CHAPTER-69: Xiao Bai လူကြားထဲအရှက်ကွဲခြင်း
ရှားရှားပါးပါး စနေ ၊တနင်္ဂနွေပိတ်ရက်လေးရလို့၊ ဖက်ထုတ်လုပ်စားဖို့Gu Hai ဆုံးဖြတ် လိုက်တယ်။ တဖက်မှာတော့ Bai Luo Yin ကသူ့ကို ဖက်ထုပ်ရွက်ကူလှိမ့်ပေးနေတယ်။ သူ့ဖက်ထုတ်ရွက်က လက်ခံနိုင်ရုံလေးပဲ ဆိုပေမယ့် လုပ်တာနှေးလွန်းတယ် ။Gu Hai ဖက်ထုတ်ခေါက်တာကို အမှီမလုပ်နိုင်ဘူး။ ဒါကြောင့်Gu Haiကသူ့ကိုဘေးထွက်နေစေပြီး Gu Haiတစ်ယောက် ဖက်ထုတ်ရွက်ကို ဒလိမ့်တုံးနဲ့လှိမ့်တာ........ အစာသွပ်ပြီး ဖက်ထုတ်ခေါက်တာ.....တယောက်တည်းဖက်ထုတ်လုပ်ရင်းအလုပ်ရှုပ်နေတာကိုပဲ Bai Luo Yin ခင်မျာ စိတ်လှုပ်ရှားစွာနဲ့ကြည့်နေရတယ်။
Gu Haiခေါက်တဲ့ဖက်ထုတ်က ဖက်ထုတ်ရွက်ပါးပါးလေးထဲမှာ အစာတွေ အများကြီး သွပ်ထားတာက ဗိုက်ပူကလေးလို လုံးလုံးဝန်းဝန်းဖြစ်နေတယ်။ ကြည့်ရုံနဲ့တင်သင် ပျော်ရွှင်လာလိမ့်မယ်။
Bai Luo Yin လည်း တချို့တလေလောက်စမ်းလုပ်ချင်တာမို့ ၊ သူကဖက်ထုတ်ရွက် တရွက်ကိုဆွဲ..... အစာသွပ်ဇွန်းမောက်မောက်ကိုအလယ်မှာပုံပြီး ဘေးသားတွေကို တွန့် လိုက်သေးတယ်။ သူလုပ်ပြီး သွားတော့၊Gu Haiမျက်စိရှေ့မှာဂုဏ်ယူဝံ့ကြွားစွာနဲ့ ထောင်ပြလိုက်တယ်။
"ဒါ ဘယ်လိုနေလဲ?မဆိုးဘူး,ဟုတ်တယ်မလား?"
Gu Haiက Bai Luo Yinကိုမှင်သေသေကြည့်ပြီး၊သူ့နှုတ်ခမ်းပါးတွေနဲ့ပြုံးလိုက်တယ်။
"မဆိုးဘူး၊အရမ်းကောင်းတယ်၊ယူသွားပြီးဘေးမှာဆော့နေလိုက်...လိမ္မာတယ်!"
Bai Luo Yin".........."
