CHAPTER – 88 - လှပဆန်းကြယ်တဲ့ အိပ်မက်လေးတစ်ခု
"ငါ့မှာ ပိုက်ဆံမရှိတော့ဘူး...." Bai Luo Yin ဟာ ကူရာမဲ့စွာ သူ့နှုတ်ခမ်းတွေကို ကွေးလိုက်တယ်။
Gu Hai က ခြေထောက်ချိတ်ထိုင်ကာ ဆရာကြီးပုံစံနဲ့ "ကောင်းပြီလေ၊ ပိုက်ဆံက မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ.. အကိုလေးပြောကြည့်?"
"ဘာလုပ်လို့ ရမှာလဲဟ? ဘာမှလုပ်လို့မရဘူး"
Bai Luo Yin က အိပ်ယာပေါ်က ထထိုင်ပြီး Gu Hai ရဲ့ ပြောင်ရောင်ပြီး ကြွတက်နေတဲ့ ခန္ဓာကိုယ်ကို အသာငမ်းငမ်းနဲ့ကြည့်နေတယ်။ သူဟာ လက်မလျော့ချင်သေးပေမယ့် လက်လျော့လိုက်ရတော့မယ့် မျှော်လင့်ချက်တွေ ပျက်သုန်းနေတဲ့ မျက်နှာလေးနဲ့ တံတွေးကို 'ဂလု'ဆိုမျိုချလိုက်သေး တယ်။
[Note- Bai Luo Yin က Gu Hai ရဲ့ တင်ပါးကို အရသာရှိတဲ့ပုံနဲ့ ကြည့်နေတာပါ။ ဘာကြောင့်လဲ ဆို တော့ Bai Luo Yin က ဒီပြဇာတ်မှာ တကယ့်ကို အပေါ်က နေချင်ခဲ့တာ။ ဒါပေမယ့် ရှေ့ဆက်ဖို့ သူမှာမှ ပိုက်ဆံမရှိတာပဲ]
Gu Hai က နှုတ်ခမ်းတွေကို မကောင်းဆိုးဝါးဆန်ဆန် မြှင့်လိုက်တယ်။ သူလှိမ့်ပြီး Bai Luo Yin ကို သူ့အောက်ကနေ ဖိထားလိုက်ပေမယ့် Bai Luo Yin က အလွယ်တကူပဲ ပြန်တွန်းပြီး ဖယ်လိုက်တယ်။
Bai Luo Yin က ကုတင်ပေါ်က ဆင်းသွားဖို့ ဖိနပ်တောင်စီးနေပြီ။
Gu Hai ကြက်သေသေသွားတယ်။ "မင်းက ဘယ်သွားမလို့လဲ?"
"အခြားလုပ်စရာမှ မရှိတော့တာ!" Bai Luo Yin က သူ့လက်တွေကို ဖြန့်ပြတယ်။ "ငါ့မှာမှ ပိုက်ဆံမရှိတော့တာ။ ပြန်ရုံကလွဲလို့ အခြားဘာလုပ်စရာရှိသေးလို့လဲ?"
**ငါ့ကို ဒီအတိုင်းပြန်လွှတ်တယ်ပေါ့! အရှုံးတော့မရှိပါဘူး... အနည်းဆုံးတော့ ခဏလောက်ခံစားချက်ကောင်းခဲ့သေးတယ်**
Gu Hai စိတ်တိုလာတယ်။ "မင်း အဲ့ဒီနေရာမှာတင် ရပ်နေစမ်း၊ ဘယ်သူက မင်းကို ပြန်ခိုင်းလို့လဲ?"
"ငါ့မှာ ပိုက်ဆံတစ်ပြားမှ မကျန်တော့ဘူး။ ဒီမှာနေပြီး ဘာလုပ်ရဦးမှာတုန်း?" Bai Luo Yin ပြန်စွာတယ်။
Gu Hai က မျက်မှောင်ကျုံ့လိုက်ပြီး "မင်းကျခံလို့ကောင်းခဲ့ပြီး ငါကျတော့ကော?"
