CHAPTER 40 - သနားစရာ Xiao Liu အား မီးကင်ခြင်း
"မင်းက ဘာကိစ္စထပ်လာရတာလဲ?" Bai Lou Yin က Liu Chong ရဲ့စကားကို ဖြတ်ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ Liu Chong သာပြောလက်စ စကားကိုဆက်ပြောရင် အခြေအနေတွေပိုဆိုးလာတော့မယ်ဆိုတာ Bai Lou Yin ကောင်းကောင်းကြီးသဘောပေါက်တယ်။
"ကျွန်တော်အရမ်းစိတ်မကောင်းလို့။ ကျွန်တော်...ကျွန်တော်..ဆရာ့ကို ဘယ်လိုမှစိတ်မပူပဲနေ လို့မရလို့"
ကျေဇူးတင်စိတ်တစ်စက်တောင်မဖြစ်ဘဲ Bai Lou Yin ရဲ့အမူအရာတွေက ပိုပြီးခက်ထန်လာတယ်။ "ငါဒဏ်ရာရတာ မင်းနဲ့လာဆိုင်လဲ? တပ်ထဲမှာလေ့ကျင့်ဖို့နေပါ့လား? ဒီမှာဘာလို့ အချိန်ဖြုန်းနေဦးမှာလဲ? မြန်မြန်လုပ်.. ပြန်တော့!"
"ဘာလို့မဆိုင်ရမှာလဲ" Liu Chong မျက်လုံးတွေက မျက်ရည်တွေနဲ့ လက်နေတယ်။
"ဗိုလ်မှူး.. ကျွန်တော်ဒဏ်ရာရလာတိုင်း ကျွန်တော့်ကို ကူညီဖို့ အပြေးရောက်လာတာဆိုလို့ ဗိုလ်မှူးတစ်ယောက်ပဲရှိတာ။ ဒါပေမယ့် ဗိုလ်မှူးဒဏ်ရာရလာရင် ကျွန်တော့်ကို အမြဲတမ်းမောင်းထုတ်တယ်"
Bai Lou Yin က မျက်မှောင်ကျုံ့ရင်း ၀န်မခံချင်ဘူးဖြစ်နေတယ်။
"ဘယ်တုန်းက ငါမင်းဆီအပြေးလာလို့တုန်း? လျှောက်ပြောမနေနဲ့တော့။ ငါတို့နှစ်ယောက်တည်းဆိုရင်..မင်းဘယ်လောက်မြှောက်ပြောပြော ကိစ္စမရှိဘူး။ အခုဟာက MD Gu လည်း ဒီမှာရှိနေတာဆိုတော့ ရယ်စရာတွေလာပြောမနေနဲ့"
Bai Lou Yin အသက်တောင်မရှုနိုင်လောက်အောင်ပဲ။ တပ်ထဲက စိတ်ဓါတ်တွေက တစ်ကယ့်ကို ကြီးနိုင်ငယ်ညှင်းပဲ!
ဒီတစ်လျှောက်လုံး ငြိမ်ငြိမ်နေခဲ့တဲ့ Gu Hai, Bai Lou Yin နဲ့ Liu Chong ကြားက အခြေအနေကို ရိပ်စားမိနေပြီ။ တစ်ဖက်ကလည်း အမိန့်ပေးတာ မရှင်းမရှင်းနဲ့... တစ်ဖက်ကလည်း သဘောမပေါက် တာကို မျက်မြင်တွေ့နေရတယ်။ ဒီအချိန်ဝင်ပြောဖို့ အချိန်ကောင်းပဲလို့ Gu Hai ခံစားမိတယ်။
"Xiao Liu, ငါ့ညီကို ဒီလိုခေါ်လို့ရတယ်မလား?"
Liu Chong က အလိုမကျဖြစ်နေပြီး..Gu Hai သူ့ကိုခေါ်လိုက်တဲ့အချိန်မှာ စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေကနေ မနိုးထသေးဘူး။ သူက ခေါင်းကို Gu Hai ဘက်လှည့်လိုက်ပြီး အသံအကျယ်ကြီးနဲ့ ပြောတယ်။