CHAPTER-16 : ခါတော်မှီ

189 19 0
                                    


CHAPTER-16  : ခါတော်မှီ

Yan Ya Jing ကို ကူညီမယ်လို့ ပြောပြီး နောက်ရက်မှာ Gu Hai က Gu Wei Ting ဆီ အကျိုးအကြောင်း ပြောပြဖို့ သွားတယ်။
Gu Wei Ting က ဒီသတင်းကြောင့် အရမ်းဝမ်းသာနေတယ်။ သူက အခုလို အလောတကြီးဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် Gu Hai ကို အပြစ်မတင်တဲ့အပြင် မိန်းကလေးမိဘတွေအကြောင်းလည်း စုံစမ်း မနေချင်တော့ဘူး။ တကယ်တော့ သူက ရိုးရိုးလေး ခေါင်းညိမ့်ပြီး သဘောတူလိုက်တယ်။ သူလုပ်နေပုံက သူ့သားက နူဝဲကျိုးကန်းနေပြီး မိန်းမမရနိုင်တဲ့ပုံ ဖြစ်နေတယ်။ သူ့သားကို လက်ထပ်ချင်တဲ့ မိန်းကလေး ရှိရင် ဘယ်လိုမိန်းကလေးမျိုးပဲ ဖြစ်ဖြစ် Gu Wei Ting အလွယ်တကူ လက်ခံမှာပဲ။
Gu Hai က သူ့အဖေရဲ့ မျက်နှာမှာ ဒီလို အပြုံးမျိုး မမြင်ရတာ ကြာပြီ။
Bai Luoyin နိုင်ငံခြားမသွားဘဲ စစ်ထဲဝင်တဲ့အကြောင်းကို သိသွား ပြီးကတည်းက Gu Hai က သူ့အဖေကို မေးကြည့်ချင်ခဲ့တာ။ ဒါပေမယ့် သူ့ စိတ်ကူးကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်တယ်။ သူ့အဖေက အသက်လဲကြီးလာပြီ။ အသက်ကြီးတဲ့ သဏ္ဌာန်ကို အပြင်ပုံပန်းက ဖော်မပြနိုင်ပေမယ့် သူ့ကလေးအပေါ်ထားတဲ့ အတွင်းစိတ်ထားက ပေါ်လွင်စေတယ်။ Gu Hai မှတ်မိတာက Gu Wei Ting က သူ့ကို မဆူမဆဲတာ တော်တော်ကြာပြီ။ တကယ်လို့ သင်တို့မိဘတွေက ဆုံးဖြတ်ချက်ချဖို့ သင့်ကို တိုင်ပင်ပြီဆိုရင် သူတို့အိုပြီး စိတ်ကျနေပြီလို့ မှတ်ယူနိုင်တယ်။
Gu Wei Ting နဲ့ Jiang Yuan တို့က Yan Ya Jing မိဘတွေနဲ့ တွေ့ဆုံကြတယ်။
မိသားစု ၂စုဟာ စားပွဲမှာ ဝိုင်းထိုင်ပြီး ပြုံးပျော်နေကြတယ်။သူတို့ စကားတွေ ပြောကြတယ်။ ရယ်မောကြတယ်။ ဒီစားပွဲဟာ အရမ်း ကို လိုက်ဖက်ညီနေတယ်။ Yan Ya Jing က Gu Hai ကို ဟင်း တွေ ထည့်ပေးတယ်။ ဒီလူငယ်စုံတွဲရဲ့ ချိုမြိန်မှုဟာ တဖြည်းဖြည်း ပေါ်လာ တယ်။
နှစ်သစ်ကူးရဲ့ ၂၈ ရက်မြောက်နေ့ဟာ မြန်မြန်ကြီး ရောက်လာ တယ်။
