CHAPTER- 65 :အာဏာပြင်းလွန်းတဲ့ Bai Lou Yin

112 14 0
                                    

CHAPTER- 65 :အာဏာပြင်းလွန်းတဲ့ Bai Lou Yin

Bai Lou Yin က လေထီးခုန်ချနေတုန်း Gu Yang ကို ဆက်တိုက်ဆဲမိတယ်။
**ငါ့ကို တားရရင်တော်ရောပေါ့..သူ ဘာကြောင့် ဘောင်းဘီကိုဆွဲဖြဲရတာလဲ? တ၀ှီဝှီတိုက်နေတဲ့ လေအေးတွေကြောင့် ငါတင်ပါးတွေ ထုံတောင်ထုံနေပြီ**
လေထီးက အောင်အောင်မြင်မြင်နဲ့ ပွင့်သွားပြီး နှစ်ယောက်သား ရေညှိထူထူကြီးပေါ်ကိုကျသွားတယ်။
Gu Hai ခန္ဓာကိုယ်ကအရင် မြေပြင်ကို လာတိုက်တယ်။ Bai Lou Yin က သူ့ကိုယ်ပေါ်ကို တိုက်ရိုက်ကျလာတော့ သူ့ကိုယ်ခန္ဓာကို အောက်ကခံထားပေးခြင်းဖြင့် ကိုယ်ကျိုးမဲ့စွာ Bai Lou Yin ရဲ့မွေ့ရာဖြစ်လာတယ်။ Gu Hai လက်တွေက Bai Lou Yin ရဲ့ တင်ပါးတွေကို မြဲနေအောင် ဆုပ်ကိုင်ထားတယ်။ ရုတ်တရက် Bai Lou Yin အောက်ပိုင်းက အအေးဒဏ်နဲ့တုန်နေတယ်။ သူငုံ့ကြည့်တော့ သူ့ဘောင်းဘီအပေါက်ကြီးက နည်းတာမဟုတ်ဘူး။ အခုတော့ အအေးဒဏ်ကိုကာကွယ်ဖို့ သူ့အောက်ခံဘောင်းဘီကိုပဲ အားကိုးရတော့မယ်။
"ချစ်,မင်းဘောင်ဘီ.. လေတိုက်လို့ ပြဲသွားတာလား?" Gu Hai က စိတ်ပူတဲ့ပုံစံနဲ့မေးတယ်။
Bai Lou Yin ဆဲလိုက်ချင်တယ်။ **ဘယ်လေက ငါ့ဘောင်းဘီကို ဖြဲနိုင်မှာလဲ..ကို့အစ်ကို ငတုံးဆွဲချတာမဟုတ်ရင် ဘောင်းဘီလဲပြဲမှာမဟုတ်ဘူး"
"ဘယ်လောက်ထိပြဲသွားလည်းဆိုတာ ကိုယ်ကြည့်ပေးမယ်"
Gu Hai က Bai Lou Yin ကို တစ်ဖက်လှန်လိုက်ပြီး သူ့ပေါင်တွေကို ကိုင်လိုက်တယ်။
Bai Lou Yin က သူ့ကို ဒေါသတကြီးနဲ့ တွန်းဖယ်ပြီး Gu Hai နဲ့ဝေးတဲ့နေရာမှာ ထိုင်ဖို့နေရာရှာမယ်။ သူ့မျက်လုံးကလည်း သူတို့ တည်နေရာကို သိရဖို့ ဟိုဟို ဒီဒီကြည့်နေတယ်။
Gu Hai က Bai Lou Yin  အနားကိုရွှေ့လာတယ်။ ဒါပေမယ့် သူ,လမ်းတ၀က်ရောက်တော့ Bai Lou Yin က သူ့ကို လူသတ်တော့မယ့်အတိုင်းပဲ သတိပေးတယ်။
"ငါနဲ့ ဝေးဝေးနေ!"
