CHAPTER – 100 - နံရံပေါ်ကနေ ခိုးနားထောင်တဲ့ အဖေကြီး Bai
Gu Hai က အိတ်ထဲက အ၀တ် နှစ်စုံထုတ်လိုက်တယ်။ တစ်စုံကို အန်တီ Zhou ကို ပေးလိုက်ပြီး ကျန်တဲ့တစ်စုံကို Bai Han Qi ကို ပေးလိုက်တယ်။ သူတို့ကို အားရ၀မ်းသာပြောတယ်။
"ဒီအ၀တ်တွေကို အဖေတို့အတွက် ကျွန်တော်တို့က စပယ်ရှယ်ချုပ်ခိုင်းထားတာ။ မင်္ဂလာဆောင်မှာ အဖေတို့ ၀တ်ရအောင်လို့။ အဖေတို့ စမ်းပြီးဝတ်ကြည့်ပါလား။ တော်လားသိရအောင်?"
အန်တီ Zhou ရဲ့ မျက်နှာက ပျော်ရွှင်မှုနဲ့ ၀င်းလက်နေတယ်။ "အို နောက်ဆုံးတော့လည်း ကလေးတွေပဲ အန်တီတို့ကို ဘယ်လိုဂရုစိုက်ရမလဲ အသိဆုံးပဲ! ၀တ်စရာအ၀တ်မရှိမှာ ကျွန်မဖြင့် ပူလိုက်ရတာ!"
Bai Luo Yin က အန်တီ Zhou ကိုလက်ကိုင်အိတ်တစ်လုံးပေးတယ် "အထဲမှာ လက်ဝတ်ရတနာတွေလည်းပါတယ်။ အန်တီကြိုက်ရဲ့လားကြည့်ပါဦး!"
အန်တီ Zhou ဟာ အရမ်းကို ဟတ်ထိသွားပြီး ဘာပြောရမှန်းမသိတော့ဘူး "ကြည့်ပါဦးကွယ်.. မင်းတို့ ပိုက်ဆံတွေ ထပ်ဖြုန်းနေပြန်ပါပြီ"
ပြောပြီးတဲ့နောက် သူမဟာ အခန်းထဲကို ခပ်သုတ်သုတ်ဝင်သွားပြီး အားလုံးကို စမ်းဝတ်ကြည့်တယ်။
Bai Han Qi က ရယ်ရင်းမောရင်း ပြောတယ်။
"သူမက အသက်ကကြီးလာလေလေ ကြွားချင်ဝါချင်လာလေလေပဲ"
Bai Luo Yin က သူ့အဖေ ဆယ်စုနှစ်များစွာ ၀တ်ခဲ့တဲ့ မပြောင်းလဲဘဲ အမြဲတူညီတဲ့စတိုင်--စွပ်ကျယ်ရယ်၊ ဘောင်းဘီပွပွကြီးနဲ့ ကြက်ပေါင်ဖိနပ်တွေရယ်ကို ကြည့်လိုက်တယ်။ သူ,မနေနိုင်လို့ ပြောမိတယ်။
"အဖေ့ဝတ်စုံအသစ်တွေကို အစမ်းသွားဝတ်ကြည့်ပါလား။ မတော်ရင် ကျွန်တော်တို့ ပြန်လဲခိုင်းလိုက်မယ်"
Bai Han Qi က လက်ခါပြပြီး "စမ်းကြည့်စရာမလိုပါဘူးကွာ၊ ပူပါတယ်"
"ပူရင် အဲကွန်းဖွင့်ပါလားအဖေရယ်?" Gu Hai မေးတယ်။
Gu Hai ပြောလိုက်မှပဲ အိမ်ထဲမှာ အပူချိန်ကို Bai Luo Yin သတိထားမိတော့တယ်။ အစောပိုင်းက သူဝင်လာတဲ့အချိန်က လှေကားကတက်လာရလို့ ချွေးထွက်နေတာလို့ထင်ခဲ့ပေမယ့် အရမ်းကိုပူနေမှန်း သူအခုတော့ သိသွားပြီ။
