Addicted? Epilogue - 1 ဆက်သွယ်ထားသောနှလုံးသား(၂) ခု
မင်္ဂလာဧည့်ခံပွဲပြီးသွားတော့ ၊ မင်္ဂလာခန်းဝင်ဂိမ်း စတင်ကစားဖို့ အချိန်တန်လာပါပြီ။
Zhou Ling Yun , Gu Yang , Yang Mang , You Qi, Liu Chong , Tong Zhe နဲ့ Yan Ya Jing တို့တတွေဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မပျက်မယွင်းသော ချစ်ခြင်း၏အသိုက်အမြုံရှိရာ အိမ်သစ်ဆီသို့ သွားနေကြသည့် Gu Hai နဲ့ Bai Lou Yin တို့နောက် နောက်ယောင်ခံပြီးလိုက်ခဲ့ကြတယ်။ အဲ့ဒီအိမ်ကို အသစ်ပြန်လည်မွမ်းမံထားပြီး၊ သူတို့နှစ်ယောက်ရဲ့ တမူထူးခြားတဲ့ညကို ထိုအိမ်လေးထဲမှာ ကုန်ဆုံးချင်တယ်လေ။
Gu Hai နဲ့ Bai Lou Yin တို့ ဓာတ်လှေကားထဲက ထွက်ပြီး၊ တံခါးသော့ဖွင့်တော့မှ သူတို့ချက်ချင်းပဲ သဘောပေါက်သွားပြီ။ အိမ်တံခါးက ဖွင့်လို့မရဘူး။ Bai Luo Yin ရဲ့မျက်နှာထားက ပြောင်းသွားတယ်။ သူ Gu Hai ကိုမြန်မြန်ပြောတယ်။" ကြေးနန်းကြိုးတစ်ချောင်းလောက် မြန်မြန်သွားရှာပေး။ ငါတို့အိမ်တံခါးကို သူတို့ ဖျက်ထားကြတယ်"
Gu Hai က သူ့တစ်ကိုယ်လုံးအနှံ့ အကြာဆိုအကြာကြီး ရှာပြီးမှ နောက်ဆုံးတော့ နားထိုးတံတစ်ချောင်း ရှာတွေ့လို့ Bai Luo Yin ကိုလှမ်းပေးလိုက်သည်။
Bai Luo Yin ဟာ နားထိုးတံကိုသုံးပြီး ကျဉ်းကျဉ်းမြောင်းမြောင်းအပေါက်လေးထဲ အဆက်မပြတ် ထိုးနှိုက်တယ်။ ဓာတ်လှေကားက နံပါတ်များမြင့်တက်လာတာကိုကြည့်ကာ Gu Hai ကတော့ ဘေးကနေ ရင်မောစွာနဲ့ တိုက်တွန်းပေးတယ်။" မြန်မြန်လုပ်စမ်းပါ။ သူတို့က (၅) လွှာတောင်ရောက်လာပြီ၊ (၈)လွှာ.... (၁၀) လွှာ...."
ဓာတ်လှေကားရှိ တိုက်ခန်းလွှာနံပါတ်က (၁၈) ကိုလည်းရောက်ရော ၊ Bai Luo Yin ရဲ့ လက်ကောက်ဝတ်က တချက်အလှည့်နဲ့၊ အိမ်တံခါးက နောက်ဆုံးပွင့်သွားတော့တယ်။ ဒါပေမယ့်၊ တချိန်တည်းမှာပဲ၊ သူတို့နောက်က ဓာတ်လှေကားက' ကလင်' ဆိုပြီး ပွင့်လာပြီ။
(၇) ယောက်သော လူအုပ်ကြီးက ဒရောသောပါးပြေးထွက်လာကြတယ်။
