CHAPTER 24 - Xiao Bai ရဲ့ ခင်ပွန်းဖမ်းနည်း

211 24 0
                                    

CHAPTER 24 – Xiao Bai ရဲ့ ခင်ပွန်းဖမ်းနည်း

                နောက်ဆက်တွဲမြင်ကွင်းက လုံးဝထင်မှတ်ထားတဲ့အရာ မဟုတ်ဘူး။ ဗိုလ်မှူးတစ်ယောက်နဲ့ MD တစ်ယောက်ဟာ သူတို့ရဲ့ ရာထူးဂုဏ်တွေမှအားမနာဘဲ အိမ်ထဲမှာရန်ဖြစ်နေကြတယ်။ နောက်ဆုံး တော့ ဗိုလ်မှူးနိုင်သွားပါတယ်။ ဒါက MD အတွက် တော့ ရှက်ဖွယ်ပဲ။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် Gu Hai ဟာ သူ့ဇနီးကိုခွန့်အားအရာမှာ ရှုံးနိမ့်သွားခြင်းပါ။ သူ့ခန္ဓာကိုယ် တစ်ခု လုံး Sofa ခုံတန်းပေါ်မှာ လုံးဝ လှုပ်လို့မရဘူး။
ပထမတော့ လျှပ်တပြတ်တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးရသေး တယ်။ အဲ့အချိန်တုန်းက Gu Hai ရဲ့လက်တွေက Bai Luo Yin ရဲ့ပေါင်ရင်းနား မှာပဲမို့ သူအားသုံးလိုက်တာနဲ့ Bai Luo Yin လဲကျသွားမှာပဲ။ ကံမကောင်းစွာနဲ့ပဲ သူ့အကြံအတိုင်း အားမထုတ် ခင် သူ့လက်ဆန့်လိုက် တာ နဲ့ လက်ခေါက်သွားတယ်။
Bai Luo Yin က Gu Hai ရဲ့ခန္ဓာကိုယ်ပေါ်မှာ မာနကြီး တစ်ခွဲသား နဲ့ထိုင်နေရင်း သူပြောတယ်
"ဘယ်လိုလဲ MD Gu?, အရှုံးကိုဝန်ခံပြီလား?"
Gu Hai ကမျက်လုံးတွေကိုမှေးပြီးပြုံးလိုက်တယ် "မင်းရှေ့တိုးပြီး ထိုင်ရင် ငါအရှုံးပေးမယ်လေ"
Bai Luo Yin ခေါင်းငုံပြီးကြည့်လိုက်တော့ သူတို့ပစ္စည်းတွေက ထိလု နီးပါးဖြစ်နေတယ်။ အကယ်၍သာ သူရှေ့တိုးထိုင်လိုက်ရင် သူတို့ ပစ္စည်း တွေက လုံးဝကိုထိသွားတော့မှာ။ Bai Luo Yin မျက်လုံးထဲမှာ ဓါးသွား လိုအေးစက်မှုတွေ ရှိနေပေမယ့် Gu Hai မျက်လုံးထဲမှာတော့ နုညံ့မှုတွေ စီးဆင်းနေတယ်။ တစ်ယောက်က အေးပြီး တစ်ယောက်က ပူတဲ့အခါ ချစ်နယ်လွန်မြူခိုးများအဖြစ် တစ်ခန်းလုံးပျံ့နှံ့သွားတယ်။
Bai Luo Yin ရဲ့ အပေါ်ခန္ဓာကိုယ်က အောက်ကိုတဖြည်းဖြည်း နိမ့်ကျ လာတော့ ပြင်းထန်တဲ့ မီးတောက်တစ်ခုဖြစ်လာတယ်။ Gu Hai ရဲ့ နှလုံးသားလည်း အရည်ပျော်နေပြီ။
Bai Luo Yin ရဲ့ခေါင်းနောက်ကို သူ့လက်ကြီးတွေနဲ့ကိုင်ပြီး ဖိချလိုက်တယ်။ သူတို့နှစ်ဦးရဲ့ နှုတ်ခမ်းတွေထိဖို့ တစ်စင်တီမီတာ လေး လောက်ပဲ လိုတော့မယ့်ဆဲဆဲမှ သူ့ခံတွင်းက လေနွေးနွေးက Bai Luo Yin မျက်နှာ ကို လာထိတယ်။
"ငါချစ်ဖို့စောင့်နေတာ ရှစ်နှစ်တောင်ရှိပြီ"
Bai Luo Yin က တိုးတိုးဆိုတယ် "တူတူပဲ!"