ဒီနှစ်ယောက်အတူတူသာဆိုရင်မိသားစုဖက်ထုတ်ဝိုင်းလို့ခေါ်ထိုက်တယ်။ ဖက်ထုတ်တွေ အားလုံးကို Gu Hai တစ်ယောက်တည်းလုပ်ရတာကြောင့်၊ သူ့လက်တွေ ပေါက်ပြဲကုန် တယ်။ ဘေးထွက်နေရတဲ့Bai Luo Yin ငြီးငွေ့လာတာနဲ့၊သူ့အတိတ်က ဒုက္ခပေါင်းတစ်သောင်းခြောက်ထောင်အကြောင်းကို တွေးမိသွားပြီး အခုလက်ရှိမှာ သူဘယ်လောက်ပျော်ရွှင်နေကြောင်းလည်းစဉ်းစားမိတယ်။ "ငါငယ်ငယ်တုန်းကဆို၊ဖက်ထုတ်ကိုတရုတ်နှစ်သစ်ကူးကျမှပဲလုပ်စားတာ။အရင်ကဆို ငါ့အဖိုးနဲ့အဘွားကလည်းကျန်းမာရေးကောင်းသေးတယ်။ပုံမှန်ဆို အဘွားက ဖက်ထုတ် ရွက်လှိမ့်ပြီး၊အဖိုးကဖက်ထုတ်ခေါက်တာ။ ငါက ဘေးကနေထိုင်ကြည့်နေပြီးအဖေက စားပွဲမှာစားဖို့စောင့်နေပြီ။"
GuHaiလက်လှုပ်ရှားမှုတွေရပ်တန့်သွားတယ်။သူသက်ပြင်းချမိတယ်။ "ကိုယ်မွေးတော့အဖိုးဆုံးသွားပြီ။ ကိုယ့်မှတ်ဉာဏ်ထဲမှာတော့ကိုယ့်အဖိုးက ဘယ်တော့မှ ဟင်းမချက်ဘူး။ အရင်ကဆို တပ်မှာကကိုယ်တို့ကို စားဖိုဆောင်၂ဆောင် ပေးပေမယ့်၊ ကိုယ်တို့မှာ ကလေးထိန်းတွေအိမ်စေတွေပဲရှိတယ်။ကိုယ်စားချင်သလို စားလို့မရဘူး"
BaiLuoYinကြက်သေသေသွားတယ်။"နေဦး....ငါတို့ပထမဆုံးစတွေ့တုန်းက၊ကို့အဖိုးက အောက်ပိုင်းသေနေပြီး၊ ချီး/သေးမနိုင်ဘူးလို့...ကို,ငါ့ကိုပြောတာ မှတ်မိပါသေးတယ်။ ခု ဘယ်လိုဖြစ်လို့ ကိုမမွေးခင် အဖိုးကဆုံးသွားရတာလဲ? ကို့မှာ အဖိုးဘယ်နှစ်ယောက် တောင်ရှိနေလို့တုန်း?"
GuHaiရူးချင်ယောင်ဆောင်ရင်း"တယောက်တည်းပါ! ကိုယ့်အဖိုးကအောက်ပိုင်း သေနေ တယ်လို့ ပြောခဲ့လို့လား? ချစ်,အမှတ်မှားတာနေမှာပါ,ဟုတ်လား?"
Bai Luo Yin ကတထစ်ချပြောတယ်။ "ငါကောင်းကောင်းမှတ်မိပါတယ်။ အဲ့အတိုင်းပဲ ကိုပြောခဲ့တာ။ကို,ငါတို့အိမ်လာပြီးထမင်းစားတုန်းက၊ ငါ့အဖိုးကဟင်းတွေကို စားပွဲ တစ်ခုလုံးပျံ့ကျဲအောင်လုပ်တယ်လေ။ ကို့,ကိုအိမ်ပြန်ပို့တလမ်းမှာငါက တောင်းပန်တော့၊ အိမ်ကအဖိုးလဲဒီလိုပဲလို့ ကိုပြောခဲ့တာ"
GuHaiရင်နည်းနည်းတုန်သွားတယ်။အခုသူမှတ်မိပြီ။ သူ အဲ့ဒီလိုတကယ်ပြောခဲ့တာပဲ။ *သေစမ်း၊ မင်း,အဲ့လိုအသေးအဖွဲ့လေးတွေအထိမှတ်မိနေရလား?"*
Bai Luo Yin ကချက်ချင်းပဲGu Hai အတွေးတွေထဲကနေ အမှန်ကိုမြင်သွားတော့ သူ့ မျက်နှာထားက မုန်းတီးတဲ့ဘက်ကိုပြောင်းသွားတယ်။
"ဒါဖြင့် အရင်က ငါ့ကိုခဏခဏလိမ်ပြောနေခဲ့တာပေါ့,ဟုတ်သလား?"
