CHAPTER -89- ကားမတော်တဆမှုများကို အမျိုးအစားခွဲခြင်း
Yan Meng ဟာ ရိုးရာစားသောက်ဆိုင်တစ်ဆိုင်ရဲ့ သီးသန့်အခန်းတစ်ခန်းထဲမှာထိုင်ပြီး You Qi ကိုစောင့်နေတယ်။ နေ့လည် 12:05 မှာ လက်နက်အပြည့်အစုံနဲ့ ချောမောလှပတဲ့ Mr.You တစ်ယောက် အဲ့ဒီစားသောက်ဆိုင်ရဲ့ သီးသန့်အခန်းထဲကို သွက်သွက်ဝင်လာတယ်။
Yan Meng က မျက်ခွံများပင့်ကာ သူ့ရဲ့မျက်နှာချင်းက လူကိုကြည့်လိုက်တယ်။ ပြီးတဲ့နောက် သူက သူ့ကို ဖြေးဖြေးသက်သာပြောတယ်။ "စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီမှာထိုင်မယ့်လူရှိလို့ပါ"
"ငါ..You Qi ပါ"
Yan Meng အံ့သြမှုများနဲ့ ခေါင်းထောင်လာတယ်။ သူနဲ့မျက်နှာချင်းဆိုင်မှာ You Qi က ဦးထုပ်၊ဆံပင်တု၊ မုတ်ဆိတ်မွှေး၊ လည်းစည်း စတာတွေကို ချွတ်နေတယ်။
"ဒီလောက်ပူတဲ့ နွေရာသီကြီးမှာ ဒီလိုအထပ်ထပ်ဝတ်ထားတော့ မင်းမိတ်ဖုတွေမပေါက်ဘူးလား?"
"မိတ်တွေပေါက်လုနီးပါပဲ" You Qi က ရေစိုဝတ်ကို သုံးပြီး သူ့မျက်နှာသူ သုတ်တယ်။ "ငါ့မှာ ရွေးချယ်စရာမရှိဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပြခဲ့တဲ့ ရုပ်ရှင်အစမ်းပြပွဲတုန်းက ငါပြောပြခဲ့တဲ့dramaက ငါ့ကို လူတွေ စိတ်ဝင်စားလာအောင်လုပ်သလို ဖြစ်သွားလို့။ ဘယ်မအေဘေးက ပါးစပ်ဆော့လိုက်သလဲ မသိပါဘူးကွာ! နောက်ရက်ကျတော့ ငါ့မှာ ဖျော်ဖြေရေးသတင်းရဲ့ ခေါင်းစီးပိုင်းကိုရောက်သွားတာပဲ။ အဲ့ဒီကတည်းက ငါ့မှာ နေ့တိုင်းနောက်ယောင်ခံလိုက်ခံနေရတာ"
Yan Meng က သတိရှိရှိ ခေါင်းငုံ့သွားတယ်။
You Qi မေးပြန်တယ်။ "မင်းဒီရက်ပိုင်းဘာတွေအလုပ်များနေတာလဲ?"
"ငါလား?" Yan Meng ခဏလောက်တွေဝေပြီးမှ ပေါ့ပေါ့လေးပြန်ဖြေတယ်။ "အလုပ်ဆင်းတယ်။ အချိန်ပိုဆင်းတယ်။ ဒါပဲ"
"အချိန်ပိုအတွက် မင်းဘယ်လောက်ရသလဲ?" You Qi မေးတယ်။
Yan Meng ချက်ချင်းကြီးမျက်လုံးပြူးကြည့်ပြီး "အချိန်ပိုကြေးလား? အချိန်ပိုကြေးဆိုပြီး လခွီး ပိုက်ဆံပေးတာ ရှိလို့လား? အလကားလိုက်လုပ်ပေးရတာနဲ့တောင် တူနေပြီ!"
You Qi ရှော့ရသွားတယ်။ "မင်းတို့ကို ပြည်သူ့ဝန်ထမ်းတွေရဲ့ လစာက အရမ်းကောင်းတယ်လို့ ကြားထားတယ်။ ဘေးပေါက်တွေအများကြီးရတယ်ဆို!"