Bai Han Qi ရဲ့ဘေးမှာ ထန်းလက်ယက်တောင် တစ်ချောင်းရှိတယ်။ သူက လျှပ်စစ်မီတာခ အကုန်ခံမယ့်အစားလက်ကိုသုံးပြီး သူ့ကိုယ်သူ ယက်ခတ်နေမှာ။ ရုတ်တရက် Gu Hai ရှက်မိတယ်။
"OK ,အဖေ အ၀တ်တွေစမ်းကြည့်ဖို့ အဖေနဲ့အတူ ကျွန်တော်လိုက်ခဲ့မယ်" Bai Luo Yin က အနေခက်နေတဲ့ပတ်ဝန်းကျင်ကို ဖြိုခွဲလိုက်တယ်။
သူတို့အခန်းထဲရောက်တော့ Bai Luo Yin က သူ့အဖေကို ဖိနပ်အသစ်လဲပေးတယ်။ သူ့ ဘောင်းဘီကို လျှိုဝတ်ပြီး နောက်ဆုံး ဂရုတစိုက်နဲ့ ခါးပတ်ပတ်လိုက်တယ်။ Bai Han Qi က Bai Luo Yin ကို ငုံ့ကြည့်ပြီး ချစ်ခင်မြတ်နိုးစွာနဲ့ သူ့သားဆံပင်တွေကို ဖွလိုက်တယ်။
"သားရေ အဖေမင်းကိုမေးချင်တယ်။ မင်းတို့နှစ်ယောက် ဘယ်သူက ဘယ်သူ့ကို လက်ထပ်တာတုန်း"
Bai Luo Yin က Bai Han Qi ရဲ့ ရှုးဖိနပ်ကြိုးတွေကို ကူချည်ပေးနေပြီး ခေါင်းမော့မကြည့်ဘဲ ပြောပြတယ်။ "ကွာခြားချက်ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့က တန်းတူရည်တူအနေနဲ့လက်ထပ်ကြမှာ"
Bai Han Qi စိတ်အေးသွားတယ်။ "ဒီလိုပဲ ဖြစ်သင့်တာ။ အဖေတို့က သူတို့မိသားစုထက် ဘယ်နေရာမှ နိမ့်ကျတာမရှိဘူး။ အဖေက များသောအားဖြင့် Da Hai ဘက်ကရပ်တည်ပေးပေမယ့်၊ အရေးကြီးကိစ္စဖြစ်လာတဲ့အခါ အဖေ့နှလုံးသားက အမြဲ..မင်းဘက်ကပဲ။ မင်းတို့နှစ်ယောက် လျှောက်ရမယ့်လမ်းတွေ အရှည်ကြီးကျန်သေးတယ်။ အဖေပြောတာမမေ့နဲ့၊ ဘယ်သူပဲမှားမှား၊ မင်း,ကိုယ့်ကိုယ်ကိုတော့ မညှင်းပန်းနဲ့(ဒုက္ခရောက်မခံနဲ့)"
Bai Luo Yin ခေါင်းညိတ်ပြီး "စိတ်မပူပါနဲ့အဖေရယ်၊ အဖေ့ဘ၀မှာ မျိုသိပ်ခဲ့ရတဲ့ဒေါသတွေကို ကျွန်တော်ကူဖြေပေးပါ့မယ်"
Bai Han Qi အကျယ်ကြီးအော်ရယ်တယ်။
Gu Hai အပြင်ခဏထွက်သွားပြီး သူပြန်ရောက်လာတာတောင် ဟိုသားအဖက မထွက်လာသေးဘဲ အခန်းအောင်းနေတုန်း! **သူတို့ဘာတွေတိုးတိုး တိုးတိုး ပြောနေကြတာလဲ?** Gu Hai ခေါင်းထွက်ကြည့်တယ်။
"အဖေ,Gu Hai ပြန်လာပြီ။ ထွက်ကြစို့"
Bai Luo Yin လှည့်သွားတယ်။ Bai Han Qi က ရုတ်တရက် Bai Luo Yin ကို ဖမ်းဆွဲလိုက်ပြီး တိတ်တိတ်လေးမေးတယ်။ "မင်း ဟိုကိစ္စမှာတော့ Da Hai ကို မရှုံးဘူး...ဟုတ်တယ်မလား?"
