CHAPTER-68-ကို့အတွက် ပေးဆပ်နိုင်တဲ့အရာ
သူတို့ တံခါးကို ဖြတ်ပြီး Bai Luo Yin ရဲ့ တပ်အိမ်ထဲကို ဝင်ပြီးတဲ့နောက်၊ Gu Hai က ထူးဆန်းတဲ့ အနံတစ်ခုကို အနံခံမိတယ်။
" ဒီမှာ လေဝင် လေထွက်မရှိတာ ဘယ်နှစ်ရက်ရှိပြီလဲ? "
Bai Luo Yin က ပြတင်းပေါက်တွေကို လက်ညှိုးထိုးပြီး လိမ်ပြောတယ်။ "ငါလေ.... လေဝင်အောင်လို့ ဆိုပြီး အဲ့ဒီပြတင်းတံခါးကို နေ့တိုင်းဖွင့်တယ်"
သံသယရှိတာနဲ့ .... Gu Hai ပြတင်းတံခါးကို ဖွင့်ကြည့်တော့ .... သေချာပါတယ်..... သူလက်မှာ ဖုန်တွေပေသွားတယ်။ သူဟာ Bai Luo Yin ကို မတွေ့ရတာ(၁၀) ရက်ကျော်ပြီဖြစ်လို့ ၊ မဆူရက်ဘူးဖြစ်နေတယ်။ သူ နည်းနည်းသာ ဝမ်းနည်းမိတယ်။
** ကိုယ့်ဇနီးလေးရယ်.... ကိုယ့်အတွက်လည်း စဉ်းစားပေးပါဦးကွာ ! မင်း ဒီလိုသာ ဆက်ပျင်းနေမယ်ဆိုရင်တော့ အလုပ်နဲ့သွားတဲ့ခရီးတောင် ကိုယ့်မှာမသွားရဲအောင် ဖြစ်နေပြီ**
Bai Luo Yin ကစောင်အောက်ကရော၊ဘီရိုထဲကရော၊ ခေါင်းအုံးအောက်ကရော၊ ပြီးတော့ ကုတင်အောက်ကပါ ရှာတွေ့တဲ့ အဝတ်တွေတစ်ပုံကြီးကို Gu Hai လက်ထဲ ထိုးသိပ်ထည့်ပြီး
"ဒီမှာ ကို့အတွက်စုထားပေးမယ်လို့ငါကတိပေးထားတဲ့ဟာတွေ"
Gu Haiက Bai Luo Yinကို ချစ်ခြင်းနဲ့ရော၊ မုန်းခြင်းနဲ့ပါ ကြည့်လိုက်တယ်။ သူဘာစကား တစ်လုံးမှ မပြောဘဲ၊ ရေချိုးခန်းဘက်ကိုသာ လှည့်လျှောက်လာခဲ့တော့တယ်။
သိပ်မကြာခင်ကမှ Bai Luo Yin ကို အဝတ်လျှော်စက် အသစ်တစ်လုံး ဝယ်ပေးထားတာ။ သူ,မသွားခင်စီစဉ်ပေးပြီးသား။ အဝတ်လျှော် ဆပ်ပြာမှုန့်နဲ့လျှော်မွှေးရည်ကိုလည်း ထည့်ထားပေးပြီးပြီ။ Bai Luo Yin လုပ်ဖို့လိုတာက အဝတ်အစားတွေကိုထည့် ရေဂေါက် ဖွင့်ပြီး စက်ကို အဝတ်လျှော် ခိုင်းလိုက်ရုံပဲ။ လုပ်ငန်းစဉ်က ဒီလောက်လွယ်နေတာ တောင်.... Bai Luo Yin က ဖာသာလုပ်ဖို့ ပျင်းနေသေးတယ်။
