Chapter 20 Gu မိသားစု စိတ်ပူခြင်းကောင်းကင်ဟာ မျက်စိတစ်မှိတ်အတွင်းမှာ မှောင်သွားပြီ။Bai Luoyin က လှည့်ပြီး Gu Hai ကို ကြည့်တယ်။
"ငါတို့ ဘယ်လိုလုပ်မလဲ? ဒီမှာ ထိုင်ပြီး လာကယ်တာ စောင့် မလား? ဒါမှမဟုတ် အရုဏ်တက်ရင် ပြန်ထွက်မလား ?"
"ပြန်ထွက်မယ်??? "Gu Hai က ညည်းတယ်။ "ဒီဧရိယာ အားလုံးမှာ နွံအိုင်တွေ ပတ်လည်ဝိုင်းနေတာ။ ငါတို့က ဘယ်လို ပြန်ထွက်ရမှာလဲ? ဒီဘက်ကို ရောက်ဖို့ ငါ့ကို မင်းဆွဲပေးထားရ တာ။ ခု ငါလည်း ဒီဘက်မှာ ဆိုတော့ ငါတို့ကို ဘယ်သူက ဆွဲပေး မှာလဲ ?"
Bai Luoyin က ချောင်းနဲနဲဟန့်လိုက်ပြီး
"အရင်တုန်းကလဲ နွံတွေ အများကြီး ရှိတာပဲ။ မင်း ဒီကိုတောင် ရောက် အောင် လာပြီးပြီ။ နောက်ထပ်နွံအိုင်လေးတစ်ခုနဲ့ ဘာကွာသွားမှာလဲ ?"
"အဲ့ဒီအချိန်တုန်းက ငါက စိတ်ဓာတ်တွေ တက်ကြွနေတော့ အင်အား တွေ အများကြီးပဲ။ ခုတော့ ဘာတက်ကြွမှုမှ မရှိတော့ဘူး။ ငါ လှဲပဲလှဲ အိပ်ချင်တယ်။"
Gu Hai က ပေါ့ပေါ့လေး ပြောပေမယ့် သူ့ရင်ထဲမှာတော့ လေးနေတယ်။ သူကိုယ်တိုင် စွန့်စားနိုင်ပေမယ့် Bai Luoyin ကို စွန့်စားခိုင်းဖို့တော့ သူ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး။ Bai Luoyin ကို အန္တရာယ် ကင်းကင်းရှာတွေ့ ထားတာက မလွယ်ခဲ့ဘူး။ သူတို့ မစောင့်နိုင်တာနဲ့ ပြန်ဖို့ ကြိုးစားရင်း လမ်းမှာ တစ်ခုခု ဖြစ်ပြီး အဆုံးသတ်သွားရင် မတန်ဘူး။
Bai Luoyin က သက်ပြင်းချတယ်။ သူ့လက်တွေကို ခေါင်းအောက်မှာ ထားပြီး မြေကြီးပေါ်လှဲတယ်။ ခြေတစ်ဖက်ကို ဆန့်ထားပြီး ခြေတစ်ဖက် ကို ကွေးထားတယ်။ သူရဲ့ လေယာဉ်မှုးအင်္ကျီက သူ့ခန္ဓာကိုယ်ကို ထွေး ထားတယ်။ ဒီလောက် အခက်အခဲတွေကြားမှာတောင် သူ့Style က မိတုန်းပဲ။
"ဘာကြည့်နေတာလဲ?" Bai Luoyin က Gu Hai ကို တစ်ချက်ကြည့် လိုက်ပြီး အဲ့ဒီလို ကြီးကြီးကျယ်ကျယ်ပြောတယ်။ Gu Hai က Bai Luoyin အဝတ်အစားတွေကို ကြည့်ရင်းနားလည်လိုက်တာက သူရဲ့ ခန္ဓာကိုယ်က စွန်းမိုက် နေတာကိုပဲ။
"မင်းကို ဘယ်သူက ကြည့်နေလို့လဲ? မင်းကိုယ်မင်း ကျောက်စိမ်းတုံး များထင်နေလား? ကိုယ့်ကိုယ်ကို ပြန်ကြည့်ဦး။ မျက်နှာမသစ်တာ ဘယ် နှရက်ရှိပြီလဲ?"