Bai Han Qi ပြောတဲ့ 'ဟိုကိစ္စ'ဆိုတာ ဘာကိုညွှန်းမှန်း Bai Luo Yin အထင်းကြီးသိတာပေါ့။ သူချက်ချင်းပဲ သူ့အဖေကို ခေါင်းခါပြလိုက်တဲ့အခါ သူ့ရင်ထဲတင်းကြပ်သွားတယ်။
Bai Han Qi ပြုံးပြီး Bai Luo Yin ကို ကြည့်လိုက်တော့ Bai Han Qi ရဲ့ မျက်လုံးတွေမှာ ယုံကြည်ချက် အပြည့်ပဲ။
**ဒါမှ ငါ့သားအစစ်**
"မမေ့နဲ့၊ အဲ့ဟိုကိစ္စမှာတော့ မင်းလုံးဝရှုံးလို့မဖြစ်ဘူး"
Bai Luo Yin ဟာ သူ့အဖေသူ့အပေါ်ထားတဲ့ယုံကြည်ချက်အပေါ် နည်းနည်းတော့ရှက်မိတယ်။
[Note- အဖေကြီးBai ရယ် စိတ်တောင်မကောင်းဘူး။ ဟားဟားဟား လို့တောင် မရယ်ချင်ပါဘူး..အားနာလို့]
အန်တီ Zhouရဲ့ ကြင်နာတဲ့ဖိတ်ကြားမှုကြောင့် ညစာစားချိန်အထိနေဖို့ သူတို့နှစ်ဦး ဆုံးဖြတ် လိုက်တယ်။
Gu Hai က မုန့်သွားဝယ်ပေးတယ်။ Bai Luo Yin နဲ့ Gu Hai တို့ အောက်ဆင်းသွားကြတယ်။
သူတို့ထွက်သွားတာတောင်မကြာသေးဘူး။ Bai Han Qi ကလှည့်ပြီး အန်တီ Zhou ကိုပြောတယ်။
"အဲကွန်းသွားပိတ်ချေ။ သူတို့ပြန်လာမှ ငါတို့ပြန်ဖွင့်မယ်"
ဒုန်း...ဒုန်း..ဒုန်း
"တစ်ယောက်ယောက် တံခါးခေါက်နေတယ်။ သွားဖွင့်လိုက်ဦး"
Bai Han Qi တံခါးဖွင့်လိုက်တယ်။ အပြင်မှာရပ်နေတာက အိုးအိမ်စီမံကိန်းကုမ္ပဏီက ၀န်ထမ်း လေးတစ်ယောက်။ Bai Han Qi က အန်တီ Zhou ဘက်ချက်ချင်းလှည့်ပြီး မေးလိုက်တယ်။
"ငါတို့ ဒီလအတွက် မီတာဆောင်ပြီးပြီလား?"
"ဆောင်ပြီးပြီ!" အန်တီ Zhou က မီးဖိုချောင်က ထွက်လာပြီးဖြေတယ်။ "မနေ့နေလည်ကပဲ ဆောင်ခဲ့တာ"
Bai Han Qi ပြုံးပြီး အိုးအိမ်ဝန်ထမ်းလေးကိုပြောတယ်။ ဦးလေးတို့ မီတာခဆောင်ပြီးပြီကွဲ့"
မြင်ခဲ့ရသမျှ အမြဲတမ်း ဆိုးဝါးတဲ့သဘောရှိနေတဲ့ အိုးအိမ်ဝန်ထမ်းလေးက Bai Han Qi နဲ့ အန်တီ Zhou တို့ကို ရယ်တောင်ပြနေတယ်။ "ဦးလေးတို့ ဆုပေါက်တယ်!"