"အဲ့ဒါ....."GuHaiကလှောင်ပြောင်ပြီးတုန့်ပြန်တယ်။"အရင်ကကိုယ်ကချစ်နဲ့ရင်းနှီးချင်ခဲ့လို့ပဲမဟုတ်လား?"
Bai Luo Yinကမြည်တွန်တောက်တီးပြီး သူလက်ထဲကဂျုံလုံးကို လိမ်နေတယ်။
Gu Hai ကရုတ်တရက် အတိတ်တုန်းကBai Luo Yinတစ်ယောက် စုတ်ပြဲနေတဲ့ ကျောပိုးအိတ်လွယ်တာတွေ၊ ကျောင်းဝတ်စုံပါးပါးဝတ်တာတွေ၊ သူ့ဆံပင်က ကြက်ခြင်းနဲ့ တူနေတာတွေ..... ပြီးတော့ တခါတလေ ကျောင်းကိုခုံဖိနပ်စီးလာတာတွေကို ပြန် စဉ်းစားမိတယ်။ သူတွေးလေလေ သူရယ်ချင်လာလေလေပဲ။ သူမနေနိုင်မထိုင်နိုင်နဲ့Bai Luo Yin ခြေထောက်နှစ်ချောင်းကြားက စုတ်ဖွားအငယ်လေးကို လက်နဲ့သွားကိုင်လိုက် တယ်။
"မက်မွန်သီးခိုးတဲ့မျောက်ကလေး!" လို့ ပြောပြီးတာနဲ့ရမ္မက်ကြီးပြီး မကောင်းဆိုးဝါး ဆန်တဲ့ ရယ်သံအကျယ်ကြီးထွက်လာတော့တယ်။
{Note: မက်မွန်သီးခိုးစားတဲ့မျောက်ကလေးဆိုတာ...ပြိုင်ဘက်တစ်ယောက်ရဲ့ လိင်အင်္ဂါ ကို လှမ်းဆွဲပြီး အနှောက်ယှက်ပေးတဲ့သဘောကိုဆိုလိုပါတယ်။}
Bai Luo Yinလန့်သွားတယ်။ သူကစိတ်ဆိုးဆိုးနဲ့Gu Hai ရဲ့ ဖင်ကိုအကြိမ်နဲနဲ ထိုး လိုက်တယ်။ နောက်မှ သူဟာ သူ့အိပ်ကပ်ထဲကနေ ပစ္စည်းအသေးလေးထုတ်ပြီး Gu Hai လက်ထဲထည့်လိုက်တယ်။
"ဒါကိုဖက်ထုတ်ထဲထည့်လိုက်"
Gu Hai ကြည့်ပြီး မေးတယ်။"ဒါကဘာလဲ?"
"အဲဒါကကျောက်စိမ်းဆွဲသီးသေးသေးလေးပါ။ငါ့ကိုတပ်သားအသစ်တစ်ယောက်ကပေးတာ။သူတို့မြို့ကအဆောင်ပစ္စည်းလို့ပြောတာပဲ။ပြီးတော့ဒါဝတ်ထားရင် အသက်ရှည်ပြီး ဘဝကသာယာမယ်တဲ့"
Gu Hai ကမျက်လုံးတွေကိုမှေးလိုက်ပြီး "ချစ်ကို သူကဘာလို့ပေးတာလဲ။"
"အဆင့်နိမ့်တဲ့သူက သူ့တို့အထက်လူကြီးကိုလက်ဆောင်ပေးတယ်ဆိုတာ ထုံးစံပဲ မဟုတ်လား?" Bai Luo Yinတိုက်တွန်းတယ်။ "မြန်မြန်လုပ်။ ဖက်ထုတ်ထဲ ကိုထည့်လိုက် လို့။ ငါငယ်ငယ်ကဆို အဘွားက စတီးအခဲလေးကိုဖက်ထုတ်ထဲ အမြဲထည့်တယ်။ စားမိ တဲ့သူကကံကောင်းတာပဲ။ ငါတို့လည်းစမ်းကြည့်သင့်တယ်လေ။ ဘယ်သူပိုကံကောင်း လဲကြည့်ရအောင်"
