CHAPTER 25 - အဆင့်ဆင့်ဖွင့်ပြောခိုင်းခြင်း Gu Hai က ဓါတ်လှေကားကနေ အမြန်ထွက်လိုက်ပြီး ကျယ်လောင်တဲ့ဖိနပ်သံတွေနဲ့ Bai Luo Yin ဆီကိုဦးတည်သွား လိုက်တယ်။
အထွက်ပေါက်နားလေးမှာ အခုချိန်လူအနည်းငယ်ရှိနေပြီး အားလုံး ရုတ်တရက် တန့်သွားကြတယ်။ ခဏလေးအတွင်းမှာပဲ လမ်းသလားနေ ကြတဲ့ အမျိုးသမီးဝန်ထမ်းတွေက မြန်မြန်ပဲ အရပ်မျက်နှာအသီးသီးဆီ ကို ထွက်သွားကြတယ်။
Bai Luo Yin က သူ့ကားရှေ့ခေါင်းကိုမှီပြီး ရပ်နေတုန်းပဲ။ သူ့ရဲ့ ချောမောလှတဲ့သဏ္ဍာန်က လစ်လျူရှုထားဖို့ မဖြစ်နိုင်ဘူး။
Gu Hai က Bai Luo Yin ရှေ့တည့်တည့်ရပ်လိုက်တော့ သူကိုလုံးဝ မျက်နှာချင်းဆိုင် သွားစေတယ်။
"ဒီမှာ ဘာလုပ်နေတာလဲ?" Gu Hai မေးတယ်။
Bai Luo Yin က သူ့လက်တွေကို Gu Hai ပုခုံးပေါ်တင်ပြီး
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး နားဖို့နဲ့ စီကရက်သောက်ဖို့ နေရာရှာနေတာ"
"မင်းက aတ်ာတော်လည်တာပဲ"Gu Hai က Bai Luo Yin ကို မဲ့ပြုံး ပြုံးပြတယ်။
"နေ့တိုင်းအနားယူဖို့ကို ဒီတစ်နေရာတည်းပဲ ရွေးရသလား?"
"ဒီနေရာက အမျိုးသမီးတွေများတယ်လေကွာ!" Bai Luo Yin က ဆေးလိပ်မီးညှိရင်းပြောတယ်။
Gu Hai က Bai Luo Yin နှုတ်ခမ်းက ဆေးလိပ်ကို ဆွဲယူပြီး သူ့ နှုတ်ခမ်းမှာပြောင်းတပ်လိုက်တယ်။ နှစ်ယောက်သား ကားရှေ့ ခေါင်းကို မှီပြီး ရပ်နေကြတယ်။ Gu Hai က သူ့ရုံးအဆောက်အဦး ကို မှုန်သုန်သုန် နဲ့ စိုက်ကြည့်နေတယ်။
"ဒီကိုနောက်တစ်ခါ မလာနဲ့"Gu Hai သတိပေးတယ်။
Bai Luo Yin က စိတ်မပါတပါပြန်ပြောတယ် "ဒီနေရာက ပြည်သူ့ပိုင်နေရာ၊ ငါဘာလို့ လာလို့မရရမှာလဲ? ပြီးတော့ ဒီကို လာတာ မင်းကိုလာရှာတာလည်းမဟုတ်ဘူး၊ ငါလည်းလူလွတ်ပဲ ဒီလိုအခွင့်ရေးရှိ တဲ့နေရာမှာ ငါအတွဲရှာဖို့ကြိုးစားရုံလေးပဲဟာ"
Gu Hai က လေအေးမှုန်လေးတွေပါတဲ့ စီးကရက်မီးခိုးငွေ့ကို မှုတ်ထုတ် လိုက်တယ်။