"ဆုပေါက်တယ်?" အန်တီ Zhou မျက်လုံးကြီးပြူးပြီး "ငါတို့က ဘာဆုပေါက်တာလဲ?"
"ကျွန်တော်တို့ အိုးအိမ်စီမံရေးကုမ္ပဏီက မီတာခကင်းလွတ်ခွင့်အတွက် လွန်ခဲ့တဲ့တစ်လကကံစမ်းမဲဖောက်ပွဲ ကျင်းပခဲ့ကြတယ်။ ပြီးတော့ ဦးလေးတို့ အိမ်ထောင်စုက ယန်းတစ်သောင်းတန်ဖိုးရှိ ပထမဆုကြီး ပေါက်ခဲ့တာပါ။ ဂုဏ်ယူပါတယ်"
ပြောပြီးတဲ့နောက် သူဟာ ယာယီအားဖြင့် လက်ရေးနဲ့ရေးထားတဲ့ ဆုလက်မှတ်ကို Bai Han Qi နဲ့ အန်တီ Zhou တို့ဆီပေးလိုက်တယ်။
Bai Han Qi ကြက်သေသေနေခဲ့တယ်။ "တကယ်ပဲ ဒီလိုကောင်းတဲ့ကိစ္စ ရှိနိုင်ပါ့မလား?"
"ရှိတာပေါ့!" ၀န်ထမ်းလေးက သူ့ကိုပြုံးရင်းပြောတယ် "ဒါပေမယ့် အဲ့ဒါတွေအားလုံးကို တစ်နှစ်အတွင်းဦးလေးတို့သုံးရမှာနော်၊ မဟုတ်ရင် တစ်နှစ်ကျော်တာနဲ့ သက်တမ်းကုန်သွားမှာ"
အန်တီ Zhou သူစိတ်တွေငြိမ်အောင်လုပ်ပြီးတဲ့နောက် Bai Han Qi ဘက်လှည့်ပြီး ပဟေဠိဆန်ဆန်ကြည့်ရင်း "ကလေးတွေ ဒါကို ပေါင်းကြံထားတာလို့ ရှင်ထင်သလား?"
Bai Han Qi တောင်ပြန်မဖြေရသေးဘူး။ အိမ်နီးနားချင်းတစ်ယောက်က သူတို့လက်မှတ်ကြီးကိုထောင်ပြနေတယ်။
"အဘိုးကြီး Zhen မင်းရောဆုပေါက်တာလား?" Bai Han Qi အမြန်မေးတယ်။
အဘိုးကြီး Zhen က အားရ၀မ်းသာနဲ့ "ဟုတ်တယ်! ငါတို့ ၅၀၀၀က် မဲပေါက်တယ်။ သုံးလတော့ ဖူလုံသွားပြီဟေ့!"
အဲ့ဒီတော့မှ Bai Han Qi နဲ့ အန်တီ Zhou တို့ သူတို့ကံကောင်းမှန်း အမှန်တကယ်ယုံသွားတော့တယ်။
"၀ါး ... ကောင်းလိုက်တာရှင်! ကျွန်မတို့ မီတာခတစ်နှစ်ဆောင်စရာ မလိုတော့ဘူး" အန်တီ Zhou ပျော်ရွှင်နေတယ်။
Bai Han Qi က ချက်ချင်းပဲ အဲကွန်းသွားဖွင့်တယ်။ သူက အန်တီ Zhou ကိုလည်း တိုက်တွန်းသေးတယ်။
"ဖွင့်လို့ရတဲ့ လျှပ်စစ်ပစ္စည်းမှန်သမျှ ဖွင့်သာဖွင့်ထား။ ငါတို့ဒီပေါပေါလောလောနဲ့ ရလာတဲ့အရာလေးကို လက်လွှတ်ခံလို့မဖြစ်ဘူး!"