"ဟ!" Bai Luo Yin က သွားဗြဲပြလျက် "ငါကအပျော်ရှာချင်လို့ ဒီမှာပိုက်ဆံလာဖြုန်းတာလေ။ ငါကဘာကိစ္စ မင်းကောင်းတာ မကောင်းတာ ဂရုစိုက်နေရဦးမှာလဲ? ငါကဖောက်သည်ဆိုတာ မင်း သဘောပေါက်ပါတယ်။ ဟုတ်တယ်မလား? ငါကမင်းကို ပိုက်ဆံပေးတယ်၊ မင်းက ငါ့ကို ခံလို့ကောင်းအောင် လုပ်ပေးရမှာလေ။ ငါကမင်းကိုပိုက်ဆံပေးပြီး မင်းခံလို့ကောင်းအောင် လုပ်ပေးနေရဦးမှာလား"
Gu Hai က သူ့နဖူးသူ ခံပြင်းချက်နဲ့ လက်နဲ့ပွတ်နေတယ် **သေစမ်း! ဒါက ဒီလောက်မခက်ပါဘူး ငါက သူ့ပိုက်ဆံအကုန်ယူထားတော့ သူငါ့အပေါ်ကနေလို့မရတော့ဘူး။ သူပိုက်ဆံမရှိရင် အပေါ်ကမနေနဲ့ပေါ့၊ အခု ငါက သူ့ကိုပိုက်ဆံမရှိအောင်လုပ်လိုက်တော့ သူက ငါ့ကို အပေါ်ကနေခိုင်းရမှာပဲ မဟုတ်လား? ဟာကွာ... ရှုပ်ရှက်ကို ခက်နေတာပဲ... ဒါက ဘယ်လိုဖြစ်ပြီး ဒီလောက်ရှုပ်သွားရတာလဲကွာ?**
Bai Luo Yin က ခေါင်းလှည့်ပြီး Gu Hai ကို ကြည့်လိုက်တယ်။ သူ့မျက်နှာထားက သူများရှုံးတာကို ၀မ်းသာနေတဲ့ပုံနဲ့။
"တကယ်တော့ အစောပိုင်းတုန်းက မင်းလည်းခံလို့ကောင်းခဲ့ဦးမှာ... ဒါပေမယ့် မင်းကိုထိခွင့်မှ ငါ့ကိုမပေးဘဲ ပိတ်ပင်နေတာဥစ္စာ"
Gu Hai က မျက်ထောက်နီကြီးနဲ့ Bai Luo Yin တစ်ယောက် အခန်းတံခါးလေးနဲနဲဖွင့်လိုက်တာကို ကြည့်နေတယ်။
"ဒီကို ပြန်လာခဲ့စမ်း!!" Gu Hai ဟိန်းဟောက်တယ်။
Bai Luo Yin က Gu Hai ဘက်ကို စောင်းငဲ့ကြည့်ပြီး "ဘာတုန်း?"
"မင်း ငါ့ကို အကြွေးတင်နေသေးတယ်.. ပြန်လို့မရသေးဘူး" Gu Hai ပရိယာယ်ပြောင်းဖို့ ကြိုးစားတယ်။
"မင်း တစ်နာရီတောင်သုံးသွားတာ အဲ့ဒါ အားလုံးပေါင်း ၂၂၅၀ ယန်းပေးရမှာကို၊ မင်းက ငါ့ကို ၁၈၀၀ ယန်းပဲ ပေးတာ။ ယန်း ၄၅၀ လိုသေးတယ်။ ၄၅၀ ကို အခုပေး!"
"ငါ အိမ်မပြန်ရရင် မင်းကိုပေးဖို့ ပိုက်ဆံက ဘယ်လိုရမှာလဲ?" Bai Luo Yin ခနဲ့တယ်။
Gu Hai ကတော့ လေသံမာတယ်။ "ငါက အခုလိုချင်တယ်"
"ပိုက်ဆံမရှိဘူး!"