**အတွဲရှာဖို့ဟုတ်လား? ငါတစ်ယောက်လုံးရှိနေတာ မင်းကဘာရှာဦး မှာလဲ?**
"လာရှုပ်မနေနဲ့ ငါ့ကုမ္ပဏီမှာမင်းနဲ့လိုက်တဲ့ ဘယ်မိန်းမမှမရှိဘူး။ ပြောစရာတောင်မလိုဘူး၊ ဒီလို အဆင့်မြင့်တဲ့ မိန်းမတွေက မင်းလို ကလေးအထာတွေကို ကစားချင်နေတာ"
ခဏလောက်ရူးကြောင်ကြောင်စကားတွေပြောနေပေမယ့် Bai Luo Yin က ဘာဆိုဘာမှ မတုံပြန်ဘူး။ Gu Hai လှည့်ကြည့်လိုက်တော့ ဘေးက လူက ဘယ်ကဆွဲထုတ်လိုက်မှန်းမသိတဲ့ နာမည်ကဒ်အထပ်လိုက်ကြီး ကို ထုတ်ထားတယ်။ မြန်မြန်ကြည့်လိုက်တော့ အဲ့ဒါတွေက ငါးဆယ် လောက်ရှိတယ်။ Bai Luo Yin က ဇနီးလောင်းရွေးနေသလိုမျိုး တစ်ကဒ်ပြီးတစ်ကဒ် လှန်ကြည့်နေတယ်။ သူ့မျက်နှာက ပြုံးလို့ ပျော်လို့။
Gu Hai က နာမည်ကဒ်အထပ်လိုက်ကို ဘာမှမပြောဘဲ ဆွဲယူပြီး သူ့ အိတ်ကဒ်ထဲကို ထည့်လိုက်တယ်။
Bai Luo Yin က မှင်သေသေပြုံးရင်း
"MD Gu, ဘာလို့ဒီလိုသဘောထား သေးသိမ်ရတာလဲ? ဒီကဒ် တွေ မင်းတို့ ကုမ္ပဏီမှာလည်း ရှိသားပဲ ဘာလို့ငါ့ဟာတွေ ယူရတာလဲ?"
"ငါက ဒါတွေခဏငှားတာ။ ငါ့ကုမ္ပဏီဝန်ထမ်း ဘယ်လောက် များများ ဒီလောက်အောက်တန်းကျနေသလဲလို့ သိရအောင်လို့"
Bai Luo Yin က စိတ်မဆိုးဘူး။ စီးကရက်အစီခံကိုခေါက်ရင်း ပဟေဠိ ဆန်ဆန်နဲ့ ပြောတယ်။
"အာ ဒီဆေးလိပ်ရဲ့အနံက နဲနဲချဉ်နေတယ်လို့ မင်းမထင်ဘူး လား?" (Gu Hai သ၀န်တိုနေတကို ဆိုလိုတာပါ)
Gu Hai က Bai Luo Yin ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ အမူအရာက ပိုပိုပြီးကျေနပ်လာသလိုပဲ။
Bai Luo Yin က သူ့ကားတံခါးကိုပုတ်လိုက်ပြီး
"ကောင်းပြီ MD Gu, နောက်ကျနေပြီ ငါလည်းညစာသွားစားတော့ မယ်"
Gu Hai က ညစ်ကျယ်ကျယ်တွေးတယ်။
**မင်း အိမ်ကိုလိုက်ရဲလိုက်ကြည့် လုံးဝပြန်မလွှတ်တော့ဘူး**
မမျှော်လင့်ပေမယ့် နောက်ဆုံးမှာ Bai Luo Yin က ကားပေါ်က ဆင်းပြီး ကုမ္ပဏီနဲ့ မျက်နှာချင်းဆိုင်က စားသောက်ဆိုင်ဆီကို လမ်းလျှောက်သွား တယ်။ Gu Hai က သူ့နောက်ကနေရင်းမေး တယ်။
"အဲ့ဒီကို ဘာလို့သွားမှာလဲ?"