ညရောက်တော့ Bai Han Qi က Bai Luo Yin နဲ့ Gu Hai ကို တစ်ညအိပ်သွားဖို့ ဇွတ်ပြောတယ်။
နှစ်ယောက်သား Bai Luo Yin အခန်းထဲမှာ အိပ်တယ်။ အဲ့ဒီအခန်းက Bai Han Qi အခန်းနဲ့ နံရံပဲခြားတယ်။
ညလယ်ကြီး Bai Han Qi မအိပ်သေးဘူး။ အဲ့ဒီအစား သူဟာနံရံကိုမှီပြီး ကပ်ရက်။အခန်းက လှုပ်ရှားမှုတွေကို နားထောင်နေတယ်။
Gu Hai က အင်းဆက်တစ်ကောင်လို ကုတင်ပေါ်ဆန့်ဆန့်ကြီး လှဲနေတယ်။ Bai Luo Yin က သူ့အပေါ် မှာထိုင်ပြီး သူ့ပုခုံးနဲ့ ဇတ်ကြောတွေကို နှိပ်ပေးနေတယ်။
"ချစ်နှိပ်ပေးလိုက်ရင် အတော်ကြီးကို သက်သာသွားတယ်" Gu Hai ပြောတယ်။
Bai Luo Yin သိချင်တယ်။ "ကို အိပ်နေရင်းနဲ့ ဘယ်လိုဖြစ်ပြီး ဇတ်ကြောတွေတက်လာရတာလဲ?"
"ကိုယ်လည်းမသိဘူး။ မဟုတ်မှလွဲရော ဒီရက်ပိုင်း ကွန်ပျူတာရှေ့အကြာဆိုအကြာကြီး ထိုင်နေရလို့များလား?"
"အရင်ကလည်း ကို,အမြဲ ကွန်ပျူတာရှေ့မှာပဲမဟုတ်လား? ကိုဖြင့် ဘာမှမဖြစ်ပါဘူး"
Gu Hai တစ်ယောက်နာကျင်ပုံဟန်ဆောင်ပြီး "ကိုယ်ခဏခဏ နောက်ကျောတက်နေကျ။ ချစ် ကသာ မသိတာ"
Bai Luo Yin ကစိတ်ပူပူနဲ့ Gu Hai ကိုကြည့်ရင်း "ကွန်ပျူတာရှေ့အကြာကြီးထိုင်မနေနဲ့။ မတ်တပ်ရပ်ပြီး ဟိုနားဒီနားသွားရင်း၊ အချိန်ရရင်ရသလို လည်ပင်းကြွက်သားလေးလျှော့ဦး။ ကို့ကို ပြောလိုက်မယ်။ နောင်ငါ့ရှေ့မှာတင် အိပ်ယာထဲမှာ လေဖြတ်သွားရင် ငါကကို့ကိုပြုစုမပေးဘူး!"
သူပြောပြီးတာနဲ့ အားနဲ့ နှိပ်ပစ်တယ်။
"အားအား....." Gu Hai နာလို့အော်တယ်။ "ဒီထက်ညင်ညင်သာသာလေးလုပ်စမ်းပါ ချစ်ရယ်"
Bai Luo Yin က လက်သီးဆုပ်ပြီး လက်ခေါက်ကိုသုံးကာ Gu Hai ရဲ့ဇတ်ကြောကိုဖိပေးတယ် Gu Hai ချက်ချင်းအသက်၀၀ရှုလိုက်တယ်။
"ဟုတ်တယ်... အဲ့လိုဖိပေးတာ အရမ်းသက်သာတယ်"
ဘေးခန်းကထွက်လာတဲ့ ဗလုံးဗထွေးအသံတွေကို ခိုးနားထောင်ရင်း Bai Han Qi ရဲ့ နားရွက်တွေတောင် နံရံထဲဖောက်ဝင်မတတ်ပဲ။ သူဟာ ဟိုနှစ်ယောက်အနေအထားကို သူကြားရတဲ့အရာတွေကနေ ၀ှက်စာဖော်ကြည့်နေတယ်။
"ညင်သာပါဦးကွာ....ချစ် မင်းဒီထက်ပိုပြီး ညင်ညင်သာသာမလုပ်နိုင်တော့ဘူးလား?" Gu Hai အသံထွက်လာတယ်။
"ငါ,အားမသုံးရင် ခံလို့ကောင်းပါဦးမလား?" Bai Luo Yin အသံ။
"ဒါပေမယ့် အစောပိုင်းက ချစ်က အားတွေအများကြီသုံးလိုက်တာကိုး...အို့..အု..."