ဒါပေမယ့် Gu Hai ဘက်ကနေကြည့်ရင် ဒါဟာနားလည်ပေးနိုင်တဲ့ ဘောင်အတွင်းမှာပဲရှိ တယ်။ အဝတ်အစားအပေတွေကို မလျှော်ဘဲ ဒီအတိုင်းချန်ထားတာဟာ ကိစ္စကြီးကြီး မားမား မဟုတ်ပါဘူး။ တကယ်တော့ Gu Hai ကဒါကိုပျော်စရာကောင်းနေတယ်လို့ပဲ မြင်တယ်။ လူတစ်ယောက်က တစ်နေ့ကုန် ကွန်ပြူတာနဲ့ စာရွက်စာတမ်းတွေ ရှေ့မှာပဲ ထိုင်နေရတဲ့အခါ ဒီလိုအိမ်မှုကိစ္စ အလုပ်မျိုးဟာ စိတ်ဖြေစရာနဲ့ ပျော်ရွှင်စရာသာဖြစ် တယ်။ ဆန့်ကျင်ဘက်အားဖြင့် တနေ့ကုန် တနေ့ခမ်း အဆက်မပြတ် ခက်ခဲကြမ်းတမ်းတဲ့ စစ်ဆင်ရေးလုပ်ရတဲ့ Bai Luo Yin လိုလူမျိုးအတွက်တော့ ဒီလိုနေရာမှာအခွင့်ကောင်းယူ ပြီး ပျင်းရိတယ်ဆိုတာ ဖြစ်သင့်ပါတယ်။
ကံကောင်းချင်တော့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တွေကမတူကြတဲ့အတွက် တစ်ယောက်ကို တစ်ယောက် နားလည်မှုပေးရင်း သီးခံနိုင်ကြတယ်။
Gu Hai က အဝတ်အပေတွေ အားလုံးကို အဝတ်လျှော်စက်ထဲထည့်လိုက်တယ်။ သူ့လက်နဲ့လျှော်ပေးမယ့် Bsi Luo Yin ရဲ့ အောက်ခံဘောင်းဘီနဲ့ ခြေအိတ်တွေက လွဲလို့ပေါ့။ အဲ့ဒါတွေကို သ,ူမလျှော်ခင် သူရေကြည့်တော့တခုခု ပျောက်ဆုံးနေတာကို တွေ့ရတယ်။ ဒီတော့ သူအော်ပြောတယ်။
" ခြေအိတ်တစ်စုံ လိုနေတယ်ဟေ့! "
" မလိုပါဘူး ၊ကို့ကို ငါ အကုန်လုံးပေးပြီးသား"
Gu Hai ထပ်ရေကြည့်တယ်။ အခုထိ မစုံသေးဘူး။ "သွား ....ထပ်ရှာကြည့်ဦး"
Bai Luo Yin က နေရာအနှံ လိုလှန်ဒီလှန် ရှာကြည့်တယ်။ သူ, နောက်ဆုံးတော့ မွေ့ရာနဲ့ နံရံကြားထဲကနေ ပျောက်နေတဲ့ ခြေအိတ်ကို ရှာတွေ့သွားတယ်။ သူပြန်လျှောက်လာပြီး တော့ အဝတ်လျှော်ဇလုံထဲ လှမ်းပစ်ထည့်လိုက်တယ်။ သူငုံ့ကြည့်လိုက်တဲ့အခါ အဖြူ ရောင် ခြေအိတ်တွေထည့်ထားတဲ့ ဇလုံကြီးတစ်ခုကို တွေ့ရတယ်။
" အားလုံးက အဖြူတွေချည်းပဲဟာ....တစ်စုံပျောက်နေမှန်းကို ဘယ်လိုသိသလဲ?"