အဲ့ဒီနေ့စောစောမှာ Yan Ya Jing ကို အဝတ်လဲခန်းထဲ ခေါ်ပြီး make-up တွေ ပြင်ပေးတယ်။သူ အဝတ်လဲပြီး ထွက်လာတော့ ပတ်ဝန်းကျင်မှာ ဆူညံသွားတယ်။ ဆူညံသံအများစုက မိန်းကလေးရုံးဝန်ထမ်းတွေဆီက ဖြစ်တယ်။ သူတို့တွေက camera တွေကို အဆင်သင့် ပြင်ထားကြပြီ။ သတို့သမီးကို တွေ့တာနဲ့ သဲကြီးမဲကြီး ဓာတ်ပုံတွေ ရိုက်ကြတယ်။ ဓာတ်ပုံ ရိုက်ပြီးတော့ အချို့ကစကားပြောရင်းနေရစ်ခဲ့တယ်။ ခန်းမတစ်ခု လုံးလည်း အသက်ဝင်လာပြီ။
၁၀ နာရီထိုးတော့ ဧည့်သည်တွေလဲ တဖြည်းဖြည်းနဲ့ ရောက် လာကြပြီ။
Gu Hai က ခန်းမနဲ့ သိပ်မဝေးတဲ့ အဝင်ပေါက်အစနားမှာ မတ်တပ်ရပ် နေတယ်။ မိတ်ဆွေတွေနဲ့ လူကြီးသူမတွေ ရောက်လာရင် သူက ရှေ့ထွက် နှုတ်ဆက်တယ်။
တကယ်တော့ သူက တစ်ယောက်သောသူကို စောင့်နေတာ။ စောင့်နေ ရင်းနဲ့ သူ့အရိုးတွေကို ပုရွက်ဆိတ်ပေါင်းသောင်းပေါင်း များစွာ က ကိုက်နေသလိုခံစားရတယ်။ ဘာကြောင့် အဲ့ဒီလူကို စောင့်နေရတာလဲ ဆိုတာနဲ့ အဲ့ဒီလူပေါ်လာရင် ဘာပြောရမလဲဆိုတာလဲ သူမသိဘူး။ သူလုပ်နေပုံက အဲ့ဒီလူလာရင် မျက်ရည် မကျမိအောင် ရှိသမျှသတ္တိနဲ့ အားတင်းထားဖို့ ကြိုးစားနေသလိုပဲ။
Gu Hai အကြည့်ထဲကို ရင်းနှီးပြီသား ပုံရိပ်(၂)ခု ဝင်လာတယ်။
Gu Hai မျက်လုံးတွေ ပူသွားတယ်။ သူ့စိတ်သူ ပြင်ဆင်ထားပြီး ဖြစ်ပေမယ့် Bai Han Qi နဲ့ Aunty Zhou တို့ကို မြင်လိုက်တာနဲ့ သူ အသက်ရှုမဝတော့ဘူး ။
Bai Han Qi က အသက်ကြီးနေပြီး လမ်းလျှောက်ရင် ခါးလေး တောင် နဲနဲကိုင်းနေပေမယ့် ရိုးသားပြီး ဖြူစင်တဲ့ အပြုံးကတော့ မပြောင်းသေး ဘူး။ Aunt Zhou ကတော့ အရင်က ပုံအတိုင်းပဲ။ Gu Hai ကိုလည်း တွေ့လိုက်ရော Bai Han Qi က တုန့်ခနဲ ရပ်လိုက်တယ်။
ဟိုတုန်းက ချာတိတ်လေးက အခုတော့ သူ့ရှေ့မှာပဲ Suit နဲ့ Neck Tie နဲ့ခန့်ခန့်ကြီး ရပ်နေတယ်။ (၈)နှစ်က မျက်စိတစ်မှိတ်အတွင်း မှာ ကုန်သွားတယ်။ ဒီကောင့်ကြောင့်ပဲ သူ့သားအရင်းဟာ တပ်ထဲ ဝင်ခဲ့ရ တယ်။ ဒါပေမယ့် ဒီကောင်လေးလည်း သူ့သားအရင်းကြောင့်ပဲ မြေအောက်ခန်းထဲ အစာရေစာအငတ်ထားပြီး ပိတ်လှောင်ခံခဲ့ရတယ်။ အော် အခုတော့ ဒီလူက မင်္ဂလာခန်းမထဲ ကို ဝင်ရတော့မှာ ဖြစ်တယ်။
Gu Hai က Bai Han Qi ရှိရာသွားပြီး သူ့အသံကတော့ တုန်နေတယ်။
"ဦးလေး အဒေါ် ရောက်လာပြီလား "
Aunt Zhou က Gu Hai ရဲ့ လက်မောင်းကို ကိုင်ထားပြီး အတင်း ကြည့်ရင်း ခဏလောက် ကြက်သေသေနေတယ်။ပြီးတော့ Bai Han Qi ဘက်လှည့်ကြည့်ပြီး
"သူ ...သူက Da Hai လား ??"