"ဒီလောက်ဆိုရင်ရော ပိုကောင်းလား?"
"ဒါကောင်းတယ်..အားအား.. ခံလို့အရမ်းကောင်းတယ်.."
Bai Han Qi..လက်သီးကို အားပါပါဆုပ်ထားတယ်။ သူ့သားက သူ့ကိုသေချာပေါက် စိတ်မပျက်စေဘူးပဲ။
အန်တီ Zhou က အကျင့်အတိုင်း သူမဘေးကနေရာကိုစမ်းကြည့်တော့ နေရာလွတ်နေမှန်းသိမှ နိုးလာခဲ့တယ်။ သူမက အိပ်ချင်မူးတူးနဲ့ ဘေးပတ်ပတ်လည် ကြည့်တော့ နံရံဘေးမှာအရိပ်ကြီးဟာ ခိုးချောင်ခိုးဝှက်နဲ့ တံခါးဆီကို သွားနေတယ်။
**ဘုရားရေ! သူခိုးတော့!**
ဒါနဲ့ သူမက အိပ်ယာဘေးက တုတ်ရှည်တစ်ချောင်းကို ဆွဲကိုင်ပြီး ချက်ချင်းပဲ Bai Han Qi ရဲ့ ပုခုံးတွေပေါ် ပြင်းပြင်းရိုက်လိုက်တယ်။
"အု...အုအု..!!"သူအော်တယ်။
Ban Hai Qi မြေပြင်ပေါ်လဲကျသွားတယ်။
အန်တီ Zhou လန့်နေတယ်။ သူမအမြန်အိပ်ယာပေါ်ကဆင်းပြီး အဲ့ဒီသူခိုးရဲ့ မျက်နှာကိုလှည့်လိုက်မှ Bai Han Qi မှန်းသိသွားတော့တယ်။
"ရှင်......!"
ချက်ချင်းဆိုသလို တံခါးခေါက်သံပေါ်လာပြီး Bai Luo Yin အသံကြားရတယ်။
"အဖေ ဘာဖြစ်လို့လဲ?"
အန်တီ Zhou စကားပြောမလို့ပဲရှိသေး Bai Han Qi က အမြန်ပဲ သူမပါးစပ်ကို အုပ်ထားလိုက်တယ်။ အံကြိတ်ပြီး အဖေအဆင်ပြေတယ် ... သွားပြန်အိပ်တော့လို့ပဲ သူပြောလိုက်တယ်။
Gu Hai နဲ့ Bai Luo Yin သူတို့ အခန်းထဲပြန်သွားကြပြီ။
ချွေးစေးတွေထွက်လျက် Bai Han Qi က အန်တီ Zhou ဘက်လှည့်ပြီး တိုက်တွန်းတယ်။
"မြန်မြန်ငါ့ကိုထူပေးဦး!"
အန်တီZhou က အားမစိုက်ဘဲ Bai Han Qi ကို အိပ်ယာပေါ်ကူတင်ပေးပြီး Bai Han Qi ရဲ့ ပုခုံးတွေကို စစ်ဆေးကြည့်ဖို့ မီးဖွင့်လိုက်တယ်။ အညိုအမဲ ကွက်ကြီးရှိနေတယ်။
"ရှင် ညလယ်ကြီး မအိပ်ဘဲ နံရံတွေနား ခိုးချောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ? ရှင်တမင်တကာ အရိုက်ခံချင်နေတာလား?" အန်တီ Zhou သက်ပြင်းချတယ်။
မမျှော်လင့်ဘဲ Bai Han Qi က အားရကျေနပ်စွာ ပြောတယ်။
"ဒီတစ်ခါ အရိုက်ခံရတာ တန်တယ်ကွာ!"