ပြင်းထန်တဲ့လျှပ်စစ်စီးကြောင်းတွေက သူတို့ခန္ဓာတစ်ခုလုံးကို ဖြတ်ပြီး ၀မ်းဗိုက်အောက်ခြေအထိဖြတ်စီးသွားကြတယ်။ Bai Luo Yin ရဲ့မျက်ဝန်းတွေကိုကြည့်လိုက်တော့ Gu Hai က သားရဲ တစ်ကောင်လို အသက်ရှုတာမြန်လာတယ်။ Bai Luo Yin ခေါင်း နောက်က သူ့လက် တွေက ဆက်လှုပ်ရှားနေတယ်။ အချိန်တစ်ခု ကိုစောင့်ပြီးမှ သူက ရုတ်တရက် တိုက်ကွက်ဆင်ပြီး Bai Luo Yin ကို သူ့အောက်မှာ ဖိလိုက်တယ်။
ဒါပေမဲ့ ကံဆိုးတာက Bai Luo Yin ရဲ့သွက်လက်မြန်ဆန်တဲ့ စွမ်းရည် ကြောင့် သူကတစ်ဖက်ကို ပြန်လှန်ပြီး Gu Hai ပေါ်ပြန် ထိုင်လိုက်ရင်း အေးစက်စက်ပြုံးလိုက်တယ်။ အဲ့ဒီအချိန် Gu Hai ရင်ထဲ ပုရွက်စိတ် အကောင်ထောင်ပေါင်းများစွာ တက်နေသလိုပဲ။
ဘယ်တုန်းကမှမရှုံးဖူးတဲ့ Gu Hai အတွက်တော့ ဒါဟာရှက်စရာ ကောင်းတယ်။ သူနားလည်လိုက်တာက လွန်ခဲ့တဲ့ရှစ်နှစ်ကလို Bai Luo Yin ကိုလွယ်လွယ်နဲ့ပတ်လို့မရတော့ဘူးဆိုတာပဲ။ အဆိပ်ကိုမြိုချပြီးပြီ ဆိုမှတော့ အသက်ရှင်ဖို့လည်း မမျှော်လင့် တော့ပါဘူး။
"ဗိုက်ဆာပြီ!" Bai Luo Yin က ရင်ခုန်နေတာကို ထိန်းပြီး ပြောတယ်။
                Gu Hai က အသက်မှန်မှန်ရှုပြီးမှ ပြန်ပြောတယ်။"ဒီမှာထိုင်စောင့်ဦး နော်"
Bai Luo Yin က ဧည့်ခန်းထဲလှည့်ပတ်ကြည့်ရင်း ပျင်းလာတာနဲ့ မီးဖိုချောင်ဆီလျှောက်လာလိုက်တယ်။ သူဝင်မယ်လုပ်တုန်း အထဲ က မြင်ကွင်းကသူ့ကို လန့်သွားစေတယ်။ Gu Hai က သဘော ထားသေးပြီး ကောက်ကျစ်တဲ့ အကြည့်တွေနဲ့ အသား တစ်တုံးကို အားနဲ့မာန်နဲ့ခုတ်နေ တယ်။ Bai Luo Yin တွေးမိတယ်
**သူငါ့ကိုတော့ ဒီအသားတုံးလို မလုပ်လောက်ပါဘူးနော်?**
ဟင်းတွေကအတော့်ကို အစပ်တည့်ပါတယ်။ Bai Luo Yin ကစားပွဲ အပြည့်ဟင်းတွေကိုကြည့်ရင်း ပျော်လာပြီး
"ဒါတွေက ငါ့အကြိုက်ဟင်းတွေချည်းပဲ။ ငါလာမယ်ဆိုတာသိလို့ ကြိုပြင်ထားတာလား?"