"ဘာတွေ လျှောက်ပြောနေလဲ။ Da Hai စေ့စပ်ပွဲလာတာပဲဟာ"
Aunt Zhou က စိတ်လှုပ်ရှားရင်း
"ကြည့်ပါဦး ဒီကလေး ပြောင်းလဲသွားလိုက်တာ ငါမင်းကို မှတ်တောင် မမှတ်မိဘူးဟယ်။ ငါ့မျက်စိထဲ မနက်တိုင်း ဆိုင်ကို မနက်စာလာစားနေ တဲ့ အထက်တန်းကျောင်းသားလေးပဲ မြင်နေတယ်။ ခဏအတွင်းမှာပဲ ကုမ္ပဏီတောင် ပိုင်နေပြီကိုး"
Bai Han Qi က Gu Hai ရဲ့ ပခုံးကို ပုတ်လိုက်ပြီး အားရဝမ်းသာ ပြောတယ်
"ကလေး ဦးလေး မင်းကို ဂုဏ်ပြုပေးတယ် သိလား"
သူ့သားနဲ့ ကြိုက်နေတဲ့အကြောင်း ဖွင့်ပြောတုန်းကလည်း Bai Han Qi က ဒီလိုပဲ သူ့ပခုံးကို ပုတ်ခဲ့တာ Gu Hai မှတ်မိသေးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘာစကားမှ မပြောသွားခဲ့ဘူး။
Gu Hai က သူ့စိတ်ကို စုစည်းပြီး Bai Han Qi နှင့် Aunt Zhou တို့ကို ဧည့်သည်ဝိုင်းဆီ လိုက်ပို့ပေးတယ်။
လိုက်ပို့ရင်း Gu Hai က ပေါ့ပေါ့ပါးပါး မေးတယ်။
"Meng Tanf ရော လိုက်မလာဘူးလား "
Aunt Zhou က ရှက်ရှက်နဲ့ ပြုံးရင်း
"အထက်တန်းကျောင်းစာတွေ ခက်တယ်လေ။ သူ့စာမေးပွဲလည်း နီးလာပြီဆိုတော့ သူစာကြည့်ဖို့ အိမ်မှာ ထားခဲ့တယ်"
Meng Tang က Aunt Zhou အရင်ခင်ပွန်းနဲ့ ရတဲ့သား ဖြစ်ပြီး Gu Hai ရဲ့ ခြေထောက်ကို ဖက်တွယ်ထားပြီး " အစ်ကိုကြီး အစ်ကိုကြီး " လို့ လိုက်ခေါ်နေတဲ့ ချာတိတ်လေး ဆိုတာ မှတ်မိနေတယ်။
"ဟုတ်ကဲ့ အဖိုးနဲ့ အဘွားရော နေကောင်းလား?" Gu Hai မေးတယ်။
Ban Han Qi က မှင်သေသေပြန်ဖြေတယ်။
"တစ်ယောက်နဲ့ တစ်ယောက် တစ်နှစ်ခြားပြီး ဆုံးသွားကြတာ"
Gu Hai ရင်ထဲ နေမကောင်းလို့ ဘာမှ ဆက်မမေးတော့ဘူး ။
------------##########----------
Bai Luoyin ကိုယ်လက်သန့်စင်ပြီးတော့ စစ်ဝတ်စုံကို ဝတ်လိုက်တယ်။ မှန်ရှေ့မှာ ရပ်ရင်း သူရဲကောင်းဆန်ဆန် ကြည့်လိုက်တယ် ။
            သူ့အတွက် လွှတ်လိုက်တဲ့ကား အဆင်သင့် ဖြစ်နေပြီ။ Driver ကလဲ အပြင်ဖက်ထွက်စောင့်နေတယ်။ Bai Luoyin က စားပွဲပေါ် တင်ထားတဲ့ ဖိတ်စာကိုကောက်ပြီး "Gu Hai "ဆိုတဲ့ စာလေး(၂) လုံးကိုပဲ စိုက်ကြည့်နေတယ်။ ပြီးတော့ သူ တပ်အိမ်ထဲက ထွက်လာခဲ့ တယ်။
အပြင်မှာ ရာသီဥတုက အသဲခိုက်အောင် အေးနေတယ်။
Bai Luoyin ကားထဲ ဝင်ခါနီး ရုတ်တရက် ရင်းနှီးတဲ့ လူရိပ်(၂)ခု ဘေးက ဖြတ်သွားတာ တွေ့လိုက်တယ် ။
သူ တစ်ယောက်ကို လှမ်းဆွဲပြီး မေးတယ်။
"ဘယ်ကို ဒီလောက်အလျင်စလို သွားမလို့လဲ ??"