Yan Meng က တိရစ္ဆာန်ရုံကနေ သူဝယ်ထားတဲ့ ဈေးပေါပုံပေါ်တဲ့အမှတ်တရ တီရှပ်ကို ဆွဲပြီး မျက်နှာက ရှုံ့တွနေတယ်။
"မင်းကို ငါပြောလိုက်မယ်။ ဒီဈေးပေါတဲ့ပုံပေါ်တဲ့ တီရှပ်တောင် ငါအိမ်နေရင်းမ၀တ်နိုင်ဘူး။ ငါ့မှာ ဘေးပေါက်ရတဲ့ပုံပေါက်နေလို့လား? ဒီလိုပုံစံဆိုကြပါစို့.. တရုတ်ပြည်က ပြည်သူ့ဝန်ထမ်းအားလုံးမှာ ဘေးပေါက်တွေရှိနေရင်တောင် စားဝတ်နေရေးမပြေလည်တဲ့ လူတစ်ယောက်ပဲရှိမှာ။ အဲ့ဒီလူကလည်း သေချာပေါက် ငါပဲဖြစ်မယ်။ ငါမှာယန်းသုံးထောင်၊လေးထောင်အပေါ် ရှင်သန်ရပ်တည်နေရတာ။ အဲ့ဒါ အရမ်းကို $ရမ်းပင်ပန်းသေးတယ်"
"ယန်း သုံးထောင်လေးအပေါ်?" You Qi အံ့သြထိန့်လန့်သွားတယ်။ "အဲ့ဒီငွေနဲ့ မနက်စာတောင် စားလို့လောက်ပါ့မလားကွာ?"
"လောက်တာပေါ့ကွ၊ မနက်စာတစ်ခုတည်းဝယ်ရုံနဲ့ တစ်လကို ယန်းသုံးထောင် ကုန်ပါ့မလား"
You Qi ဘာမှ ပြန်မဖြေဘူး။
Yan Meng က သူ့မျက်လုံးတွေထဲ ကြည့်ပြီး သူ့စကားလုံးတွေဟာ You Qi အတွက် ကြောင်တောင်တောင်နိုင်နေတာကို ရုတ်တရက်သဘောပေါက်သွားတယ်။
"ဟုတ်သားပဲ။ မင်းအလုပ်ကို ငါမေ့သွားတယ်။ မင်းဟာကတော့ ဒီထက်ပိုမှာပေါ့ ဟုတ်တယ်မလား? မင်းတို့လိုလူတွေအတွက် မနက်စာလေးတစ်နပ်က ယန်းသုံးထောင် လောက်မှာတောင်မဟုတ်ဘူး။ ဟုတ်တယ်နော်?"
You Qi က Yan Meng ကို အံ့သြသင့်သလိုကြည့်နေပြီး "မင်းအပိုတွေချဲ့ကားပြောနေတာ မဟုတ်ဘူးလား? အဲ့လောက်ကြီး ကုန်ပါ့မလား?"
Yan Meng က You Qi ရဲ့လက်ကိုဆွဲပြီး သူပတ်ထားတဲ့ နာရီကိုကြည့်တယ်။
"ဒီနာရီဘယ်လောက်ပေးရလဲ?"
"ငါက ၀ယ်စရာမလိုဘူး။ ငါမိတ်ဆက်ပွဲလုပ်ပေးတဲ့ တံဆိပ်က စပွန်ဆာပေးတာ"
"ဒါဆို ဈေးကွက်ထဲမှာဆို ဘယ်လောက်တန်လဲ?"
"အစားစားပဲ။ ထောင်ချီကနေ သန်းချီတဲ့အထိ အမျိုးအစားအလိုက်ဈေးကြီးတာလည်း ရှိတယ်၊ ဈေးပေါတာလည်းရှိတယ်"
"ငါက မင်းပတ်ထားတဲ့ အမျိုးအစားကိုပဲ အဓိကထားပြီးမေးနေတာ"
"ဒီအမျိုးအစားက ယန်း တစ်သိန်း၊ နှစ်သိန်းလောက်ပဲရှိတာ"
Yan Meng အရမ်းကို အံ့အားသင့်သွားပြီး You Qi လက်ကို လွှတ်ချကာ ဒေါသတကြီး ပြောတယ်။ "နှစ်သိန်းလောက်ပဲ ဟုတ်လား? ဒါ $ကြီး $ကျယ် ပြောနေတာမဟုတ်လား? မင်းဘယ်လောက် ချဲ့ကားပြောနေဦးမှာလဲ? ဒါက ငါ့လခ ၂ နှစ်စာလောက်တောင် ဖြစ်နေပြီ။ မင်းကို သူတို့က အလကား ပေးတယ်။ ဟုတ်လား?"