Bai Luo Yin ဇွဲလျော့မှာမဟုတ်ဘူးဆိုတာတွေ့တော့၊ Gu Hai လည်း ကျောက်စိမ်း ဆွဲသီးကို သန့်စင်ပြီး ဖက်ထုပ်ထဲထည့်လိုက်တယ်။
သူတို့တွေဖက်ထုပ်စားနေတဲ့အချိန် Gu Hai က Bai Luo Yin ကိုပြောတယ်။ "ကိုယ့် ကုမ္ပဏီမှာ ငွေပိုငွေလျှံရှိနေတာနဲ့၊ ကိုယ်သွားပြီး အိုလံပစ်ရွာမှာ ချစ်အတွက် အိမ်တလုံး ဝယ်ထားလိုက်တယ်။"
Bai Luo Yin ရဲ့တူကရုတ်ချည်းတန့်သွားတယ်။ သူခေါင်းမော့လာပြီး Gu Hai ကို ကြည့်တယ်။ သူ့မျက်လုံးတွေမှာ မှောင်မိုက်တဲ့မီးတွေစီးဆင်းနေတယ်။
"ကို,ရူးသွားပြီးလား?! ငါ့မှာအိမ်ရှိတယ်။ ငါ့မိဘတွေမှာလည်းအိမ်ရှိတယ်။ ကို့မှာလည်း အိမ်ရှိတယ်။ ဒါကို ဘာကိစ္စနောက်အိမ်တစ်လုံးကို ကို,ကဝယ်ရတာတုန်း?"
Gu Hai က Bai Luo Yin ကိုမှင်သေသေပြုံးပြရင်း" တနေ့ကိုယ်တို့ လမ်းခွဲကြရင်၊ ချစ်, လက်ဆုပ်လက်ကိုင်ရထားအောင်လို့......လိုရမယ်ရပါ....."
Bai Luo Yin က ဖက်ထုတ်တစ်ခုကို ကောက်ပြီးGu Hai ဆီလှမ်းပေါက်လိုက်တယ်။ Gu Hai လက်ဆန့်ထုတ်ပြီး၊အဲ့ဒီဖက်ထုတ်ကို တူနဲ့ရင်သပ်ရှုမောဖွယ်ဖမ်းမိသွားတယ်။
သူ့နှုတ်ခမ်းမှာအပြုံးနွေးနွေးတစ်ခုနဲ့ စကားလမ်းကြောင်းပြန်ကောက်တယ်။
"ကိုယ်တို့ပင်စင်ယူပြီးတဲ့အခါ အဲ့အိမ်ကိုသုံးလို့ရတာပေါ့"
"ပင်စင်ယူပြီးမှ အဲ့ဒီလောက်ကြီးတဲ့အိမ်ကို ငါတို့ဘာကိစ္စလိုဦးမှာလဲ? ငါတို့မှာ ကလေးမှ မရှိ......"
Gu Hai ကတူတွေကိုချလိုက်ပြီး၊ တဖိတ်ဖိတ်တောက်နေတဲ့ သူ့မျက်လုံးတွေက အနာဂတ်ပုံရိပ်ကိုဖော်ပြပေးနေတယ်။
"ကိုယ်လည်း အဲဒါကို တွေးမိပါတယ်။ အဲ့ဒီအိမ်မှာ၃လွှာရှိတယ်။ ၁လွှာကို အခန်း၁၀ခန်းထက်မနည်းပါတယ်။ ကိုယ်တို့နေဖို့ ၁လွှာဆို လုံလောက်ပြီ။ ကျန်တာကို ခွေးတွေမွေးဖို့သုံးမယ်ကွာ။ အိမ်မွေးခွေးအစုံပေါ့။ ပြီးတော့ အပြင်က မြေပေါ်မှာ ပန်းခြံလေးစိုက်မယ်၊ အမိုးလေးလုပ်ပြီး မြည်းပေါက်လေးတွေလည်း မွေးမယ်လေ။ ချစ်,ဘယ်လိုထင်လဲ?"