Bai Luoyin က မျက်လုံးမှေးပြီး ခနိုးခနဲ့ ပြန်ပြောတယ်။
"ငါ မျက်နှာမသစ်တာ ဘယ်နှရက်ရှိပြီဆိုတာကို မေးချင်နေသေးတယ်။ ဗွက်တွေ အလိမ်းလိမ်းနဲ့ ကိုယ့်ခန္ဓာကို ပြန့်ကြည့်ဦး။ မင်းကို ဓားနဲ့ ထိုးရင်တောင် အသားထိမှာ မဟုတ်ဘူး ။"
Gu Hai ကိုယ်ပေါ်က ဗွက်တွေက ခြောက်နေပြီ။ ညစ်ကျယ်ကျယ် အမူအရာနဲ့ သူဟာ လက်ကို သုံးပြီး ခန္ဓာကိုယ်ကို အား ကောင်းကောင်း နဲ့ ၂ခါလောက် ခါလိုက်တယ်။ ဒီလိုလုပ်တာက ဖုန်လုံးတွေ ဖြစ်စေတယ်။ ဒီဖုန်လုံးတွေက Bai Luoyin ကို ၃ ပေ အကွာလောက် ပထုတ်လိုက် တယ်။ Bai Luoyin အနီးကို ပြန်ရောက်တော့ Gu Hai က သူ့လက်ကို ရေဆေးနေတယ်။
"ဟေ့ ရေတွေမဖြုန်းပါနဲ့လား? ရေသောက်ဖို့တောင် နှမျောစရာကောင်း နေတာ။ ဒါကို မင်းက လက်ဆေးဖို့ သုံးနေတယ်"
မမျှော်လင့်ပဲ Gu Hai လက်က Bai Luoyin မျက်နှာဆီ ရောက်လာပြီး အားနဲ့ ပွတ်တိုက်တော့တယ်။ နောက်ထပ် ရေထပ် လောင်းချပြီး Bai Luoyin မျက်နှာကို ထပ်ပွတ်ပြန်တယ်။
Bai Luoyin နောက်ဆုံးတော့ နားလည်သွားပြီ။ Gu Hai က သူ့လက်ကို ရေဆေးတာက သူ့ကို မျက်နှာသစ်ပေးချင်လို့။ သူက ရှက်ရမ်းရမ်းပြီး အော်တယ်။
"ငါ့မျက်နှာက အဲ့လောက် ညစ်ပတ်နေလို့လား ?"
"အရင်ကလောက်တော့ ချောမွေ့မနေဘူးပေါ့" Gu Hai ပြောချလိုက် တယ်။
Bai Luoyin က သစ်ပင်အောက် ထိုင်နေစဉ် ကိုယ်ကို မတ်ထား တယ်။ သူက စီးကရက် တစ်လိပ်ကို အိတ်ထဲက ထုတ်လိုက်ပြီး မီးညှိလိုက် တယ်။
"မင်းက ကုမ္ပဏီမှာ ချောမွေ့နူးညံနေတဲ့ မိန်းကလေးတွေကို တွေ့နေကျ ဆိုတော့ ငါ့ကိုယ်က အသားအရေကြမ်းကြမ်းကို ဘယ်ကြည့်ချင်ပါ့မလဲ"
Gu Hai လဲ ဆေးလိပ်မီးညှိလိုက်ပြီး လက်တဖက်က ပင်စည်ကို ဖက်ထားတယ်။သူက မျက်လုံးမှေးပြီး Bai Luoyin ကို ကြည့် နေတယ်။
"Yin Zi နှစ်တွေအများကြီး တပ်ထဲမှာ ဒုက္ခတော်တော်ရောက်ခဲ့ မှာပဲ ပေါ့ နော်?"
Bai Luoyin ရင်တွေ ခုန်သွားတယ်။
**လွန်ခဲ့တဲ့ နှစ်တွေက ငါ့အခြေအနေတွေကို ခုတော့ ကို ဂရုစိုက် သတိ ရပြီပေါ့**
"ပထမ ၂ နှစ်ကတော့ အရမ်းပင်ပန်းပေမယ့် ငါရာထူးရသွားတာနဲ့ အဆင်ပြေသွားတယ်"
Gu Hai က ဆေးလိပ်ပြာကို တောက်ချလိုက်ပြီး
"လေ့ကျင့်ရေးတွေ ဆင်းနေရတာနဲ့ မင်းခန္ဓာကိုယ်လည်း တောင့်လာ ပြီပေါ့နော် ?"