Gu Hai ကမြည်တွန်တောက်တီးတယ် "ဘယ်သူက မင်းအတွက် ပြင်ထားလို့လဲ? မင်းမလာရင်တောင် ငါစားမလို့။ မင်းဒီကိုရောက် လာတော့ ကျွေးဖို့တောင် မသဒ္ဓါဘူး"
သူ့စကားဆုံးတော့ ဟင်းပွဲနည်းနည်းကို သူ့ဘက်ကိုဆွဲယူလိုက် တယ်။
Bai Luo Yin ကတော့ မျှော်လင့်ထားတာနဲ့ပြောင်းပြန် ဟင်းတွေ ကို ပြန်ဆွဲမယူဘဲ သူ့ရှေ့မှာရှိ တဲ့ ဟင်းလေးတွေကိုပဲ အသာ တကြည်စား နေတယ်။
Bai Luo Yin ကစစ်တပ်ထဲမှာ ဟင်းကောင်းကောင်းမစားရတာ တွေကို တွေးလိုက်တော့ Gu Hai  ရင်ထဲမကောင်းဘူး။ သူ့ဆီကို လာရအောင် လည်း Bai Luo Yin က မအားဘူး။ Gu Hai က ဟင်းကောင်းကောင်း ကျွေးချင်ပေမယ့် အခုလို စိတ်မချမ်းသာစရာ တွေပြောလိုက်တော့ Bai Luo Yin လည်းကောင်းကောင်း မစားရတော့ဘူး။
"တော်ပြီ! မင်းကြည့်ရတာ သနားစရာကောင်းလို့ ငါဆိုပေးမယ် ငါMD Gu, က နှိပ်စက်တယ် လို့ လူတွေကိုမပြောနဲ့နော်" ပြောပြီး သူဆွဲလိုက် တဲ့ဟင်းတွေကို Bai Luo Yin ရှေ့ကို ပြန်တိုးပေးလိုက် တယ်။
ဒါပေမဲ့ Bai Luo Yin ကတော့ သူနဲ့နီးတဲ့ဟင်းတွေကိုပဲနှိုက်တယ်။
Gu Hai မျက်နှာ ညိုးမှောင်လာတယ်။ သူက Bai Luo Yin ရဲ့လက်ခုံကို အဆက်မပြတ်ရိုက်ရင်း
"ဘာလဲ မင်းကငါ့ကို တမင်ရန်စနေတာလား?"
Bai Luo Yin ဘာမှမပြောဘူး။ Gu Hai ကိုတစ်ချက်ကြည့် လိုက်ပြီး သူစားချင်တာတွေပဲ ရွေးစားနေတယ်။
Gu Hai ရဲ့ရင်ထဲမှာ မငြိမ်သက်ဘူး။ သူ့လည်ချောင်းရှင်းလိုက်ပြီး ပြောတယ်။
"Bai Luo Yin, မင်း ဆိုးဆိုးလာပြီ"
Bai Luo Yin က အသံတစ်ခုပြုလိုက်ပြီး
**ငါဘယ်တုန်းက ပြောင်းလဲသွားလို့လဲ? မင်းရဲ့အရှက်မရှိတဲ့ပုံစံ ကို ဖော်ဖို့မကြိုးစားရင် မင်းအတွင်းစိတ်ကို ငါဘယ်လိုသိမလဲ? မင်း ဘယ်လောက်ထိဟန်ဆောင်နိုင်မလဲဆိုတာ ငါကြည့်ရသေး တာပေါ့**
"ငါလေ တကယ်ကို မင်းရဲ့ကျန်တစ်ဝက်(ချစ်သူ)ကို သနား တယ်" Gu Hai သက်ပြင်းချတယ်။
Bai Luo Yin ကသူ့ကို သေချာစိတ်တိုလာအောင်
"သူမကို သနားတယ် ဟုတ်လား? သူမက ဘာလို့မင်းသနားတာ ခံရဦး မလဲ?"