Bai Luo Yin နဲ့ Gu Hai တို့အိမ်ထဲပြေးဝင်ပြီး၊ အိမ်တံခါးကို အမြန်ပိတ်ဖို့ကြိုးစားတယ်။ ကံဆိုးချင်တော့၊ အဲ့ဒီ(၇) ယောက်ဟာ တံခါးမှာခန္ဓာကိုယ်ဝင်ထိုးပြီးကြပြီ။ ပထမအစကဖြင့် တံခါးပိတ်ဖို့လိုနေတဲ့ ကြားလပ်နေရာက သေးသေးလေးရယ်၊ ဒါပေမယ့် အခုတော့ အပြင်ဘက်က (၇) ယောက်သော လူအုပ်ကြီးရဲ့ တွန်းအားအကြီးကြီးကြောင့် ကြားလပ်နေရာလေးက ကျယ်သည်ထက်ကျယ်လာသည်။ Bai Luo Yin နဲ့ Gu Hai တို့ဟာ သူတို့ရဲ့ မင်္ဂလာဦးအိမ်လေးကိုကာကွယ်ဖို့ရေကုန်ရေခမ်းကြိုးစားနေကြသလို၊ ဟို(၇) ယောက်သောလူအုပ်ကြီးဟာလည်း ဝင်ရောက်နှောက်ယှက်ဖို့ အင်အားကိုချွေတာတယ်ရယ်လို့ မရှိကြဘူး။
ဒါဟာ(၇) ယောက်နဲ့ (၂) ယောက်ချတဲ့ သတ်ကွင်းဖြစ်သောကြောင့် ဘယ်လိုအဖြေထွက်မလဲဆိုတာ သင်လည်း မှန်းဆကြည့်နိုင်တယ်။
အမျိုးသား(၆) ဦးနှင့် အမျိုးသမီး(၁) ဦးဟာ ချစ်သူ(၂) ဦး၏ ကွန်းခိုရာထဲသို့ နတ်ဆိုးဟန်ပါသော အပြုံးများဖြင့် ဝင်ချလာပါတော့တယ်။
အလွန်လျင်မြန်စွာဖြင့်၊ Bai Luo Yin နဲ့Gu Hai တို့အောက်ခံဘောင်းဘီလေးပဲကျန်သည်အထိ အဝတ်အစားအကုန် ချွတ်ခံရပြီး၊ ဟို (၇) ယောက် ဘာလုပ်မလဲဆိုတာကို ကိုယ်လုံးတီးဖြင့် စောင့်ဆိုင်းနေရသည်။ Bai Luo Yin က Yang Meng ရော You Qi နဲ့ပါ ရန်ညိုးရန်စမရှိလို့ အဆင်ပြေရဲ့။ သို့ပေမယ်၊ Gu Hai ဟာဒီမှာရှိတဲ့လူတိုင်းနှင့် နောက်ကြောင်းအချို့ရှိဖူးတော့၊ သူတို့တွေအားလုံးက လက်စားချေဖို့ တက်ကြွနေကြတဲ့အတွက် Gu Hai အဆိုးဆုံးဖြစ်နေရတယ်။
' အဟမ်း, အဟမ်း' Zhou Ling Yun ကအားလုံးကိုငြိမ်ကျသွားဖို့ အချက်ပေးလိုက်တယ်။ " ငါတို့အရင်က တိုင်ပင်ထားကြသလိုမျိုး အစီအစဉ်စလိုက်ကြစို့၊။ ပထမအပိုင်းက ' စိတ်(၂) ခုနှင့် နှလုံးသား(၂)စင်း တို့ထပ်တူပေါင်းခြင်း' လို့ခေါ်ပါတယ်။ စည်းမျဉ်းအတိအကျကို Liu Chang ကအသံကျယ်ကျယ်နဲ့ ဖတ်ပြပါလိမ့်မယ်။"
[ Note : 'minds and hearts as one' ဆိုတာ ' စိတ်ချင်းဆက်သွယ်ခြင်း'( Telepathy) ကိုဆိုလိုသည်]
လက်ခုတ်သံတဖြောင်းဖြောင်းမြည်လာသည်။
Bai Luo Yin နဲ့ Gu Hai တို့ဟာ ယုံကြည်မှုတို့ဆင်ယင်ထားသည့်အကြည့်ဖြင့်နှစ်ယောက်သားကြည့်လိုက်ကြတယ်။
Liu Chang ကအသံကျယ်ကြီးနဲ့ စဖတ်တယ်။
" စစ်တပ်ထဲဖုန်းခိုးသုံးနည်းများ...." " အဟမ်း...."
မဟုတ်သေးပါဘူး! အဲ့ဒါကြောင့် Liu Chong က အဲ့ဒီစာရွက်ကိုသူ့အိတ်ကပ်ထဲမြန်မြန်ပြန်ထည့်လိုက်ပြီး၊ ကြောက်ကြောက်လန့်လန့်နဲ့ Zhou Ling Yun ကိုကြည့်လိုက်တယ်။