"အဲ့လို ပြောလို့ ရပါတယ်"
Bai Luoyin က အရမ်းနှိမ့်ချတယ်။
"အရင်ကထက်စာရင်ကြွက်သားတွေရဲ့ကွေးနိုင်၊ ဆန့်နိုင်အားတွေလည်း ပိုကောင်းလာမှာပဲနော်၊ ဟုတ်လား ?"
**နားထောင် ကြည့်လေလေ၊သိပ်မဟုတ်ချင်တော့ဘူး** Bai Luoyin က တွေးရင်း မျက်ခုံးနဲနဲ ပင့်လိုက်တယ်။
Gu Hai က Bai Luoyin ရဲ့ ပေါင်ကို ၂ ခါ ပုတ်ပြီး မေးပြန်တယ်။
"ခန္ဓာကိုယ်က ပိုပြီးလည်း ပျော့ပျောင်းနေပြီပေါ့နော် "
Bai Luoyin ရဲ့ မျက်ဝန်းနက်နက်တွေက Gu Hai မျက်နှာကို ကြည့် လိုက်ပြီး
"မင်း တကယ် ပြောချင်တာ ဘာလဲ ?"
Gu Hai က Bai Luoyin နားနားကပ်ပြီး တိုးတိုးပြောလိုက်တယ်။
"လွန်ခဲ့တဲ့ ၈ နှစ်ကထက် အတူတူနေတဲ့အခါ ပိုကောင်းလာမှာ ပေါ့လို့ "
Bai Luoyin က ထမခုန်မိပေမယ့် Gu Hai ရဲ့ မျက်နှာပေါ် ဆေးလိပ်ငွေ့ တွေ မှုတ်ထုတ်လိုက်တယ်။
"ဒါပေါ့ မင်းအချောင်း ထည့်လိုက်ရင်တော့ နေရာပိုနေဦးမှာ "
Gu Hai က မှီချလိုက်ပြီး
"နေရာတောင် ပိုသေးတယ်,ဟုတ်လား? ဒါဆိုလာ, နေရာ ဘယ်လောက် ပိုလဲ ကြည့်ရအောင် "
နှစ်ယောက်သားစနောက်နေကြတာက စိတ်ဆိုးစရာမကောင်းတာတဲ့ အပြင် သူတို့ စိတ်ထဲမှာ အားအင်အသစ်တွေကို ဖြစ်ပေါ် စေတယ်။
အမှောင်ထုက ပတ်ဝန်းကျင်ကို အုပ်မိုးသွားပြီ။ Gu Hai က သူ့ အိတ်ထဲ က လေထီးကို ထုတ်ပြီး မြေပြင်မှာ ဖြန့်ခင်းလိုက်တယ်။ ပြီးမှ နှစ်ယောက် အိပ်စောင်အိတ်ကို ထုတ်လိုက်တယ်။ နှစ်ယောက်လုံး စောင်အိတ်ထဲ ဝင်လိုက်တယ်။
လေတိုက်တော့ Bai Luoyin က သူ့လည်ပင်းကို ကျုံ့လိုက်တယ်။
"Ok လား ?"Gu Hai မေးတယ် ။
"ငါက ရတယ်။ငါ့အဝတ်တွေက လေအေးတွေကို ကာပေးတယ်"
Bai Luoyin က Gu Hai ကို တချက်ကြည့်လိုက်တယ်။
"ဒါပေမယ့် ငါကြည့်တာ မင်းအကျီ်က အရမ်းပါးတယ်"
"ငါ့ရွှံတွေက လေအေးတွေကို ကာပေးတယ်" လို့ Gu Hai လဲ ဖြေရော ....
