CHAPTER 37- ဥာဏ်များတတ်လာပြီ!

186 21 1
                                    

CHAPTER 37- ဥာဏ်များတတ်လာပြီ!

ညဥ့်နက်တော့မှ Gu Hai က Yan Ya Jing ရဲ့တံခါးကိုသွားခေါက်တယ်။

သူမ,တံခါးကိုခေါက်တဲ့အသံကြားတဲ့အချိန်မှာ သူမရေချိုးပြီးလို့ ခေါင်းမှုတ်ပြီးခါစပဲရှိသေးတယ်။

"ဒီလောက် ညဥ့်နက်တော့မှ သူက ဘာကြောင့် ငါ့ကိုလာရှာတာပါလိမ့်?"

Yan Ya Jing အံ့သြသွားမိတဲ့ တစ်ချိန်တည်းမှာပဲ သူမ,မျှော်လင့်မိတာလဲရှိတယ်။ သူခဏလောက်လာတာဆိုရင်တောင် ကျေနပ်ပြီးသားပါ။

တံခါးပွင့်သွားတော့..Yan Ya Jing ရဲ့ဖြူနုပြီးချောမွေ့နေတဲ့မျက်နှာလေး ပေါ်လာတယ်။ သူမက ခရမ်းဖျော့ရောင် ည၀တ်ဂါဝန်ကို ခါးမှာရှုံ့ကြိုးစည်းပြီး ၀တ်ထားတာကြောင့် သူမရဲ့ရင်သက်ရှုမောဖွယ်ကောက်ကြောင်းတို့က ထင်းနေတယ်။ သူမခန္ဓာကိုယ်ကထွက်နေတဲ့ မွှေးရနံ့သင်းသင်းဟာ ဒီလိုမီးရောင်မှိန်မှိန်အခန်းထဲမှာ သေစေနိုင်တဲ့ဖြားယောင်းခြင်းကိုဖြစ်စေတယ်။

သဘာဝအတိုင်းသာဆိုရင်..ယောက်ျားတစ်ယောက်က ဒီလိုသွေးဆောင်ဖြားယောင်းတဲ့ မြင်ကွင်းနဲ့ ကြုံလာရင်..အရေးကြီးကိစ္စရှိတယ်ဆိုရင်တောင် ပစ်ထားလိုက်မိမှာပဲ။ ကံဆိုးချင်တော့ Gu Hai မျက်လုံးထဲ ဘယ်သူမှမတိုးတော့ဘူး။ Bai Lou Yin ကလွဲရင် သူ့ဘေးကဖြတ်လျှောက်သွားတဲ့ ဘယ် သူမဆို.. နှာခေါင်းတစ်ခုနဲ့ မျက်လုံးတစ်စုံပါတဲ့ သာမာန်လူပုဂ္ဂိုလ်ဆိုတာထက် မပိုဘူး။

"ငါအရင်ပြန်ရလိမ့်မယ်။ အရေးကြီးကိစ္စပေါ်လာလို့!"

Yan Ya Jing ထိန့်လန့်သွားတယ်။

"နင် အခုသွားတော့မှာလား? ဒါပေမယ့် အစည်းအဝေးက မနက်ဖြန်လေ!"

"အချိန်မရှိတော့ဘူး။ ကိစ္စတစ်ခုခုရှိရင် ငါ့ကိုယ်စား နင်က ကူရှင်းပေး"

ပြောပြီးတာနဲ့ ဓါတ်လှေကားဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတယ်။

Gu Hai ရဲ့ကျောပြင်ကိုကြည့်ရင်း Yan Ya Jing တိတ်တိတ်ကလေး ဆွံ့အနေတယ်။

"လက်တလောအတွင်းပဲ ဒီလူ ဘယ်လိုဖြစ်ပြီး ဒီလောက်ပြောင်းလဲသွားရတာပါလိမ့်? လွန်ခဲ့တဲ့ နှစ်ရက်ကတော့..ဘယ်လိုဖြစ်ဖြစ် ဒီစီမံကိန်းကို သူတို့ ရကိုရမှဖြစ်မယ်လို့ သူပြောနေခဲ့တာ။ ဒီဟာက ကုမ္ပဏီရဲ့ အနာဂတ်ဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးလို့..ပေါ့လို့ မဖြစ်ဘူးတဲ့။ ပြောသေးတယ်.. ဒါက အဓိကဦးစားပေးဖြစ်ပြီး ကျန်တာတွေဘေးဖယ်ထားတဲ့။ ဒီစီမံကိန်းကို လက်လွှတ်လိုက်ရရင် သူ့ဘ၀ တစ်ဝက်လောက်ပျက်တော့မလို ဖြစ်နေပြီးတော့"

Addicted? Book2 (Zawgyi)Où les histoires vivent. Découvrez maintenant