Chapter 334: ယခင်နှင့်ယခု
လောင်မိုင်ထွက်သွားပြီးနောက် ဒီပြဿနာအားလုံးကို ဘယ်လိုဖြေရှင်းရမလဲ ဇူအန် တွေးနေမိသည်။
ရုတ်တရက် ကျော့ရှင်းသောခန္ဓာကိုယ်တစ်ခု တံခါး၀တွင် ပေါ်လာသည်။ နောက်လှည့်ကြည့်လိုက်သော် မျက်နှာအေးစက်စက်နှင့် ရပ်နေသော ချူချူယန်ကို တွေ့လိုက်ရသည်။
"ဒီမှာ ဘာလုပ်နေတာလဲ ချစ်ဇနီးလေးရဲ့" ဒါက ပျော်စရာကောင်းသော အံ့သြမှုတစ်ခုဖြစ်သည်။ ချူချူယန် သူ့ကိုလာရှာရန် ခဲယဉ်းလေသည်။
ချူချူယန်က လှလွန်း၍ သူ့မျက်နှာတစ်ချက်မြင်ရုံဖြင့် တစ်နေ့တာ စိတ်မပျော်ရွှင်မှုများ ပျောက်သွားစေနိုင်သည်။"ရှင် မနေ့ညက အိမ်ပြန်မလာဘူးလို့ ကြားတယ်" ချူချူယန် မျက်လုံးက ဇူအန်အဝတ်များပေါ် ရောက်လာသည်။ တစ်ခုခုကို ရှာနေပုံပင်။
ဇူအန် ခေါင်းညိတ်ပြလိုက်သည်။
"မနေ့က ဝမ်ယွမ်လုံ ဖိတ်တာသွားတယ်လေ။ ဝေဆောင်က ပွဲမှာအရမ်းသောက်တာများပြီး အိမ်ပြန်ပို့ဖို့ လူလိုလို့။ အဲ့ဒီကိုရောက်တော့ ငါ့ကိုယ်ပေါ်အန်ချလိုက်ရော။ အဲ့ဒါနဲ့ ရေချိုးအဝတ်အစားလဲလိုက်ရတာ။ ပြီးသွားတဲ့အချိန်ကျတော့ အရမ်းနောက်ကျနေတာနဲ့ သူ့အိမ်မှာပဲ အိပ်လိုက်တာ""ဪ.." ချူချူယန်က ဘာမှဆက်မပြောဘဲ လှည့်ပြန်သွားလေသည်။
သင်သည် ချူချူယန် ထံမှ အမျက်ပွိုင့် ၂၃၃ ရယူလိုက်သည်။
ဇူအန် လုံးဝ နားမလည်ပေ။
ဘာလို့ ငါ့ကို လာစိတ်တိုနေရတာလဲ။
သူ့ထံမှ အမျက်ပွိုင့်ရခဲလေသည်။ ရလျှင်တောင် အများဆုံးက ကိန်းနှစ်ခုစာပဲ။ လတ်တလော သူက ပိုပိုပြီး စိတ်ဆတ်လာသလိုပင်။ ဘာဖြစ်နေမှန်းမသိချေ။ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး ဇူအန် ရယ်လိုက်သည်။
"မိန်းမ မင်းငါ့ကို မနေ့ညက တစ်ညလုံး စောင့်နေတာတော့ မဟုတ်ဘူးမလား"ချူချူယန်ခန္ဓာကိုယ် တောင့်သွားသည်။ လည်ပင်းတွင် အနီရောင်တစ်ချို့ သန်းလာသော်လည်း နှာမှုတ်ကာ ပြောလိုက်သည်။
"ဖီး..ဆုတောင်းလေ"
ထို့နောက် ခြေလှမ်းမြန်မြန်လှမ်းကာ အပြေးထွက်သွားလေသည်။