Chapter 272: ခွင့်ပြုမိန့်များ
ဇူအန် သူမစကားကြောင့် လုံးဝ အံ့သြသွားသည်။ “မင်းရော ဆောင်ကြာမြိုင်ကို သွားချင်တာလား”
ချူချူယန် စိတ်မရှည်စွာဖြင့် မျက်စောင်းထိုးလိုက်ပြီး “သွားမယ့်သူက ကျွန်မဘယ်ဟုတ်ပါ့မလဲ။ တခြားလူတစ်ယောက်အတွက် ရှင့်ကို နေရာစီစဉ်စေချင်လို့ပါ”
“ဘယ်သူ့အတွက်လဲ” ဇူအန် သိချင်မိသွားသည်။
“ဝမ် အိမ်တော် သခင်လေး ၀မ်ယွမ်လုံ” ချူချူယန် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။
ဇူအန် သူမကို အထူးအဆန်း ကြည့်လိုက်ပြီး “မင်းနဲ့ အဲ့ ဝမ်အိမ်တော်က ကောင်ကြား ဘာမှတော့မရှိဘူးမလား။ ကိုယ်တို့အိမ်တော်နှစ်ခုက အတော်လေးသင့်မြတ်မှုရှိခဲ့ကြတယ်လို့ ကိုယ် ကြားခဲ့ဖူးတယ်။ သူက မင်းရဲ့ ငယ်ချစ်ဦးလိုမျိုး တစ်ခုခုလား။ သောက်ကျိုးနည်း ငါ့ကံကြမ္မာက ဘာလို့အရမ်းရက်စက်ရတာလဲ…..”
ကိုယ့်လူတို့ ငါသာ ဒီအကြောင်းကို ကြိုသတိထားခဲ့ရင် အဲ့ ဝမ် သခင်လေး ဆိုတဲ့ ကောင်ကို ကယ်ခဲ့မှာမဟုတ်ဘူး။ ချန်ရွှမ်း သူ့ကို သတ်ပစ်အောင် လုပ်ခွင့်ပေးလိုက်မှာ။
ချူချူယန် စိတ်တိုသွားပြီး အရှက်ခွဲခံရသလို ခံစားလိုက်ရသည်။ သူ့နားရွက်ကို ခပ်တင်းတင်းဆွဲလိုက်ပြီး “ငတုံးတစ်ယောက်လိုမျိုး ပြောနေတာ ရပ်လိုက်တော့။ ကျွန်မတို့ကြား ဘာဖြစ်နိုင်မှာမို့လို့လဲ။ နေ့တိုင်းနေ့တိုင်း ရှင့်ခေါင်းထဲ ဘယ်လိုအဓိပ္ပယ်မရှိတာတွေပဲ ပေါ်လာနေတာလဲ”
သင်သည် ချူချူယန်ထံမှ အမျက်ပွိုင့် ၁၂၃ ရရှိပါသည်။
ဇူအန် ပြန်စိတ်လှုပ်ရှားလာပြီး “ဒါဆို မင်းက ဘာလို့ သူနဲ့ တွေ့ဖို့ စီစဉ်ချင်ရတာလဲ။ နေရာကလည်း အင်မော်တယ်ဗိမ္မာန်လိုနေရာမျိုးမှာ”
“သူ့ကို သွားတွေ့မယ့်သူက ကျွန်မ မဟုတ်ဘူး။ ရှင်တို့နှစ်ယောက် တွေ့ကြရမှာ” ချူချူယန် အမှန်ပြင်ပေးလိုက်သည်။
ဇူအန် မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ လုံးဝနားမလည်နိုင်တော့သည်မှာ သိသာနေသည်။