"ဒါက အရေးပေါ် mission ။ မင်းကို သတင်းမပို့ဘူးလား ?"
သူတို့ နှစ်ဦး ခပ်သွက်သွက် ထွက်သွားတဲ့အထိ Bai Luoyin ငြိမ်နေ တယ်။
"ငါ့ကို ခဏစောင့်"
Bai Luoyin က သူ့ပိုက်ဆံအိတ်ကို Driver ဆီ ပစ်ပေးလိုက်ပြီး လူ နှစ်ယောက်နောက် လိုက်သွားတယ်။
"အခုပဲ ရန်သူလေယာဉ်က ငါတို့ လေပိုင်နက်ထဲ တရားမဝင် ခိုးဝင်လာ တယ်။ ငါတို့ထဲက လေသူရဲ(၂) ဦးကို အဲ့ဒီ ရန်သူယာဉ်ကို တားဆီးဖို့ လွတ်ရလိမ့်မယ်။ အခုချိန်ထိတော့ ရန်သူ ယာဉ်ရဲ့ လုပ်ဆောင်ချက် တွေနဲ့ အရှိန်ကို တိတိကျကျ မမှန်းဆ နိုင်သေးလို့ အသက်အန္တရာယ် ရှိနိုင်တယ်။ ဒီတစ်ကြိမ်က မင်းတို့ကို စမ်းသပ်တာပဲ။ ငါ ဘာမှ မပြောချင်တော့ဘူး ။ အသက်ကို စွန့်လွတ်တိုက်မယ်လို့ ဝန်ခံလွှာရေး "
လေသူရဲနှစ်ယောက်ရဲ့မျက်နှာအရောင်တွေ ချက်ချင်းပြောင်းသွားတယ်။ သူတို့တွေဟာ လက်တွေ့ကွင်းဆင်းလေ့ကျင့်ရေးတွေ မရေမတွက်နိုင် အောင် အတွေ့အကြုံရှိတဲ့ သံမဏိလူသားတွေ ဖြစ်ပေမယ့်လို့ တကယ့် အသက်အန္တရာယ်နဲ့ နီးလာတဲ့အခါ ဘယ်သူမှ ခေါင်းမငြိမ့်ရဲကြ ဘူး။
"အမိန့်ဖီဆန်တာလားကွ??" အကြီးအကဲက အော်တယ်။
အဲ့ဒီ လေသူရဲနှစ်ဦးရဲ့ စိတ်ဓာတ်က အဝီစိတောင် ရောက်နေပြီ။
ရုတ်တရက် အနောက်ကနေ အသံတစ်သံထွက်လာတယ်။
"ကျွန်တော် သွားမယ် "
အကြီးအကဲက ဖြေးဖြေးလှမ်းကြည့်လိုက်တော့ သိပ်မဝေးတဲ့ နေရာမှာ ရပ်နေတဲ့ Bai Luoyin ကို တွေ့ရတယ်။
Bai Luoyin က ပုံမှန်ထက် စိတိငြိမ်နေပြီး "ကျွန်တော် သွားမယ်။ အသက်စွန့်ဝန်ခံလွှာ ရေးဖို့မလိုဘူး"

End of Chapter 16

Addicted? Book2 (Zawgyi)Donde viven las historias. Descúbrelo ahora