"ဒီမှာပဲ ညစာစားစို့လေ" Bai Luo Yin ရဲ့ခြေလှမ်းတွေက စားသောက်ဆိုင်အပေါက်ဝမှာတင် ရပ်သွားတယ်။
Gu Hai က စိတ်တိုတိုနဲ့ သူ့ကိုသတိပေးတယ်။
"ဒီစားသောက်ဆိုင်မှာ မင်းကြိုက်တဲ့ဟင်းတွေ မရှိဘူး"
Bai Luo Yin က သူ့ခေါင်းကို Gu Hai ဘက်လှည့်ပြီး အပြုံးတစ်ခု ကို ဖွက်ထားရင်း
"မင်းအိမ်မှာက ငါကြိုက်တဲ့အစားအစာတွေရှိပေမယ့် အမြဲတမ်း စားလို့မှ မဖြစ်တာ။ သူများကျွေးတာစားရင် ငါမှာ သူများကို မေးနေရသေးတယ်။ ကြည့်ပါလား၊ ငါအရင်ရက်တွေက မင်းကျွေး တာလေး စားမိတာနဲ့ အခုဆို မင်းကုမ္ပဏီရှေ့ ကားရပ်တာလေးကို မင်းမျက်နှာကြည့်နေရပြီ လေ"
သူက ပြောပြီးတာနဲ့ ဆိုင်ထဲဝင်သွားတယ်။
Gu Hai ကအံ့ကြိတ်ပြီး **Bai Luo Yin မင်းမှာငါ့ကို ဒေါသ ထွက်အောင် လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိနေသေးတာပဲ**
သို့သော်လည်း သူဟာ Bai Luo Yin နဲ့အတူ စားသောက်ဆိုင်ထဲ လိုက်ဝင်သွားတယ်။
Bai Luo Yin က ဟင်းတွေမှာနေတုန်း Gu Hai က ပေါက်ချလာ တော့ သူကမေးလိုက်တယ်။
"MD Gu, မင်းက တကယ့်စားဖိုမှူးကြီးပဲ၊ ဘာလို့ဒီလိုစားသောက် ဆိုင် လေးကို လာရသလဲ?"
Gu Hai ကတစ်ခွန်းပဲပြန်ဖြေတယ်။
"ပျင်းလို့"
Bai Luo Yin ကအော်တယ်။
"စားပွဲထိုးရေ တူအပိုတစ်စုံယူခဲ့ပါဟေ့"
ဒါပေမဲ့ Gu Hai က Bai Luo Yin နဲ့စားပွဲတစ်လုံးတည်းမထိုင်ဘဲ ဘေး ကစားပွဲမှာ သွားထိုင်တယ်။
Bai Luo Yin ကျိတ်ဆဲတယ်။
**Gu Hai! အေးပြီးတာပဲ မင်းငါ့ကိုဒီလိုပဲဆန့်ကျင်ဘက် လုပ်နေမယ်ပေါ့? ငါကနှစ်ရက်အတွင်း တပ်ထဲပြန်တော့မှာ၊ မင်းကို စိတ်ရှုပ်အောင် လုပ်မယ့်သူ ရှာရင်တောင် တွေ့မှာမဟုတ် တော့ဘူး**
စားပွဲထိုးက တူအပိုတစ်စုံလာချတယ်။
"စားနော်.. ဒီဟင်းတွေမဆိုးဘူး"
ရုတ်တရက်ကြီး Bai Luo Yin ရဲ့အသံကဘေးကထွက်လာတယ်။ Gu Haiက တူတွေကို ဆက်ကနဲ့ ချလိုက်ပီး အသံလာရာကို မျက်လုံး ဝေ့ကြည့်လိုက်တယ်။
နောက်တော့ Gu Hai က Bai Luo Yin ကိုကြည့်ရင်းအံ့သြသွား တယ်လို့ပဲပြောရင်တောင် မလုံလောက်နိုင်ဘူး။
Bai Luo Yin ကဟင်းစားနေပြီး သူ့ရဲ့ဝိုင်းမှာ ဘယ်သူမှ မရှိဘူး။ ဒါတောင် သူက ထမင်းပန်းကန်အလွတ်ထဲကို ဟင်းတွေထည့် ပေးနေပြီး သူ့ရှေ့မှာ လူတစ်ယောက်ရှိနေသလိုမျိုး စကားတွေပြောနေ တယ်။ သွက်သွက်ခါအောင်ရူးနေတဲ့ လူနာလို မျိုးပဲ။
"ဒီမှာလေ၊ ကိုယ်ဒီငါးအရိုးတွေနွှင်ပြီးပြီ။ ကိုယ့်အတွက်ပဲ အမြဲလုပ်ပေးခဲ့ရတယ်မလား? အခုတော့ ကိုယ်လုပ်ပေးမယ် နော်? အရသာရှိလား? တကယ်အရသာရှိတယ်မဟုတ်လား? ကဲ..ကြည့် မေးစေ့မှာ ပေကုန်ပြီ။ နေနေ ကိုယ်သုတ်ပေးမယ်....."
