CHAPTER-55=>သွေး ကြွေး
ညစာစားချိန်က မြန်မြန်ပဲ ရောက်လာခဲ့တယ်။တံခါးက ကျွီကနဲ့ ပွင့်လာတော့ Gu Hai မျက်လုံးတွေက တံခါးဆီကို ရောက်သွားတယ်။ သန့်ရှင်းတဲ့အသွင်ရှိတဲ့ ကောက်လေးတစ်ယောက်က သူ့ ရှေ့မှာ အံ့သြတဲ့ပုံစံနဲ့ ရပ်နေတယ်။
"လာ ,Tong Tian---" Bai Han Qi က Meng Tong Tian ကို လက်ယှက်ခေါ်တယ်။
"ဒီက ဘယ်သူလဲ မှတ်မိလား ?"
Gu Hai က Meng Tong Tian ကိုပြုံးပြတယ်။ Meng Tong Tian.. သူ့ကို မမှတ်မိမှာတော့ စိုးတယ်။ သူ့စိတ်ထဲက Meng Tong Tain ဆိုတာ တနေကုန်ခြံထဲမှာထိုင်နေတဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးသေးသေးလေးပဲ အမြဲ ဖြစ်ခဲ့တယ်။ လျက်တပြတ် အတွင်းမှာပဲ ၊သူက ထွားလာခဲ့ပြီ။
" ဘာလို့ မမှတ်မိရမှာလဲ ?" Meng Tong Tain က စိတ်ပါလက်ပါ ပြုံးတယ်။
" သူက Gu Hai gege မဟုတ်လား ?" (Note-gege ဆိုတာက အစ်ကိုကြီးကို ဆိုလိုတာပါ)
Bai Lou Yin အံ့ သြသွားတယ် ။
" မင်းက အခုဆို အသက်ကြီးနေပြီ ဥစ္စာ ။gege လို့ခေါ်ရတာ ရှက်စရာ မကောင်းဘူးလား? သူ့ကိုခေါ်ရင် "ge"ဆိုရင် ရပြီ။ "
အခြားတဖက်မှာ ၊ ဟိုနှစ်ယောက်ကတော့ Bai Lou Yin ကို အလေးတောင်အထားပဲ၊ အခြားဘယ်သူမှ မရှိသလို စကားဆက်ပြောနေကြတယ်။ (၈) နှစ်တောင် ကွဲကွာခဲ့ရခြင်းက သူတို့ရဲ့ ဆက်ဆံရေးကို ဝေးမသွားစေတဲ့ပုံပဲ။
"Hai Ge , ကိုကြီး ဟိုးအရင်နှစ်တွေက ဝယ်ပေးထားတဲ့ အရုပ်တွေအားလုံး ၊ ညီလေး အကုန်သိမ်းထားတယ် သိလား။ "
" မင်းအစ်ကို ထက်စာရင်..မင်းကမှ ပိုပြီး ချစ်တတ်သေးတယ်ကွာ"
" အော်! ဒါနဲ့ Hai Ge..ကိုကြီးမှာ Weibo ရှိလား?"
"ရှိတယ် ၊ ဒါပေမယ့် တခါတလေမှသုံးတာ"
သူတို့လေးယောက် ထွေရာလေးပါးပြောနေကြတုန်း Meng Tong Tain က Gu Hai လက်ကို ဆက်တိုက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။ Bai Lou Yin သူ့ကိုကြည့်နေတာကြာပြီ။ အဲဒီကောင်လေး... နေ့တိုင်း လုပ်နေကျ ပုံစံနဲ့ လက်ကိုကိုင်ထားတာဟာ သူ့ကိုယ်သူ ဘာလုပ်မိမှန်းတောင် သတိထားမိပုံမပေါ်ဘူး။