"သူတို့က ပစ္စည်းမိတ်ဆက်ခကြီးကြီးတောင်ပေးဖို့ ဆန္ဒရှိနေကြတာ။ ဒီလောက် နာရီတန်ဖိုးလောက်ကို ဂရုစိုက်နေဦးမလား?"
"မင်းပြောတာလည်း ဟုတ်တာပဲ" Yan Meng မနေနိုင်ဘဲ မေးမိတယ်။ "ဒါနဲ့ သူတို့က မင်းကို ဘယ်နှလုံးပေးသလဲ?"
"ငါရေမနေဘူး။ သုံးလုံး ဒါမှမဟုတ် လေးလုံးလောက်ပေါ့"
"ဒါဆို အဲ့တာတွေ ငါ့ပေးလိုက်!" Yan Meng က စားပွဲခုံကို "ဖြန်း" ခနဲ့ ရိုက်ပြီး "မင်းအစား ငါက အဲ့ဒါတွေကို ရောင်းပေးမယ်။ ပြီးတော့ အမြတ်ကို တစ်ယောက်တစ်ဝက်စီခွဲကြမယ်"
You Qi မရယ်ဘဲအနေနိုင်ဘူး။ "ဒါဖြင့် ငါကလည်း အဲ့ဒါတွေကို မင်းကိုပေးလိုက်ပါ့မယ်ကွာ"
"မင်းအဲ့လိုလုပ်ဖို့မလိုပါဘူး!" Yan Meng က လက်မြှောက်ပြီး "မင်း ငါ့ကို တကယ်ပေးရင် ငါ အလုပ်ကတောင် ထွက်ရဲတယ်။ မင်းယုံရဲ့လား?"
"Hhahaah....."
ခဏလောက်ရယ်မောနေပြီးနောက် You Qi က မျက်ခွံတွေကိုပင့်ပြီး Yan Meng ကို ကြည့်လိုက်တဲ့အခါ၊ သူ့အမူအရာတွေက အရမ်းတည်ကြည်နေတယ်။
"မင်းအလုပ်ထွက်လိုက်ပါ့လား? ငါ့အကူလာလုပ်လေ၊ ငါမင်းကို အခြေခံလစာအဖြစ် တစ်လကို ယန်းတစ်သောင်းပေးမယ်။ ဘောနပ်(စ်) က သပ်သပ်ပေးမှာ"
Yan Meng က ကိုယ်ကျင့်သိက္ခာအပြည့်နဲ့ ငြင်းလိုက်တယ်။ "ရဲသားတစ်ယောက်လုပ်လို့ ငါ ငတ်ပြီးသေသွားမယ်ဆိုရင်တောင် မင်းကို အလုပ်အကျွေးပြုဖို့ မသွားဘူး!"
You Qi က ပြုံးရုံသာပြုံးပြီး ဘာမှမပြောဘူး။ ဒီလိုဖြစ်မယ်ဆိုတာ သူခန့်မှန်းခဲ့တာကြာလှပြီ။
ဝိတ်တာမလေးရောက်လာပြီး "ဆရာ အခု,မှာတော့မလားရှင့်?"
"အေး" You Qi ဖြေတယ်။
ဝိတ်တာမလေးက မီနူးတစ်ခုနဲ့ ပြန်ရောက်လာခဲ့ပေမယ့် သူမက မီနူးတောင် ချမပေးရသေးခင် စားပွဲဘေးမှာ သူမဟာ ရုတ်တရက် တောင့်သွားပြီး You Qi ကို ငေးကြည့်နေတယ်။
"ရှင် ...ရှင်You Qi မဟုတ်လား?"