အခန်းထဲမှာ Gu Hai က အိပ်ယာပေါ်ခုန်တက်ပြီး Bai Luo Yin ကို နှောက်ယှက်စပြုနေပြီ။
"ဟေ့..အခုလေးတင် ချစ်ရဲ့အဖေကြီးအော်လိုက်တာကြားလား? သက်လုံအားအပြည့်ပဲ။ သူ့ အသက်အရွယ်နဲ့ ကျားတစ်ကောင်လို အင်အားရှိဦးမယ်လို့ ဘယ်သူထင်မှာလဲ? ချစ်ကို ညီလေးတစ် ယောက် အန်တီ Zhou က မွေးပေးဦးမယ်လို့ ချစ်,ထင်သလား?"
Bai Luo Yin ဟာ သူ့မျက်လုံးတွေကို Gu Hai ဘက်စောင်းလိုက်ပြီး "Meng Tong Tien တောင် ၁၆ နှစ်ရှိနေပြီ။ သူမက နောက်ထပ်ကလေးတစ်ယောက်မွေးရင် အသက်က ကွာနေမှာပေါ့!"
Gu Hai က Bai Luo Yin ခြေထောက်ပေါ်လက်တင်ပြီး အထက်အောက်ရွေ့ကာ ညင်ညင်သာသာလေး ပွတ်ပေးနေတယ်။ သူ့မျက်နှာမှာ ရမ္မက်ဆန်တဲ့စိတ်ကူးတွေပေါ်နေတာ မယုံနိုင်စရာမရှိဘူး။
"ဒီနေ့ကိုယ်ကဲလို့မ၀သေးဘူး" Gu Hai က Bai Luo Yin ရဲ့ ရင်ခုန်စေတဲ့ ဟော်မုန်းတွေကို ဖြားယောင်းမှုဆန်ဆန်လှုံ့ဆော်နေတယ်။ "ကိုယ့်မှာ ချစ်ရဲ့ဂန္ဓမာပန်း(လျှို့ဝှက်အ၀င်ပေါက်) လေးတောင် မကြည့်ရဘူး...." ပြောပြီးတာနဲ့ သူ့လက်တွေက အပေါ်တက်လာတယ်။
Bai Luo Yin က Gu Hai လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး အရမ်းကို လေးလေးနက်နက်ပြောတယ်။
"ကို့ကိုသတိပေးထားမယ်..ဒီမှာမကဲနဲ့လို့။ ငါတို့အိမ်က အသံလုံတာမဟုတ်ဘူး။ အဖေက သူ့အခန်းကနေ ငါတို့ကို အရှင်းသားကြားရတယ်"
"ချစ်က ဘာကြောက်နေတာလဲ?" Gu Hai က Bai Luo Yin ကို ဆက်စတယ်။
"ချစ်ရဲ့အဖေကြီးက ပိုတောင် ရဲသေးတယ်။ အစောပိုင်းက အသံကြီးကို ချစ်မကြားလိုက်ဘူးလား။ ဘယ်လောက် အားအင်ပြည့်လိုက်သလဲ!!"
ပြောပြီးတော့ Gu Hai က Bai HanQi ပုံစံအတုခိုးပြီး Bai Luo Yin နားရွက်နားကပ်ပြီး ညဉ်းပြတယ်။ Bai Luo Yin ရဲ့အသက်ရှုသံ ချက်ချင်းမြန်လာတယ်။
"ကဲ ... သဘော! သဘော!"
Gu Hai လှိမ့်လိုက်ပြီး Bai Luo Yin ကို သူ့အောက်မှာ ဖိထားလိုက်တယ်။
Bai Han Qi ကတော့ သူ့အခန်းထဲမှာ တိတ်တိတ်လေး ရယ်နေလေရဲ့။
End of Chapter -100