CHAPTER – 99 - မင်္ဂလာပွဲအသေးစိတ်အား တိုင်ပင်ခြင်း
"ခဏနေဦး ဘယ်လိုဖြစ်လို့ ကိုယ်က ချစ်တို့အမျိုးထဲဝင်ဖို့ ဖြစ်လာရတာလဲ?" Gu Hai က မျက်ခုံးကျုံ့ပြီး "ကိုယ်က တင်တောင်းငွေပေးတယ်။ ချစ်မိဘတွေကိုတောင် "အမေနဲ့အဖေ" လို့ တရားဝင် ခေါ်ဝေါ်နေပြီးပြီ။ ဒီတော့ ချစ်ဘာပြောပြော ကိုယ့်မိသားစုထဲဝင်ရမယ့်လူက ချစ်ပဲဖြစ်သင့်တာ!"
"ငါ့ကို အပိုတွေလာမပြောနဲ့!" Bai Luo Yin က စိတ်ဆိုးမာန်ဆိုးနဲ့ Gu Hai ကို ပြောတယ်။ "ငါအရက်မူးနေလို့ မမှတ်မိဘူးဆိုပြီး၊ ကိုနော်... ငါ့ကို အရူးလုပ်မယ်မကြံနဲ့။ အဲ့ဒီနေ့ညက ကို င့ါကို လက်ထပ်မှာလားလို့ မေးတော့ ကို...ရှင်းရှင်းကြီး သဘောတူခဲ့ပြီးတော့"
Gu Hai က ချက်ချင်းပဲ ပြန်ချေပတယ်။ "ချစ် အရမ်းမူးနေခဲ့တာတောင် မှတ်မိသေးသလား? ကိုယ်ကတော့ ဘာတစ်ခုမှ မမှတ်မိဘူး။ ချစ်,မင်းအခွင့်အရေးယူပြီး ကိုယ့်ကိုခြိမ်းခြောက်ပြီး ဇွတ်ပြောခိုင်းသလားဆိုတာ ကိုယ်ကဘယ်လိုလုပ်သိမှာလဲ? မင်းကိုပြောလိုက်မယ်။ အရက်ရှိန်နဲ့ လက်မှတ်ထိုးထားတဲ့ စာချူပ်တွေတောင် တရားမ၀င်ဘူး။ နှုတ်ကတိဆိုရင် ပြောမနေနဲ့တော့"
Bai Luo Yin မျက်ခုံးတွေ ဖြောင့်တန်းသွားပြီး "အဲ့ဒီနေ့က ကတိကတရားမ၀င်ရင်တောင် ကိုက ငါ့မိသားစုထဲပဲ ၀င်သင့်တယ်! ငါက ဂုဏ်သရေရှိ စစ်တပ်အရာရှိတစ်ယောက်။ ငါ့လက်အောက်မှာ စစ်သားတွေထောင်ချီပြီးရှိတယ်။ ဒါကို ငါက ကိုယ့်ကိုယ်ကို နိမ့်ချပြီး ဘယ်လိုလုပ် စီးပွားရေးသမား တစ်ယောက်ကို လက်ထပ်ရမှာလဲ?"
Bai Luo Yin က ဒေါသဆွပေးပေမယ့် Gu Hai စိတ်မဆိုးဘူး။
"ချစ်က ဂုဏ်သရေရှိစစ်တပ်အရာရှိတစ်ယောက်။ ချစ်က ကိုယ့်လက်ထပ်ဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုတော့ နိမ့်ကျတာ မခံနိုင်ဘူး။ ဒါပေမယ့် ကိုယ့်အောက်မှာနေပြီးတော့ ငြီးတာ့ငြီးတတ်တယ်ပေါ့?မနေ့ည က ဘယ်သတ္တိခဲ အရာရှိလဲမသိပါဘူး... "ယောက်ျားရေ ယောက်ျား မြန်မြန်ထည့်လိုက်တော့။ ဒီကချစ်က လိုချင်နေပြီ.." လို့ ကိုယ့်ဟိုဝှာကို ပွတ်သပ်ပြီး တောင်းပန်နေတာ.." Bai Luo Yin ရဲ့ပုံစံကို Gu Hai လိုက်တုနေပုံက အရမ်းကို ပိုလွန်းတယ်။
"သွားသေလိုက်ပါလား!" BaiLuoYinကသူ့ကို လက်သီးတွေစ,ကျွေးတော့တယ်။ "အဓိပ္ပာယ်မရှိတာတွေလာမပြောနဲ့။ ငါ ဘယ်တုန်းက ကို့ကို ယောက်ျားလို့ခေါ်လို့လဲ?"