"ပိုက်ဆံမရှိရင် မင်းကို ချစ်ခွင့်ပြုလိုက်လေ!"
Bai Luo Yin စိတ်တိုသွားပြီး "ဒါ ဘာဥပဒေလဲ?"
"ဒါ ငါမုန့်စိမ်းပေါင်းရောင်းတုန်းက ဥပဒေပဲ" Gu Hai က သူ့ရဲ့ အပြတ်တိုက်နိုင်ကွက်ကို သုံးလိုက်တယ်။
Bai Luo Yin က Gu Hai ဆီ ဦးတည်လာပြီး အကြမ်းနည်းသုံးကာ ရိုက်နှက်တော့တယ်။
ပထမတော့ Gu Hai က ငြိမ်ငြိမ်လေးအရိုက်ခံနေပြီးမှ၊ နောက်ဆုံးတော့ သူ့ရဲ့ ရန်လိုစိတ်လေးပေါ်လာတယ်။ သူအိပ်ယာပေါ် လှဲချလိုက်ပြီး စငိုတော့တယ်။ "အရပ်ကတို့ရေ... ကျွန်တော် ဘာကြောင့် ဒီအလုပ်လုပ်နေရပါလိမ့်? ကျွန်တော့်ကို လူတိုင်းက အထင်သေးပြီး၊ ဒီလို ကုန်ထမ်းသမားကတောင် အနိုင်ကျင့် ဗိုလ်ကျတယ်ဗျ..."
Bai Luo Yin ဟာ သူ့ရှေ့က သရုပ်ဆောင်ကွက်ကနေ ဖယ်ရှောင်ပြီး တွေတွေလေး ငေးနေတယ်။
နောက်ဆုံး Gu Hai အလျော့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
"ကောင်းပြီ ထားလိုက်တော။ မင်းလည်း ငါ့ကို ပိုက်ဆံပြန်ပေးမနေနဲ့တော့။ ငါကတောင် မင်းကိုပိုက်ဆံပေးလိုက်ဦးမယ်။ ငါ့ကိုသာ ပြုစုပေးဖို့ တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး"
Bai Luo Yin က အသံတိုးတိုးနဲ့ ရယ်လိုက်ပြီး Gu Hai ကို တည့်တည့်ကြည့်တယ်။
"ကို...အရှုံးပေးပြီလား?"
Gu Hai က ခေါင်းကို တွင်တွင်ငြိမ့်ပြီး ရှုံးကြောင်းဝန်ခံလိုက်တယ်။ "ချစ်ရဲ့ ပိုက်ဆံတွေကို ကိုယ်အကုန်ပြန်ပေးမယ်။ ပြီးတော့ အပိုယန်း၂၀၀၀ လည်း ထပ်ပေးမယ်"
Bai Luo Yin အသံကျယ်ကြီး အော်ရယ်ပြီး "ဘာလို့ ပိုက်ဆံတွေ အဆုံးခံရတာလဲကွာ?"
"ကိုယ်က အခင်လေး Bai ရဲ့ အချစ်ကို လိုချင်လို့ပေါ့"
Bai Luo Yin က ချက်ချင်းပဲ အိပ်ယာပေါ်ကို ခုန်တက်လိုက်ပြီး ဆာလောင်မွတ်သိပ်နေတဲ့ ရူးသွပ်မှုရယ်၊ ပြင်းထန်နေတဲ့ ခံစားချက်ရယ်နဲ့ Gu Hai ရဲ့ နှုတ်ခမ်းတွေပေါ် ဖိသိပ်ပြီး နမ်းပစ်လိုက်တယ်။ ဒီအချိန်လေးက Gu Hai ကို ခံစားရကောင်းစေတယ်။
Bai Luo Yin ရဲ့ နှုတ်ခမ်းတွေကတဖြည်းဖြည်းနဲ့ အောက်ကိုလျှောဆင်းသွားပြီး Gu Hai ရဲ့ ရင်ဘတ်က အဖုလေးတွေကို လျှာဖျားလေးနဲ့ ညင်ညင်သာသာလေး လျက်ကာပွတ်နေတော့၊ ဒီလို ခံစားချက်က အရမ်းကို ဖြားယောင်းမှုဆန်ပြီး Gu Hai တစ်ကိုယ်လုံးဆီ လျှပ်စီးဓါတ်တွေြ့ဖတ်စီးစေရင်း Bai Luo Yin ရဲ့ ညှို့ဓါတ်ပါတဲ့ မျက်ဝန်းတွေက Gu Hai နှလုံးသားကို မွှေနှောက်နေတယ်။
"Aaaaaah....."