"ဒါဆို ချစ်,မင်း ဒီလိုပဲနေတော့မှာပေါ့!" Gu Hai က စိတ်ရှုပ်စွာပြောတယ်။ "ကိုယ်တို့ ပြန်ဆုံတဲ့ အချိန်ကနေ အခုချိန်ထိ မင်း, တောက်လျှောက်စိတ်တွေတိုနေတာ။ ယမ်းမှုန့်စားပြီး စကားပြောနေ သလား အောက်မေ့ရတယ်။ ကိုယ်တို့တစ်ယောက်နဲ့တစ်ယောက် မတွေ့တာဆယ်ရက်ကျော်ပြီ။ မင်း က ရန်ဖြစ်ချင်နေတုန်းပဲလား?"
Bai Lou Yin က အံကြိတ်ရင်း ခေါင်းညိတ်တယ်။ "ဟုတ်တယ်။ ငါဒီလိုပဲနေတော့မှာ။ မင်းကို ငါနဲ့အတူတူ ခုန်ချဖို့ ဘယ်သူက တောင်းဆိုခဲ့လို့လဲ ဟမ်? မင်းသာ သူနဲ့အရင်ခုန်ဆင်းသွားရင်..မင်းလည်း အခု ငါ့ကို ကြည့်နေရတော့မှာမဟုတ်ဘူး!"
"Bai Lou Yin ...မင်း,ငါ့ကို တမင်ရူးအောင် လာလုပ်နေတာလား? သေစမ်းကွာ! ကိုယ် ဒီရက်တွေ မင်းကို ဘယ်လောက်လွမ်းနေမလဲဆိုတာ စဉ်းစားကြည့်စမ်း!!"
"မင်းကို ဘယ်သူက လွမ်းခိုင်းလို့လဲ?" Bai Lou Yin က Gu Hai ကို အေးစက်စက်စွေကြည့်တယ်။ "ပြောရဦးမယ်.. မင်းငါ့ကိုလွမ်းနေတယ်လို့လဲ လုံးဝမထင်ဘူး၊ မင်းမျက်နှာမှာ အရောင်တွေထွက်နေတာ ငါတွေ့သားပဲ။ မင်း ဟောင်ကောင်မှာ တော်တော်ပျော်ခဲ့မှာပေါ့..ဟမ်?"
Gu Hai  ဒေါသထွက်နေလို့ လည်ချောင်းတောင်တစ်နေပြီ။ "ကိုယ့်မျက်နှာမှာ အရောင်တွေထွက်နေတာ မင်းကို မြင်လိုက်လို့လို့ မင်းမစဉ်းစားမိဘူးလား?"
Bai Lou Yin မကြားချင်ယောင် ဆောင်နေတယ်။ သူက ဆက်ပြီး အေးစက်စက်နေရင်း အရွှဲ့တိုက်တယ်။ "ဒီမှာ ငါနဲ့အတူ ဒုက္ခခံနေမယ့်အစား မင်းရဲ့ဟိုဘက်နိုင်ငံသားကို အပူတပြင်းသွားရှာပါ့လား? လေထီးမပွင့်ရင်လည်း အနည်းဆုံးတော့ သူ့အလောင်းလေးရှာလို့ရတာပေါ့"
ဒီစကားတွေကြားတော့ Gu Hai တကယ်ပဲ မတ်တပ်,ထရပ်တယ်။ Bai Lou Yin ရဲ့ စူးရှတဲ့ မျက်လုံးတွေကို Gu Hai က တားဆီးလိုက်တယ်။ Gu Hai က Bai Lou Yin ပုခုံးတွေကို မြဲမြဲဆုပ်ကိုင်ပြီး မြေပြင်ပေါ်ကို တွန်းလှဲလိုက်တယ်။ ပြီးမှ သူ့လက်တွေကို Bai Lou Yin ခါးပေါ်တင်တော့ Bai Lou Yin တစ်ယောက် ရုန်းရင်းကန်ရင်း တတ်နိုင်သမျှ တားဖို့ကြိုးစားတယ်။
"အု အု အု...."