ဘာအကြောင်းကြောင့်မှန်းမသိပေမယ့် Bai Luo Yin က "ယောက်ျား" ဆိုတဲ့စကားလုံးပြောလိုက်တိုင်း Gu Hai အတွက် လှုံဆော်မှု အကြီးကြီးဖြစ်စေပြီး၊ လှုံ့ဆော်မှုက အမျိုးသားအားတိုးဆေးထက်ကောင်းအောင် စွမ်းသေးတယ်။ အဲ့စကားလုံးကို Gu Hai ကြားတဲ့အချိန်တိုင်း သူ့ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ပျော်ရွှင်ဆန်းကြယ်တဲ့ ခံစားချက်တွေ တဖွားဖွားဖြစ်ပေါ်လာနေကျ။ ဒါကြောင့် မရေမတွက်နိုင်တဲ့ လက်သီးချက်တွေကို ခံပြီးတဲ့နောက် Gu Hai က မကောင်းဆိုးဝါးဆန်ဆန်ရယ်ရင်း...Bai Luo Yin ကို သူ့ ရင်ခွင်ထဲ ဆွဲသွင်းပြီး Bai Luo Yin လက်တွေကို သူ့ပေါင်ကြားပေါ်တင်လိုက်တယ်။
"ငါ့ကို မနှောက်ယှက်နဲ့လို့ ကို့ကို ပြောခဲ့ဖူးလား? ကြည့်ဦး၊ ဒီစကားတွေပြောနေတုန်း ကို,ထဖောက်ပြန်ပြီ"
Gu Hai နဲ့ ပတ်သက်လာရင် Bai Luo Yin ဆွံအနေမိတာ ထုံးစံပဲ။ မနေ့ညကလည်း သူတို့နှစ်ဦး မင်္ဂလာခန်းဝင်ဂိမ်းအတွက် ပရိယာရ်တွေနဲ့ပတ်သက်ပြီး အလေးအနက်တိုင်ပင်နေကြတုန်း ညတစ်ဝက်လောက် ဆက်ဆံရင်း (ချစ်တာပေါ့လေ) နဲ့ ပြီးသွားခဲ့တယ်။ ခုနလေးကမှ သူတို့အိပ်ရာနိုးလာကြတာ။ ဘာမှတောင် ကောင်းကောင်းမပြောရသေးဘူး... ခေါင်းစဉ်က ပြောင်းသွားပြန်ပြီ။
"ငါတို့လက်မထပ်ခင် အရင်သွားပြီး ဆေးစစ်သင့်တယ်လို့ ကို,ထင်လား? ငါ့အထင်တော့ ကို့ မှာဆီးမနိုင်တဲ့ ရောဂါရှိတယ်ထင်တယ်" Bai Luo Yin ပြောတယ်။
သူ့ရဲ့မုတ်ဆိတ်ငုတ်တိုတွေနဲ့ Bai Luo Yin ရဲ့ လည်တိုင်ကိုပွတ်ရင်း Gu Hai ပြုံးတယ်။
"ဘာကြောင့်မှန်းတော့ ကိုယ်မသိဘူး။ ဒါပေမယ့် ချစ်ကိုမြင်တိုင်း အခုလို ချစ်ကို ချစ်ချင်တဲ့စိတ်ကို တားလို့ကိုမရဘူး"
Bai Luo Yin က လက်နဲ့ Gu Hai နဖူးကို အားနဲ့တွန်းလိုက်ပြီးအေးစက်စက်ပြောတယ်။
"ငါတို့ အရေးကြီးတဲ့ကိစ္စကို အရင်စကားပြောဖို့လိုတယ်"
Gu Hai နဲနဲလေး ၀မ်းနည်းပုံပေါက်သွားပေမယ့် ဘာမှတော့ မပြောဘူး။
Bai Luo Yin က Gu Hai ကို ညှိုးမှောင်စွာကြည့်ပြီး "ငါ့ကို အဲ့မျက်နှာလာလုပ်ပြမနေနဲ့။ အသုံး မ၀င်ဘူး!"