Gu Hai က အသံတစ်ချက် ပြင်းပြင်းရှုရင်း သူ့လက်တွေက Bai Luo Yin ရဲ့ ဆံပင်တွေကို ဆုပ်ကိုင်ထားတယ်။
Bai Luo Yin က Gu Hai ရဲ့ ခြေထောက်တွေကို သူ့ခန္ဓာကိုယ်ရဲ့ တစ်ဖက်တစ်ချက် ရောက်အောင်ကားထားစေပြီး သူ့ခါးကို ကော့ထားတဲ့အခါ သူတို့ရဲ့ပစ္စည်းတွေက တစ်ခုနဲ့တစ်ခု ခပ်မြန်မြန် ပွတ်တိုက်မိတဲ့အတွက် အပူရှိန်တက်လာတဲ့စိတ်လှုပ်ရှားမှုက သူတို့ခန္ဓာကိုယ်တွေတစ်လျှောက် ပြန့်နှံ့သွားတယ်။
"Yin Zi ...." Gu Hai ငြီးတွားတယ်။
Bai Luo Yin က Gu Hai ရဲ့ အောက်ခံဘောင်းဘီကို ချွတ်ပြီး Gu Hai ရဲ့ထွားကျိုင်းတဲ့ ညီတော်မောင်ကို သူ့ ပါးစပ်ထဲထည့်လိုက်ရင်း သူ့လက်ချောင်းတွေက လျှို့ဝှက်ပေါက်မှာ ထိုးနေတယ်။
ခံစားချက်အရမ်းကောင်းတယ်... လို့ Gu Hai တစ်ယောက် ထပ်ခါထပ်ခါ လည်ချောင်းသံကြီးနဲ့ ပြောတယ်။
**ဒါအစပဲရှိသေးတယ်** Bai Luo Yin ထထိုင်ပြီး Gu Hai ဘက်လှည့်မေးတယ်။ "ငါတို့ ဘယ်လို အနေအထားနဲ့ နေကြမလဲ?"
Gu Hai မေးထိုးပြပြီး "ချစ် အပေါ်ကနေလေ"
ပြောပြီးတာနဲ့ သူဟာ Bai Luo Yin ရဲ့ ခါးကို ဖက်လိုက်ပြီး မြှောက်ချီကာ အခွင့်အရေးကိုဖမ်းရင်း၊ Bai Luo Yin ရဲ့ အ၀င်ပေါက်လေးကို သူ့ရဲ့ Hai Zi မိစ္ဆာလေးပေါ်ဖိချလိုက်တယ်။ Bai Luo Yin ရဲ့ မျက်လုံးတွေ ခဏလောက် မီးရောင်တောက်သွားတယ်။
"ဒါမျိုးမဟုတ်ဘူး..."
Bai Luo Yin ငုံ့ကြည့်တော့ Yin Zi အငယ်လေးက မြင်နေရတယ်။
Gu Hai က မှင်သေသေပြုံးရင်း "ဘာဖြစ်လို့လဲ ချစ်ရဲ့?"
"ငါက အပေါ်က နေရမှာလေ!"
"အခု ပိုက်ဆံပေးထားတဲ့လူက ကိုယ်လေကွာ" Gu Hai က ကြင်ကြင်နာနာလေး သူ့ကို သတိပေးလိုက်တယ်။
Bai Luo Yin ကျေတောင်မကျေနပ်သေးဘူး။ သူ့အောက်ပိုင်းခန္ဓာကိုယ်က ခပ်ပြင်းပြင်း အဆောင့်ခံရပြန်ပြီ။
"ဟေ့.... ကို ခဏစောင့်ဦး..စောင့်ဦးလို့ .. ပိုက်ဆံက .."