ရုတ်တရက် နာကျင်လွန်းလို့ အော်တဲ့အသံပေါ်လာတယ်။ Gu Hai ရဲ့လက်တွေ လှုပ်ရှားမှုရပ်သွားတယ်။
Bai Lou Yin ကြည့်ရတာ နာနေတဲ့ပုံပေါ်တယ်။
Gu Hai က စိတ်ရှုပ်တဲ့ပုံနဲ့ Bai Lou Yin ကို ကြည့်တယ်။ Bai Lou Yin နဖူးကို လက်ညှိုးနဲ့ ထိုးပြီး "ပြောထားမယ်နော်၊ ကိုယ့်ကို လာညာမနေနဲ့။ ကိုယ်,ဘာအားမှ မသုံးရသေးဘူး။ ဒါကို ဘာကိစ္စ ကိုယ်က သတ်နေတဲ့အတိုင်းအော်နေတာလဲ?"
"ဘယ်သူက ဟန်ဆောင်နေလို့လဲ?"
Bai Lou Yin က ခါးခါးသီးသီး Gu Hai ကို တွန်းလိုက်တယ်။ သူတစ်ဖက်လှည့်လိုက်တော့ သိသိသာသာကြီးကို သူ့အောက်ခံဘောင်းဘီမှာ ဆူးတွေနစ်ဝင်နေတာမှ အများကြီးပဲ။
Gu Hai ရယ်ချလိုက်တယ်။ "ကိုယ့်ကို စိတ်ဆိုးအောင် မလုပ်ပါနဲ့လို့ ကိုယ်ပြောထားသားပဲ။ ချစ်,မင်းစကားနားမထောင်လို့ ဒဏ်ပေးခံရတာဖြစ်မယ် ဟုတ်တယ်မလား?"
သူက Bai Lou Yin အောက်ခံဘောင်းဘီပေါ်က ဆူးတွေ နှုတ်ပေးဖို့ လက်တွေဆန့်တန်းလိုက်တယ်။
Bai Lou Yin ကသူ့ကို တွန်းဖယ်ပြီး "ဘေးဖယ် သွား၊ မင်းအကူအညီ မလိုဘူး"
"မင်း ဆူးတွေအားလုံးကို ဖာသာနှုတ်နိုင်မှာမဟုတ်ဘူး"
"ငါ့ဖာသာ အားလုံးမလုပ်နိုင်ရင်တောင် မင်းအကူအညီ မယူသေးဘူး"
Gu Hai  ထရပ်လိုက်ပြီး Bai Lou Yin ကို ဖက်ကာ..ဖင်လေးကို ပုတ်လိုက်တော့ Bai Lou Yin က မျက်စောင်းထိုးတယ်။ Gu Hai ဆက်မေးတယ်။ "ချစ်, မင်း ကိုယ့်ကို မလိုအပ်တော့ဘူးလား?"
နောက်ဆုံးမှာတော့ Bai Lou Yin ဟာ Gu Hai ရဲ့ ခြေထောက်တွေပေါ်လှဲလျောင်းလိုက်ရတော့တယ်။ Gu Hai က Bai Lou Yin ရဲ့ အောက်ခံဘောင်းဘီကနေ ဆူးတွေကို စိတ်ရှည်လက်ရှည် နှုတ်ပေးတယ်။ သူတို့ စကားစပြောကြပြီ။
"ဒါနဲ့.. ချစ်က ဘာလို့ ဒီလောက်စိတ်ဆိုးနေရတာလဲ?"