" ကိုယ်က သိတာပေါ့! ကိုယ် မသွားခင်က၊ ချစ်ကို ခြေအိတ်အစုံ (၂၀) ဝယ်ပေးထား ခဲ့ပြီး၊ အိပ်ယာဘေးက အံဆွဲထဲထည့်ထားခဲ့တယ်လေ။ ချစ်၊မင်း ခြေအိတ်မလျှော်မှာ စိုးတာနဲ့ပဲ ဒီလိုဝယ်ပေးထားမှ နေ့တိုင်းခြေအိတ်သစ်တစ်စုံ လဲနိုင်မှာပေါ့။ မင်းအကြောင်း ကို ကိုယ်မသိဘူးများထင်နေလား?လျှော်ပြီးသား ခြေအိတ်တွေ ရှိနေသမျှ ချစ်က လျှော်တော့မှာ မဟုတ်တော့ဘူး။ ကိုယ်က (၁၂) ရက် ခရီးထွက်တော့ ဒီမှာက ခြေအိတ် (၂၃) စုံပဲ ရှိတာဆိုတော့က ..... (၁) စုံ ပျောက်နေတာ မဟုတ်လား? "
Bai Luo Yin "တခွီးခွီး " နဲ့ (၂) ကြိမ်ရယ်တယ်။
" မင်း ရယ်နိုင်သေးတယ်ပေါ့?"Gu Hai က ဆပ်ပြာအမြှပ်တထွေးကြီးကို Bai Luo Yin မျက်နှာပေါ် သုတ်လိုက်တယ်။
Bai Luo Yin က သူ့မျက်နှာသူ ပြန်သုတ်ချပြီး Gu Hai ကို ငုံ့ကြည့်တယ်။ Gu Hai တစ်ယောက်အထူးသဖြင့် အိမ်မှုကိစ္စတွေလုပ်နေတာကို ကြည့်ရတာ သူနှစ်သက်တယ်။ Gu Hai အိမ်အလုပ်တွေ လုပ်နေတာကို မြင်တဲ့အချိန်တိုင်း နေရာလွဲနေတယ်လို့ သူခံစား ရတယ်။ သူ အမြဲခံစားရတာက.....Gu Haiဟာတကယ်တော့ အိမ်မှုကိစ္စတွေ လုပ်နေ တာမဟုတ်ဘဲ၊ သူတော်ကြောင်းတတ်ကြောင်းကို ပြနေတာနဲ့တောင် ပိုတူနေတယ်။ Gu Hai ကို ပထမဆုံးတွေ့ဖူးတဲ့ ဘယ်သူမဆို ထင်ကြလိမ့်မယ်.... ဒီလူဟာ အောင်မြင်မှု တွေပြည့်နေတဲ့ အမျိုးသားတစ်ယောက်၊ မိန်းမချောလေးတွေ ဝိုင်းနေတဲ့ အမျိုးသား တစ်ယောက်၊ ပြီးတော့ သူ့ဘဝကသုခအတိနဲ့ ဇိမ်ရှိမှာပဲ....စသည်ဖြင့် ထင်ကြမယ်။ ဒီလူဟာ လူချစ်လူခင်ပေါတဲ့ လူတစ်ယောက်ဖြစ်တယ်။
ဒါကြောင့် အဲ့ဒီလိုလူက ထမင်းချက် အဝတ်လျှော်လုပ်နေတာကို ကြည့်ရတာဟာ၊ တကယ့် ဖျော်ဖြေရေးပွဲတစ်ခုကို ရှုစားနေရသလိုမျိုးပဲ။ လက်တွေ့ဘဝကနေ ခွဲထွက် ထားတဲ့ ဖျော်ဖြေရေးတစ်ခုပေါ့။ Bai Luo Yin သာလျှင် ရှု့စားနိုင်တဲ့ ဖျော်ဖြေရေးဖြစ်တဲ့ အတွက် ဘယ်လောက်ပဲ လက်တွေ့ဘဝကနေ သွေဖီနေပါစေ..., ဒါဟာ သူ့အိမ်မက်ရဲ့ အပိုင်းအစတစ်ခုပါပဲ။ အခြားသူတွေ စိတ်ကူးယဉ်ခွင့်တောင် မရှိတဲ့အရာပါ။
" ချစ် ၊ အောက်ခံဘောင်းဘီကို နေ့တိုင်းလဲတယ်နော်?" Gu Hai ကမေးတယ်။
Bai Luo Yin က" အင်း၊ နေ့တိုင်းလဲတယ်"
Gu Hai ခေါင်းညိတ်တယ်။ "ဒီလိုမှပေါ့။ အလုပ်ရှုပ်တယ်လို့ မထင်နဲ့ .... ချစ်၊ မင်း အောက်ခံဘောင်းဘီ နေ့တိုင်းလဲဖို့လိုတယ်။"
Gu Hai ဟာ တကယ်တော့ ကုမ္ပဏီမှာ သူတက်ဖို့လိုတဲ့ စီးပွားရေးပွဲတစ်ခုရှိတယ်။ ဒါပေမယ့်လည်း သူကဖိအားတွေကို တွန်းလှန်ပြီး Bai Luo Yin တပ်အိမ်မှာပဲ တစ်နေ့ခင်း လုံးနေရင်း သီးသန့် လာရှင်းပေးနေတယ်။
သူပြန်သွားတဲ့အခါ၊ တကယ်တော့ ကုမ္ပဏီပြန်တာမဟုတ်ဘဲ၊ ကုန်ခြောက်ဆိုင်ကို ကား မောင်းသွားတယ်။ ရက်တော်တော်များများ Bai Luo Yin တစ်ယောက် ကောင်းကောင်း စားခဲ့ရမှာ မဟုတ်ဘူးဆိုတာ တွေးမိတော့ အသားဟင်းတွေ အများကြီး ချက်လာပြီး Bai Luo Yin ဆီ ယူလာပေးတယ်။
သို့ပေမယ့်၊ Bai Luo Yin တစ်ယောက် အသားဟင်းအနံတွေရတာနဲ့၊ သူ့အမူအရာက ချက်ချင်းပဲ ပျို့တက်လာပြီး အန်ချင်လာတယ်။
" ငါ အသားမစားချင်ဘူး။ ကို အရင်စား, စား!"