ဒီနှစ်ယောက် ကုတင်ပေါ်မှာနေရင်း လုပ်လို့ရသမျှ အနေအထားမျိုးစုံနဲ့ အတူနေကြတယ်။ ကုတင်ခေါင်းရင်းကနေ ကုတင်ခြေရင်း၊ ကုန်းလျက်ပုံစံကနေ ဘေးတစ်စောင်းလှဲနေတဲ့ ပုံစံအထိပါပဲ။ ပြီးတော့ နောက်ဆုံး၊ ကြမ်းပြင်ပေါ် မတ်တပ်ရပ်လျက် အနေအထားနဲ့ပါလုပ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြတဲ့ ပညာသားပါတဲ့ အနေအထားကိုလည်း နှစ်ယောက်သား စမ်းကြည့်ကြသေးတယ်။ Gu Hai က မတ်တပ်ရပ်ထားရင်း Bai Luo Yin ရဲ့ ခြေထောက်တစ်ချောင်းကို သူ့ခေါင်းထိ မြှောက်ထားပြီး၊ Bai Luo Yin ရဲ့ ခန္ဓာကိုယ်ထဲ အောက်ကနေအဆုံးထိ ပင့်သွင်းတဲ့ ပုံစံဖြစ်တယ်။
ဒီအနေအထားက Gu Hai တစ်ယောက် Bai Luo Yin ရဲ့ ခန္ဓာကိုယ်က အလွန်တရာပျော့ပျောင်းသွားမှန်းသိတဲ့ အချိန်ကတည်းက သူအကြိမ်ပေါင်းများစွာ စမ်းကြည့်ချင်နေခဲ့တာ။ ပြီးတော့ အခုလိုမျိုး သူစမ်းကြည့်ဖို့ အားထုတ်တော့ Bai Luo Yin ရဲ့အံ့သြစရာကောင်းလောက်တဲ့ ပျော့ပျောင်းတဲ့ စွမ်းရည်ဟာ နောက်ဆုံးအထင်ကြီးစရာကောင်းအောင် ထွက်ပေါ်လာတယ်။
"အားအားအား အ....."
Gu Hai ဟာ Bai Luo Yin ရဲ့ ခန္ဓာကိုယ်ထဲကို အထိန်းအချုပ်မဲ့စွာ ပြင်းထန်တဲ့ ထိုးဆောင့်မှုတွေကို အဆက်မပြတ် ထိုးသွင်းနေပြီး နောက်ဆုံးတော့ ပေါက်ကွဲထွက်ကာ Bai Luo Yin ရဲ့ ကိုယ်ထဲမှာပဲ အရည်တွေကို ပန်းထုတ်လိုက်တယ်။
သူက Bai Luo Yin ကိုယ်ထဲကနေ ဆွဲနှုတ်လိုက်တဲ့အချိန် သူ့တစ်ကိုယ်လုံ ချွေးတွေ နစ်နေပြီ။
အဲ့ဒီနောက် သူက ယန်း ၁၈၀၀ ကို ပြန်ပေးပြီး သူ့ပိုက်ဆံအိတ်ထဲက အပိုပိုက်ဆံ ၂၀၀၀ ကိုပါ ထုတ်ပြီး Bai Luo Yin ကို ပေးလိုက်တယ်။
"ကိုယ်ပေးထားတဲ့ ကတိအတိုင်း ဒါတွေက အချစ်အတွက်ပဲ"
Bai Luo Yin က အရမ်းကို ပျော်ရွှင်မြူးထူးစွာ ပိုက်ဆံတွေကို ရေနေတယ်။
**ဒီကုန်ထမ်းသမားအလုပ်က အရမ်းကိုတန်တယ်။ ခံလို့ကောင်းတဲ့အပြင် အပို ၂၀၀၀ ပါရသေးတယ်**
Gu Hai က Bai Luo Yin ရဲ့စိတ်ကူးယဉ်ဆန်တဲ့ အပြုံးချိုချိုလေးကို နုညံ့ကြင်နာစွာ ကြည့်နေတယ်။ သူ့ရင်ထဲမှာတော့ တွေးမိတယ်**မင်း မူးမနေလည်း ဒီလို ရူးကြောင်ကြောင်လေးလုပ်နေရင် ဘယ်လောက်ကောင်းမလဲကွာ?**