အစစ်အမှန်ပါ...Gu Hai ရဲ့ကျိုးကြောင်းမဆီလျှော်တဲ့သူတို့ရဲ့အနာဂတ်ပုံဖော်မှုကိုBai Luo Yin တစ်ယောက် သူ့နှလုံးသားအနက်ရှိုင်းဆုံးထဲကနေကို လှိုက်လှဲရင်ခုန်နေမိ တယ်။
*ဒါကတကယ့်ကိုအရမ်းမိုက်တယ်။ ငါတို့နှစ်ယောက် ပင်စင်ယူပြီးရင်, ငါတို့ နေ့တိုင်းလမ်းလျှောက်ကြမယ်။ ပြီးတော့ ငါတို့ပြန်ရောက်လာရင် ခွေးတွေတအုပ်ကြီး အိမ်အဝင်ဝမှာပြေးကြိုလိမ့်မယ်။ စဉ်းစားရုံနဲ့တင်၊ရင်ထဲအရမ်းကိုနွေးထွေးသွားတယ်*
"ဒါဖြင့် ကို့နာမည်ဖောက်လိုက်နော်" Bai Luo Yinေ ပြာတယ်။"အကယ်လို့ တနေ့နေ့ အဖွဲ့အစည်းက ငါ့ပိုင်ဆိုင်မှုတွေကို စုံစမ်းလို့...... ငါ့မှာစံအိမ်တစ်လုံးရှိ နေတာတွေ့သွား ရင်၊ငါလာဘ်စားထားတယ်လို့ သူတို့ သံသယဝင်သွားမှ ငါဘယ်လိုလုပ်ရမှာလဲ?"
"ဘယ်သူကချစ်ကိုစုံစမ်းရဲမှာလဲ?" Gu Hai ကခပ်စူးစူးကြည့်တယ်။
"ဘယ်အကောင်က တပ်က အရာရှိတစ်ယောက်ကို စုံစမ်းရဲမှာလဲ? ဘယ်အကောင်က စစ်တပ်ကော်မရှင်အဖွဲ့ဝင်ကိုစုံစမ်းရဲမှာလဲ? ဘယ်အကောင်က လေတပ်ဗိုလ်ချုပ် တ ယောက်ကိုစုံစမ်းရဲမှာလဲ?"
Bai Luo Yin မျက်လုံးတွေမှာ အလင်းရိပ်တွေ တောက်ပနေပြီး၊ သူ စားပွဲကို ခေါက်ရင်း ရယ်နေတယ်။ "အဲ့ဒီစကားလုံးလေးတွေကို ကြားချင်နေတာ"
"ကိုယ်တို့ရဲ့ပျော်စရာအနာဂါတ်လေးအတွက်, Cheers!"
အရက်တစ်ခွက်သောက်ပြီးနောက် Bai Luo Yin က Gu Hai ကိုပြောတယ်။
"ဒီရက်ပိုင်းအတွင်း ငါ...သွားရလောက်တယ်"
Gu Hai ပါးစပ်ထဲကဖက်ထုတ်တောင် လည်ပင်းတစ်သွားတော့မလို့။
"သွားရမယ်? ချစ်ကဘယ်သွားရမှာလဲ?" သူ့ရင်ထဲရုတ်တရက်တင်းကြပ်သွားတယ်။
Bai Luo Yin အမူအရာက ညိုမှောင်နေတယ်။"အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က နောက်လကျရင် လေတပ်ကိုလာစစ်ဆေးဖို့ရှိတယ်။ ဒါကြောင့် အကောင်းဆုံး စစ်ဆင်ရေး ရလဒ်ကိုရဖို့ဆိုရင်၊ ငါတို့ရဲ့စစ်ဆင်ရေးနေရာကို လူတွေနဲ့အဆက်အသွယ်ပိုကင်းတဲ့ အလုံပိတ်စစ်ဆင်ရေးဌာနကိုပြောင်းရွေ့ဖို့လိုမယ်။ဒီတပ်စုစစ်ဆေးရေးက အထက်လူကြီး တွေအတွက် အရမ်းအရေးကြီးတယ်။ ငါကစစ်ဆင်ရေးမှာတပ်သားတွေကိုဦးစီးရမယ့်အပြင်၊ တိုက်လေယာဉ် အလှပြပွဲလည်း လုပ်ရဦးမှာ။ဒီတာဝန်ကအရမ်းကိုအရေးပါလို့......"