You Qi က မော့မကြည့်ဘဲ ပြန်ဖြေတယ်။ "မင်းလူမှားနေပြီ"
သူပြောပြီးတာနဲ့ မီနူးကိုယူဖို့ကြိုးစားပေမယ့် တခဏလောက်ဆွဲယူပြီးတာတောင် သူဆွဲယူလို့ မရသေးဘူး။ ၀ိတ်တာမလေးက မီနူးကို သူမလက်ထဲမှာ ကျစ်နေအောင် ကိုင်ထားပြီး You Qi က သူ့ရဲ့သရုပ်မှန်ကို ၀န်ခံတဲ့အထိ မီနူးကိုပေးဖို့ ငြင်းဆန်နေတယ်။ ၀န်မခံရင် သူမကလည်း အော်ဒါကောက်မှာ မဟုတ်ဘူးပေါ့။
Yan Meng က ဘေးကနေ မပြောဘဲမနေနိုင်တော့ဘူး "၀န်ခံလိုက်စမ်းပါ..မသကာ ငါတို့ကို ဈေးလျော့ပေးချင်တောင် ပေးနေမှာ"
You Qi က သူမကို မနိုင်တာနဲ့ပဲ ခေါင်းညိမ့်ပြီး ၀န်ခံလိုက်ရတယ်။ ၀ိတ်တာမလေးကလည်း You Qi နဲ့ အတူ ဓါတ်ပုံတွေဘာတွေရိုက်ပြီးမှပဲ သူမလက်လျှော့သွားတော့တယ်။
ဝိတ်တာမလေး ထွက်သွားတော့ Yan Meng သက်ပြင်းချတယ်။ "မင်းတို့အလုပ်ထဲ ၀င်ရတာကလည်းကွာ တကယ့်ကိုမလွယ်ပါ့လား။ အပြင်မသွားခင် မိတ်ကပ်က လိမ်းရသေးတယ်။ ပြီးတော့ အစားတစ်နပ်တောင် အေးအေးဆေးဆေး မစားရဘူး"
"အဲ့ဒါအမှန်ပဲ။ အရမ်းကို မတည်ငြိမ်ဘူး။ အလုပ်များတဲ့အချိန်ဆို တကယ့်ကို လုပ်စရာတွေ အများကြီးနဲ့ အလုပ်ရှုပ်နေပေမယ့်၊ အလုပ်ပါးတဲ့ အချိန်တွေဆို အလုပ်ကို မရှိဘူး။ ငါဘွဲ့ရပြီးတဲ့နောက်ပိုင်း ငါ့မှာ ၆ လလုံးလုံးစောင့်ခဲ့ပေမယ့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကတောင် ငါ့ကို ဆက်သွယ်မလာဘူး။ ဒါပေမယ့် အခုတော့ အားလုံးကောင်းသွားပြီ။ ငါထမင်းတစ်နပ်လေးစားဖို့တောင် ကြိုတင်အစီအစဉ်ဆွဲနေရတယ်။ လမ်းကျမှ ကိစ္စတစ်ခုခုပေါ်လာမှာစိုးလို့"
သူပြောနေတုန်းပဲ သူ့ဟန်းဖုန်းမြည်လာတယ်။
You Qi တစ်ယောက် "အင်း" "အမ်း" နဲ့ ပလုံးပထွေးပြောနေတာကို နားထောင်ရင်း Yan Meng ဟာ ထမင်းစားနေတုန်း You Qi အစား,မခံရပ်နိုင်အောင် ပင်ပန်းမိတယ်။
သူဖုန်းချပြီးတော့ You Qi က သရော်တယ်။ "ငါ့ကို $ ရမ်း ဒေါသထွက်အောင် လုပ်နေကြတာ"
"ဘာဖြစ်တာလဲ" Yan Meng
"ငါ လုပ်ကို လုပ်ရမယ့် အင်တာဗျူးတစ်ခုရှိတယ်။ ငါက လက်မခံဘူးလို့ သူတို့ကို ပြောပြီးသား။ ဒါပေမယ့် ငါ့မန်နေဂျာက ငါ့အတွက် ပွဲစီစဉ်ဖို့ ဇွတ်ပြောနေလို့"
Yan Meng ကတူတွေကို ချပြီး "ဒါဖြင့် မင်းမြန်မြန်သွားတော့လေ!"
"ငါမသွားဘူး" You Qi က ဖုန်းကို ချက်ချင်းပိတ်ပစ်လိုက်တယ်။
Yan Meng က You Qi ကို စိုးရိမ်စိတ်နဲ့ မေးတယ်။ "မသွားရင် ဘာဖြစ်မှာလဲဟင်?"
