Chapter 203: သခင်လို့ခေါ်
ထိုက်ဝူဓားမှ မိန်လိ ထွက်လာသည်။ သူက အရင်ဇူအန်အဝတ်များ ဝတ်ထားသော်ငြား ဝိညာဉ်ဘဝရောက်သော် နဂိုဧကရီဝတ်ရုံ ပြန်ဖြစ်သွားသည်။
ဝိညာဉ်ဘဝရောက်တာတောင် ဘာလို့ အဝတ်အစားဝတ်ထားရတာလဲ။ ဘယ်သူ့ကို ကာကွယ်ဖို့လဲ။ဇူအန်အကြည့်ကြောင့် မိန်လိ သဘောမကျဖြစ်သွားသည်။ အေးစက်စက်ကြည့်၍
"ငါ့ကို ဒီလိုဖြစ်စေတာ မင်းလေ။ ငါ့ဝိညာဉ်ကိုပြန်ကုဖို့ ရှေးဟောင်းကီလေး နည်းနည်းယူတာ ဘာဖြစ်လဲ။ အခု ငါတို့က ချည်နှောင်ထားတာ။ ငါ့ဝိညာဉ်ကျန်းမာနေတာ နင်ဝမ်းသာသင့်တာ""ဟုတ် ဟုတ် ဟုတ်..အစ်မတော် နှစ်သောင်းချီအသက်ရှင်ဖို့ ကျုပ်က ပိုမျှော်လင့်တာပေါ့။ ထာဝရအသက်ရှင်ရင် ပိုတောင်ကောင်းဦးမယ်" ဇူအန် ဖားလိုက်သည်။
"ဟေး ရှေးခေတ်တည်းက ကျင့်ကြံသူတိုင်း ဘယ်လောက်အင်အားကြီးကြီး နောက်ဆုံး ကျဆုံးတာကို မရှောင်နိုင်ဘူး။ မသေမျိုးဆိုတာ အလှမ်းဝေးကွာလွန်းတယ်" မိန်လိ ပြောလိုက်သည်။ ဇူအန်ကို အကြည့်စူးစူးကြည့်လိုက်ပြီး ပြောသည်။
"ပြီးတော့ မင်းက အသက်တိုမယ့်မျက်နှာမျိုး။ ငါတစ်ယောက်တည်း အသက်ရှည်တော့ရော ဘာထူးမှာလဲ""ခဏနေပါဦး ကျုပ်က အသက်တိုမယ့်မျက်နှာမျိုး ဆိုတာ ဘာသဘောလဲ" ဇူအန် ဒေါသတကြီး ပြန်ငြင်းသည်။
" မင်းရဲ့ အဲ့ပါးစပ်က သူများတွေကို စိတ်ဆွနိုင်လွန်းတယ်။ သက်တမ်းတစ်လျှောက် ရန်သူအများကြီးရှိနိုင်လို့ မင်းက အသက်တိုမှာ သေချာတယ်" မိန်လိ ပြန်ဖြေသည်။
"ကျင့်ကြံသူတစ်ယောက်အနေနဲ့ ရန်သူ့ရှေ့မှာ ကြောက်နေလို့ရမလား။ ကျုပ်အမြင်တော့ ရန်သူဆိုတာ ကျုပ်ကို ခြိမ်းခြောက်တဲ့လူမဟုတ်ဘဲ ကျုပ်ကို အမြင့်ရောက်အောင် ထမ်းပိုးပေးမယ့် ကျောက်တုံးတွေပဲ"ဇူအန် ပြောလိုက်သည်။
မိန်လိ အံ့သြသွားသည်။
"မင်းကိုငါ လျော့တွက်လိုက်မိတာပဲ။ ဒီလိုစကားတွေ မင်းဆီက ကြားရမယ်လို့ မထင်ထားဘူး".ချူချူယန်လည်း ဇူအန်ကို တအံ့တသြ ကြည့်လာသည်။
ထိုစဉ် ရှောင်းရွှယ်ယင်ကတော့ ကျင့်သားရနေပြီ။ စည်းထဲတွင် အတူတကွ တိုက်ခိုက်လာ၍ ဇူအန်မှာ သူအရင်က အထင်သေးခဲ့သော ချူအိမ်၏ ဆန်ကုန်မြေလေး သားမက်မဟုတ်တော့ကြောင်း သိပြီးဖြစ်သည်။