Bai Luo Yin ကို ပွေ့ဖက်ထားရင်း အိပ်ယာဝင်ဖို့ မီးတွေပိတ်ဖို့လုပ်နေတုန်း၊ ရုတ်တရက် Bai Luo Yin ရဲ့ ခန္ဓာကိုယ်က စပြီး တုန်ယင်သွားတယ်။ သူ့မျက်လုံးတွေက ဖြတ်ကနဲ့ပွင့်လာတယ်။
**ဘုရား ဘုရား! ဘာများဖြစ်လို့ပါလိမ့်?**
မျှော်လင့်မထားဘဲ Bai Luo Yin ရဲ့ မျက်ဆံတွေက ရုတ်ချည်းနီရဲသွားတယ်။
"Da Hai ငါလေ...ကို, နောက်တစ်ခေါက် ကားမတော်တဆဖြစ်တယ်လို့ အိပ်မက်မက်တယ်။ မြေကြီးပေါ်မှာလည်း သွေးတွေချည်းပဲ"
Bai Luo Yin သတိမ၀င်သေးဘူးဆိုတာ Gu Hai သိတယ်။ သူဒီလိုပြောတာတွေကြားရတော့ သူ့ရင်ထဲ နာကျင်မှုကို ခံစားရတယ်။
"မကြောက်နဲ့" Gu Hai က ချစ်ခင်မြတ်နိုးစွာ Bai Luo Yin ရဲ့ ဆံပင်လေးတွေကို ထိတွေ့ပြီး နုနုညံ့ညံ့လေးချော့တယ်။ "အဲ့ဒါ အိပ်မက်ပဲဟာ ကိုယ်ဘာမှမဖြစ်ဘူးနော်?"
Bai Luo Yin က Gu Hai ကို အရမ်းကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး "Da Hai ရယ်,ငါ့ဘ၀က မင်းပေးခဲ့တာပါ...မင်းကြောင့်သာမဟုတ်ရင် ငါသေနေလောက်ပြီ"
Gu Hai က Bai Luo Yin နောက်ကျောကို ဖွဖွလေး ပုတ်ပြီး ရင်နာနာနဲ့ နှစ်သိမ့်နေတယ်။
"အခု အဆင်ပြေသွားပြီ... အားလုံးပြီးသွားပြီ"
"ကို့ဘ၀ကို ငါတာဝန်ယူချင်တယ်" Bai Luo Yin ထပ်ပြောတယ်။
Gu Hai လက်တွေက Bai Luo Yin ရဲ့ မျက်နှာကို နုညံ့စွာကိုင်ထားပြီး၊ ခံစားချက်အပြည့်နဲ့ သူ့ချစ်သူကို စိုက်ကြည့်နေတယ်။
"ချစ်က ကိုယ့်ကို ဘယ်လို တာဝန်ယူမှာလဲ?"
Bai Luo Yin က Gu Hai လက်တွေပေါ် ထပ်ကိုင်ပြီး အရမ်းကို လေးလေးနက်နက်ပြောလိုက်တယ်။
"ကို့ကို ငါလက်ထပ်ချင်တယ်"
Gu Hai က အသက်ပြင်းပြင်းတချက် ရှူလိုက်တယ်။
"ငါ့ကို လက်ထပ်ပါနော်.... လက်ထပ်မယ်မလား?" Bai Luo Yin ရိုးသားစွာမေးတယ်။
Gu Hai က Bai Luo Yin ခေါင်းလေးကို ထိရုံလေးထိရင်း "အရင် အိပ်လိုက်ဦး၊ လက်ထပ်တယ်ဆိုတာ ပေါ့ပြတ်ပြတ်လုပ်ရတဲ့ကိစ္စမဟုတ်ဘူး။ ချစ်အမူးပြေတဲ့အထိစောင့်ပြီးမှ ကိုယ်တို့ ဒီအကြောင်း ထပ်ပြောကြတာပေါ့, နော်"
Bai Luo Yin တစ်ယောက် ရုတ်တရက် စို့နင့်လာပြီး "ကိုက လက်မထပ်ချင်ဘူးလား? ငါတို့ မိသားစုက ဆင်းရဲလို့လား...?"
