374

180 20 0
                                    

Chapter 374: အခြားနည်းလမ်းတစ်ခု

ဇူအန်အကြောင်း ဖော်ပြချက်ကို ကျီရှောင်ချီ ဒေါသထွက်နေသည်။ သို့သော်လည်း ယခုအချိန်သည် သူမ၏ ဆုံးဖြတ်ချက်များအပေါ် ခံစားချက်များ ပါဝင်ခွင့်ပြုရနိ အချိန်မဟုတ်ပေ။ သူတို့ နှင့် ပြိုင်မငြင်းချင်ပေ။ ထို့အစားပြောလိုက်သည်။ “ရှင်တို့ ချူကလန်ရဲ့ သစ္စာဖောက်ကို ရှာနေတာကို ကျွန်မတို့ရဲ့ ကျီအိမ်ခြံဝန်းထဲကို ဘာလာလုပ်တာလဲ”

ချူတိုင်းရှန် နင်သွားသည်။ အခိုက်အတန့်တခဏ စကားလုံး ပျောက်ဆုံးသွားသည်။
ဤမိန်းကလေး၏ စကားက ပြည့်စုံနေသည်။ ထိုအကြောင်းကို ပြိုင်ငြင်းရန် မတတ်နိုင်ပေ။

သို့သော်လည်း လုပ်ငန်းကြီးများကို စီမံနေကျဖြစ်သဖြင့် မြေခွေးအိုများနှင့် ကိစ္စအားလုံး ကိုင်တွယ်နေကျဖြစ်သည်။ အခြေအနေ နှင့် အမြန် လိုက်လျောညီထွေဖြစ်စေလိုက်သည်။
“မင်း သတိမပြုမိတာ တစ်ခုခုရှိနေနိုင်တယ်လေ။ ငါတို့ကလန်ရဲ့ သစ္စာဖောက်က ဇူအန်ပဲ။  သူက သခင်မချူကိုတောင် ဆေးခပ်တဲ့အထိ ယုတ်မာတဲ့ကောင်ပဲ။ ကံကောင်းတာက တစ်ယောက်ယောက်က သူ့လုပ်ရပ်ကို သတိပြုမိခဲ့လို့။ သူက ရေးကြီးသုတ်ပျာ ထွက်ပြေးသွားခဲ့တယ်။ နောက်ပြီး ဆိုးဆိုးရွားရွားလည်း ဒဏ်ရာရထားတယ်။
မိန်းကလေးကို သူ လာရှာမယ်လို့ ငါတို့ သံသယရှိတယ်။ မင်းတို့တွေက တစ်ကျောင်းတည်းသားတွေလေ”

ဇူအန် လုံးဝ ကြောင်သွားသည်။ ထိုသူများက သူ့ကို မည်သည့်အကြောင်းပြကာ ဖမ်းဆီးမည်ကို ဇူအန် အတော်စိတ်ဝင်စားခဲ့သည်။ သို့သော်လည်း ယခုလို အဆိပ်ပြင်းစွာ အပြစ်ပုံချမှုမျိုးကို အဆုံးတွင်ထားခဲ့သည်။
အမှန်တကယ်တွင်လည်း လိင်ကိစ္စ ကျူးလွန်သူများ၏ သတင်းမှာ ပျံ့နှံမှု မြန်လေသည်။ မကြာခင်တွင် တစ်မြို့လုံးက ဤကိစ္စကို သိသွားကြမည်ဖြစ်သည်။ သတင်း ပိုမိုစီးဆင်းလေလေ အမှန်တရားမှာလည်း ကြီးမားစွာ ရှုပ်ထွေးသွားတော့မည်ဖြစ်သည်။ ကိစ္စများမှာ ပိုမိုဆိုးရွားတော့မည့်ဟန်ရှိနေသည်။ 
ထိုသို့ဖြစ်သွားပါက ချင်ဝမ်ယွီ ပြန်ကောင်းလာ၍ လူတိုင်းကို အမှန်တရားပြောရင်တောင်မှ အချို့က သူမကို အပြစ်ဖုံးပေးသူဟူ၍ သံသယဝင်နေဦးမည်ဖြစ်သည်။ သူတို့က ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်လိုက်သည်နှင့်တူသည်။ ၎င်းသည် ရက်စက်လွန်းသော အကြံဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now