Epilogue -2 နတ်ဖက်တဲ့စုံတွဲ
ဒီတစ်ခေါက် Bai Luo Yin ဟာ စီးကရက်မီးကိုထိရန် ကီသွင်းတဲ့ ပုံစံအနေအထားကိုသုံးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ခြေထောက်ရဲ့ ကြံ့ခိုင်အားက လုံလောက်လို့ သူ့ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းညှိဖို့ ပိုလွယ်မယ်လေ။ Bai Luo Yin ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း နိမ့်လာလေလေ Gu Hai ပိုပြီး စိတ်မငြိမ်လာလေပဲ။ Bai Luo Yin ကို ဖြေးဖြေးချင်း အကွက်ရွှေ့ဖို့ Gu Hai တစ်ယောက် သတိပေးပြီးရင်း သတိပေးနေတယ်။ အဆုံးတော့ Bai Luo Yin ဟာ သူ့ခန္ဓာကိုယ်ကို သုံးမိနစ်ထက် မနည်း ရွှေ့ပြောင်းပေမယ့် စီကရက်မီးနဲ့ သူ့ခန္ဓာကိုယ်ထိဖို့ သုံးလေး စင်တီမီတာလောက် ကွာနေဆဲပဲ။
"ခင်များ မြန်မြန်မလုပ်နိုင်ဘူးလား?" Tong Zhe က ဘေးဖက်မှာ စီးကရက်တစ်လိပ်ဖွာရင်း လောဆော်တယ်။
Bai Luo Yin မီးထိချင်တဲ့နေရာက သူ့တင်ပါးများ။ မတော်တဆ တခုခု ပေါ်ပေါက်လာလေမလား Gu Hai အရမ်းကြောက်နေတယ်။ Bai Luo Yin ရဲ့ ပြစ်မျိုးမှဲ့မထင်တဲ့ အရေပြားပေါ် အပြစ်အနာအဆာလေးများ ထင်သွားခဲ့သော် ဒါဟာ တကယ်ကြီး Gu Hai ရဲ့ အသားကို လှီးပစ်သလို သူရင်နာရမှာပဲ! သူတွေးနေသလိုမျိုးပဲ Bai Luo Yin က သူ့ခန္ဓာကိုယ်ကို အားကိုးပြီး အပူတည်နေရာကို ရှာဖွေတယ်။ Bai Luo Yin နဲ့စီးကရက်မီးကြား အကွာအဝေးက တစ်စင်တီမီတာတောင် မဝေးတော့ပါ။
Gu Hai တစ်ယောက် သူ့မျက်ဆံကအပြင်ကို ပြူးထွက်လာတော့မတတ် မျက်စိကျယ်နေပြီး
"အရှိန်လျော့.. အရှိန်လျော့"Bai Luo Yin ဟာ မီလီမီတာမျှ ဖြည်းဖြည်းလေးရွှေ့ပြီး အဆုံးမှာ သူ့အောက်ခံဘောင်းဘီက စီကရက်မီးနဲ့ ထိသွားပါတော့တယ်။ စီကရက်မီးကအပူဒဏ်ကြောင့် သူလန့်ပြီး တုန်သွားတယ်။ သူ ချုက်ချင်းပဲ ချက်ကောင်းကို တွေ့သွားပြီး အဲ့ဒီနေရာကို စူးစိုက်ကြည့်ပြီးတဲ့နောက် အလျင်အမြန်ပင် ခုန်ပြီးထလိုက် တယ်။ ဒီလိုနဲ့ပဲ သူ့ဘောင်းဘီပေါ်မှာ အနုပညာဆန်ဆန် မီးလောင်ပေါက်ရာတစ်ခု ထင်သွားတယ်။
ဒီအနိဌာရုံပွဲစဉ်တစ်လျှောက်လုံး Yang Meng ရင်ထဲ စိုးရိမ်စိတ်တွေနှင့် တင်းကြပ်နေခဲ့ရတယ်။သူကိုင်ထားတဲ့ လက်ထဲက ရေခွက်ထဲမှရေတွေ ဘယ်လောက်များ ဖိတ်စင်ထားခဲ့သလို သူမသိပါဘူး။ Bai Luo Yin အဆင်ပြေသွားတာကို မြင်ပြီး သူမတ်တပ်ရပ်ကာ ကွင်းလယ်ထဲ လမ်းလျှောက်သွားလိုက်တယ်။ ဒါပေမယ့် သူ့ဖိနပ်က ကြမ်းပေါ်က ရေကွက်ထဲနင်းမိပြီး သူချော်လဲသွားတယ်။
သူ တစ်ကိုယ်လုံးက Bai Luo Yin ပေါ် ပြိုကျသွားလေပြီ။
Bai Luo Yin ဖင်ဟာ စီကရက် မီးကျည်းပေါ်ကျတာနဲ့ အဆုံးသတ်သွားသည်။