"မဟုတ်ရပါဘူးဗျာ။ ကျွန်တော်မျိုးကြီးမငြင်းရဲပါဘူး! ကိုယ်က မင်းလေးကိုချစ်လို့ တောင်မ၀သေးဘူး"
"ဒါဆို ဘာလို့ ငါ့ကို ကတိမပေးတာလဲလို့?"
Gu Hai က Bai Luo Yin ရဲ့ နာကျင်နေတဲ့ မျက်နှာထားကို မကြည့်ရက်တာနဲ့ ချက်ချင်းပဲခေါင်းညိတ်လိုက်တယ်။ "ကိုယ် ချစ်ကို ကတိပေးပါတယ်"
Bai Luo Yin က Gu Hai ရင်ဘတ်ပေါ်လက်သီးတချက်ထိုးပြီး သူ့ရယ်သံလေးက ထူးထူးခြားခြားလေထဲမှာ ပျံလွှင့်နေတယ်။
ညသန်းခေါင်ယံမှာ Bai Luo Yin က အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ သူနဲ့ Gu Hai လက်ထပ်နေတယ်။ Gu Hai က သူ့ရှေ့မှာရပ်နေပြီး ရှက်ပြုံးလေးပြုံးနေတယ်။ Bai Luo Yin က သူ့ကို ဆက်တိုက် စနေတယ်။ "ငါ့ကို ယောက်ျားလို့ခေါ်ကြည့်၊ ငါ့ကို ယောက်ျားလို့ခေါ်လို့"
အဆုံးမှာတော့ Bai Luo Yin က အရမ်းကို စိတ်လှုပ်ရှားလာလို့ ဒီစကားစုလေးကို အပြင်မှာလည်း အော်မိသွားတယ်။
Gu Hai က ရုတ်တရက် 'ယောက်ျား' ဆိုတဲ့ စကားလုံးကိုကြားတော့ အိပ်ချင်မူးတူးဖြစ်နေတာ။ သူ ခဏလောက်နိုးကြားလာတယ်။ သူ့နှလုံးသားက သူ့ရင်ကိုထိုးနှက်ပြီး လာရိုက်ခတ်နေတဲ့ အပူလှိုင်းတွေကို ခံစားလာရတယ်။ သူ့ခန္ဓာကိုယ်က ဆဲလ်တွေအားလုံးဟာ စတင်ဆူပွက်လာပြီး အတွင်းအပြင်အနှံ အပူလှိုင်းတွေ ပျံ့နှံ့သွားတယ်။
"ချစ်... ဘာပြောလိုက်တယ်?"
"ခေါ်လိုက်...ယောက်ျားလို့..."