Bai Luoyin မရယ်ပဲ မနေနိုင်တော့ဘူး ။
နှစ်တွေ တစ်ပုံကြီးကြာမှ Bai Luoyin ရဲ့ အပြုံးဟာ အသက်ရှုရပ် သွား စေနိုင်လောက်အောင် လှသေးတယ်ဆိုတာ Gu Hai တွေ့ သွားတယ်။
Bai Luoyin က အရင်စပြီး Gu Hai ကို ဖက်လိုက်တယ်။
Gu Hai က ပျော်ပေမယ့် ခပ်ကြွားကြွားလေး ဟန်လုပ်နေသေး တယ်။
"ဟေ့ ကောင်လေး။ ငါ့အနားလေး သိပ်မကပ်နဲ့။ ငါက မလွတ် မလပ်ကြီး နဲ့။ တကယ်လို့ ဒီသတင်းပြန့်သွားရင် ငါ့ယောက္ခမကို ဘယ်လို ရှင်းပြ ရမှာလဲ ?"
Bai Luoyin က ခနဲ့တယ်။ "မင်းယောက္ခမကြီးက ဒီနွံတောထဲကို မြင်မှာ မို့လား ?"
Gu Hai ရဲ့ နှုတ်ခမ်းစွန်းတွေ ကော့ပျံသွားတယ်။
"ငါ့ယောက္ခမကြီးမှာ နတ်မျက်စိရှိတယ်"
Bai Luoyin က ဘာမှမပြောဘဲ Gu Hai ကို ငေးကြည့်နေတယ်။ ဒီ မျက်ဝန်းတစ်စုံဟာ ကန်ထဲက ရေလိုပဲ၊သိပ်နက်လွန်းလို့ အောက်ခြေကို မမြင်နိုင်ဘူး ။ Gu Hai ကလဲ သူ့မျက်လုံးကို ကြည့်ရင်း မျက်လုံးချင်း စကားပြောနေတယ်။ သူရဲ့ အတွင်းကလီစာတွေအထိ ထိုးဖောက် လာတဲ့ ခံစားချက်ပြင်းပြင်းကို ခံစားရတယ်။ Gu Hai က Bai Luoyin ရဲ့ အခုလို ပုံစံမျိုးကို မတွေ့ဖူးဘူး။ အစကတော့ အကြည့်က လက်ခံတဲ့ အကြည့်မျိုး။ ဒါပေမယ် သူ သေသေချာချာကြည့်တော့ အတွင်းမှာ သိမ်မွေ့ နူးညံမှုကို ခံစားရတယ်။ ဒါကြောင့် အကြည့်ကို ဘယ်လိုမှ မလွှဲနိုင်တော့ဘူး ။
Gu Hai ရဲ့ လည်စားလုပ်က လှုပ်လာတော့ Bai Luoyin က မျက်စိမှိတ် လိုက်တယ်။
Gu Hai ရဲ့ နှုတ်ခမ်းတွေဟာ Bai Luoyin ရဲ့ နှုတ်လမ်းထောင့် စွန်းနား လေးတင် ရုတ်တရက်ရပ်သွားတယ်။
ဒါက ဖြားယောင်းမှုဆိုတာ အသိသာကြီး။
Gu Hai က မကျေနပ်နိုင်သေးလို့။ သူက Bai Luoyin ကို နောက် ထပ် တစ်ခါစမ်းသပ်ကြည့်ချင်သေးတယ်။ သူက သည်းခံခြင်း ကြီးကြီးနဲ့ မလှုပ်ပဲ နေတယ်။ မင်းနမ်းချင်ရင် ရှေ့ဆက်တိုးပေါ့။
ဒါပေမယ့် ၂မိနစ်လောက် ကြာတော့ ဟောက်သံသဲ့သဲ့ ကြားလိုက် ရ တယ်။
Gu Hai က အသက်ပြင်းပြင်း ရှုလိုက်တယ်။ သူက ဒေါသထွက်လို့ သွေးတောင် အန်မိတော့မယ်။