Gu Hai တစ်ယောက်ပါးစပ်ထဲကဖက်ထုတ်ကို မျိုချဖို့ခက်ခဲနေတယ်။
"ကောင်းပြီ၊OK။ ချစ်,သွားပြီး ကောင်းကောင်းလုပ်ခဲ့။ ချစ်ရဲ့ တိုက်လေယာဉ် အလှပြပွဲ ကိုကြည့်ဖို့ ဝင်ခွင့်ရမလားဆိုတာတော့ ကိုယ်ကြည့်ဦးမယ်လေ"
"ဒီတခေါက် ကို့ကိုပြောရတာ ဘာလို့လွယ်နေတာလဲ?"Bai Luo Yin သိချင်တယ်။
**လွယ်တယ်၊ဟုတ်လား?ကိုယ့်နှလုံးသားက အသက်ရှူကြပ်ပြီးတောင်သေတော့မယ်**
ဒါပေမဲ့ Bai Luo Yin စိတ်အေးအောင်လို့Gu Hai က သူ့ကိုယ်သူ အတင်းပြောခိုင်းနေ တယ်။" ကိုယ်ကချစ့် အလုပ်ကို ပါရမီဖြည့်ပေးချင်လို့လေ" Bai Luo Yin မျက်နှာထား ပြောင်းသွားပြီး ဘာမှဆက်မပြောတော့ဘူး။
နှစ်ယောက်သား ဖက်ထုပ်တွေအားလုံး စားပစ်လိုက်တယ်။ပြီးတော့ သူတို့ မီးဖိုချောင် ထဲသွားပြီး ပန်းကန်ဆေးကြတယ်။ ပန်းကန်ဆေးနေတုန်း Bai Luo Yin တခုခုကို သတိရ သွားတယ်။ သူက Gu Hai ဘက်လှည့်မေးတယ်။ "ငါ့ဖက်ထုတ်လေး ဘယ်ရောက်သွား တာလဲ?"
"ဘာဖက်ထုတ်လဲ?"Gu Hai မေးတယ်။
Bai Luo Yin အံ့သြထိပ်ပြာနေတယ်။"ကျောက်စိမ်းဆွဲသီးပါတဲ့ဖက်ထုတ်လေ၊ ကို မေ့သွားပြီလား? ငါတို့နှစ်ယောက်ထဲကဘယ်သူစားမိတာလဲ?"
Gu Hai ရပ်သွားတယ်။"ကိုယ်မစားမိဘူး"
"ငါလည်းမစားမိဘူး"
"ဒါပေမဲ့.......ဖက်ထုတ်တွေလည်း မကျန်တော့ဘူးဆိုတော့!!"
Bai Luo Yin ,Gu Hai ".........."
ည ၂ချက်ကျော်မှ၊ Gu Hai ရုတ်တရက်ထထိုင်တယ်။ သူဗိုက်ရစ်လာတယ်။ Bai Luo Yin မျက်စိပွတ်ပြီး၊သူ့ကိုကြည့်တယ်။
"ကို....ဘာဖြစ်လို့လဲ?"
Gu Hai ကစိတ်ရှုပ်တဲ့ပုံနဲ့ "နတ်ကောင်းတွေက အစွမ်းပြနေတာ"
Bai Luo Yin "........"