"ကြည့်ဦး ကြည့်ဦး မင်းကြည့်ရတာ ရူးကြောင်ကြောင်နဲ့၊ အရင်က နဲ့ကို မတူဘူး။ မင်းရည်းစားက ဘာကြီးပဲဖြစ်ဖြစ် အေးအေး ဆေးဆေးနေရမှာ မဟုတ်တာတော့သေချာတယ်"
Bai Luo Yin က ပေါ့ပေါ့လေးပြောတယ်
"ငါ့ကိုဘယ်လိုကိုင်တွယ်ရမလဲမသိရင်တော့ အဲ့ဒါသူမ ညံ့လို့ ပဲ"
အဲ့ဒီအချိန် Gu Hai ရင်ထဲမှာ လှပတဲ့ စိတ်ကူးတစ်ခုဖြစ်လာတယ်။ သူက Bai Luo Yin ငိုယိုတောင်းပန်သည်အထိ ချစ်ပစ်လိုက်ချင် တယ်။ ​စားပြီးသွားတော့ Bai Luo Yin က ပါးစပ်သုတ်ပြီး ထရပ်လိုက်တယ်။
"ငါပြန်တော့မယ်!"
"ပြန်တော့မှာလား?" Gu Hai မနေနိုင် မထိုင်နိုင် မေးလိုက်တယ်။
Bai Luo Yin က မျက်မှောင်ကျုံ့ရင်း
"ဘာလဲ မပြန်ရဘူးလား?"
Gu Hai အမူအရာနည်းနည်းပြောင်းသွားတယ်။ ဒီကောင်လေးကို ဘယ်လိုဆက်နေခိုင်းရမလဲဆိုတဲ့နည်းလမ်းကို စဉ်းစားရင်း သူဟာ စကားလုံးရှာနေတယ်။ ပြီးတော့မှ သူ့ကို ဆွဲစားပစ်လိုက်မယ်ပေါ့။ ခုက စပြီး Bai Luo Yin ကသူ့ကို ဦးညွှတ်လာရစေမယ်။
ဒါပေမဲ့ Bai Luo Yin  က Gu Hai တွေးထားသလို မလုပ်ဘူး။
"ငါနေလို့မရဘူး ငါကိုယ်ငါထိန်းသိမ်းမှ ငါ့ရဲ့အနာဂတ်က ချစ်သူလေးက လည်း ငါ့ကိုအထင်ကြီး လေးစားမှာပေါ့ MD Gu, အဲ့လို မထင်ဘူးလား?"
စီးကရက်ကို နှုတ်ခမ်းမှာတပ်ရင်း စစ်ယူနီဖောင်းအပေါ်ဝတ်ကို ပုခုံးပေါ် တင်ပြီး Bai Luo Yin ဟာ စတိုင်ကျကျလေးတံခါးက ထွက်သွားတယ်။
အဲ့ဒီည Gu Hai ရေချိုးနေစဉ် သူ့ကိုယ်သူမထိန်းနိုင်တော့ဘူး။ ဒါက ဘိန်းစွဲနေတာထက်တောင် ဆိုးသေးတယ်။ သူ့စိတ်အစဉ် တစ်ခုလုံးက Bai Luo Yin မျက်နှာနဲ့ပြည့်နေတယ်။ သူ့ရဲ့ အေးစက်စက်နဲ့ ချစ်စရာ ကောင်းတဲ့မျက်လုံးလေးတွေ၊ သွယ်လျ ရှည်လျားတဲ့ပေါင်တံတွေ၊ သူ့ရဲ့ ပြုံးရောင်သမ်းတဲ့မျက်နှာ၊ ပြီးတော့ စစ်ယူနီဖောင်းဘောင်းဘီ ကျပ်ကျပ် လေးတွေကို မြင်ယောင်နေတယ်။
Gu Hai က ဒီရှစ်နှစ်အတွင်း အားအင်တွေချွေတာစုဆောင်းထားခဲ့ တယ်။ သူဘယ်လိုပဲခံစားချက်တွေ ထုတ်ဖော်ပါစေ သူအားရနိုင် မှာ မဟုတ်ဘူး။
**ငါသူ့ကို ဒီနေ့ည ဇွတ်အတင်းနေခိုင်းခဲ့ရမှာ.. ဒါမှငါ့ရဲ့ သက်လုံအား တွေကို ကုန်တဲ့အထိ သုံနိုင်တော့မှာ။ ငါသေသွားမယ်ဆိုရင် တောင် တန်တယ်ကွာ**
Gu Hai ကအိပ်ယာပေါ်မှီရင်း စီကရက်ကို စိတ်တိုတိုနဲ့ဖွာပြီး သူ့ကိုယ် သူအယုံသွင်းနေတယ်
