227

330 48 0
                                    

Chapter 227: အကြောခြောက်မျိုး နတ်ဓါးသိုင်း

"ဒီကိစ္စမှာ နည်းတစ်ခုခုတော့ ရှိရမယ်။ ရှိမှာပါ" ဇူအန် သူ့ကိုယ်သူလည်း ပြောရင်းနှစ်သိမ့်လိုက်သည်။

ဒီအချိန်မှာတော့ ရှောင်းရွှယ်ယင် လုံးဝ သတိလစ်သွားလေပြီ။ သူမလက်များက ဇူအန်ကော်လံကို တင်းတင်းဆုတ်ကိုင်ထားသည်။ ဒီလိုမှ စိတ်ချနိုင်မည့် ပုံပင်။

ရှီလဲ့ဇီ နီးကပ်လာပြီဟု ဇူအန် ခံစားမိတိုင်း နောက်လှည့်ကာ ဘာကြည့်နေတာလဲဟု အော်လိုက်သည်။ ရှီလဲ့ဇီ လည်း မင်းကိုကြည့်နေတာလေ ချီးခေါင်းရဲ့ ဟု တစ်ချိန်လုံး ပြန်ဖြေနေသည်။

ထိုအချိန်အခိုက်အတန့်ကိုအသုံးချရင်း ဇူအန် အကွာအဝေး ခွာလိုက်သည်။ သို့သော် ဒီအကွက်က တစ်ဖက်လူ သတ်လက်လွတ်ဖြစ်နေမှာ အသုံးဝင်ခြင်းပင်။ အကြိမ်အနည်းငယ်ပြီးနောက် ရှီလဲ့ဇီ ကျင့်သားရသွားပြီး အကျိုးသိပ်မရှိတော့ပေ။

နောက်ဆုံး ဇူအန် ချောင်ကျသော အိမ်ဝန်းတစ်ခုထဲ ဝင်သွားပြီး ရပ်ကာ အသက်လုရှူလိုက်သည်။

ရှီလဲ့ဇီ လည်း မီတာအနည်းငယ်အကွာတွင် ရပ်၍ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
"ဆက်ပြေးလေ။ ဘာလို့ ဆက်မပြေးတော့တာလဲ"
သူအကုန်လုံး အဆုံးသတ်ရန် ချက်ချင်း လုပ်နိုင်သော်လည်း ဇူအန်လက်ထဲတွင် ဘာဝှက်ဖဲရှိနေဦးမလဲ သတိထားနေ၍ အနားကပ်မလာပေ။ ဘာပဲပြောပြော ဇူအန်တွင် မယုံနိုင်စရာများစွာ လုပ်ပြီးလေပြီ။

ထို့ကြောင့် ကီကိုဖြန့်ကာ ပတ်ဝန်းကျင်ကို အရင်လေ့လာလိုက်သည်။ ထောင်ချောက် သို့မဟုတ် ကျင့်ကြံသူ တစ်ခုမှ မရှိတာ သေချာမှ စိတ်အေးသွားရသည်။

ဟေ..ကြည့်ရတာ ဒီနေရာမှာ ငါကြောက်စရာ ဘာမှမရှိဘူးပဲ။ သူ့မှာ လှည့်ကွက်ဘယ်လောက်များများ သူက အဆင့် ၃ကျင့်ကြံသူ ပဲ။ သူက ဘာတတ်နိုင်မှာမို့လို့လဲ။

သို့သော် ဇူအန် ဆန်းကြယ်သော အပြုံးတစ်ခုဖြင့်
"ပြေးရမှာလား။ ဘာလို့လုပ်ရမှာလဲ။ ခင်ဗျား အေးအေးဆေးဆေး နားလို့ရအောင် ကျုပ်ဒီနေရာကို တမင်ရွေးလာတာ။ ခင်ဗျား ဒီနေရာမှာ ပန်းတွေရဲ့ ရနံ့နဲ့ ငှက်တွေရဲ့ သီကျူးသံကို ကြားရလိမ့်မယ်။ ကျုပ်ရဲ့ စဉ်းစားပေးမှုကို ခင်ဗျား ကျေးဇူးတင်သင့်တာ"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now