Chapter 346: နောက်တစ်လမ်း
ဇူအန် ကြောင်သွားသည်။
"ဘာလား။ ဘာလို့ ဒါကြီး လာပေးနေတာလဲ"ချူချူယန်မျက်နှာ ပိုရဲသွားသည်။
"ကျွန်မက အလုပ်ကိစ္စနဲ့ ခရီးသွားမှာဆိုတော့ ဒီစာအုပ်ဖတ်တာ သူများမြင်ရင် မကောင်းဘူးလေ။ ရှင် ကျွန်မကို လုံခြုံအောင် သိမ်းထားပေးဖို့လိုတယ်"ဇူအန် လုံးဝ ဆွံ့အသွားသည်။
"မင်းအခန်းထဲမှာ ထားခဲ့ရင်တောင် ဘယ်သူမှ ထိမှာမဟုတ်လောက်ဘူး"ချူချူယန် ပြောလာသည်။
"မဖြစ်ဘူး။ အိမ်တော်က တစ်ယောက်ယောက်များမြင်သွားရင် ကျွန်မရှက်လို့ သေမှာပဲ"ဇူအန် ရယ်လိုက်သည်။
"ဒါဆို ငါတို့ ပထမချူသခင်မလေးကလည်း ရှက်တတ်သေးတာလား"
ပြောသာပြောရတာ ဒီစာအုပ်က အတော်လေးရှက်စရာကောင်းတာ အမှန်ပဲ။ ဒီစာအုပ်ကို ငါ့လက်ထဲမှာ မိသွားရင် ငါ့မျက်နှာတော့ သွားမှာအမှန်ပဲ။"ဘာပဲဖြစ်ဖြစ် အခု ဒီကိစ္စကိုသိတာ ရှင်တစ်ယောက်တည်းဆိုတော့ လင်မယားကြားက လျှို့ဝှက်ချက်ပေါ့။ တစ်ခြားဘယ်သူမှ သိလို့မရဘူးနော်" ချူချူယန် ဇူအန်ရင်ခွင်ထဲ မျက်နှာအပ်ထားသည်။ သူအတော်လေး ရှက်နေပုံပင်။
"ကောင်းပါပြီ မင်းအစား သိမ်းထားပေးမယ်" ဒီလို ကလေးဆန်ဆန်ပြုမူပုံမျိုး မြင်ရခဲလေသည်။ သူမဆံပင်ရနံ့ကို နမ်းရှိုက်လိုက်ရင်း ပေါ့ပါးနေမိသည်။
"ဘယ်သူ့ကိုမှ မြင်ခွင့်ပေးလို့လည်းမရဘူး။ ပျောက်လို့လည်း မရဘူးလို့ ဂတိပေးရမယ်။ ကျွန်မပြန်လာရင် ဆက်ဖတ်ချင်သေးတာ" ချူချူယန် မျက်လုံးများက မျှော်လင့်ချက် အပြည့်ပင်။
ဇူအန် အံ့သြသွားသည်။
"စာအုပ်တစ်အုပ်ကို မင်းအခုထိ ဖတ်လို့မပြီးသေးဘူးလား"ချူချူယန် နှုတ်ခမ်းဆူလိုက်ပြီး
"ကျွန်မမှာ ဖတ်ဖို့အချိန်အများကြီး မရှိဘူး။ ပြီးတော့ ကျွန်မဘာသာ ဖြည်းဖြည်းဖတ်လို့မရဘူးလား""ဒါပေါ့ ဒါပေါ့ ရပါတယ်" ဇူအန် ပြုံးလိုက်သည်။
"မင်းအစား လုပ်ပေးပါ့မယ်။ ဒါပေမဲ့ မင်းလည်း ငါ့အတွက် တစ်ခု လုပ်ပေးရမယ်"