Chapter 304: ကျားဂူထဲ ဝင်ခြင်း
ဇူအန်နှာခေါင်းထဲ ရင်းနှီးသောအနံ့တစ်ခုဝင်လာသည်။ ထိုအချိန်တွင် ဇူအန် ကိုယ်ကျိုးနည်းပြီဖြစ်ကြောင်း နားလည်သွားသည်။ရနံ့မှတဆင့် ဇူအန်သူမကို မှတ်မိနိုင်မှတော့ မက်မွန်ပွင့်ဂိုဏ်းသားဝတ်စုံတစ်ခုသာ ဝတ်ပြီး ရုပ်ဖျက်ထားသော ဇူအန်ကို သူမလည်း မှတ်မိနိုင်မှာ အသေအချာ ပင်။
သို့သော် သူက တစ်ချက်နှေးသွားရုံသာ။ ဇူအန် အကြောများကို တစ်ဖက်လူက ပိတ်ပြီးသွား၍ တစ်ချက်မှ မလှုပ်နိုင်တော့ပေ။မက်မွန်ပွင့် ၄က ထိတ်လန့်သွားပြီး အမြန် ထရပ်လိုက်မိသည်။
"ဂိုဏ်းခေါင်းဆောင် ဘာလုပ်နေတာလဲ" မေးမြန်းလိုက်သည်။ထိုမိန်းမငယ်က နှာမှုတ်၍ လက်ချောင်းတစ်ချက်လှုပ်ရှားလိုက်သည်။ လက်သည်းရှည်များက သူ့နဖူးကို ထိုးဖောက်ပစ်လိုက်လေသည်။
မက်မွန်ပွင့် ၄ တစ်ကိုယ်လုံး တုန်ရင်ကာ မျက်နှာမှ အံ့အားသင့်နေသော အမူအရာဖြင့် စားပွဲပေါ်ကို ပျော့ခွေကျသွားသည်။ထိုအရာကိုမြင်သော် မက်မွန်ပွင့် ဂိုဏ်းသားများ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ထွက်ပြေးရန်ပြင်ကြသည်။
ဘာဖြစ်သွားမှန်း သူတို့နားမလည်သော်လည်း တစ်ဖက်လူက စတင်တိုက်ခိုက်လာသောကြောင့် တစ်ခုခု လွဲချော်သွားမှန်း သိလိုက်သည်။
မက်မွန်ပွင့် ၄သာ အသတ်မခံရသေးလျှင် သတ္တိရှိရှိ ပြန်တိုက်နိုင်သေးသည်။
သို့သော် မက်မွန်ပွင့် ၄က တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ အခန်းထဲမှ ပထမဆုံးထွက်နိုင်ရန်သာ ကြိုးစားနေမိကြသည်။သူတို့က ဝေလဂိုဏ်းခေါင်းဆောင်နှင့် ယှဉ်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။ သို့သော် သူတို့အပေါင်းအပါများထက်သာ မြန်နိုင်လျှင် ဝေလဂိုဏ်းချုပ် အခြားသူများကို ရှင်းနေစဉ် အသက်ရှန်ရန် အခွင့်အရေးတစ်စွန်းတစ်စ ရနိုင်မည်ဟု ထင်နေကြခြင်းဖြစ်သည်။
ကံမကောင်းစွာ မိန်းမငယ်က လက်တစ်ဖက်လှုပ်ရှားလိုက်သည်။ ယခင် ရေနွေးငှဲ့စဉ်က စားပွဲပေါ်သို့ လျှံကျသွားသော ရေများသည် အားတစ်ခုခုက ထိန်းချုပ်ထားသလို ရေစက်များစွာ ဖြစ်ထွန်းလာသည်။
သူမလက်တစ်ဖက် ခါလိုက်ရာ ထိုရေစက်များက ထွက်ပြေးနေသော မက်မွန်ပွင့်ဂိုဏ်းသားများ၏ နောက်ကျောပြင်များသို့ အားပြင်းပြင်းနှင့် ဝင်ရောက်သွားလေသည်။