Chapter 231: ငါ အလွယ်တကူမရယ်တတ်ဘူး
ဇူအန် အလွန်ဆွံ့အသွားသည်။
သူ ဘယ်လောက်ပဲ အရှက်မဲ့တယ်ဆိုဆို သူ့မျက်နှာသည် မထိန်းချုပ်နိုင်ဘဲ နီရဲသွားသည်။
သို့သော် မိန်လိ၏ ရှက်သွေးဖြာသွားသော ပါးပြင်ကို သတိပြုမိသဖြင့် သူ့စိတ် ပြန်ငြိမ်သွားသည်။ “အစ်မတော်။ ကျုပ် အရမ်းသိချင်နေတဲ့အရာတစ်ခု ရှိတယ်။ ခင်ဗျားက ဝိဉာဉ်ပုံစံနဲ့ နေနေတယ်ဆိုတော့ အဝတ်အစားစတဲ့ ပစ္စည်းဘာညာသရကာ ဖန်တီးနိုင်တာကို ကျုပ် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ရှက်သွေးဖြာနေတာကိုရော ကျုပ် ဘာလို့မြင်နေရတာလဲ”ရုတ်တရက် မိန်လိ နောက်လှည့်လာပြီး သူ့ကို တင်းတင်းမာမာ ကြည့်လာခဲ့သည်။ “မင်း အခု ကိုယ့်ကိုကိုယ် အထင်ကြီးနေတာလား။ မင်းရဲ့ မုန်းစရာကောင်းတဲ့ညီလေးကို ငါ ဖြတ်ပစ်ပြီးရင် ဘဝင်မြင့်နိုင်သေးမလားဆိုတာ ကြည့်ကြရအောင်”
ထိုစကားပြောလိုက်ပြီးနောက် ထိုက်ဝူဓားသည် သူ့ခွကြားဘက်သို့ ပျံထွက်လာခဲ့သည်။
၎င်းက ဇူအန်ကို အလွန့်အလွန် ကြောက်ရွံ့သွားစေခဲ့သည်။ ခုတင်ပေါ်သို့ ခုန်တက်လိုက်ပြီး စောင်နှင့် သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ် အုပ်ပတ်လိုက်သည်။ “အစ်မတော် မိဖုရားကြီး မဆင်မခြင် မလုပ်ပါနဲ့။ ဒါက ခင်ဗျားဘဝရဲ့ ကျန်သက်တမ်းတစ်ဝက် ပျော်ရွှင်မှုနဲ့လည်း သက်ဆိုင်နေတယ်နော်”
“အင်” မိန်လိ မျက်ခုံးပင့်လိုက်သည်။ ထိုက်ဝူဓားသည် တုံ့ခနဲ ရပ်သွားပြီး သူ့အဖျားသည် အနည်းငယ်အောက်ငုံ့ကျသွားသည်။
ဇူအန် အလျှင်အမြန် ရှင်းပြလိုက်သည်။ “တကယ်လို့ ကျုပ်လို ကာမစိတ်ကြီးတဲ့သူက ယောကျာ်းတစ်ယောက်လို ဆက်နေလို့မရတော့ရင် အသက်ရှင်စရာအကြောင်း ဘာမှမရှိတော့ဘူးလေ။ ကျုပ်ကိုယ်ကျုပ် အဆုံးစီရင်လိုက်မိရင် အစ်မတော်အတွက်လည်း ကောင်းမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား”
“မင်းလိုမျိုး ကာမစိတ်ကြီးတဲ့သူ” မိန်လိ နှာရှုံ့လိုက်သည်။ “ကြည့်ရတာ အနည်းဆုံးတော့ မင်း ကိုယ့်ကိုကိုယ် ကောင်းကောင်းနားလည်သားပဲ”