ဘေးကနေ ကြက်သီးထလာတယ်။ စားနေကျဖောက်သည် နှစ်ယောက်က အမြန်လစ်သွားကြပြီ။ အဲ့လူတွေက Bai Luo Yin ကို ကိုယ်ချင်းစာ တဲ့အကြည့်နဲ့ကြည့်ကြတယ်။
"အော်... ငယ်ငယ်ချောချောလေးကို စိတ်ရောဂါဘယ်ကရလာ သလဲ သိချင်လိုက်တာ"
"အေးလေ စိတ်ထိခိုက်စရာများ ရှိလို့လားမသိ"
"တစ်ယောက်ယောက်သေသွားလို့ဖြစ်မယ်"
အဲ့လိုကြားလိုက်တော့ Gu Hai အခုတင်စားလိုက်တဲ့ ထမင်းတွေ လည်ချောင်းထဲတစ်သွားတယ်။ သူ့ရင်ထဲ ဒေါသတွေထွက်ပြီး စားချင် စိတ်မရှိတော့ဘူး။
ရုတ်တရက် Bai Luo Yin က သူ့ရဲ့စိတ်ကူးစကားဝိုင်းကို ဆက်ပြော တယ်။
"Gu Hai ရေ၊ ကိုယ်ပေးတဲ့ဟင်းတွေ အရသာရှိရဲ့လားလို့?"
Gu Hai က လန့်သွားပြီး မှုန်သုန်သုန်မျက်နှာက တောက်ပလာ တယ်။
**Bai Luo Yin, ကောင်စုတ်လေး ငါမသေသေးဘူးဟေ့**
ဘယ်လိုမှသည်းမခံနိုင်တော့တာနဲ့ Gu Hai က Bai Luo Yin ကို စားသောက်ဆိုင်ကနေဆွဲခေါ်လာပြီးသူ့ကားပေါ်ခေါ်လာခဲ့တယ်။ Bai Luo Yin ကလည်းမငြင်းဘူး။
Gu Hai ဟာ Bai Luo Yin ကိုသူ့ကားရဲ့နောက်ခန်းထဲ ကို တွန်းထည့်လိုက်ပြီး ကလိထိုးတယ်။
Bai Luo Yin က လူးလွန့်ပြီးတောင်းပန်တယ်။
"ရပ်လိုက်တော့၊ ရပ်လိုက်တော့၊ ငါအန်မိတော့မယ်"
Gu Hai က နောက်ဆုံးတော့ Bai Luo Yin ကိုလွှတ်ပေးလိုက် တယ်။ Bai Luo Yin မတ်မတ်ထိုင်လိုက်တယ်။ သူအသက်ရှုတာ မှန်သွားပြီဆိုမှ သူ့ကိုအစိမ်းလိုက်ဝါးတော့မယ့် မျက်လုံးတွေနဲ့ စိုက်ကြည့်နေတဲ့ Gu Hai ဘက်ကို လှည့်ကြည့်လိုက်တယ်။
Bai Luo Yin မနေနိုင်တော့လို့ ထပ်ရယ်ပြန်တယ်။
Gu Hai က သူ့လက်ကြီးတွေနဲ့ Bai Luo Yin ရဲ့ ပါးနှစ်ဖက်ကို ကိုင်ပြီး သူ့ပါးစပ်ကို ဘဲနှုတ်ခမ်းလိုဖြစ်အောင် ညှစ်ပစ်လိုက်တယ်။ Bai Luo Yin က ရယ်နေတုန်းပဲ။ သူနှုတ်ခမ်းတွေက အရှေ့ကို ဆူထွက်နေပြီး ပါးတွေက ညှစ်ထားလို့ အတွန့်အရာတွေနဲ့။ သူက တစ်မျိုးရယ်စရာ ဖြစ်နေတယ်။
Gu Hai ရဲ့နှုတ်ခမ်းတွေက နီးကပ်လာတယ် ခံစားရလို့ Bai Luo Yin က သူ့ခေါင်းကို တစ်ဖက်လှည့်လိုက်တော့ Gu Hai နှုတ်ခမ်း တွေက သူ့နားကိုပဲ နမ်းမိသွားတယ်။ ဖြစ်လာတဲ့ အာရုံလှုံ့ဆော်မှု က Bai Luo Yin ကို အနည်းငယ် တုန်ရီစေတယ်။ သူရုန်းဖို့ ကြိုးစားပေမယ့် Gu Hai ရဲ့ခြေထောက်က သူ့ပေါင်ပေါ်မှာ မြဲမြဲ ဖိထားလို့ သူမလှုပ်နိုင်ဘူး။