**သေလိုက်ပါတော့။ နေ့ဝက်လောက် ဒုက္ခခံရပြီး သူစိတ်ပါလာပြီ ထင်တာက ငါရဲ့ အထင်မှားမှုပဲလားကွာ **
ညနက်လာတော့ Gu Hai အိပ်မပျော်သေးဘူး။ သူပုခုံးပေါ်က Bai Luoyin လက်ကို ချလိုက်ပြီး Bai Luoyin ကို သူ့ရင်ခွင်ထဲ သွင်း လိုက် တယ်။ အိပ်ပျော်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး သူ့ရင်ထဲ တစ်မျိုးကြီး နာကျင်မိတယ်။ ဒီလို တောနက်နက်ထဲမှာ Bai Luoyin အကြိမ် ဘယ်လောက်များများ အိပ်ခဲ့ဖူးလဲ မသိပေမယ့် ဒီလို စိုစွတ်အေးမြနေတဲ့ မြေကြီးပေါ်မှာတောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သေးတယ်။
နောက်ဆုံးမှာ Gu Hai က Bai Luoyin ရဲ့ ပါးလေးပေါ် နမ်းလိုက်တယ်။
"Yin Zi, ကိုယ် ပြန်ရောက်လို့ အရှုပ်ထုတ်တွေ ရှင်းပြီးမှပဲ အားရပါးရ ချစ်တော့မယ် "
တကယ်တော့ Bai Luoyin ဟာ Gu Hai အိပ်ပျော်သွားသည အထိ မအိပ်သေးဘူး။ သန်းခေါင်လဲကျော်သွားပြီ။ ဒီနေ့က နှစ်သစ်ကူးနေ့ပဲ။ နှစ်သစ်ကူးတိုင်းကို တပ်ထဲမှာပဲ အချိန်ကုန်ဆုံး ခဲ့တဲ့သူက ဒီနေ့ ဘာနေ့ လဲဆိုတာတော့ သတိရသေးတယ်။ ဒါပေမယ့် Gu Hai ကတော့ မေ့နေပြီ။
Bai Luoyin က Gu Hai ရဲ့ ညစ်ပေနေတဲ့ မျက်နှာကို နမ်းလိုက်တယ်။
"Da Hai , ငါ အခု ဘာမှမကြောက်တော့ဘူး။ ကို့ကို ငါ့အင်အားနဲ့ ကာကွယ်နိုင်တယ်။ တခါက ဆုံးရှုံးခဲ့ရတဲ့ ငါတို့ အချစ်ကို ကာကွယ်တော့ မယ်။"
-------#####-----------
Gu Wei Ting က ၈နှစ်ကြာပြီးမှ မအေးချမ်းတဲ့ နောက်ထပ် တစ်နှစ်ကို ဖြတ်သန်းရဦးမယ်ဆိုတာ မမျှော်လင့်မိဘူး။ Bai Luo Yinကိုရှာဖို့ Gu Hai ထွက်သွားတဲ့အကြောင်းကို စကြားတော့ သူ့ရင်ထဲမှာ နာကျည်းမှုနဲ့ မလိုလားမှုကို ခံစားရတယ်။ ၈နှစ်ကြာ ကွဲကွာပြီးတဲ့နောက်၊ နှစ်ဦးသားရဲ့ ခံစားချက်တွေရှင်သန်နေသေး တဲ့အကြောင်းရင်းကိုတော့ Gu Wei Ting နားမလည်နိုင်ဘူး။ လူပျောက်ရှာဖွေမှုကို ခေတ္တရပ်ဆိုင်းလိုက်ချိန်မှာ တော့ သူ့ရင်ထဲ မှာ ပူပန်မှုတွေဝင်လာတယ်။ Bai Luo Yin ရဲ့သတင်းကို မကြားရတဲ့အပြင်၊ သူ့သားသတင်းလည်း မရဘူး။
ဒီနေ့က နှစ်ဆန်း၆ရက်နေ့။ Bai Luo Yin ပျောက်နေတာ ၈ရက် ရှိပြီး၊ သူ့သားပျောက်နေတာ ၆ရက်မြောက်ပြီ။
ယေဘူယျပြောရရင် လူပျောက်တာ ၇ရက်ကျော်သွားပြီဆိုရင် အသက် ရှင်နိုင်နှုန်းက 0%ပဲ။