Bai Lou Yin ရဲ့ မျက်နှာတစ်ဝက်က ကောက်ရိုးတွေနဲ့ ဖုံးနေတယ်။ သူဖြေတယ်။
"အကြောင်းပြချက်မရှိဘူး"
"စိတ်ရှုပ်လို့လား?" Gu Hai မေးတယ်။
Bai Lou Yin အေးစက်စက် မြည်တွန်တောက်တီးတယ်။
"မင်းက ပိုစိတ်ရှုပ်မှာပေါ့။ ငါဖြင့် စိတ်ရှုပ်တယ်ဆိုတာတောင် မစဉ်းစားမိဘူး"
Gu Hai က Bai Lou Yin ဗိုက်ခေါက်ကို ဆွဲလိမ်တယ်။ Bai Lou Yin နာတာကို သည်းခံပြီးဘာမှမပြောဘူး။
အချိန်က တဖြည်းဖြည်းကုန်ဆုံးလာတယ်။ Bai Lou Yin က Gu Hai ရှိရာ ခေါင်းလှည့်ကြည့်တယ်။ အခြားသူတွေရဲ့ အမြင်ကို နည်းနည်းမှထည့်မတွက်ဘဲ...သူ့ဆီက ဆူးတွေကို စိတ်ရှည်ရှည် ဂရုတစိုက်နှုတ်ပေးနေတဲ့..Gu Hai ရဲ့ သိမ်မွေ့တဲ့မျက်ဝန်းတွေကိုကြည့်ပြီး သူ့ရင်ထဲက မျှော်လင့်ချက်မဲ့တဲ့ မရေရာမှုတွေလည်း လွင့်စင်ကုန်တယ်။ Bai Lou Yin ဟာ သူ့ကိုယ်တိုင်ရဲ့ သဘောထားသေးသိမ် မှုကို စပြီးရွှံရှာလာတယ်။ သူ,မသိတဲ့လူတစ်ယောက်နဲ့ ပတ်သက်ပြီး..Gu Hai ကိုဘာကြောင့်စိတ်ဆိုးမိ မှန်း သူလည်းသေချာမသိဘူး။
"ကို..မင်းသူ့ကို သွားမရှာတော့ဘူးပေါ့?" Bai Lou Yin မေးတယ်။
Gu Hai ပေါ့ပေါ့ပါးပါးပြန်တုံပြန်တယ်။ "ဘယ်သူ့ကိုလဲ?"
"မင်းနဲ့ ပါလာတဲ့ တစ်ယောက်!"
Gu Hai လှုပ်ရှားမှု ရပ်သွားတယ်။ "အော် မရှာပါဘူး။ သူက အကြမ်းခံပါတယ်။ သူအဆင်ပြေမှာပါ။ ကိုယ်တို့ Beijing ကို အန္တရာယ်ကင်းကင်းပြန်ရောက်တဲ့အထိစောင့်ပြီးမှ သူ့ကို ပြန်လာရှာမယ်လေ။ အဲ့လိုဆိုလည်း နောက်မကျသေးပါဘူး"
Bai Lou Yin အကြာကြီးနှုတ်ဆိတ်နေမိတယ်။ ပြီးမှ ဆက်မေးတယ်။
"ဟောင်ကောင်က Gu Yang ကုမ္ပဏီအခြေအနေ ဘယ်လောက်ဆိုးလဲ?"
"သူ့ကို ခဏလောက်တော့ အလုပ်ရှုပ်စေမှာပေါ့!"
Bai Lou Yin မျက်နှာတင်းသွားတယ်။ "သူ့ကို ရိုက်သတ်ခဲ့တာတော့ မဟုတ်ဘူး?"
"အဓိပ္ပါယ်မရှိတာ၊ သူက ကိုယ့်အစ်ကိုဥစ္စာ!"
Bai Lou Yin နှုတ်ခမ်းတွေကို မဲ့ရင်း "ပြောမယ်နော်..မင်းအစ်ကို မင်းကုမ္ပဏီအပေါ်လုပ်သွားတဲ့ ဆိုးဆိုးရွားရွားကိစ္စတွေက မင်း,သူ့ကုမ္ပဏီမှာလုပ်ခဲ့တာတွေထက် ပိုဆိုးတယ်။ သူသာ မင်းကို ခြိမ်းခြောက်ဖို့ မင်းကုမ္ပဏီက လျှို့ဝှက်စာရွက်စာတမ်းတွေကို အသုံးချမယ်ဆိုရင်..မင်းအကြီးကြီး နစ်နာသွားမယ်"