"ပိုက်ဆံနည်းနည်းပါးပါး နှုတ်ရုံအပြင် မရှိပါဘူး" You Qi က အဲ့ကိစ္စကို အရေးမစိုက်တဲ့ပုံနဲ့ ပြန်ဖြေတယ်။
"ဒါဆိုရင် မြန်မြန်သွားလိုက်!" Yan Meng က You Qi ထက်တောင် စိတ်ပူနေသေးတယ်။
"ငါနဲ့ ဘာကိစ္စစကားစမြည်းပြောနေဦးမှာလဲ? ငါတို့မှာ ပြောစရာစကားတောင် များများရှိတာမှ မဟုတ်တာ။ မြန်မြန်သွားပြီး ပိုက်ဆံရှင်းပြီးတာနဲ့လစ်တော့။ ငါ့ကြောင့် မင်းအလုပ်မနှောင့်နှေးစေနဲ့"
"လူတစ်ယောက်ပိုက်ဆံဘယ်လောက်ရှာနိုင်မှ လောက်တယ်လို့ သတ်မှတ်လို့ရမလဲ?" You Qi က သူ့ပန်းကန်ထဲက ဟင်းတွေကို ခပ်ဖွဖွ တွန်းရင်း "ငါ မင်းနဲ့အတူရှိနေတဲ့ အခါလေးပဲ အပန်းပြေတယ်။ ငါသူတို့နဲ့နေရင် ငါရင်ထဲ တင်းကြပ်နေတာ။ အရမ်းကို ပင်ပန်းတယ်"
ဒါကိုကြားတော့ Yan Meng လည်းစိတ်ထိခိုက်ရတယ်။ "ငါက အဲ့ဒီလောက်တောင် ချစ်မွှေးပါမှန်း ငါမသိခဲ့ဘူး"
"မင်းက အခုမှသိသလား? ငါ အခြားသူတွေနဲ့ အတူရှိနေတဲ့အခါ ငါအမြဲတမ်းပူပန်နေရပေမယ့် မပူသလို ဟန်ဆောင်နေရတယ်! ငါ့ရဲ့ချုပ်တည်းထားတဲ့ခံစားချက်တွေပေါ့! ပြောရရင် ဘာဖြစ်လာမလဲ ဆိုတဲ့ သံသယတွေပေါ့! မင်းနဲ့ဆိုရင် အဲ့ဒါတွေလုပ်ဖို့မလိုဘူး။ မင်းကိုကြည့်လိုက်ရုံနဲ့ လူတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ကို ရှာတွေ့စေတဲ့ မမြင်နိုင်တဲ့ အစွမ်းတွေ မင်းမှာရှိတယ်။ လူတစ်ယောက် ဘယ်လောက်ပဲ ကီးမကိုက်ဘူး ဖြစ်နေပါ့စေ။ သူ့ထက်အမြဲတမ်း ပိုဆိုးနေတဲ့ မင်းရှိတော့ စိတ်တွေ အေးဆေးသွားတယ်လို့ ငါခံစားရတယ်"
"သေလိုက်ပါ့လား!!"
Yan Meng က သူ့တူတွေနဲ့ You Qi ရှေ့က အချိုပွဲပန်းကန်ကို အပေါက်တွေအများကြီး ဖြစ်အောင် ဖောက်နေတယ်။
You Qi က Yan Meng ကိုကြည့်လေလေ သူပိုပြီး အူရွှင်လာလေလေပဲ။ သူက အနုပညာလောကထဲကို စ၀င်ကတည်းက သူဟာ အခုလိုပေါ့ပေါ့နေပေါ့ပေါ့စား သာမာန်လူစားတွေကို ပိုပိုပြီး အားကျမိလာတယ်။
Yan Meng က ထမင်းဆက်စားနေရင်း ရုတ်တရက် တခုခုကို သတိရသွားတယ်။
"အော်ဟုတ်သားပဲ .. အဲ့ဒါဟုတ်တယ်။ မင်းသိတဲ့လူကွန်ယက်က ငါ့ထက်ပိုကျယ်တယ်။ ငါ့ကို အချိန်ပိုင်းအလုပ်လေးတစ်ခုလောက် ကူရှာပေးပါ့လား? ပိုက်ဆံရပြီး မပင်ပန်းတဲ့ အလုပ်တစ်ခုခုပေါ့"
"မင်းတကယ်ကြီး ငွေလိုနေတာလား?" You Qi မေးတယ်။
Yan Meng ခေါင်းညိမ့်ရင်း "ဟုတ်တယ်။ ငါ့အတန်းဖော်တွေမင်္ဂလာဆောင်ရင် ဒါမှမဟုတ် ငါ့လုပ်ဖော်ကိုင်ဖက်တွေ ကလေးမွေးလာရင်ပေါ့ကွာ။ သူတို့ကို တပြားမှ ငါ့မှာမပေးနိုင်သလောက်ပဲ"