လွန်ခဲ့တဲ့ ၈နှစ်က car accidentဟာ Gu Wei Ting ကိုတုန်လှုပ် စေခဲ့ပါ တယ်။ Bai Luo Yinက စစ်ထဲဝင်ချင်တယ်ပြောလာတော့ သူသား Gu Hai ကို သူ့လမ်းစဉ်လိုက်ဖို့ မတိုက်တွန်းမိတော့ဘူး။ တပ်ထဲဝင်လိုက်ရင် တနေ့တော့ Gu Hai အန္တရာယ်များလာမှာ သူစိုးရိမ်တယ်။ Gu Hai ကိုစီးပွားရေးလုပ်စေခြင်းဟာ သူ့သားဘဝတလျှောက်လုံး အေးအေး ချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် ဖြစ်လာမယ်လို့ သူယုံကြည်တယ်။ ဒါပေမယ့် အခုတော့ သူ့သားက သေလမ်းကို သွားနေပြန်ပြီ။
လွန်ခဲ့တဲ့ ၁၀နှစ် သို့မဟုတ် ၂၀နှစ်ကဆိုရင်တော့ သူ့သားကို ပြုစု ပျိုးထောင်ပေးခဲ့ရတာတွေကအလကားပဲလို့ထင်ခဲ့မိမှာ။ အခုတော့ အဲ့ဒီလို မတွေးရဲတော့ဘူး။ Gu Hai ကားမတော်တဆဖြစ်မှုဟာ နောက်ထပ်သားတစ်ယောက်ထပ်မရနိုင်တော့ဘူးလို့ သူ့ကိုတွေးထင်စေ တယ်။ Gu Hai ကသူ့ရဲ့ တခုတည်းသော မျိုးဆက်ပဲ။
သူ့တပ်မှာ စစ်သားထောင်ပေါင်းများစွာရှိနေပေမယ့်လို့၊ ဒီ မျိုးဆက် ကလေးသာ ဆုံးရှုံးသွားရရင်တော့ သူ့မှာ ဘာပိုင်ဆိုင်မှုမှမရှိတော့ သလိုပါပဲ။
"ဗိုလ်ချုပ်ခင်ဗျ၊ ကျွန်တော်တို့ GuHai ကားကိုရှာတွေ့ပြီ"
" ဒါဆို သူရော?"
"ကားထဲမှာတော့ လူမရှိဘူးခင်ဗျ"
Gu Wei Ting ရဲ့မျက်နှာသွေးဆုတ်သွားပြီး ၊ ထိုင်ခုံလက်ရမ်းကို ဆုပ်ထားတဲ့လက်မှာ အကြောစိမ်းတွေပေါ်လာတယ်။
Sun Jing Weiလိုက်လာပြီး ပြောတယ်။ " စိတ်အေးအေးထားပါ ဆရာ ရယ်။ DaHai ရဲ့အင်အားကတောင့်ပါတယ်။ သူကားနဲ့ ထွက်သွားတော့ လည်း ပြင်ဆင်ပြီးမှသွားတာပါ။ ဖြစ်နိုင်တာက သူက အခု Xaio Bai နဲ့တွေ့သွားပြီး ကလေးနှစ်ယောက်စလုံး ပြန်လာနေပြီထင်တယ် ဆရာ။"
"မင်းဖင်ကြီးသာ စိတ်အေးအေးထားခိုင်း။ သူသာ ပုံမှန်စိတ်နဲ့ဆို ဒီလောက်အန္တရာယ်များတဲ့တောထဲ ကားနဲ့သွားပါ့မလား?"
Sun Jing Wei ကရှုံ့မဲ့ပြီး တွေးတယ်။ **ဆရာက ဆရာ့သား အကြောင်းကို မသိသေးပါလား.,...**
အခန်းထဲကလေထုက တင်းမာနေတယ်။ ရုတ်တရက် လူ တစ်ယောက် သတင်းလာပို့တယ်။
" ဗိုလ်ချုပ်ရဲ့တူ ရောက်နေပါတယ်ခင်ဗျာ"
Gu Yang ကလြေမ်းကျဲကြီးတွေနဲ့ဝင်လာပြီး အေးစက်တဲ့အကြည့် နဲ့ ကြည့်ရင်းမေးတယ်။
"တခုခု ဖြစ်နေတာလား?"
Gu Wei Ting ကဘာမျှပြန်မပြောပေမယ့် Sun Jing Wei က အခြေအနေအားလုံးကို Gu Yang ကိုရှင်းပြနေတယ်။
" ကျွန်တော် သူတို့ကိုသွားရှာမယ်။"
ခဏလေးအတွင်းမှာပဲ Gu Yang ရဲ့အရိပ်ဟာ နှင်းတောထဲမှာ ပျောက်ကွယ်သွားတယ်။End of Chapter 20