အခြားရွေးချယ်စရာမရှိတော့ Gu Hai လည်း မင်္ဂလာပွဲကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်တဲ့အရေးကြီးတဲ့ စကားဝိုင်းဆီပဲ ပြန်သွားရတော့တယ်။
Bai Luo Yin က သတိုးသားကို သွားခေါ်တဲ့ကိစ္စကို အလျှော့မပေးသေးဘဲ သူပဲသွားခေါ်မယ်လို့ ဇွတ်ပြေနေတယ်။
Gu Hai ရဲ့လေသံပြောင်းသွားတယ်။ "ကိုယ့်ကိုလာခေါ်တာများ မင်းက ကောင်းတယ်ထင်နေလား? သတို့သားအနေနဲ့ မင်းကိုယ့်တို့ဆီကိုရောက်တဲ့အခါ ကိုယ့်လူတွေက မင်းကို အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ကြမှာ။ မုန့်ဖိုးပေးရတာ ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် သူတို့က မင်းကိုလူရယ်စရာဖြစ်အောင် ရှက်စရာကောင်းတဲ့အရာတွေ လုပ်ခိုင်းကြမှာ။ ချစ်က ဂုဏ်သရေရှိစစ်တပ်အရာရှိတစ်ယောက်ပဲ။ ဒီဟာက ချစ်ကို သိက္ခာကျစေမှာသေချာတယ်။ ဒီလိုညစ်ပတ်တဲ့ အလုပ်ကိုကိုယ့်ကိုလုပ်ခိုင်းလိုက်တာ ပိုကောင်းမယ်။ ကိုယ်က အစကတည်းက အရှက်မရှိဘူးဆိုတော့...ဘယ်လို လူရယ်စရာရှက်စရာကောင်းတဲ့ တောင်းဆိုမှုတွေကိုမဆို ကိုယ်က ကိုင်တွယ်နိုင်တယ်လေ"
"အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေချည်းပဲ!" Bai Luo Yin က Gu Hai ရဲ့ထွင်လုံးတွေကို နားမထောင်ချင်ဘူး။ "ငါ့အကျိုးအတွက်ဆိုပြီး ဟန်ဆောင်မနေနဲ့။ ငါ့နှလုံးသားက သန်စွမ်းပြီး အဲ့ဒါတွေကို ခံနိုင်ရည်ရှိတယ်။ ကိုသာ ကိုယ့်ကိုယ်ကို အတွက်စိတ်ပူစမ်းပါ! ငါ့ကိုလာခေါ်ဦးမယ် ဟုတ်လား? ကုမ္ပဏီကနေ အားကောင်းမောင်းသန်း ယောက်ျားသုံးယောက်လောက်သာ ကို,ရှာနိုင်ခဲ့ရင် ငါ..ကို့စကားနားထောင်လိုက်မယ်! သတို့သမီးကို လာခေါ်ဖို့ သတို့သားက သတို့သမီးအရံတစ်အုပ်ကြီး ခေါ်လာတယ်လို့များ ကို,ကြားဖူးသလား?"