ပြီးတော့ ဘာစကားမှ မပြောကြဘဲ အကြာကြီး နမ်းနေမိကြတယ်။
နှုတ်ခမ်းသားတွေနဲ့ သွားတွေက တစ်သားတည်းဖြစ်သွားပြီး၊ ကြီးမားတဲ့ လှိုင်းလုံးဟာသူတို့ခန္ဓာကိုယ်တွေတစ်လျှောက် ပုတ်ခတ်နေတယ်။
မျက်လုံးတွေကို အနည်းငယ်ဖွင့်ထားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ညှို့ညှို့ငင်ငင် ကြည့်နေကြတယ်။ ဖြတ်သွားတဲ့ လမ်းပေါ်က ကားမီးရောင်က တစ်ခါတစ်ခါ လက်သွားတယ်။ သူတို့ရဲ့ နူညံ့တဲ့လျှာတွေဟာ လှလှပပရစ်ပတ်နေကြပြီး နှုတ်ခမ်း သားတွေကို စုပ်နမ်းနေတယ်။ ရမ္မက်နဲ့ ရစ်မူးခြင်းက သူတို့ ကိုယ်ထဲမှာ ဖြတ်စီးနေကြလို့ ဒီအချိန်မှာ ဘာအနှောက်အယှက်မှ မလိုချင်ဘူး။
Bai Luo Yin က မျက်ခုံးကို အနည်းငယ်ပင့်ရင်း
"နှမ်းဆီအရသာ နှုတ်ခမ်းလေး!"
Gu Hai က Bai Luo Yin ရဲ့နှုတ်ခမ်းတွေကို လျှာနဲ့လျက် လိုက်ပြီး သူ့နှုတ်ခမ်းသူ ညစ်ကျယ်ကျယ်ပုံစံနဲ့ လျှာနဲ့သပ်လိုက် သေးတယ်။
"ချစ်က ပုစွန်အရသာ နှုတ်ခမ်းလေး!"
အဲ့ဒီအရသာနှစ်ခုပေါင်းသွားကြပြန်တယ်။ ဒါကသွေးပူရုံလောက်ပဲရှိသေးတယ်။ Gu Hai ရဲ့ စိတ် အခြေအနေက ပွင့်ထွက်တော့မယ့် point ကိုရောက်သွားပြီး သူဟာဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ သူ့ရဲ့လျှာက Bai Luo Yin ရဲ့လည်ချောင်းထဲ တောင် ၀င်တော့မယ်။ Bai Luo Yin ကလည်း Gu Hai ရဲ့လျှာကို မြတ်မြတ်နိုးနိုးလက်ခံပြီး အကြင်နာ တွေပေးနေကြလို့ သူ့နှုတ်ခမ်းက ကွဲစပြုလာပြီ။ နှစ်ယောက်သား အသက်ရှုနှုန်းတွေလည်း မြန်သည် ထက်မြန်လာတယ်။ Gu Hai က သူ့လက်ကို Bai Luo Yin ရဲ့အင်္ကျီထဲ ထည့်လိုက်တယ်။ Bai Luo Yin က လေအေးတစ်စုဝင်လာတာခံစားရပြီး ရုတ်တရက် လက်နွေးနွေးလေးကို ထိတွေ့မိတယ်။
Bai Luo Yin က Gu Hai လက်တွေကို လှမ်းဆွဲလိုက်ပြီး သူ့မျက်လုံး တွေက Gu Hai ကို သရော်နေတယ်။
"MD Gu, မင်းရဲ့ကြမ်းတမ်းတဲ့စရိုက်ကို ဒီနေရာမှာတော့ မဖော်လိုက်နဲ့"
Gu Hai က အဲ့ကြိတ်လိုက်ပြီး
"MD Gu, ဟုတ်လား? ကိုယ့်ကို MD Gu လို့ ချစ်ကခေါ်စရာလား? အဲ့လျှာကို ကိုက်ဖြတ်ပစ်လိုက်မယ်"
"ဒီက ကိုလူဆိုးက ဘယ်ကလဲ?" Bai Luo Yin က Gu Hai ရဲ့အရင်ပုံစံအတိုင်း အတုခိုးပြီး ပြောလိုက်တယ်။
Gu Hai က Bai Luo Yin ရဲ့ခါးကိုညှစ်လိုက်ပြီး
"ချစ် ဆိုးတယ်ကွာ!"