[Note- မင်္ဂလာဆောင်ပွဲတွေနဲ့ တစ်ယောက်ယောက် ကလေးမွေးဖွားရင် ပိုက်ဆံထည့်ထားတဲ့ စာအိတ်အနီလေးတွေကို လက်ဆောင်ပေးတာ တရုတ်လူမျိုးတွေအတွက် ထုံးတမ်းစဉ်လာပါ။ ပေးတဲ့ပိုက်ဆံပမာဏက အဲ့ဒီလူနဲ့ သင်ဘယ်လောက်ရင်းနှီးသလဲဆိုတဲ့အပေါ် မူတည်ပါတယ်]
You Qi ခဏလောက်စဉ်းစားပြီးမှ "မင်း စတန့်မင်းသားလုပ်ပါ့လား။ ငါမကြာခင် ဇာတ်လမ်းတွဲအသစ်ရိုက်ဖို့ရှိတယ်။ အဲ့ဒီမှာ စတန့်သရုပ်ဆောင်လုပ်ဖို့လိုတဲ့ရိုက်ကွင်းပါလားဆိုတာ ငါဒါရိုက်တာနဲ့ အရင်ပြောကြည့်လိုက်မယ်"
"၀ါး!" Yan Meng က ကျေနပ်လို့ အံ့သြသင့်နေတယ်။ "စတန့်မင်းသားက ဘာတွေလုပ်ရတာလဲ? Cele အကြီးစားတွေအတွက် အစားဝင်ရတာလား?"
"ဒါက....." You Qi ခဏလောက်စဉ်းစားပြီး "မင်းကသရုပ်ဆောင်တွေအတွက် ကိုယ်စား သရုပ်ဆောင်ပြီး အန္တရာယ်များတဲ့ ရိုက်ကွင်းတွေကို စတန့်သရုပ်ဆောင်ရမှာ။ ဒါမှမဟုတ် မင်းက ချစ်ခန်းကြိုက်ခန်းတွေကို ကိုယ်စားသရုပ်ဆောင်ရမယ်။ ဥပမာကွာ ငါ့ဇာတ်လမ်းတွဲထဲက ဇာတ်ဆောင်မင်းသမီးရဲ့အစား နမ်းတဲ့အခန်းတို့ အိပ်တဲ့အခန်းတို့ စသည်ဖြင့်ပေါ့ ငါနဲ့ သရုပ်ဆောင်ရမှာ"
Yan Meng နှုတ်ခမ်းက တွန့်လိမ်သွားတယ်။ "ဒါဖြင့်ရင် ငါက အန္တရာယ်များတဲ့ ရိုက်ကွင်းတွေအတွက်ပဲ စတန့်သရုပ်ဆောင်တော့မယ်"
You Qi ".............."
နေ့လည်မှာ Yan Meng ဟာ လူတတ်ကြီးလုပ်ပြီး သူ့ရဲ့ပတ္တရောင်လှည့်တဲ့တာဝန်ကို စလိုက်တယ်။
ယာဉ်စည်းကမ်းကြီးကြပ်ရဲဌာနကနေဖြတ်သွားရင်း သူဟာ ရင်းနှီးကျွမ်းဝင်တဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတယ်။ အဲ့ဒီလူက Yan Meng ရဲ့ လုပ်ဖော်ကိုင်ဖက်ပဲ။ Yagn Meng တစ်ယောက် ရဲဌာနကိုဝင်လာတုန်းက အဲ့ဒီလူရဲ့ အနိုင်ကျင့်ဗိုလ်ကျတာကို မကြာခဏ ခံခဲ့ရတယ်။ ဒါပေမယ့် နောက်တော့ အဲ့ဒီလူက ယာဉ်စည်းကမ်း ထိန်းသိမ်းရေးရဲ့ဌာနကို ပြောင်းရွှေ့ခံရပြီး သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်းနဲ့ ပိုမိုကောင်းမွန်လာတယ်။ မဟုတ်မှလွဲရော Yan Meng ကို စွန့်ခွါသွားကြတဲ့ လူတွေ အားလုံးဟာ နောက်ဆုံးတော့ Yan Meng ရဲ့ ကောင်းကွက်ကို သိသွားကြလို့ဖြစ်မယ်။
"Meng Zi!" Ma Chi အမြန်နှုတ်ဆက်တယ်။
Yan Meng က ကားရပ်ပြီး ပြတင်းတံခါးချကာ "မင်းဘာလုပ်နေတာလဲ?"
