Chapter 354: တူနှစ်ကိုယ်လှုပ်ရှားခြင်း
အကယ်၍ ဒီအရာက ဝေတန် ရဲ့ဥစ္စာမဟုတ်ရင် လောင်မိုင် ဟာပဲ ဖြစ်မယ်။
ဒါကြောင့် လောင်မိုင် အပေါ်မှာ ခပ်မှိန်မှိန်လေး ထူးဆန်းတဲ့အနံ့တစ်ခု အမြဲရှိနေတာ မအံသြတော့ပါဘူး။ ထိုအကြောင်းကို ယခင်က မတွေးခဲ့ဖူးပေ။ အသက်ကြီးသောသူများတွင် ရနံ့အနည်းငယ် ရှိကြစမြဲ ဖြစ်သည်။
ယခုအခါ တွေးမိသောအခါမှ ၎င်းသည် ဝေတန် ၏အခန်းထဲရှိ အနံ့နှင့်အလွန်ဆင်တူနေကြောင်းကို သိလိုက်ရသည်။လောင်မိုင် က ဇူအန်ကို ဝေကလန်ဆီသို့ ချည်းကပ်ခိုင်းရသည်မှာ ဝေတန် ၏ လှုပ်ရှားမှုသတင်းကို စုဆောင်းစေချင်သောကြောင့်ဖြစ်နိုင်သည်။
ဝေတန် မှာ လပြည့်မြို့သို့ မကြာခင်ကမှ ရောက်သူဖြစ်နိုင်ပြီး သူ၏ ပစ်မှတ်မှာ လောင်မိုင် ဖြစ်နိုင်သည်။လောင်မိုင်က အတိတ်တွင် တစ်စုံတစ်ရာဖြစ်ခဲ့သောကြောင့် တော်ဝင်နန်းတော်မှ ထွက်ပြေးလာပုံရသည်။ သူ့ကို လိုက်လံရှာဖွေသူများကို ရှောင်ရှားရန်အတွက် ချူကလန်ထဲတွင် ဥယျာဉ်မှူးအဖြစ် သရုပ်ကွယ်နေခဲ့ခြင်းဖြစ်မည်။
သို့သော်လည်း နှစ်ပေါင်းများစွာ ပုန်းအောင်းနေတာတောင်မှ တော်ဝင်နန်းတော်က သူ၏ တည်နေရာ သဲလွန်စတစ်ချို့ကို ရှာနိုင်ခဲ့ဆဲ ဖြစ်သည်။ ထို့ကြောင့် ဝေတန် က လပြည့်မြို့သို့ ရောက်လာခြင်းဖြစ်နိုင်သည်။သို့သော်လည်း ဝေတန် က လောင်မိုင်၏ တည်နေရာအတိအကျကို မသိပေးပေ။ မဟုတ်ပါက သူ့အနောက်သို့ လိုက်လာနှင့်ပြီးသားဖြစ်မည်။
ဇူအန် က ဝေတန် နှင့် ယခင်က တွေ့ချိန်တွင် သူ၏ အမူအရာ အနည်းငယ်ထူးဆန်းနေသည်ကို ရုတ်တရက် သတိရလိုက်သည်။ ဇူအန်က ကလန်ပြိုင်ပွဲ တွင် နေကြာပန်းသိုင်း ကို လူအများအရှေ့တွင် အသုံးပြုခဲ့သည်။ တစ်စုံတစ်ဦးက သတိထားမိကာ ဝေတန် ကို သတင်းပေးခဲ့ခြင်း ဖြစ်နိုင်သည်။
မကြာခင်က အကယ်ဒမီဆရာများ ခံစားခဲ့ရသော မျက်ကွင်းညိုများက ဝေတန် ၏ စုံစမ်းရေး၏ ရလဒ်တစ်ခုဖြစ်နိုင်သည်။ယခုအခါတွင် သူ၏ စုံစမ်းရေးက အကယ်ဒမီထဲတွင် အနည်းနှင့်အများ ရောက်နေပြီး ချူကလန်မှာ သူ၏ နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်နိုင်သည်။
တစ်ဘဝလုံး နှစ်ပေါင်းများစွာ ဤနေရာတွင် သေချာပုန်းခိုနေပြီးနောက်မှ လောင်မိုင် ပေါ်သွားရခြင်းအတွက် တာဝန်ရှိသူမှာ သူဖြစ်နေသောကြောင့် နောင်တရသလို ခံစားမိလိုက်သည်။ သို့သော်လည်း လောင်မိုင် မှာ ရန်သူလား မိတ်ဆွေလား ဟူ၍ ဝေခွဲမရခြင်း သံသယက သူ့ကို ရပ်တန့်စေခဲ့သည်။