နှစ်ယောက်သား ခဏလောက်ထပ်နမ်းနေကြပြီးမှ ကားထဲမှာ သူတို့ချစ်ဖို့နေရာ လောက်လောက်ငှငှမရှိဘူး။Gu Hai က Bai Luo Yin ရဲ့ပုခုံးပေါ်ကို မေးတင်ထားလိုက်တော့ သူ့ရဲ့ဝင်သက် ထွက်သက်နွေးနွေး လေးက Bai Luo Yin ရဲ့နားကိုလာထိတယ်။
"ကိုယ်နဲ့အိမ်လိုက်ခဲ့နော်"Gu Hai တောင်းပန်တယ်။
Bai Luo Yin က သူ့ရဲ့ကိုယ်ကျင့်စည်းကမ်းတွေကို ထိန်းသိမ်းဖို့ ကြိုးစားရင်း ခပ်တင်းတင်း ပြန်ပြောတယ်။
"လိုက်ဘူး!"
Gu Hai က Bai Luo Yin ရဲ့နားနားကို တိုးသွားပြီး ကြားရရုံမျှ နုနုညံ့ညံ့လေးပြောတယ်။
"ဘာလို့လဲ? ပြီးခဲ့တဲ့နှစ်ရက်ကတော့ ချစ်ကိုယ့်နောက် လိုက်လာပြီးတော့၊ ဒီနေ့ကိုယ်က အရင်မေးတော့မှ ဘာလို့ မျက်နှာသာ မပေးတော့တာလဲ လို့?"
Bai Luo Yin က စွဲစွဲမြဲမြဲပြောတယ်။
"စစ်အရာရှိဆိုတာ ကိုယ်ကျင့်တရားထိန်းရမယ်လေ"
"ကိုယ်က ကိုယ့်ခန္ဓာကို ချစ်ဆီယုံပြီး ပုံအပ်မယ်ဆိုရင်တောင် မလိုက်ဘူးပေါ့ ဟင်?" Gu Hai က ဆက်ပြီးဖြားယောင်းတယ်။
Bai Luo Yin ငြိမ်သွားပြီးမှ ပြန်ဖြေတယ်။
"မလိုက်ဘူး"
Gu Hai က ရင်ထဲမှာနာကျင်နေပြီ။ အံကိုကြိတ်ပြီး စိတ်ထဲကနေလည်း ခြေထောက်ဆောင့်ချင်လာပြီ။ နောက်ဆုံးတော့ Gu Hai က အလျှော့ပေးပြီး စကားစုတစ်ခုကို ပြောချလိုက်တယ်။
"ချစ်, ချစ်တယ်လို့"
Bai Luo Yin က မျက်နှာကို တည်လိုက်ပြီး လည်ချောင်း ရှင်းလိုက်တယ်။
"ဒါဆိုသွားကြစို့။ ဒါပေမဲ့ ရေသောက်ဖို့နော်"
Gu Hai ကရင်ထဲမှာ ကျိတ်ရယ်နေတယ်။
**ဆက်ဆံရေးမှာ ဒီလိုနည်းနည်းလျှော့ပေးလိုက်မယ် ကိစ္စမရှိ ဘူး။ အိပ်ယာပေါ်ရောက်မှ ငါရှုံးထားသမျှ ပြန်ယူပစ်မယ်**End of Chapter 25