"အစောပိုင်းက ငါ့ကိုလာရှာတဲ့လူရှိလို့။ ဒီနေ့ ပတ္တရောင်လှည့်တာ မင်းအလှည့်လား?"
Yan Meng ခေါင်းခါပြီး "ငါက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို သူ့တာဝန်အစားကူပေးတာ။ သူ့ညီက ဆေးရုံတက်နေရလို့"
"$အပိုတွေ။ သူကမင်းကို အခွင့်အရေးယူနေတာကွ!" Ma Chi က Yan Meng ရဲ့ ခေါင်းသေးသေးလေးကို ပွတ်နေတယ်။
Yan Meng ခနဲ့တယ်။ "မင်းလည်း ဆင်ခြေအမျိုးမျိုးသုံးပြီး၊ ငါ့ကို မင်းတာဝန်ချိန်တွေကို အစားလုပ်ခိုင်းခဲ့တာပဲ မဟုတ်လား?"
Ma Chi ရယ်မောရင်း "ကားပေါ်က ဆင်းဦး။ မင်းအကူအညီလိုတယ်"
"ယာဉ်စည်းကမ်းကြီးကြပ်ရုံးမှာ ဘယ်သူမှ မရှိဘူးလား?"
"ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ မင်းလောက်မတော်ဘူး" Ma Chi ကားတံခါးဖွင့်တယ်။ "လာ လာ လာ ကားပေါ်ကဆင်း။ မြန်ပါတယ်။ ပြီးဖို့ သိပ်မကြာပါဘူး"
Yan Meng က တကယ်ကြီး သူ့ကိုယုံနေတယ်။ Ma Chi နဲ့ သူလိုက်သွားတဲ့နောက် နေ့လည်တစ်ခုလုံး သူထွက်မလာနိုင်တော့ဘူး။
Ma Chi က Yan Meng ကို ဒီနှစ်ပိုင်း ဆယ်နှစ်အတွင်းက ကားမတော်တဆမှုပေါင်းစုံကို အမျိုးအစားခွဲဖို့ ကူညီစေချင်တယ်။ ပညာပေး ဗီဒီရိုတစ်ခွေ ဖန်တီးဖို့ အဲ့ဒါတွေကို ဖိုင်တစ်ခုဖြစ်အောင် ချုံ့ပေးရမှာ။ Yan Meng တစ်ယောက် ကြောက်စရာကောင်းတဲ့ ကားမတော်တဆ ဗီဒီရိုခွေတွေ တစ်ခုချင်းစီကို ကြည့်ဖို့လိုတဲ့အပြင် သူဟာ အမှုတွေရဲ့အမျိုးအစားနဲ့တစ်မျိုးချင်းစီရဲ့ဖြစ်ရတဲ့ အကြောင်းရင်းကို နာမည်တပ်ပေးဖို့လည်းလိုတယ်။
"မင်းတို့ခေါင်းဆောင်က တကယ့်ကို စိတ်ယုတ်မာရှိတယ်" Yan Meng က အတွန့်တက်မိတယ်။
Ma Chi သက်ပြင်းချရင်း "သူ့မှာ အဲ့ဒါကလွဲလို့ ဘာမှမဟုတ်တတ်ဘူး!"
သူပြောနေတဲ့အချိန်မှာပဲ သူဟာ Yan Meng ဘေးက အချက်အလက်အသေးစိတ်ကို တစ်ချက်ကြည့်ပြီး ဖန်သားပြင်ကို လက်ညှိုးထိုးကာ "ဒီတစ်ခုကို ချန်ထားလိုက်။ ဒါက သမာရိုးကျ ဘရိတ်ပေါက်တဲ့အမှုပဲ"
Yan Meng က ဖန်သားပြင်ကို ပိတ်ပြီး ဖိုင်ကိုကူးဖို့မလုပ်ရသေးခင်၊ TV ပေါ်မှာ ပေါ်နေတဲ့ ရင်းနှီးတဲ့မျက်နှာကို မြင်လိုက်ရတဲ့အတွက် ရုတ်တရက်သူရှော့ဖြစ်သွားတယ်။End of Chapter - 89