"အဆင်ပြေသွားမှာပါ။ အခုကိုယ့်မှာ ၀ှက်ဖဲရှိနေပြီပဲ" Gu Hai က ယုံကြည်ချက်အပြည့်နဲ့ပြောတယ်။ "ကိုယ့်မှာ သူ့လက်ရုံး Tong Zhe ကို ရထားပြီးပြီဆိုတော့..သူ့ကုမ္ပဏီတစ်ခုလုံးက လျှို့ဝှက်ချက်တွေအားလုံးကို ရလိုက်သလိုပဲ။ သူ ကိုယ့်ကို ခြိမ်းခြောက်ရဲမယ်ဆိုရင်..ကိုယ်လည်း သူ့ကို ခြိမ်းခြောက်နိုင်တာပဲ။ ဒါ့အပြင် ကိုယ့်အစ်ကိုမျက်လုံးထဲမှာ Tong Zhe က အရာရာထက်တန်ဖိုးရှိတယ်။ သူ,အလုပ်ထွက်လာတာဟာ သူ့ကို ဖျက်ဆီးလိုက်တာပဲ"
"မင်းပြောသလို သူတို့ဆက်ဆံရေးက ခိုင်မာတယ်ဆိုရင်..မင်းကဘယ်လိုလုပ်ပြီး သူ့ကို အပါ,ခေါ်လာနိုင်တာလဲ?" ဒီကိစ္စနဲ့ ပတ်သက်ပြီး Bai Lou Yin က အရမ်းသိချင်နေတယ်။
Gu Hai က ပေါ့ပါးစွာပြုံးလိုက်ပြီး "ဒါက လျှို့ဝှက်ချက်"
သူပြောပြီးတဲ့နောက်မှာ Bai Lou Yin ကို ဆွဲထူပြီး သူ့ကိုယ်ပေါ်က မြေကြီးတွေကိုခါချတယ်။
"ဆူးတွေရှိသေးလား စမ်းကြည့်ဦး"
Bai Lou Yin က မလှုပ်မရှက် နေရာမှာတင်ရပ်နေတယ်။ သူ့မျက်လုံးတွေက Gu Hai ကို စိုက်ကြည့်နေတယ်။ "ဘယ်လို လျှို့ဝှက်ချက်လဲ?"
Gu Hai က Bai Lou Yin လက်တွေကို ဆုပ်ကိုင်ပြီး "လာ..ကိုယ့်ပေါင်ပေါ် လာထိုင်၊ ဒါမှ ချစ်,ဖင်ပေါ် မဖိမိတော့မှာ"
"ဘယ်လိုလျှို့ဝှက်ချက်လဲ သိချင်တယ်လို့"
Gu Hai က ပြန်ဖြေဖို့စိတ်မပါဘူး။ "ကိုယ်တို့ ပြန်ရောက်တော့မှ အဲ့ဒီအကြောင်းပြောရအောင်။ ဒီကနေ ဘယ်လိုပြန်ထွက်ရမလဲဆိုတာပဲ ကိုယ်တို့ စဉ်းစားရမှာ"
အခြေအနေအရ ဒီအချိန်မှာ ပိုအရေးကြီးတဲ့ကိစ္စအပေါ် အာရုံပြောင်းထားပြီး..Bai Lou Yin ကို စကားလမ်းကြောင်းပြောင်းလိုက်လို့ အဆင်ပြေသွားတယ်။
"တကယ်လို့ ငါတို့သာ Beijing ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်နိုင်ရင်..ကိစ္စအားလုံးက ကိုင်တွယ်ဖို့ လွယ်ကူသွားပြီ...ငါစိတ်ပူတာက မင်းအစ်ကို တပ်မကို အရင်ပြန်ရောက်တာနဲ့ လေတပ်အကူအညီခေါ်ပြီး.. ငါတို့ကို ဒီအထိလာဖမ်းမှာကိုပဲ။ အဲ့လိုသာဆို ငါတို့ကြိုးစားထားတာတွေအားလုံး အလ ကား ဖြစ်ကုန်မယ်"
"သူ့မှာသာ တကယ်အစွမ်းရှိခဲ့ရင် ကိုယ်တို့နှစ်ယောက် နွံတောထဲ ရက်ပေါင်းများစွာပိတ်မိနေခဲ့စရာ အကြောင်းမရှိဘူး"
"ဒါပေမယ့် အစွမ်းရှိနေခဲ့ရင်ရော?"