Bai Luo Yin က သူ့ရှေ့က အသားဟင်း အမယ်တွေအားလုံးကို Gu Hai ဆီကို တွန်းလိုက်တယ်။ Gu Haiက တူကိုချပြီး အံ့သြတကြီးနဲ့ Bai Luo Yin ကို ကြည့်တယ်။ " ဘာဖြစ်လို့လဲ? ချစ်, အသားဟင်း မစားချင်ဘူးလား?"
Bai Luo Yin တံတွေးမျိုချပြီး၊ သူ့မျက်နှာထားက ရှုံ့တွနေတယ်။ "ခုနောက်ပိုင်း ငါ့ဗိုက် ထဲ သိပ်နေလို့မကောင်းဘူး"
"ဘာဖြစ်တာလဲ?" Gu Hai က သူ့ကိုလေးနက်တဲ့ ပုံစံနဲ့မော့ကြည့်ရင်း "မင်း မသန့်ရှင်း တဲ့ အစာတွေထပ်စားပြန်ပြီလား၊ ဟမ်... ချစ်? ဒီလိုနဲ့ မင်းဝမ်းပျက်နေတာပေါ့ ဟုတ် လား?"
Gu Hai ဒီလိုပြောနေတဲ့အချိန် ၊ Bai Luo Yin ဘယ်လိုတွေးရမလဲဆိုတာတောင် မသိရှာဘူး။ ရုတ်တရက် သူပျို့တက်လာတာနဲ့ ရေချိုးခန်းဆီပြေးပြီး သွားအန်တော့ တယ်။ Gu Hai လိုက်လာတဲ့အခါ Bai Luo Yin ပါးစပ်ထဲကနေ အက်စစ်တွေထွက်နေပြီး မျက်ရည်တွေက သူ့မျက်နှာတစ်လျှောက် စီးကျနေတယ်။
သူ နှုတ်ကျင်းပြီးတဲ့နောက် စားပွဲရှေ့ထိုင်ပြီး Gu Hai ကို တောင်းပန်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။
Gu Hai ရင်ထဲ မကောင်းပေမယ့် သူဘာမှတော့ မပြောမိဘူး။ သူက အမဲသား အပိုင်းအစလေးကို တူနဲ့ ကောက်ပြီး Bai Luo Yin ပါးစပ်နား တိုးသွားပြီးဆွယ်တယ်။ "ချစ်, ကြည့်စမ်း, ဒါလေး အရမ်းအရသာရှိတယ်"
Gu Hai လုပ်နေပုံကို Bai Luo Yin မြင်တော့၊ Zhou Ling Yun လုပ်တာကြီး စဉ်းစား မိပြီး နောက်တစ်ခါ အန်မိတော့မလို ဖြစ်နေတယ်။
"Gu Hai , ငါ့ကို စိတ်ပူမနေနဲ့ ကို, ပဲစား"
Gu Hai ပဲလေ...လွယ်လွယ်နဲ့ ဘယ်လက်လျော့ပါ့မလဲ! အစာအိမ်ဆိုတာ Bai Luo Yin ကို အပိုင်ချည်ဖို့အတွက် Gu Hai ရဲ့ ချုပ်ဆေးပဲဟာ ။ အကယ်လို့ ဝမ်းသာပျက်သွားရင် နောင် သူတို့စကားများ၊ ရန်ဖြစ်တဲ့အခါ သူ့မှာ နိုင်ကွက် ဘယ်ရှိပါတော့မှာလဲ။
ဒါကြောင့် Gu Hai က စိတ်ရှည်လက်ရှည်နဲ့ Bai Luo Yin ဘေးနားသွားထိုင်ပြီး၊ မျက်လုံးတွေကို မှိတ်ခိုင်းထားလိုက်တယ်။ သူဟာ ငါးတစ်တုံးကို ကောက်ယူ.... အရိုးနွှင် ပြီး Bai Luo Yin ပါးစပ်နားကို ဖြေးဖြေးယူသွားလိုက်တယ်။ နောက်ပြီး သူက နူးနူး ညံညံလေး တိုက်တွန်းသေးတယ်။
" ဒါလေး မြည်းကြည့်...."