#######
နောက်နေ့မနက် Bai Luo Yin ဟာမီးပူကော့နေအောင်တိုက်ထားတဲ့ စစ်ယူနီဖောင်းနဲ့ ဘွတ်ဖိနပ်ကိုဝတ်ခဲ့တယ်။ သူကစစ်ဆင်ရေးကွင်းထဲကို အထက်စီးဆန်တဲ့ စိတ်ခွန်အားနဲ့ ဝံ့ဝံ့ကြွားကြွား လျှောက်လာခဲ့တယ်။သူရဲ့နဂိုပုံစံ ရှုတည်တည်မျက်နှာဘေးနဲ့၊ သူ့တပ်စု တွေရှေ့ ရှေ့သွားနောက်ပြန်ကြည့်နေတယ်။
"ဗိုလ်မှူး!!!" တပ်သားအားလုံးအသံကျယ်ကျယ်၊ကြည်ကြည်လင်လင်နဲ့ ညီညီညာညာ အလေးပြုကြတယ်။ Bai Luo Yin, သူ့စစ်သားတွေနဲ့မျက်နှာချင်းဆိုင်တဲ့အခါ သူ့မျက်နှာ မှာ ဘာအမူအရာမှရှိမနေဘူး။
"မင်းတို့လေ့ကျင့်ရေးမဆင်းတာမှရက်ပိုင်းလေးပဲရှိသေးတယ်။ မင်းတို့တွေ ဝတ္တရားပျက် နေကြပြီလားကွ?" သူကဟန်နဲ့မာန်နဲ့ဖိန့်တယ်။
ပြန်ပြီးတုံ့ပြန်ချက်တွေက မညီမညာပေါ်ထွက်လာတယ်။ "မဟုတ်ပါဘူး"
Bai Luo Yin မျက်နှာ ချက်ချင်းမဲသွားတယ်။"ထမင်းမစားခဲ့ရဘူးလား?ပြန်အော်စမ်း!"
"ဝတ္တရားမပျက်ပါဘူး!!!"အော်သံကြီးကလိပ်ပြာလွင့်မတက်ပဲ။
Bai Luo Yin ကကျေနပ်မှုနဲ့ခေါင်းညိမ့်လိုက်ပြီး၊ တပ်သားတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်နဲ့ဝတ်စားပုံကို စစ်ဆေးဖို့တပ်စိတ်ကြားထဲဝင်သွားတယ်။
ရုတ်တရက်ကြီး၊ စစ်သားတစ်ယောက်က သတင်းပို့တယ်။ "ဗိုလ်မှူး.. ကျွန်တော် ဗိုက်နာ နေလို့"
Bai Luo Yin ကတစ်ချိန်တည်းမှာပဲ...ခေါင်းညိမ့်လိုက်ပေမယ့် မနေ့ညက Gu Hai ကို ရုတ်တရက် သတိရသွားတယ်။ အဲ့ဒီနောက် သူ့ရင်ထဲကျိတ်ပျော်နေမိတယ်။ ဒါပေမဲ့ သူ့တပ်သားတွေရှေ့မှာတော့ပျော်ရွင်ဟန်ပြလို့မဖြစ်ဘူး။ တည်တန့်တဲ့မျက်နှာထားကို ဆက်ထိန်းထားမှာဖြစ်တဲ့အတွက်၊ ရယ်ချင်တာကို တော်တော်အောင့်ထားရတယ်။ သီးခံပြီးရင်းသီးခံနေရတယ်။ သူနဲ့သိပ်မဝေးတဲ့နေရာက စစ်သားအနည်းငယ်ကတော့ သူတို့အပြုံးတွေကိုထိန်းမထားနိုင်ကြဘူး။