"အဲ့လိုဖြစ်စရာ အကြောင်းမရှိဘူး" Gu Hai တိုင်တည်မိတယ် "ကိုယ်တို့ Hebei ပိုင်နက်ထဲတောင်ရောက်နေပြီ။ မနက်ဖြန်ကိုယ်တို့ ဘေဂျင်းကို ပြန်မရောက်ခင်..သူလုံးဝ ကိုယ်တို့ကို ရှာမတွေ့စေရဘူးလို့ အာမခံတယ်။"
သူတို့ စကားပြောပြီးခါစရှိသေးတယ်။ မဝေးတဲ့ တစ်နေရာကနေ "ဘုန်း" ဆိုတဲ့ အသံ အကျယ် ကြီးကြားရတယ်။ အဲ့ဒါက ကျယ်လောင်လွန်းလို့ သူတို့ ခြေထောက်အောက်ကမြေကြီးတောင် တုန်ခါသွားတယ်။
**ဘာဖြစ်တာလဲဟ**
Bai Lou Yin မျက်နှာထားပြောင်းသွားတယ်။ သူတို့နဲ့ သိပ်မဝေးတဲ့တစ်နေရာက မီးခိုးလုံးတွေ တက်လာတာ သူတွေ့လိုက်တယ်။ လေတပ်မှာ နှစ်တွေအများကြီးနေခဲ့တဲ့ အတွေ့အကြုံအရ..ဒါဟာ လေယာဉ်ပျက်ကျတဲ့ အပိုင်းအစတွေပဲ ဖြစ်ရမယ်။
"ဘာဖြစ်တာလဲ?" Gu Hai ထရပ်ပြီး အဝေးကို ကြည့်တယ်။ "ကိုယ်တို့ စီးခဲ့တဲ့ ပေါက်ကွဲသွားတဲ့ လေယာဉ်က အခုမှ ပျက်ကျလာတာတော့ မဟုတ်နိုင်ဘူးမလား?"
Bai Lou Yin ရင်နဲနဲ တုန်သွားပြီး..ချက်ချင်းပြန်ဖြေတယ်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"သူက အသံမာမာနဲ့ ပြောတယ်။
စစ်စိမ်းရောင်လေထီးတစ်စီးက သိပ်မဝေးတဲ့ နေရာမှာ ဆင်းသက်လာတယ်။
Bai Lou Yin စိတ်ယောက်ယက်ခက်သွားတယ်။ "မဟုတ်မှလွှဲရော..မင်းရဲ့ Tong Zhe ဆိုတာ မြေပြင်ရောက်ပြီထင်တယ်?"
"သူက စွန်(kite) လား? လေပေါ်ဒီလောက်တောင် အကြာကြီး ၀ဲနေရအောင်..."
နှစ်ယောက်သား အသံလာရာကို ဦးတည်ပြီး ဖြေးဖြေးသွားကြတယ်။ လမ်းတစ်ဝက်ရောက်မှ Bai Lou Yin ရဲ့ လမ်းလျှောက်နှုန်းက စိတ်ပျက်စွာရပ်တန့်သွားတယ်။
စိုးရိမ်ရတဲ့အရာက သင့်ဆီတကယ်ပဲ လာပါပြီ။
Gu Hai လန့်ဖျန့်သွားတယ်။ "ငါ့အစ်ကို ဘယ်လိုများ ခုန်ချခဲ့ရတာပါလိမ့်?"
Bai Lou Yin က လေယာဉ်အပျက်အစီးတွေနဲ့ သိပ်မကွာတဲ့ နေရာမှာ ရှိတယ်။ "သူ့ကို တစ်ယောက်ယောက် ပစ်ချလိုက်တာ!"