Gu Hai ကရှိသမျှ နည်းလမ်းပေါင်းစုံကိုသုံးပြီး Bai Luo Yin ကို အစာမျိုချဖို့ ကူပေး တယ်။ သူက Bai Luo Yin ပါးစပ်ထဲကို ငါးအတုံးလေးထည့်ပေးလိုက်တယ်။ ငါးနဲ့ အဆီတုံး နှစ်ခုကြား အရသာကအရမ်းကွာဟတဲ့အတွက် ၊ ဒီငါးဟင်းကိုတော့ Bai Luo Yin စားလို့ရတယ်။ များမကြာမှီ Gu Hai က ကြက်သားနဲနဲ ကျွေးပြန်တယ်။ ပြီးတော့ သိုးသားနဲနဲ။ နောက်ဆုံးတော့၊ သူဝက်သားကို Bai Luo Yin ပါးစပ်ထဲ ထည့်တဲ့အခါ ၊ Bai Luo Yin ခေါင်းကို တွင်တွင်ခါတယ်။
" ဟေ့ ဒီမှာ ကိုယ့်ပါးစပ်ကိုကြည့် ။ အသားကို မကြည့်နဲ့ ၊ ကိုယ့်ပါးစပ်ကိုပဲ ကြည့်''
Gu Hai က ဒီလိုပြောလာတော့ Bai Luo Yin လည်း Gu Hai နှုတ်ခမ်းဆီကိုပဲ အာရုံစိုက် ထားလိုက်တယ်။
Gu Hai က အဆီမပါတဲ့ အသားတုံးကိုကိုက်ပြီး ချက်ချင်းပဲ Bai Luo Yin နှုတ်ခမ်း နားတိုးသွားတယ်။ Bai Luo Yin ရှောင်ဖို့ ကြိုးစားတယ်။ ဒါနဲ့ပဲ Gu Hai ကသူ့နှုတ်ခမ်းကို Bai Luo Yin နှုတ်ခမ်းပေါ် ဖိကပ်လိုက်ပြီး၊ သူ့လျှာကိုသုံးကာ အသားတုံးကို Bai Luo Yin ပါးစပ်ထဲ ဖြေးဖြေးချင်း တွန်းထည့်ပေးရင်း အဆက်မပြတ် အားပေးနေတယ်။
" ဝါးကြည့် အနံလေးကမွှေးနေတာပဲ"
Bai Luo Yin မဝါးရဲတာနဲ့ ချက်ချင်းပဲ မျိုချပစ်လိုက်တယ်။ နောက်တစ်ကြိမ် Gu Hai ဟာ အသားနောက်တစ်တုံးကို ကောက်ယူပြန်တယ်။ Bai Luo Yin ကGu Hai လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး သူ့မျက်နှာထားက ရှက်ရှက်နဲ့ အနေရခက်နေ တယ်။ "Gu Hai , ငါ့ကို ဆက်ပြီး အလိုမလိုက်နဲ့တော့။ ကိုနဲ့ မတွေ့ခင်တုန်းကဆိုရင်၊ ငါအကုန်စားတယ်။ သဲကန္တာရထဲ စစ်ဆင်ရေးသွားတုန်းကဆို အေးစက်ပြီး မာတောင့် နေတဲ့ ပေါက်စီတောင် စားကောင်းနေခဲ့တာ။ ဒါပေမယ့် ကို, ငါ့ကို ထမင်းဗူးပို့ပေးတဲ့ အချိန်က စပြီး ငါ့အစာအိမ်က အရမ်းကိုဂဂျီဂဂျောင်ဖြစ်လာပြီ။ အခြားအစားအစာစားမိ တာနဲ့ ချက်ချင်းပဲ ဗိုက်ထဲက နေလို့မကောင်းတော့ဘူး"