*ငါတွေးနေတာများသူတို့သိသွားကြလို့လား?ဒါမှမဟုတ်ငါ့မျက်နှာထားကငါ့နှလုံးသားကိုသစ္စာဖောက်သွားတာလား?* BaiLuoYin အကြောတွေတင်းသွားပေမယ့်၊ သူရဲ့ အတွေးရထားကိုအမြန်ပဲနှင်ထုတ်လိုက်တယ်။ သူ့ကိုယ် သူသေချာ ဖုံးကွယ်ထားတာ ဖြစ်တဲ့အတွက်၊ တခြားသူတွေ ရိပ်မိတယ်ဆိုတာ ဘယ်ဖြစ်နိုင်မလဲ။ ဒါကြောင့် သူက ခေါင်းမော့ပြီး လမ်းဆက်လျှောက်တယ်။ တည်ငြိမ်တဲ့မျက်နှာထားနဲ့ စစ်သားတွေကို တစ်တန်းပြီးတစ်တန်း ဖြတ်လျှောက်လာခဲ့တယ်။
ဒါပေမဲ့ လူတော်တော်များများ တိတ်တိတ်ကလေးရယ်နေကြတာကို သူတွေ့ရပြီး.. တပ်သားတွေရဲ့ မျက်လုံးတွေကသူ့ဆီဦးတည်နေတယ်။
နောက်ဆုံးတော့၊ Bai Luo Yin စိတ်တိုလာတယ်။ သူစစ်သားတယောက် ရဲ့ကော်လံကိုခပ်ကြမ်းကြမ်းဆွဲလိုက်ပြီး၊ခပ်ရိုင်းရိုင်းမေးတယ်။
"လေ့ကျင့်ရေးဆိုတာ အရေးကြီးကိစ္စကွ... မင်းတို့ကောင်တွေ ဒီလိုရယ်နေတာ ဖြစ်သင့်သလား?"
ဒီစစ်သားက အရင်ကလို လန့်သွားတဲ့ပုံမပေါ်တဲ့အပြင်၊ သူ့ခံစားချက်ကို မထိန်းနိုင်တော့ပဲ တခစ်ခစ်စရယ်တော့တယ်။
သူရယ်တာနဲ့တပြိုင်တည်း၊စစ်တပ်တစ်ခုလုံးလိုက်ရယ်ကြတယ်။
Bai Luo Yin မျက်နှာ၊ ရုတ်တရက်အရောင်ပြောင်းသွားတယ်။ သူ့ဒေါသနဲ့မပေါက်ကွဲခင်၊ စစ်သားတစ်ယောက်ရှေ့ထွက်လာပြီး Bai Luo Yin ကိုဆွဲခေါ်သွားတယ်။
"မရီးက အရမ်းရဲတင်းတာပဲလို့တော့ ကျွန်တော်ပြောမှဖြစ်မယ်ခင်ဗျ!"
Bai Luo Yin နားမလည်လို့ သူ့ကိုစိတ်ရှုပ်စွာကြည့်နေတယ်။
အဲဒီစစ်သားကချောင်းဟန့်ရင်း အောက်ကိုငုံ့ကြည့်ဖို့ Bai Luo Yin ကိုအချက်ပေးတယ်။
သူ,မကြည့်မိခဲ့ရင်ကောင်းဦးမယ်။ ကြည့်မိလိုက်တော့ သူ့မျက်နှာက ရှက်စိတ်ကြောင့် ခရမ်းရောင်ပေါက်နေပြီ။
သူ့ခွကြားမှာ အဖြူရောင်လက်ငါးချောင်းရာကြီးက မိသားစုရတနာလေး(အငယ်လေး) တည့်တည့်မှာထင်းနေတာပဲ။
"မက်မွန်သီးခိုးတဲ့ မျောက်ကလေး!"
Gu Hai, သူ့ကိုချောင်းတိုက်တုန်းကပြောခဲ့တဲ့စကားက သူ့စိတ်ထဲပြန်ပေါ်လာတယ်။ သူ့နှလုံးသားက ဒေါသကြောင့် ပေါက်ထွက်မတက်ဖြစ်နေတယ်။ ပုံမှန်ဆို ဒီလိုဟာသ မျိုးတွေက ကိစ္စမရှိဘူး။ ဒါပေမဲ့ မနေ့ကGu Hai ရဲ့လက်တွေ----စည်းကမ်းမရှိပုံကတော့ လွန်လွန်းပါတယ်။ တကယ့်ကိုလွန်လွန်းပါတယ်။
End of CH-69