Gu Yang က မြေပြင်က ကုန်းထတယ်။ သူ့အင်္ကျီမှာ ပေနေတဲ့ မြေကြီးတွေကိုခါချပြီး သူ့ ဘေးပတ်ပတ်လည်ကို စတင်စူးစမ်းတယ်။ မကြာပါဘူး၊ သူ့မျက်လုံးတွေက မဝေးတဲ့နေရာက ရပ်နေတဲ့ လူနှစ်ယောက်ဆီကို ဦးတည်လာတယ်။ သွေးကန်ကြီး သူ့ရင်ထဲမှာ ပေါက်ပွားလာပြီး သူ့လည်ချောင်းကနေ ပန်းထွက်လာတော့မလိုပဲ။
**အကျင့်မကောင်းတဲ့ကောင်တွေ!! နောက်ဆုံးတော့ တိရစ္ဆာန်နှစ်ကောင်ကို ဖမ်းမိပြီပေါ့!!**
Gu Yang တစ်ယောက် သူတို့ဆီကို လူသတ်ချင်နေတဲ့အမူအရာနဲ့ ချဉ်းကပ်လာတာတွေ့တာနဲ့...Gu Hai ပထမဆုံးလုပ်တာက..ရန်သူကို ခေါင်းချင်းဆိုင်တွေတာ မဟုတ်ဘဲ..Bai Lou Yin ရဲ့ အောက်ခံ ဘောင်းဘီကို Gu Yang မတော်တဆ,မမြင်စေဖို့.. သူ့လက်တွေနဲ့ Bai Lou Yin ဘောင်းဘီတွေကို ဆွဲစေ့ထားမိတာပဲ။
Gu Yang က Gu Hai ရဲ့ ကော်လံကို ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်လိုက်ပြီး ဒေါသူပုန်ထကာအော်ငေါက်ပစ်တယ်။
"မင်းက တကယ့် ငါ့ရဲ့ညီလိမ္မာလေးပဲ!"
Gu Hai ကြည့်ရတာ တကယ်တည်ငြိမ်တယ်။ "ချီးကျူးတဲ့အတွက် ကျေးဇူးပဲ!!"
"မင်း ငါ့ဖိုင်က password ကို သိချင်လား?" Gu Yang က ချက်ချင်းပဲ လေသံပြောင်းသွားတယ်။
Gu Hai က အေးစက်စက်နဲ့ သူ့ကို အကဲခက်နေတယ်။
Gu Yang က သူ့နှုတ်ခမ်းတွေကို Gu Hai နားနားလေးကပ်သွားပြီး စကားလုံးတစ်လုံးချင်းဆီကို နား,နား ပြီး ပြောတယ်။ သူပြောတာက "ငါ- Bai Lou Yin - ကို - ချစ် - တယ်"
Gu Hai တစ်ကိုယ်လုံး ထိန့်လန့်မှုနဲ့ ပြည့်သွားတယ်။
ဟိုတစ်ဖက်ကနေ ဒါကို Bai Lou Yin ရှင်းရှင်းကြီး ကြားရတယ်။ သူက Gu Hai ကို မြန်မြန်ဆွဲခေါ်သွားပြီး သူ့ခန္ဓာကိုယ်ကို တင်းတင်းဖက်ထားရင်း..Gu Hai ခံစားချက်တွေ သက်သာသွားအောင် အဆက်မပြတ်ကြိုးစားနေတယ်။
"သူ့စကားတွေကို မယုံနဲ့နော်။ သူက ကို့ကို ဆွဖို့ ကြိုးစားနေတာ...ငါသူနဲ့ ဒဲ့သွားရှင်းမယ်"
Gu Hai ညီးတွားတယ်။ "ချစ်, မင်း..ဒီနေရာမှာပဲပြော"
"ဒီစကားတွေက ကို့မျက်စိရှေ့မှာ ပြောလို့မရဘူး" Bai Lou Yin စွဲစွဲမြဲမြဲပြောတယ်။
Gu Hai ချက်ချင်းပဲ စိတ်လွတ်သွားတယ်။
"ဘာစကားမို့လို့ ကိုယ့်မျက်စိရှေ့မှာ ပြောလို့မရတာလဲ?"
"ကို့ရှေ့မှာ ပြောလို့မရဘူးဆိုရင်.. ပြောလို့မရလို့ပဲ! ကို,မနာလိုဖြစ်လာရင်တောင် ကိုပဲ,အောင့်အီးသည်းခံနေ,နေရမယ်နော်!"  Bai Lou Yin တစ်ခါမှ ဒီလောက်အရှိန်နဲ့ မပေါက်ကွဲခဲ့ဖူးဘူး။
သူက Gu Yang ကို လက်မောင်းကကိုင်ပြီး အဝေးကိုဆွဲခေါ်သွားတယ်။
ဒီအမျိုးသားနှစ်ယောက် မီတာ ၅၀ လောက်လမ်းလျှောက်ပြီးမှ Bai Lou Yin က Gu Yang လက်မောင်းကို လွှတ်ပေးလိုက်တယ်။

Addicted? Book2 (Zawgyi)Where stories live. Discover now