"ချစ် အဲ့ဒါတွေ နားမလည်တာပဲ" Gu Hai က တစောက်ကန်းဆက်ပြောတယ်။ "စဉ်းစားကြည့်၊ သတို့သားအရံနဲ့ သတို့သမီးအရံ ဘယ်သူ့ကို အခက်တွေ့အောင်လုပ်ဖို့ ပိုလွယ်မလဲ? သေချာပေါက် သတိုးသားအရံတွေပေါ့! ကိုယ်က ချစ်ကိုလာခေါ်ဖို့ မိန်းမချောတွေ တစ်အုပ်ကြီးကိုခေါ်လာခဲ့ရင် ချစ်ရဲ့ တပ်သားတွေက သေချာပေါက် ဦးညွှတ်ပြီး တံခါးဖွင့်ပေးကြမှာပဲ။ ဒါပေမယ့် ချစ်ကကိုယ့်ကိုလာခေါ် ရင် ကိုယ့်သတိုးသမီးအရံတွေက ချစ်ကို ရှက်ပြီးသေအောင်လုပ်ကြမှာသေချာတယ်။ အဲ့ဒီချစ်ရဲ့တပ် သားတွေကလည်း ဒီအမျိုးသမီးတွေကို နိုင်မှာမဟုတ်ဘူး။ အဲ့ဒီတော့ ဘာဖြစ်မလဲဆိုရင်... ချစ်လည်း ကိုယ့်ကို အိမ်ထဲကနေ ခေါ်ထုတ်သွားနိုင်မှာ မဟုတ်တော့ဘူး"
[Note- အဲ့လိုလာခေါ်တဲ့အခါ ဒီအတိုင်း သတို့သမီးကို ထည့်ပေးလိုက်တာမဟုတ်ပါဘူး။ အခေါ်ခံရတဲ့ လူဘက်က အရံတွေက မေးခွန်းတွေမေးပြီး၊ ကျေနပ်ပြီဆိုမှ သတို့သားဆီကို ထည့်ပေးလိုက်တာပါ]
Bai Luo Yin လက်ခါပြပြီး "တကယ်လို့ ငါ, ကို့ကို အိမ်ထဲက ခေါ်မထုတ်နိုင်ရင်၊ ငါလည်း ကို့ကို မလိုချင်တော့ဘူး။ ကို့ကို ဘယ်သူလိုချင်လိုချင် ယူသွားလိုက်ကြတော့"
"ဘာပြောတယ်!?" Gu Hai ဒေါသတကြီးနဲ့ Bai Luo Yin ရဲ့ ခါးကို လှမ်းဆွဲလိုက်တယ်။
Bai Luo Yin ရယ်ရင်းမောရင်းနဲ့ ရှောင်တယ်။ နှစ်ယောက်သား ခဏလောက်လုံးနေကြပြန်ပြီ။ နောက်ဆုံးတော့ သူတို့ ရပ်တန်းကရပ်ပြီး ကံတရားကိုပဲ အဆုံးအဖြတ်ပေးခိုင်းလိုက်တယ်။
"ကျောက်တုံး၊ စာရွက်၊ ကပ်ကြေး"
ပထမအချီမှာ နှစ်ယောက်စလုံး ကျောက်တုံးကိုရွေးတယ်။ ဒုတိယအချီရောက်တော့ Gu Hai က ကျောက်တုံးကို ဆက်ရွေးပေမယ့် Bai Luo Yin ကတော့ စာရွက်။
နောက်ဆုံး Bai Luo Yin အောင်ပွဲခံရတယ်။
"၃ခါကို ၂ခါနိုင်မှ" Gu Hai က သူ့အရှုံးကို ၀န်မခံချင်ဘူး။ ကိစ္စရှိပုံမပေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Bai Luo Yin နိုင်တုန်းပဲ။
Gu Hai မျက်ခုံးပင့်ပြီး "၅ခါကို ၃ခါနိုင်မှ"
"သွားစမ်းပါ!" Bai Luo Yin စိတ်တိုလာပြီး "ဘယ်သူက ဒီထက်ပိုပြီး အရှက်မရှိဦးမှာလဲ?"
Gu Hai က သူ့မျက်နှာနဲ့ Bai Luo Yin ကို ညင်ညင်သာသာလေးပွတ်ရင်း သူ့လက်ကိုကိုင်ကာ ကောင်းကောင်းမွန်မွန် တောင်းပန်တယ်။ "ဒီလိုလုပ်ရအောင် ဘယ်သူကဘယ်သူ့မိသားစုထဲ ၀င်မယ်ဆိုပြီး မလုပ်ကြစို့နဲ့။ တစ်ယောက်ကို တစ်ခါစီ လာခေါ်ကြရအောင်၊ ချစ် ဘယ်လိုထင်လဲ?"
