai Luo Yin ကထွက်သွားဖို့လှည့်လိုက်တယ်။ Gu Hai ကပြန်ဆွဲလိုက်ပြီး သူ့ဘေးမှာ ထိုင်စေတယ်။
"အရင်ပြီးအောင်စား ပြီးမှသွား!"
Bai Luo Yin မျက်နှာတည်သွားပြီး "မင်းဟင်းတွေက အဲ့လောက် လဲ မဟုတ်ပါဘူး!"
Gu Hai ကအစာသွတ်ပေါက်စီတစ်လုံးကိုယူပြီး Bai Luo Yin ပါးစပ်ထဲ သွပ်လိုက်တယ်။
Bai Luo Yin ကအဲဒီအစာသွပ်မုန့်ကို ထွေးထုတ်ပစ်လိုက်ချင်ပေမဲ့ မုန့်ကအရသာရှိလွန်းလို့ သူစားတာကိုရပ်မပစ်နိုင်ဘူး။ တစ်ခု စားပြီ၊ နောက်တခုစားချင်လာတယ်။ သူ့မာနကိုဘေးချိတ်ပြီး သူ့ လက်တွေကို ဆန့်တန်းကာ နောက်တခုထပ်ယူလိုက်တယ်။ ဒါပေမဲ့ထပ်ပိုးပြောဖို့ မမေ့ဘူး။
"ငါပြောထားမယ်နော်၊ ငါကမုန့်ကိုပဲစိတ်ဆိုးပြေတာ၊ လူကိုမဟုတ်ဘူး။
Gu Hai က Bai Luo Yin နှုတ်ခမ်းထောင့်မှာပေနေတဲ့ဆော့ကို သုတ် ပေးပြီး၊ သူ့စကားတွေကနူးညံလာတယ်။
"ကိုယ်တစ်မျိုးထင်တာမဟုတ်ဘူး။ ကိုယ်ကြောက်တာက ချစ်ကို သူ အန္တရာယ်ပေးလိုက်မှာကို" "ဒါဆိုဘာလို့သူ့ကို သော့တွေ ပေး ထားသေးလဲ?" Gu Hai ခဏရပ်သွားပြီးမှဆက်ပြောတယ် "မသိဘူး။ကိုယ် ကိုယ့် အဖေကိုတောင်ပေးခဲ့တာမဟုတ်ဘူး ဒါပေမဲ့ သူ့ကိုတော့ပေးမိတယ်"
Bai Luo Yin ရဲ့ပုံစံပြောင်းသွားပြီး"ဟင်း"ချမိတယ်။End of Chapter 28