"ဒါက ကိုယ်လိုချင်တဲ့ ရလဒ် အတိအကျပဲလေ" Gu Hai လေသံက အလွန်ကို ဂုဏ်ယူနေတယ်။ "ဒါမှ ချစ်လည်း တွေ့ကရာ မစားမိမှာ "
" ဒါပေမယ့် အဓိက အချက်က .... ငါတို့နှစ်ယောက်က အတူတူနေလို့မှမရတာ၊၊ ကို လည်း ငါ့ဆီ အမြဲလိုလို ဟင်းပို့ပေးနိုင်မှာလည်း မဟုတ်ဘူး။ ငါကလည်း တခါတစ်လေ မှ အပြင်ထွက်နိုင်တာ။ တခါတလေဆို၊ ငါ စစ်ဆင်ရေးသွားရရင် ပြန်လာဖို့ဆို (၁) လ လောက်ကြာတယ်။ အရင်တုန်းက၊ငါဘယ်လိုမှမခံစားခဲ့ရပေမယ့်၊ အခုတော့ သွားရမှာကို တွေးရုံနဲ့တင် ကြောက်နေပြီ။"
Gu Hai စိတ်မသာမယာ ဖြစ်ရပေမယ့်၊သူခံစားရတာကို မဖော်ပြဘူး။ အဲ့ဒီအစား သူ တတ်နိုင်သလောက် Bai Luo Yin ကို နှစ်သိမ့်ပေးဖို့ ကြိုးစားတယ်။
"အဆင်ပြေမှာပါ။ ချစ်၊ အခု စိတ်ထင်နေတာတွေက အရမ်းကို နာကျင်စရာကောင်း တယ်။ ဒါပေမယ့်၊ သီးခံပြီးလုပ်ကိုလုပ်ရမယ့်အခါကျရင်၊ ချစ်, ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနိုင်သွားမှာပါ။ ကောင်းမွန်တဲ့ ရက်တွေက အများကြီးရှိတာမဟုတ်လို့ ၊ ချစ် .... မင်းမှာ အခု ပိုင်ဆိုင်ထားတဲ့အရာကို တန်ဖိုးထားသင့်တယ်။ မဟုတ်လို့ရှိရင်၊ ပျော်စရာ ကောင်းတဲ့ အချိန်လေးတွေ ကုန်ဆုံးသွားပြီး ဒုက္ခတွေရောက်လာတော့မှ အစားများများ မစားခဲ့ရတာကို နောင်တရနေဦးမယ်နော်။ ကဲပါ... လာလာ ပါးစပ်ဟ"
ရေချိုးတဲ့အချိန်၊ တစ်ယောက်နောက်ကျောကို တစ်ယောက်က ချေးတွန်းပေးနေတယ်။ Gu Hai က Bai Luo Yin ရဲ့ဒဏ်ရာရနေတဲ့ခါးကို မြင်တော့ မမေးဘဲမနေနိုင်ဘူး။" အတည်ပြော၊ ချစ်, ဒီဒဏ်ရာ ဘယ်လိုရလာတာလဲ?"
" လေ့ကျင့်ကွင်းဆင်းရာကနေ"
Gu Hai သိချင်တယ်။ "ဘယ်လို လေ့ကျင့်ရေးမို့လို့ခါးကို လာထိခိုက်တာလဲ?"
"...... ခါးလှည့်ကွင်း လှည့်ရင်းနဲ့....."