**မင်းသည်းခံရမယ် သည်းခံရမယ်။ မင်းအခုလျှော့ပေးလိုက်ရင် သူရဲ့ လူတွေကိုဖြားယောင်းနည်းတွေက အလုပ်ဖြစ်တယ်လို့ ထင်သွားလိမ့် မယ်။ သူက မင်းရဲ့ခန္ဓာကိုယ်ကိုလည်း အသုံးချလိမ့် မယ်။ ပြီးတော့ သူက လူတွေဆီသွားပြီး ဒါကိုရယ်စရာအဖြစ် ပြန်ပြောဦးမယ်။ သူ့မှာ ချစ်စရာတစ်ကွက်မှ မရှိဘူးလို့ ကောင်းကောင်းကြီး နားလည်သွား အောင်လုပ်ပြီး ဒီလိုအကျင့်ဆိုး ကို ဖျောက်ပေးရမယ်။ ဒါမှ အခြားသူ တွေနဲ့ သွားမရော မိမှာ**
Gu Hai က အိပ်ပျော်အောင် အတင်းမှိတ် အိပ်ခဲ့ရတယ်။
နှစ်ရက်မြောက်မနက်ကျတော့ သူက သူ့သားလေးကို ကုမ္ပဏီ ခေါ်သွားတယ်။
နောက်ရက်ပိုင်း အနည်းငယ်လောက် Bai Luo Yin ဟာ Gu Hai တို့ ကုမ္ပဏီကိုသွားပြီး Gu Hai ရုံးဆင်းတဲ့အထိ စိတ်ရှည် လက်ရှည်စောင့် နေတယ်။ အလုပ်လည်းဆင်းရော သူက Gu Hai ရဲ့အိမ်ကို ညစာစားဖို့ လိုက်တယ်။
Gu Hai အကျင့်သစ်တစ်ခု တိုးနေပြီ။ နေ့တိုင်း Bai Luo Yin ရောက်တော့မယ့်အချိန်ရောက်ရင် ပြတင်းရှေ့မှာအစောင့်လို ရပ်စောင့် ပြီး Bai Luo Yin ရဲ့ကားဘေးဆင်းရပ်ပြီးသူ့ကို စောင့်နေတဲ့ ချောမော တဲ့ သဏ္ဍာန်ကို စိတ်ဝင်တစားကြည့်ရှုတယ်။
တစ်ချိန်တည်းမှာပဲ သူဟာဒီလိုဖြားယောင်းခံရတာကို ကျေနပ် အားရနေ တယ်။
                ​Yan Ya Jing က သူ့မိသားစုကိစ္စတွေပြီးလို့ ကုမ္ပဏီကို ပြန်ရောက်နေပြီ။ သူပြန်ရောက်တော့မှ Gu Hai ရဲ့ရုံးခန်းထဲမှာ အပိုပစ္စည်းလေးတစ်ခုရှိမှန်းသိတယ်။ ပထမတော့ သူက ထင်တာ က စိတ်ကောင်းမရှိသူ တစ်ယောက်က လာထည့်သွားတယ်ပေါ့။ ဒါကို ခဏခဏတွေ့လာရတော့ ဒီမြည်းရုပ်ကို ယူယူလာတဲ့လူက Gu Hai ပဲဆိုတာ သူမ နားလည်သွားတယ်။ ဒါတင်မကဘူး သူက ဒီအရုပ်ကို အရူးအမူး သဘောကျနေတယ်။ ဒီမြည်းရုပ်ကို မကောင်းပြောတဲ့သူက သူ့ရန်သူပဲ။
ဒီနေ့ Yan Ya Jing က အလုပ်မဆင်းခင် Gu Hai ရဲ့ရုံးခန်းထဲ ၀င်တော့ သူက ပြတင်းပေါက် အပြင်ကို ငေးကြည့်နေပြန်တာ တွေ့တယ်။
Yan Ya Jing ဒီမြင်ကွင်းကိုမြင်ဖူးတာ နှစ်ခါရှိပြီ။ Gu Hai ဘာကြည့် နေလဲဆိုတာ သူမ အရမ်းသိချင်ခဲ့တာ။ Gu Hai ရဲ့ အခုလို အမူအရာက သိပ်ထူးဆန်းနေတယ်။
"MD Gu" Yan Ya Jing ကတံခါးခေါက်လိုက်တယ်။
Gu Hai မျက်လုံးက လှည့်ကြည့်တော့ သူ့မျက်လုံးကအပူလျော့ သွား တယ်။
"File တွေအဲ့ဒီမှာ ထားခဲ့လိုက်"
"နင်ဘာကြည့်နေတာလဲ?" Yan Ya Jing က စပ်စပ်စုစု မေးလိုက် တယ်။
Gu Hai ကမှင်သေသေပြုံးရင်း Yan Ya Jing ကိုခေါ်လိုက်ပြီး တံခါး အပြင်ကို လက်ညှိုးထိုးပြလိုက်တယ်
"သူအဲ့ဒီမှာရပ်နေတာကြည့်၊ ကြောင်တောင်တောင်မနိုင်ဘူးလား?"