Gu Hai အကြံပြုချက်ကို နားထောင်ပြီးတဲ့နောက် Bai Luo Yin တစ်ယောက် လေးလေးနက်နက်တွေးမိတယ်။ Gu Hai အတွက်တော့ သတို့သမီးလို Bai Luo Yin ရဲ့မိသားစုထဲ ၀င်ရဖို့ဆိုတာ တကယ့်ကို လက်တွေ့မဆန်ဘူး။ပြီးတော့ Gu Hai ရဲ့ အဆင့်အတန်းနဲ့အခြေအနေတွေက ကြီးကျယ်တယ်။ သူ့ထက်တောင်သာသေးတယ်။ အဲ့ဒီတော့ Gu Hai အတွက် Bai မျိုးရိုးထဲဝင်လိုက်ဖို့ အကြောင်းမရှိ ဘူး။ ဒါပေမယ့် ဒီကိစ္စမှာတော့ Bai Luo Yin ကလည်း Gu မိသားစုထဲဝင်ဖို့ ဆန္ဒမရှိပြန်ဘူး။ ဘယ် ယောက်ျားစစ်စစ်ကမှ ဒီလိုလုပ်ဖို့ လိုလားမှာမဟုတ်ဘူး။
"ကောင်းပြီလေ ဒီလိုလုပ်ကြတာပေါ့"
ဒီကိစ္စကို ဖြေရှင်းပြီးသွားတော့ နှစ်ယောက်သား လက်ရိုက် (High-five) ကြပြီး ဒါကို သူတို့စာရင်းကနေ ဖြုတ်လိုက်တယ်။
"OK နောက်ထပ်တစ်ခုဆီ...." Bai Luo Yin က သူ့စာအုပ်ငယ်လေးထဲ စူးစူးစိုက်စိုက်ကြည့်နေတယ်။
"မင်္ဂလာပွဲမှာ ငါ့တို့ကမ်းမယ့် မင်္ဂလာလက်ဆောင်အကြောင်းဆွေးနွေးရအောင်။ ငါက ချိုချဉ်တော့ မကမ်းချင်ဘူး။ အဲ့ဒါ အရမ်းကို သမတ်ရိုးကျဆန်ပြီး ဆန်းလည်းမဆန်းဘူး"
Gu Hai က Bai Luo Yin ရဲ့ တောက်ပနေတဲ့မျက်လုံးတွေထဲ ကြည့်လိုက်တော့ စွာတေးလန်ခြင်းနှင့် အနည်းငယ်သတိထားခြင်းကို မြင်ရတယ်။ သူ့ချစ်သူရဲ့ ဆင်ခြင်ဥာဏ်ကြီးတဲ့ အမူအရာလေးက ထူးထူးခြားခြားရင်ခုန်စရာ ကောင်းနေတယ်။ သူ,မနေနိုင်တာနဲ့ Bai Luo Yin ရဲ့ ပါးလေးတွေကို ဆွဲလိမ်မိတယ်။
"ကောင်းကောင်းနေစမ်း!"
ဒီပြင်းထန်တဲ့ ဟိန်းဟောက်သံကြီးက Gu Hai ကိုလန့်သွားစေတဲ့အတွက် Gu Hai လည်း အမြန်လက်ရုတ်လိုက်ရတယ်။ Bai Luo Yin ရုတ်တရက် တစ်ခုခုကို သတိရသွားတယ်။ သူ့နှုတ်ခမ်းမှာလည်း ယုတ်ညစ်တဲ့အပြုံးပေါ်နေတယ်။
"လူတစ်ယောက်ကို ယောက်ျားအရသာမုန့်ထုတ် တစ်ထုပ်ဆီပေးမယ်ဆိုရင်ရော"
[Note- Book 1- Gu Hai စတိုးဆိုင်မှာ မှားပြောတဲ့ မုန့်လေ။ Series ထဲမှာလည်း ပါပါတယ်]
ပြောပြီးတဲ့နောက် သူတစ်ခစ်ခစ်ရယ်ပြီး တဟားဟား အော်ရယ်တယ်။ Gu Hai ရဲ့ မျက်နှာချောချောလေး မဲမှောင်နေပြီ။ သူအမြန်ပဲ Bai Luo Yin ကို ရိုက်ဖို့ ပြေးသွားတယ်။ Bai Luo Yin တစ်ယောက် အသက်မရှုနိုင်တော့တဲ့အထိ ဆက်ရယ်နေပြီး၊ Gu Haiကိုယ်ပေါ်လှဲလိုက်ရင်း အသက်ကို ဖြည်းဖြည်းချင်း ရှုနေရတယ်။
Gu Hai က Bai Luo Yin ဖင်ကိုရိုက်ပြီး ဒေါသထွက်ချင်ယောင်ဆောင်ကာ မေးတယ်။
"မင်းရယ်လို့ အားရပြီလား?"