" စစ်တပ်မှာ အဲ့ဒီလို လေ့ကျင့်ရေးမျိုးရှိလို့လား?" Gu Hai က အငယ်လေးကို ညှစ်လိုက် တယ်။
Bai Luo Yin ကလည်း Gu Hai ညီလေးကို ညှစ်ရင်း "ဒါတင်မကသေးဘူး ၊ ငါတို့ ပြိုင်ပွဲ တောင် လုပ်သေးတယ် "
Gu Hai က Bai Luo Yin ခါးက အညိုအမဲ အရာတွေကို သေသေချာချာ စစ်ဆေးတယ်။ နောက်တခေါက် သူ ထပ်မေးပြန်တယ်။ "မင်း ခါးလှည့်ကွင်းမှာ အရောင်ပါတဲ့ ဖန်မျှင်စ အလွှာများရှိနေလို့လား?"
Bai Luo Yin ကတမင်တကာ စကားလမ်းကြောင်းလွဲဖို့ ကြိုးစားနေပြီး၊ ဝါးတားတား ဖြေဖို့ စဉ်းစားရင်း ဆွံ့အနေမိတယ်။
"ကိုယ့်ကို အမှန်အတိုင်းပြော ချစ်, ခါးက ဒဏ်ရာက ဘယ်လိုရခဲ့တာလဲ? " Gu Hai ရဲ့ အမူအရာက လေးနက်တည်ကြည်နေတယ်။
Bai Luo Yin ဆက်ဖုံးထားလို့ မရတော့ဘူးဆိုတာ သိတော့၊ Gu Hai ကို အမှန်အတိုင်း ပြောပြတယ်။
" စစ်ဆင်ရေးလုပ်တာ စံချိန်မကိုက်လို့ ၊ အပြစ်ပေးခံရတာ"
Gu Hai မျက်နှာတင်းသွားတယ် "ဘယ်လို အပြစ်လဲ?"
Bai Luo Yin ခဏလောက် ငြိမ်နေပြီးမှ ပြန်ပြောတယ်။ "ခါးကိုသုံးပြီး လေယာဉ်ကို မီတာ(၅၀) ဆွဲခိုင်းတာ"
Gu Hai ကအသက်ခပ်ပြင်းပြင်းရှူပြီး၊ သူ့ခန္ဓာကိုယ်က သွေးတွေဟာ ပြောင်းပြန်စီးနေပြီ။" Zhou Ling Yun အကြံပဲ မဟုတ်လား?"
" သူ့ကို သွားမရှာနဲ့နော်!" Bai Luo Yin စွဲစွဲမြဲမြဲပြောတယ်။" သူ့ကို သွားတင်ပြဖို့ ငါ ဆုံးဖြတ်ပြီးသား။ ငါ ကြိုးကြိုးစားစား စစ်ရေးလေ့ကျင့်ပြီး၊ မာန်လည်းမတတ်တော့ပါ ဘူး... ပြီးတော့ လှည့်စားတာတွေလည်းမလုပ်တော့ဘူးလို့။ အဲ့ဒီနေ့ ငါတို့ ကောင်းကင်မှာ တိုက်ကြတုန်းက သူနဲ့ငါ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဖူးတာပဲ။ သူနဲ့ငါနဲ့ skill (စွမ်းရည်) အရမ်းအရမ်းကိုကွာတယ်ဆိုတာ ငါသိလိုက်တယ်။ သူ့ကို ကျော်ဖို့ ငါအသေအလဲ ကြိုးစားမှ ဖြစ်မှာ !"
Gu Hai လည်း Bai Luo Yin အတွက် ရင်မောမိတယ်။
"ချစ်, မင်းဒီလောကရာထူး ကြီးကြီးမားမားရဖို့ ဘာကိစ္စ ဒီလောက် လိုအပ် နေရတာလဲကွာ?"
"ငါ ထူးချွန်မှ...ကို့ အဖေက ငါ့ကို လက်ခံပေးနိုင်မှာပေါ့။ ဒါကလွဲလို့ ကို့အတွက် ငါလုပ်ပေးနိုင်တဲ့ အခြားအရာမှမရှိတာ"
Gu Hai တခြားဘာမှ မပြောမိဘူး။ သူ့ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ခံစားချက်တွေ အပြည့်ပါပဲ။End of CHAPTER -68