သူ့မျက်လုံးတွေက နှစ်ခြိုက်နေတဲ့ပုံကို ဖုံးလို့မရဘူး။
Yan Ya Jing က Gu Hai ကိုအံ့သြတကြီးလှမ်းကြည့်လိုက်တယ်။ ဘာကြောင့် Gu Hai  က သူ့အစ်ကိုကို ဒီလောက်စိတ်ဝင်တစား ကြည့် နေတာလဲဆိုတာတော့ သူမဘယ်လိုမှနားမလည်နိုင်ဘူး။ ဒီ့အပြင် သူမ က Bai Luo Yin ကို ကြောင်နေတယ်မထင်ဘူး။ ကြောင်တောင်တောင် နိုင်တာ Gu Hai ရဲ့အပြုအမူပဲ။
"အော် ငါလွန်ခဲ့တဲ့နှစ်ရက်စလုံး ရုံးဆင်းတော့တွေ့တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုစောင့်နေလဲတော့ ငါမသိဘူး"
Gu Hai နှုတ်ခမ်းအစွန်းလေးက ဂုဏ်ယူဝမ်းသာမှုတွေနဲ့ မြင့်တက် သွားတယ်။ Yan Ya Jing ရဲ့စကားတွေက သူကြားဖို့တမင်ပြော လိုက် တဲ့ပုံပဲ။
Yan Ya Jing က ဆက်ပြောတယ်။ "သူ အဲ့လိုလာနေကတည်းက ၀န်ထမ်းတွေက ကုမ္ပဏီ Lobby မှာ တန်းစီနေကြပြီး ပြန်တောင် မပြန်ချင်ကြဘူး။ လွန်ခဲ့တဲ့နှစ်ရက်က ၀န်ထမ်းတစ်ယောက် သူ့ကို နှုတ်ဆက်ပြီး ဖုန်းနံပါတ်တောင်းနေတာ တွေ့သေးတယ်"
Gu Hai ရဲ့မျက်လုံးတွေက သေသွားတယ် "သူပေးလိုက်လား?"
"အေးပေးလိုက်တယ်" Yan Ya Jing နှုတ်ခမ်းက အပြုံးဖြစ် အောင် ကွေးသွားတယ်။
"သူကိုက အမျိုးသမီးတွေကို ဆွဲဆောင်နေတာ။ ကောင်မလေး တွေ သူ့ဆီသွားပြီးစကားပြောဖို့ ဝေ့နေတာ ငါမြင်တာ တစ်ကြိမ် မကဘူး။ အမှန်အတိုင်းပြောရရင် နင့်အစ်ကိုက တကယ်စွံတယ်။ တည်တည်တံ့တံ့ ရပ်နေတာနဲ့ကို လူတွေသတိမထားဘဲ မနေနိုင် တော့ဘူး"
သူမက ပြောရင်းနဲ့ ရှက်သွေးကြောင့် မျက်နှာရဲသွားတယ်။
Gu Hai အောက်ကို တစ်ခါထပ်ကြည့်လိုက်တယ်။ စောစောက အချို အရသာလည်းချက်ချင်း ပျောက်သွားပြီ။ မျက်နှာမှုန်သုန်ပြီး ထထွက်သွား လိုက်တယ်။

End of Chapter 24

Addicted? Book2 (Zawgyi)Where stories live. Discover now