Bai Luo Yin ခေါင်းညိတ်ပြီး၊ နောက်ထပ် ထပ်ရယ်ပြန်တယ်။
Gu Hai အံကြိတ်ပြီး "မင်းရဲ့တစ်ဘ၀လုံး ရယ်နေရအောင် ဒီဟာသကို သိမ်းထား!"
Bai Luo Yin စိတ်ငြိမ်သွားပြီးမှ Gu Hai ရုတ်တရက် အကြံပေါ်လာတယ်။
"လူတစ်ယောက်စီကို ဘိန်းဖြူတစ်ထုတ်ဆီ ကမ်းရင်ရော!"
Bai Luo Yin နှုတ်ခမ်းတွန့်ပြီး "အဲ့ဒါပေးဖို့ ကိုက တတ်နိုင်ပါ့မလား?"
"တတ်နိုင်တာပေါ့။ တကယ့်မူးယစ်ဆေးမှမဟုတ်တာ။ကိုယ်စဉ်းစားထားတာက အထုတ်အပိုး ဒီဇိုင်း ပုံစံတူပေါ့"
Bai Luo Yin ခဏလောက် စဉ်းစားလိုက်ပြီး "တကယ်ပဲ အဲ့ဒါကဆန်းတယ်။ ဒါပေမယ့် အရင်ဆုံး သက်ဆိုင်ရာအာဏာပိုင်တွေကိုတော့ သတင်းပို့ထားရမယ်။ မဟုတ်ရင် မင်္ဂလာပွဲတောင်မပြီးသေးခင် အဖမ်းခံနေရမယ်"
"စိတ်မပူနဲ့။ ဒါမျိုးကို ကိုယ်က ဘယ်မေ့ပါ့မလဲ?"
"ပြောလိုက်ရင် ဒီလိုပဲ...." Bai Luo Yin က ဘောလ်ပင်နဲ့ Gu Hai နှာခေါင်းကိုထိုးတယ်။ "ဧည့်ခံပွဲအပြင်အဆင်အတွက်ကတော့ ငါနေရာကြည့်ပြီးတော့မှ ပြောကြစို့"
Gu Hai သဘောတူကြောင်း ခေါင်းညိတ်ပြပြီး သူ့မျက်လုံးတွေက အချစ်စိတ်နဲ့ တဖိတ်ဖိတ်လက်နေတယ်။
"ဒါဖြင့်ကိုယ်တို့အရေးကြီးတဲ့အလုပ် လုပ်တော့မယ်မဟုတ်လား?"
"အရေးကြီးတဲ့အလုပ်?" Bai Luo Yin ကြောင်သွားတယ်။ "ငါတို့မပြောရသေးတဲ့ အရေးကြီးတဲ့အလုပ်ရှိသေးလို့လား?"
Bai Luo Yin မေ့နေပြီဆိုတာကို Gu Hai သိတာနဲ့ သူကBai Luo Yin ကို အားပြင်းပြင်းနဲ့ တက်ဖိလိုက်တယ်။
"လျှောက်မလုပ်နဲ့...လျှောက်မလုပ်နဲ့" Bai Luo Yin ရှောင်ဖို့ကြိုးစားတယ်။ "ငါ့မိဘတွေအိမ်ကို သွားရဦး......um..." သူ့နှုတ်ခမ်းတွေ ပိတ်ခံလိုက်ရပြီ။
-----------