Chapter 237: အထက်တန်းစား အပျော်မယ်
ဆန်းရှန် ရင်ထိတ်သွားသည်။
"အဖေ ဘယ်လိုလုပ် သိလဲ""ကိစ္စတစ်ခုကို လုံးဝမသိစေချင်ရင် သိသမျှလူတိုင်းကို နှုတ်ပိတ်နိုင်မှ ရမယ်" ဆန်းဟုန် အေးစက်စက် ပြောလိုက်သည်။
"ပျားရည်ထောင်ချောက်တဲ့။ မင်းလိုလူပဲ ဒီလိုအရာမျိုး စဉ်းစားမှာ"ဆန်းရှန် အရှက်ရ၍ နီရဲသွားသည်။
"ကျွန်တော်က မက်မွန်ပွင့်ဂိုဏ်းရဲ့ စီးပွားရေးကို လက်လွှဲယူဖို့ လုပ်နေတာပါ။ ကျုပ်တို့မှာလည် ကိုယ်ပိုင် လောင်းကစား..""တော်ပြီ။ ငါဒီလိုအကြောင်းတွေကို မသိချင်ဘူး" ဆန်းဟုန် စိတ်မရှည်ဟန် ဖြတ်ပြောလိုက်သည်။
"အာ.." ဆန်းရှန် စိတ်ထဲက အဆက်မပြတ် ကျိန်ဆဲလိုက်မိသည်။
အဖေကတော့ မြင့်မြတ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တာပေါ့။ စည်းစိမ်ဥစ္စာလည်း မမက်မောဘူး။ ဒါပေမဲ့ တော်ဝင်လွှတ်တော်မှာ ရာထူးတက်ဖို့ စည်းစိမ်အများကြီးလိုအပ်တယ်။ ဘယ်လိုလုပ် အရာရှိလစာတစ်ခုတည်းက လုံလောက်မလဲ။ထိုသို့တွေးသော်လည်း ဆန်းရှန်ဖြေရှင်းချက်ထုတ်လိုက်သေးသည်။
"ရည်မှန်းချက်ကြီးတဲ့လူတွေက ကိစ္စသေးသေးလေးတွေကို စိတ်ထဲမထားဘူး။ ပြီးတော့ ရမ္မက်နဲ့ ဆွဲဆောင်တာ ဘယ်လောက်အသုံးဝင်လဲ သမိုင်းမှာ အကြိမ်များစွာ သက်သေရှိပြီးသား"ဆန်းဟုန် သူ့သားကို မျက်စောင်းထိုးလိုက်သည်။
"မင်းတကယ် တုံးတာလား။ တစ်ခြားလူတွေက သေချာပျိုးထောင်ထားတဲ့ မိန်းမသူလျှိုတွေကို သုံးတာလေ။ ဘယ်သူက သူတို့ကိုယ်ပိုင် သတို့သမီးလောင်းကို သုံးလို့လဲ"ဆန်းရှန် အသာရယ်လိုက်သည်။
"ဒီလောက်အချိန်တိုအတွင် သင့်တော်တဲ့လူကို ရှာမတွေ့လို့ပါ။ အဲ့တာကြောင့် ကျန်းတန်ကို စမ်းခိုင်းလိုက်တာ။ စိတ်မပူပါနဲ့ ။ သူက တင့်တယ်ပြီး သိက္ခာကြီးတယ် ။ ပြီးတော့ အတော်လေးလည်း ဉာဏ်ကောင်းတယ်။ သူက ဇူအန်သူ့ကို အသားယူတာခံမှာ မဟုတ်ပါဘူး"ဆန်းဟုန် အေးစက်စက်ပြောလိုက်သည်။
"မင်းဘယ်နားက ယုံကြည်မှုတွေ ရလာလဲ ငါမသိဘူး။ ဒါက မီးနဲ့ ကစားနေတာပဲ။ တစ်ချက်လေးမှားတာနဲ့ မင်းမိန်းမကိုပါ ပေးလိုက်ရမယ်"