Chapter 295: ငါကအမြဲတမ်း မျှတတဲ့လူတစ်ယောက်
ဇူအန် ညစ်တာခံထားရသူများ အပျော်လွန်သွားသည်။ ဇူအန် ရှို့သခင်မရှေ့တွင် အရှက်ကွဲခြင်းကို လုံးဝ သာယာနေကြသည်။
ဇူအန် ဂရုမစိုက်ဘူးဟု ဘယ်သူထင်မှာလဲ။
"ငါ့မိန်းမက ရှို့သခင်မကို ဖိတ်တာအမှန်ပဲလေ။ ဒါပေမဲ့ ငါ့ကို လိုက်မလာရဘူးလို့ မတားဘူးမလား" ဇူအန် ပြန်ချေပလိုက်သည်။ထိုအစေခံက နေမထိထိုင်မသာ ဖြစ်လာသည်။
"ဒါ..ဒါပေမဲ့ ဒါက.."ဇူအန် ဖြတ်ပြောလိုက်သည်။
"အဲ့တာဆို ကောင်းတာပဲ။ ငါတို့အတူ သွားကြမယ် သူ ငါတို့ဟုန်လေကို အနိုင်ကျင့်မှာ မလိုချင်ဘူး"ထိုအစေခံမလေးနှင့် ကျန်အစေခံများအားလုံး ဆွံ့အသွားကြသည်။
ဒီ ပါးစပ်သွက်လွန်းတဲ့ မကောင်းဆိုးဝါးကတော့..
သူ့ကို ဘယ်သူမှ ပြန်မငြင်းနိုင်ပေ။အစေခံမလေးက ယောင်ချာချာဖြင့် သူတို့နှစ်ယောက်ကို ချူချူယန်ဆီ ခေါ်သွားလိုက်သည်။ ကျန်ခဲ့သူများအကြား စိတ်အားသန်သော စကားဝိုင်းများ ကျန်နေခဲ့သည်။
"သူပြောတာ ငါနားကြားမှားတာလား။ ငါတို့သခင်မလေးက ရှို့သခင်မကို အနိုင်ကျင့်မှာစိုးတယ်လို့ ပြောလိုက်တာလားလို့။ ပထမသခင်မလေးက လူကောင်းတစ်ယောက်လေ။ ဘာလို့ ရှို့သခင်မကို အနိုင်ကျင့်ရမှာလဲ"
"မင်းတို့ ကြားပြီးပြီလား။ သခင်လေးက ရှို့သခင်မကို ကိုယ်လုပ်တော်အဖြစ် ယူဖို့ ပြင်ထားတယ်တဲ့"
"ဘာရယ်။ သူငါတို့နဲ့အတူ ဝင်လာတာမှ မကြာသေးဘူးမလား။ သူက ကိုယ်လုပ်တော်ရော ယူလို့ရရဲ့လား။ ပြီးတော့ သူယူလို့ရရင်တောင် ရှို့သခင်မလိုလူကို အတည်ယူနိုင်မှာလား။ ဒီလောက် ရယ်စရာကောင်းတဲ့ကိစ္စ မင်းဘယ်က ကြားလာတာလဲ"
"သူ့လက်ထောက်ကို မေးလိုက်"
မျက်လုံးအားလုံး ဇူအန်အတွက် အော်ဟစ် အားပေးနေသော ချန်ရှို့ပင်း ထံ ရောက်လာကြသည်။
"ချန်ရှို့ပင်း သူတို့ပြောတာ အမှန်ပဲလား"
ချန်ရှို့ပင်း ရင်ဘတ်ကော့လိုက်သည်။
"ဒါပေါ့။ ရှို့သခင်မက အင်မော်တယ်ဗိမ္မာန်က ထွက်ဖို့ ငွေကိုတောင် သူကိုယ်တိုင် စိုက်ထုတ်ထားတာ" ချန်ရှို့ပင်းက ဂုဏ်ယူစရာ ကိစ္စကြီးကြီးတစ်ခုကို သူကိုယ်တိုင်လုပ်နိုင်လိုက်သည့်အလား ကြေညာလိုက်သည်။