အလွဲကောင်းလေးပဲ... Gu Hai ဟာရုတ်တရက်ကြီး Bai Luo Yin ပေါ်ခုန်အုပ်လိုက်ပြီး တွန့်ဆုပ်မှု တစ်စက်မှ မရှိဘဲ သူ့ကိုယ်ထဲကို ထိုးသွင်းလိုက်တယ်။
Bai Luo Yin က ရုတ်တရက် ပြင်းထန်တဲ့ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး၊ ချက်ချင်း မျက်စိဖွင့်ကြည့်ကာ Gu Hai ကို ရီဝေေ၀လေး ကြည့်နေရှာတယ်။Gu Hai က Bai Luo Yin ရဲ့ မျက်နှာလေးကို နုညံ့ကြင်နာစွာ ကိုင်ပြီး တရှိုက်မက်မက် နမ်းရင်း၊ တိုးတိုးလေး ပြောတယ်။ "ယောက်ျားကဒီမှာ ရှိတယ်... ယောက်ျား.. ဒီမှာရှိတယ်နော်"
Bai Luo Yin တစ်ယောက် နိုးတစ်ဝက်၊ မူးတစ်ဝက်နဲ့ ညသန်းခေါင်ကြီးကျမှ Gu Hai ဘာထပေါက်မှန်းမသိ ဖြစ်နေတယ်။
Gu Hai ဟာ Bai Luo Yin နှုတ်ခမ်းတွေကို ဖျက်စီးမိနေပြီး နှုတ်ခမ်းချင်းမခွာနိုင်လောက်အောင် သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်း နှစ်ထားတယ်။ သူ့တို့ ခန္ဓာကိုယ်အောက်ပိုင်းတွေကတော့ အတူတူ တင်းကြပ်စွာ မြှပ်ဝင်နေတယ်။ သူ့နှုတ်ခမ်းတွေက Bai Luo Yin ကို ခပ်ပြင်းပြင်း နမ်းရှိုက်နေတာဟာ Bai Luo Yin တစ်ယောက် လုံးဝကို သတိလစ်သွားတဲ့အထိပါပဲ။
"ဘေဘီ, မင်းယောက်ျားက မင်းကို မြတ်မြတ်နိုးနိုးချစ်မှာပါ"
Bai Luo Yin က Gu Hai ရဲ့ ရင်ခွင်ကြပ်ကြပ်မှာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်။
နောက်နေ့မနက် Gu Hai ဟာ ဘာနာကျင်မှုမှ မရှိဘဲ နိုးထလာတယ်။
ဒါပေမယ့်ဒေါသတကြီးသူ့ကိုစိုက်ကြည့်နေတဲ့ Bai Luo Yin နဲ့ မျက်နှာချင်းဆိုင်မိတယ်။
ပြီးတဲ့နောက် ပိုက်ဆံအထပ်လိုက် Gu Haiမျက်နှာပေါ် အပေါက်ခံလိုက်ရတယ်။
"ဒါတွေက ဘာတွေလဲ?" Bai Luo Yin အော်တယ်။
Gu Hai က ခါးခါးသီးသီး ပိုက်ဆံအထပ်တွေကို ကောက်ကာ ရူးချင်ယောင် တမင်ဆောင်နေပြီး မေးတယ်။ "ကိုယ့်ကို ချစ်က ဘာလို့ ပိုက်ဆံတွေ လာပေးနေတာလဲ?"
"ငါ့ပိုက်ဆံအိတ်ထဲက ၂၀၀၀ က ဘယ်က ရောက်လာတာလဲ?" Gu Hai ကို ဇွတ်အတင်း ဆွဲထူပြီး "မင်း ငါမူးနေတာသိသိကြီးနဲ့ အခွင့်အရေးယူပြီး ငါ့ကို ကစားတယ်ပေါ့!!"
"ကိုယ် မလုပ်......" Gu Hai တစ်ယောက် လုံးဝကို ကြောက်နေပြီ။
Bai Luo Yin က ကောင်းကင်ပေါ်မော့ပြီး အော်ချပစ်လိုက်တယ်။ "ငါမင်းကို သေအောင်ကို ချစ်ပစ်မယ်"
အဲ့ဒီမနက်, Gu Hai ခါးညွှတ်ရပါတော့တယ်။
[Note- Gu Hai ခါးညွှတ်ရတယ်ဆိုတာ Bai Luo Yin အပေါ်ကနေမှာမို့ ကုန်းပေးရတာကို ပြောတာပါ။ ဒီတစ်ခါလည်း စာရေးသူ Dan Dan( Chan Jidan)က Bai Luo Yin အပေါ်ကနေတဲ့ပုံကို ကျော်ချသွားပြန်ပါပြီ]
End of Chapter - 88